Thursday, February 27, 2014

ထိုင်း

ထိုင်းနိုင်ငံ True ကုမ္ပဏီနှင့် ရတနာပုံ တယ်လီပို့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
by Heavyrain
ဧရာဝတီ | Archive | သတင်းToday, 15:36
ထိုင်းဆက်သွယ်ရေး ကုမ္ပဏီတခု ဖြစ်သည့် True Corp Pcl သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောာင်ရန် ရတနာပုံ တယ်လီပို့ နှင့် ဆွေးနွေးနေကြောင်း သိရသည်။ True ၏ အကြီးအကဲ Noppadol Dej-Udom က ရတနာပုံ တယ်လီပို့နှင့် ညှိနှိုင်းနေကြောင်း၊ ညှိနှိုင်းအောင်မြင်ပါက ဆောင်ရွက်မည့် အစီအစဉ်များ တင်သွင်းရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရိုက်တာသတင်းဌာနသို့ ပြောသည်။ True Corp Pcl ကို Charoen Pokphand Group က ဦးဆောင်လျက်ရှိပြီး၊ ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် Dhanin Chearavanont က ပိုင်ဆိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရတနာပုံတယ်လီပို့ သည် မြန်မာနိုငံတွင် အင်တာနက် ၀န်ဆောင်မှုများ ပေးနေပြီး၊ ပြည်တွင်း ကုမ္ပဏီ ၁၃ ခု၊ မြန်မာအစိုးရ နှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

The post ထိုင်းနိုင်ငံ True ကုမ္ပဏီနှင့် ရတနာပုံ တယ်လီပို့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး appeared first on ဧရာဝတီ.

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment