Wednesday, March 5, 2014

ဆက်သွယ်ရေးအဆောက်အအုံအခတ်အခဲရှိ

ပြည်တွင်းတွင် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရေး အခက်အခဲများရှိနိုင်ဟု အော်ပရေတာများ ပြော
by Koko Zaw
အူရီဒူးမြန်မာနှင့် သက်ဆိုင်သည့် ... - news collectionToday, 13:30
စ ချိုကို

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ်ကိုင်ရန် ပြင်ဆင်ရာတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးသည် အခက်အခဲတစ်ခုဖြစ်လာနိုင်သည်ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာ ရှိချုပ် Mr.Petter Furberge က မဇ္ဈိမကို ပြောသည်။

အော်ပရေတာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများကိုပါ တည်ဆောက်ရမည်ဖြစ်ရာ ယင်းလုပ်ငန်းသည် ခက်ခဲနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

Mr.Petter က “ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို စတင်လုပ်ကိုင်ဖို့ ပြင်ဆင်ရာမှာ အဓိကအခက်အခဲက အခြေခံအဆောက်အအုံ တည်ဆောက်ရေးလည်း ပါဝင်နေပါတယ်”ဟု မတ် ၂ ရက်က တယ်လီနော မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ဖွင့်ပွဲတွင် မဇ်္ဈိမကို ပြောသည်။

အလားတူပင် ဆက်သွယ်ရေး ၀န်ဆောင်မှု လိုင်စင်ရရှိထားသော အူရီးဒူး မြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack ကလည်း အခြေခံအဆောက်အုံ တည်ဆောက်ရေး၊ တာဝါတိုင်များတည်ဆောက်ရေး သည် ပြည်တွင်းတွင် အခက်အခဲတစ်ခု ဖြစ်လာနိုင်သောကြောင့် တာဝါတိုင်များနှင့် ဖိုက်ဘာကွန်ရက်ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပြန်လည်ငှားယူသုံးဆွဲလိုကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့၊ အင်းလျားလိပ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် 2nd Myanmar Telecom Infrastructure Summit 2014 တွင် မဇ္ဈိမကို ပြောကြားခဲ့သည်။

အခြေခံအဆောက် အအုံတည်ဆောက်ရေး၊ တာဝါတိုင် တည်ဆောက်ရေးများကို အခြားပြည်တွင်း ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ကာ ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ထားကြောင်း အာရှဒေသဆိုင်ရာ တယ်လီနောအဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Sigve Brekke က ဆိုထားသေးသည်။

၎င်းက“ကျွန်တော်တို့ အာရှနိုင်ငံတွေမှာ တယ်လီကွန်း ၀န်ဆောင်မှုစတင်ပေးလာတာ ၁၅ နှစ်ရှိပြီဆိုတော့ အာရှဒေသနဲ့ မစိမ်းတော့ပါဘူး။ တယ်လီနောရဲ့ လုပ်ဆောင်နေကြ ပုံစံအတိုင်း ဖြေရှင်းသွားနိုင်မှာပါ။ ဖြေရှင်းတဲ့နေရာမှာလည်း အခြားပြည်တွင်းပြည်ပ၊ ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ပူးပေါင်းလုပ်ကိုင်တဲ့ပုံစံနဲ့ သွားမှာပါ”ဟု ပြောသည်။

မိုဘိုင်းတာဝါတိုင် တည်ဆောက်သည့် ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Communication မှ အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က “ပြည်ပအော်ပရေတာတွေအနေနဲ့ မိုဘိုင်းတာဝါတိုင် တည်ဆောက်တဲ့နေရာမှာ အခက်အခဲရှိလာနိုင်တယ်။ သူတို့အနေနဲ့ ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ် ကိုင်မှ အဆင်ပြေမှာ။ပြည်တွင်းကုမ္ပဏီတွေကို ငှားတဲ့နေရာမှာ ဒေသကျွမ်းကျင်မှုရလာနိုင်ပြီး ကုန်ကျ စရိတ်လည်းလျော့နည်းမယ်”ဟု ပြောသည်။

တယ်လီနောက မြန်မာနိုင်ငံတွင် မိုဘိုင်းအခြေခံအဆောက်အုံနှင့် တာဝါတိုင်တည်ဆောက်ရေးကိစ္စရပ် များတွင် စင်ကာပူနိုင်ငံApolo ကုမ္ပဏီနှင့် Irrawaddy Green Tower ကုမ္ပဏီတို့နှင့် ပူပေါင်းလုပ်ကိုင် သွားမည် ဖြစ်သည်။ ထို့ပြင် ပြည်တွင်းတာဝါတိုင် တည်ဆောက်ရေးတွင် ပြည်တွင်းကုမ္ပဏီ ၁၂ ခုခန့်နှင့် လည်း ပူးပေါင်းလုပ်ကိုင်သွားရန်ရှိသည်ဟု ဆိုသည်။ ထို့အတူ အူရီးဒူးမြန်မာကလည်း တာဝါတိုင်တည် ဆောက်ရေးအတွက် Degicel ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment