Thursday, February 20, 2014

၁၃၀၀ပြည့်အရေးတော်ပုံ

မန္တလေး အာဇာနည်နေ့ သံဃာအပါး ၁ဝဝဝ ကိုလှူဒါန်း
သတင်းမဵားToday, 09:18

၁၃၀၀ ပြည့်အရေးတော်ပုံကာလက မန္တလေးမြို့မှာ အင်္ဂလိပ်စစ်တပ်ရဲ့ လက်ချက်နဲ့ ရဟန်းသံဃာနဲ့ လူပုဂ္ဂိုလ် ၁၇ ဦးကျဆုံးခဲ့ရတဲ့ ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဒီနေ့ မနက်ပြုလုပ်နေပြီဖြစ်ပါတယ်။

အာဇာနည် ၁၇ ဦးက မြန်မာသက္ကရာဇ် ၁၃၇၅ ခု တပို့တွဲလပြည့်ကျော် ၇ ရက်နေ့ ချီတက်ပွဲမှာ ကျဆုံးခဲ့တဲ့အတွက် ဒီနေ့ဟာ ၇၅ နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ကြောင်း၊ ဒါကြောင့် မနက်ပိုင်းမှာ သံဃာတော်အပါး တစ်ထောင်ကျော်ကို အလှူအတန်းပြုပြီး၊ အနယ်အနယ်အရပ်ရပ်က ရောက်လာသူတွေနဲ့အတူ အာဇာနည်ဗိမာန်ကို ချီတက်ပန်းခွေချအလေးပြုဖို့ စီစဉ်ထားကြောင်း ကျင်းပရေး ကော်မတီဝင်တဦးဖြစ်တဲ့ စာရေးဆရာ မင်းထက်ငြိမ်းချမ်းက RFA ကိုပြောပါတယ်။

"အဖွဲ့အစည်းပေါင်းစုံ မြို့မိမြို့ဖတွေရောပေါ့နော် ဒီကနေ့ ပန်းခွေတွေ၊ ပန်းစည်းတွေ အာဇာနည် ၁၇ ဦးရဲ့ ဓါတ်ပုံလေးတွေ ကိုင်ပြီးတော့မှ ဗိမာန်ကိုချီတက်ပြီး အလေးပြုမှာပါခင်ဗျ၊ အခမ်းအနားလုပ်မယ်၊ ထေကြီးဝါကြီးဆရာတော် ၇၅ ပါးကို ချမ်းသာသုခ လူမှုကူညီရေးအသင်းက ဦးဆောင်ပြီးတော့ ဆွမ်းကပ်မယ်၊ အဲမှာ ၇၅ နှစ်မြောက် ဂုဏ်ပြုမော်ကွန်းကျောက်စာကိုလည်းဖွင့်မယ်၊ ဆရာကြီး ဦးဝင်းတင်တို့လည်း ရောက်မှာပဲ"

အဲဒီအခမ်းအနားကို NLD နာယက ဦးဝင်းတင်တက်ဖို့ ရောက်ရှိနေသလို၊ ရန်ကုန်နဲ့ အခြားနယ်ဒေသတွေက ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနားကျင်းပရေး ကော်မတီဝင်တွေလည်း ရောက်ရှိနေပါတယ်။

မန္တလေးမြို့ က အခမ်းအနားအကြောင်းနဲ့ ပတ်သက်လို့  စာရေးဆရာ မင်းထက်ငြိမ်းချမ်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment