Sunday, March 9, 2014

အင်ဒိုနီးရှားတော မီးလောင်

Skip

အသံဖိုင် TV အစီအစဉ်

နိုင်ငံတကာ
အင်ဒိုနီးရှား တော မီး ကြောင့် မီးခိုးမြူ ဖုံးလွှမ်း
08.03.2014
ဗွီအိုအေ (မြန်မာပိုင်း)

အင်ဒိုနီးရှားတောမီး

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အရှေ့ဘက်ကမ်းရိုးတန်း မှာရှိတဲ့ Riau ပြည်နယ်အတွင်းက သစ်တောနဲ့ စိုက်ခင်းတွေမှာ လောင်ကျွမ်းနေ တဲ့ တောမီးဟာ ပြီးခဲ့တဲ့ သီတင်းပါတ်ကစပြီး အခုထိ ဆက်လက်လောင်ကျွမ်းနေ ဆဲဖြစ်တာမို့ ပြည်နယ် တာဝန်ရှိသူတွေက အရေးပေါ်အခြေအနေ ကြေညာပြီး မီးငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

တောမီးကြောင့် မီးခိုးမြူတွေ ဖုံးလွှမ်းပြီး လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး အခက်အခဲတွေ ကြုံနေရသလို၊ ဒေသခံတွေမှာလည်း အသက်ရှုမွန်းကြပ်မှုနဲ့အတူ တခြားဆက်နွယ်တဲ့ ဝေဒနာတွေကို ခံစားနေကြရပါတယ်။

လူဦးရေ ၅ သန်းလောက်ရှိတဲ့ Riau ပြည်နယ်ဟာာ စားအုံးဆီပင်ကို အဓိကစိုက်ပျိုးတဲ့ ဒေသဖြစ်ပါတယ်။ မြေယာမီးမရှို့ဖို့ တားမြစ်ထားတဲ့ ကြားက မလိုက်နာသူတွေကြောင့် မီးခိုးမြူတွေ ဖုံးလွှမ်းတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အရင်က နေရာ ၆၀ ဆယ်လောက်မှာ မီးလောင်နေရာကနေ အခု နေရာ ၁၃၀ ကျော်မှာအထိ များလာနေတယ် လို့လည်း ဒေသခံတွေ က ပြောပါတယ်။ တောမီးတွေလောင်ကျွမ်းခဲ့တာနဲ့ ဆက်နွယ်ပြီး လူ ၃၀ လောက်ကိုလည်း အင်ဒိုနီးရှားအာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် မိုးရွာလာအောင် လေယာဉ်တွေသုံးပြီး တိမ်တွေပေါ်ကို ဆားနဲ့ nitrium ကလိုရိုက်ဆားတွေကို အင်ဒိုနီးရှား သဘာဝဘေးဒဏ် ထိန်းသိမ်းရေး အဖွဲ့က ဖြန်းပေးနေပါတယ်။

တောမီးကြောင့် မီးခိုးမြူတွေ အိမ်နီးချင်းနိုင်ငံတွေဘက်ကိုပါ ပျံ့နှံ့ခဲ့တဲ့အတွက် အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono က အိမ်နီးချင်း စကာင်္ပူနဲ့ မလေးရှားနိုင်ငံတွေကို တောင်းပန်နေရပါတယ်။

နောက်ထပ် သတင်းဆောင်းပါးများ နိုင်ငံတကာ
RELATED MULTIMEDIA
အင်ဒိုနီးရှားတောမီး
Back to top
ဗွီအိုအေ၏
ဗွီအိုအေ Facebookဗွီအိုအေ Google+ဗွီအိုအေ Twitterဗွီအိုအေ YouTube Follow us on SoundCloud
မြန်မာသတင်းဌာနအကြောင်း
ကိုယ်ရေး လျှို့ ဝှက်ချက်ဆိုင်ရာ
မိုဘိုင်းလ် App များကို အခမဲ့ ဒေါင်းလုတ် ရယူရန်
မူရင်းစာမျက်နှာအပြည့်အစုံ»


posted from Bloggeroid

No comments:

Post a Comment