Monday, March 10, 2014

အိုမဲအိမ်မဲ့

မြေမဲ့ ယာမဲ့ အိမ်ရာမဲ့ စာရင်းကောက်ရန် ညွှန်ကြားထားပြီး မြေနေရာရှာခိုင်းထား
by stableman lay
ရွှေနိုင်ငံFeb 28, 2014
မြို့နယ်အလိုက် အမှန်တကယ် မြေမဲ့ယာမဲ့များစာရင်းကို တိတိကျကျကောက်ပြီး မြေနေရာများရှာထား ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရက ညွှန်ကြားထားသည်ဟု ခရိုင်မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက မဇ္ဈိမကို ပြောသည်။

“တိုင်းဒေသကြီးက ညွှန်ကြားတာပါ။ မြို့နယ်အလိုက် မြေမဲ့အိမ်မဲ့စာရင်း ကောက်ခိုင်းတာပေါ့။ ကျူးပေါ့။ တကယ်နေစရာမရှိတဲ့ ကျူးကောက်ခိုင်းတာ”ဟု မအူပင်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအေးသောင်းက မဇ္ဈိမကို ပြောသည်။

လမ်းဘေးများတွင် ဆိုင်ဖွင့်ပြီး လူနေထိုင်သည့် ကျူးကျော်များ၊ လယ်ယာစိုက်ပျိုးချိန်တွင် လာရောက်တဲ ထိုးပြီးနေထိုင်သူ များပါဝင်ခြင်းမရှိဟု ဆိုသည်။ စာရင်းကောက်ခံခြင်းအဆင့်ထိသာဖြစ်ပြီး မည်သို့ဆောင် ရွက်ပေးမည်ကို ညွှန်ကြားထားခြင်းမရှိဘဲ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးမည့် စီမံကိန်းဖြစ်နိုင် သည်ဟု ၎င်းက ဆိုသည်။

“မြေနေရာကြည့်ထားဖို့တော့ပြောတယ်။ ဒါပေမဲ့ အခုအခါမှာတော့ မြေနေရာက တစ်လက်မတောင် အ လကားမရတော့ဘူး”ဟု ဦးအေးသောင်းက ပြောသည်။ မြေမဲ့ယာမဲ့၊ အိမ်ရာမဲ့စာရင်းများကို တိုင်းအစိုးရ အဖွဲ့များက တာဝန်ယူကောက်ခံကာ ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ ပြန်လည်တင်ပြပေးရမည်ဟု နိုင်ငံ တော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

မြေမဲ့၊ ယာမဲ့၊ အိမ်ရာမဲ့ အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် City Development Plan, Township Development Plan ကို ရေးဆွဲနေပြီးဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးစိုးသိမ်းက သမ္မတရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် မြေမဲ့ယာမဲ့နေရာချထားမှု အစည်း အဝေးတွင် ပြောကြားခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများသည် မြေမဲ့၊ ယာမဲ့များအတွက် လုပ်ဆောင်ရာတွင် အနာဂတ်အတွက် မထိခိုက်စေ ရန် စနစ်တကျဆောင်ရွက်ပြီး စာရင်းကောက်ယူမှုအခက်အခဲကို ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်သည်ဟု ကြေးမုံ သတင်း စာ တွင် ဖော်ပြထားသည်။

လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက “မြေနေရာတော့မရှိဘူး။ အစိုးရအနေနဲ့ ၀ယ်ပြီး ဆောင် ရွက်ပေးမယ်ဆိုရင်တော့ ရမယ်”ဟု ပြောသည်။

Mizzima - News in Burmese
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment