Thursday, February 27, 2014

ဆန်စပါးအားလုံးမင်းတို့ သိမ်းပါကွာ

Miss Farmer Contest 2014 ဘယ်သူ ဖြစ်မ လဲ
by kokomyanmarpyithar
အသည်းရောဂါ ကာကွယ် တား ဆီးရေး အစွမ်း ထက် ...Today, 22:29
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ အသင်းနှစ် ပတ်လည် အထွေထွေ အစည်းအဝေးနှင့် မြန်မာ့ လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ ၂ဝ၁၄ (MYANMAR AGRO-TECH EXPO 2014) ကို မတ် ၅ ရက်မှ ၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပမည်ဖြစ်ရာ ယင်းပြပွဲနှင့်အတူ ဒုတိယအကြိမ် လယ်တောသူ အလှ မယ်ပြိုင်ပွဲ (၂ဝ၁၄) Miss Farmer Contest 2014 ကိုပါ ထည့်သွင်း ကျင်းပမည် ဖြစ်သည်။

လယ်တောသူ အလှမယ် ပြိုင်ပွဲအတွက် လူတွေ့ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်နှင့် အကြိုပြိုင်ပွဲဝင် စစ်ဆေး ခြင်း (ပထမဆင့်) ကို ဖေဖော်ဝါရီ ၂၅ ရက်တို့တွင် UMFCCI ၌ ကျင်းပခဲ့ပြီး အကြိုပြိုင်ပွဲ စစ်ဆေးခြင်း (ဒုတိယအ ဆင့်) ကို ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်းကောင်း၊ ပဏာမ ရွေးချယ်ပြိုင်ပွဲကို မတ် ၅ ရက်နှင့် Miss Farmer Contest ပြိုင်ပွဲ Final ကို မတ် ၈ ရက်တွင် လည်းကောင်း MCC ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ပထမဆု ရရှိသူအား ငွေကျပ် သိန်း ၅ဝ၊ Gold Crown နှင့် ပြည်ပလေ့လာရေး ခရီးစဉ်၊ ဒုတိယဆု ရရှိသူအား ငွေကျပ် သိန်း ၃ဝ နှင့် ပြည်ပလေ့လာရေး ခရီးစဉ်၊ တတိယဆု ရရှိသူအား ငွေကျပ် သိန်း၂ဝနှင့် ပြည်ပ လေ့လာရေး ခရီးစဉ်တို့ကို ပေးအပ်မည်ဖြစ်ပြီး တခြား ဆုများလည်း ပါဝင်မည်ဖြစ်၍ Miss Farmer Contest 2014 မည်သူ ရမည်ဆိုသည်ကို စောင့်ကြည့်ကြရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

Related posts:

�ol>
ဆီးဂိမ်း ကိုယ်စားပြု သံတမန် ခန့်အပ် မည့် Miss 27th Sea Games Myanmar ပြိုင်ပွဲ ကျင်းပမည် ပန်းမြတ်ဇော်|တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂ရက်၊ ၂၀၁၄ခုနှစ် ရန်ကုန်၊ မဇ္ဈိမ။ ။ Miss 27 th...
Miss International 2012 နောက်ဆုံးပြိုင်ပွဲကို အင်တာနက်ဖြင့် အခမဲ့ကြည့်ရှုနိုင်ပါမယ် Miss International 2012 နောက်ဆုံးပြိုင်ပွဲကို အင်တာနက်ဖြင့် အခမဲ့ကြည့်ရှုနိုင်ပါမယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁...
“Mister and Miss University Myanmar ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက် နည်းပညာ တက္ကသိုလ် (မှော်ဘီ) က ကျောင်းသား ကျောင်းသူ ၁၀ဦးကို ကနဦး ရွေးချယ်” ဒီဇင်ဘာ ၂၇ ရက်နေ့က နည်းပညာတက္ကသိုလ် မှော်ဘီမှာ Fresher Welcome King Queen ရွေးချယ်ပွဲ၊...
Related posts brought to you by Yet Another Related Posts Plugin.

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment