Friday, October 31, 2014

မန္တလေး သင်္ကန်းဈေးကွက်တွင် ဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီ သင်္ကန်းနှင့်အီတလီပိုးသင်္ကန်းများမှာ အထူးရောင်းအားကောင်းလျက်ရှိနေကထိန်ကာလရာသီသို့ရောက်ရှိတော့မည်ဖြစ်သဖြင့် မန္တလေးသင်္ကန်းဈေးကွက်တွင်သံဃာတော်များ အား ဆက်ကပ်လှူဒါန်းရန် အရည်အသွေးကောင်းမွန်သောဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီ သင်္ကန်းနှင့် အီတလီပိုးသင်္ကန်းများမှာအထူးရောင်းအားကောင်းလျက်ရှိနေကြောင်းသိရသည်။ယခုနှစ်မန္တလေးသင်္ကန်းဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် စီဝိုင်စီသင်္ကန်းများအသစ်ဝင်ရောက်လာပြီး ဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီ သင်္ကန်း၊အီတလီပိုးသင်္ကန်းများ၊ တရုတ်နိုင်ငံထုတ် စကိတ်ပါး၊ စကိတ်ထူ၊သရီးရိုင်ဖယ်နှင့် စီဝိုင်စီသင်္ကန်းများ၊ ကိုရီးယားနိုင်ငံထုတ်ရိုင်ဖယ်၊လီနင်နှင့် နှစ်(၁၀၀)ချည်ဖြင့် ရက်လုပ်ထားသော ပြည်တွင်းဖြစ်သင်္ကန်းများကို ရောင်းချပေးလျက်ရှိရာ ဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီသင်္ကန်းနှင့် အီတလီပိုးသင်္ကန်းများမှာ အထူးရောင်းအားကောင်းလျက်ရှိသည်။“သင်္ကန်းနဲ့ပတ်သက်လို့ပစ္စည်းအသစ်တွေဝင်ရောက်လာပေမယ့်ဂျပန်နိုင်ငံထုတ်သင်္ကန်းတွေကတော့ အရောင်းသွက်နေပါတယ်။ သူကအ၇ည်အသွေးလည်းကောင်းတယ်၊ မာတင်သားနဲ့ချုပ်လုပ်ထားတဲ့ အတွက် ပေါ့ပါးပြီးသံဃာတော်တွေ ရုံရတာလွယ်ကူတဲ့အပြင် လျော်ဖွတ်ပြီးရင်လည်း ခဏလေးနဲ့ခြောက်သွေ့တယ်။ ဒါကြောင့်ဒီသင်္ကန်းကိုပဲ လှူမယ့် ဒါယကာ၊ဒါယိကာမတွေကရွေးချယ်ဝယ်ယူ လှူဒါန်းကြတယ်။ ဒီနှစ်ထူးခြားတာကတော့ ဒီဂျပန်သင်္ကန်းအပြင်ဈေးကြီးတဲ့အီတလီပိုးသင်္ကန်းတွေပါ အရောင်းသွက်နေတာတွေ့ရတယ်။ သူကပိုးသားနဲ့ရက်လုပ်ထားတဲ့အတွက် နူးညံ့တယ်လေ။ ဒါကြောင့် လှူဒါန်းတဲ့ သူတွေကသံဃာတော်တွေကို အကောင်းဆုံးတွေမှ ရွေးချယ်လှူဒါန်းနေကြ ပါတယ်။”ဟုရွှေထိပ်တန်း သင်္ကန်းတိုက်မှ ကိုထွန်းနိုင်စိုးကပြောသည်။ထို့အပြင်ကထိန်ခင်းရန်အချန်မီမပြင်ဆင်နိုင်သူများအတွက်မိုးပေါ်ကျကထိန်လှူဒါန်းနိုင်ရန်သင်္ကန်းနှင့် ပရိက္ခရာအစုံပါသည့် ကြိမ်ခြင်းများအားပါဝင်သည့်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ တစ်ခြင်းလျှင် ငွေကျပ် ၁၃၀၀ကျပ်မှ၆၀၀၀၀ကျပ်အထိ အသင့်ဝယ်ယူလှူဒါန်းနိုင်ရန်စီစဉ်ရောင်းချပေးလျက်ရှိသည်။သင်္ကန်းဈေးနှုန်းများအနေဖြင့် ထိုင်းနိုင်ငံထုတ် ဘိုမစီဝိုင်စီသင်္ကန်းမှာငွေကျပ် ၂၀၀၀၀၊ ဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီ သင်္ကန်း ငွေကျပ်၂၂၀၀၀မှ၅၅၀၀၀ ၀န်းကျင်၊  အီတလီပိုးသင်္ကန်းမှာ ငွေကျပ်၅၅၀၀၀၊ တရုတ်နိုင်ငံထုတ်စကိတ်ပါး၊ စကိတ်ထူ၊ သရီးရိုင်ဖယ်နှင့် စီဝိုင်စီသင်္ကန်းများများမှာငွေကျပ်၆၅၀၀မှ ၁၀၀၀၀၀န်းကျင်၊ ကိုရီးယားနိုင်ငံထုတ်ရိုင်ဖယ်၊လီနင်များမှာ ငွေကျပ် ၁၂၀၀၀မှ ၂၀၀၀၀ ၀န်းကျင်နှင့်နှစ်(၁၀၀)ချည်ဖြင့် ရက်လုပ်ထားသော ပြည်တွင်းဖြစ် သင်္ကန်းများမှာ ငွေကျပ်၆၅၀၀မှ ၆၅၀၀၀၀အထိရှိပြီး ဥာတ်သင်္ကန်းများကိုလည်း အခန်းအနည်းအများပေါ်မူတည်၍ကျပ်၁၀၀၀၀မှ ၁၅၀၀၀၀အထိရောင်းချပေးလျက်ရှိကြောင်း သိရသည်။

posted from Bloggeroid

မန္တလေးတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ပျိုးပြီးချိန် နွားအလဲအထပ်လုပ်ကိုင်ခြင်းထက်
နွားများကိုခိုင်းရုံ ၀ယ်ယူသူများပြား တရားမ၀င် သားသတ်မှု နှင့် အကောင်လိုက် တင်ပို့မှုများ ရှိနေ

မိုးစပါးစိုက်ပျိုးပြီးချိန် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့ နှင့် မန္တလေးမြို့အနီးဝန်းကျင် ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ် နှင့် အခြားမြို့နယ်များတွင် ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်ရာတွင် နွားများကို စိုက်ပျိုးရာသီအတွင်း ခိုင်းရုံသက်သက် ၀ယ်ယူနေကြပြီး နွားအလဲအထပ်လုပ်ကိုင်ခြင်း နည်းပါးလာကြောင်း ပုသိမ်ကြီးမြို့နယ်မှ တောင်သူတစ်ဦးက ပြောခဲ့သည်။
ယခုနှစ် မန္တလေးတိုင်းဒေသကြီးတွင် မိုးရရှိမှု နည်းပါးခြင်းကြောင့် သီးနှံစိုက်ခင်းများမှာ အထွက်နှုန်းနည်းသဖြင့် တောင်သူလယ်သမားများ စီးပွားရေးအခက်အခဲများ ကြုံတွေ့နေကြရပြီး နွားအလဲအထပ်လုပ်ကိုင်သူထက် နွားများကို ခိုင်းရုံ သက်သက်ဝယ်ယူပြီး စိုက်ပျိုးရာသီကုန်ချိန်တွင် တောင်သူလယ်သမားများ စီးပွားရေးအဆင်မပြေကြခြင်းကြောင့် ငွေပြန်နုတ်လိုသူများက ပြန်လည်ရောင်းချနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တောင်ယာလုပ်ကိုင်သူ တောင်သူများသည့် ခိုင်းနွားများကို အသုံးပြုလုပ်ကိုင်ကြပြီး လယ်ယာလုပ်ငန်းများ ထွန်ယက်စိုက်ပျိုးပြီးချိန်တွင် မိမိတို့ အသုံးပြုနေသည့်ခိုင်းနွားများကို အလဲအထပ်လုပ်ကိုင်သူသာ များပြားခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုနည်းပါးသည့် ဒေသများတွင် မိုးဦးသီးနှံမစိုက်လိုက်ရသည့် တောင်သူအများအပြားရှိနေခြင်းကြောင့် အဆိုပါ တောင်သူများသည် ခိုင်းနွားကြီးများကို တစ်မိုးကပ်အရွယ် နွားများဖြင့် လဲလှယ်ခြင်း၊ ခိုင်းဖြစ်ရုံ နွားများ ပြန်လည်ဝယ်ယူနေခြင်း စသည့်ဖြင့် ငွေနုတ်သူများပြားနေခြင်းဖြစ်သည်။
လယ်ထွန်စက်ဖြင့် လယ်ယာစိုက်ပျိုးခြင်းများရှိနေ၍ ခိုင်းနွားအသုံးပြုမှု နည်းပါးလာမှုနှင့်ပတ်သက်၍ ‘‘ ကျွန်တော်တို့ ဒေသက မိုးခေါင်တယ်၊ ရေရချိန်မှာ အမြန်စိုက်ပျိုးရတာဆိုတာ နွားနဲ့ လယ်ထွန်းရင် ကိုယ်လိုချင်တဲ့ အချိန်မှီ မပြီးနိုင်ဘူး၊ နွားကျတော့ တစ်မနက်လောက်ပဲ လုပ်နိုင်တယ်၊ ထွန်စက်က ဆီထည့်ပြီး ကိုယ်လုပ်နိုင်သလောက်လုပ်လို့ရတယ်၊ တနေကုန် သုံးလို့ရတယ်၊ ထွန်စက်တစ်စီး တန်ဖိုးက နွားနှစ်ရှဉ်း တန်းဖိုးလောက်ပဲရှိတော့၊ နွားအစား လယ်ထွန်စက် အသုံးများလာကြတာပါ၊ ရွာထဲမှာ ထွန်စက် ငှားရမ်းပြီး တစ်ဧကကို တစ်သောင်းခွဲ၊ နှစ်သောင်းနဲ့ လုပ်နေတဲ့ သူတွေလည်းရှိတယ်၊ အချိန်ကုန် သက်သာပြီး မြေသားကောင်းကောင်းလည်းရလို့ သုံးဖြစ်တာပါ ’’ ဟု ဒေသခံတောင်သူ ဦးစိမ်းမောင်က ပြောခဲ့သည်။
‘‘ ရပ်ကွက်ထဲမှာ တစ်နိုင်တစ်ပိုင် နွား၊ ဆိတ်၊ ကြက်တွေ မွေးမြူနေမှုတွေရှိတယ်၊ ပြီးတော့ ခြံဝန်းတွေထဲမှာပဲ သားသတ်လုပ်ငန်းလုပ်နေတာတွေရှိပါတယ်၊ သားသတ်ဖို့ သတ်မှတ်ထားတာ ရှိပေမယ်၊ တရားမ၀င် သတ်နေတာတွေ နေ့တိုင်း မြင်တွေ့နေရတယ်၊ သားသတ်ပြီး စွန့်ပစ်ပစ္စည်းတွေက ရွာထဲက ကန်ထဲ စွန့်ပစ်တာတွေရှိပါတယ်၊ အသားဈေးတွေလည်း တက်နေတော့ တရားမ၀င်သားသတ်မှုတွေ ပိုများလာတယ်၊ နိုင်ငံခြားသို့ နွားအကောင်လိုက် တင်ပို့ရောင်းချနေတာတွေလည်း ရှိနေတော့ တရားမ၀င်လုပ်ငန်းတွေ များလာတာပါ ’’ ဟု မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောခဲ့သည်။

posted from Bloggeroid

မန္တလေးမြို့၌ ယခုနှစ် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းလျော့ကျ

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ယခုနှစ် မိုးရာသီကာလအတွင်း ခြင်ကြောင့် ဖြစ်ပွားသည့် သွေးလွန်တုန်ကွေးရောဂါဖြစ်ပွားမှုနှုန်း ယခင်နှစ်ကထက် လျော့ကျခဲ့ကြောင်း မန္တလေးကလေးဆေးရုံကြီး နှင့် အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
ယခုနှစ် မိုးရာသီကာလအတွင်း မန္တလေးမြို့၌ မိုးရွာသီးမှုနှုန်း နည်းပါးခဲ့သဖြင့် ခြင်ပေါက်ဖွားမှု နည်းပါး၍ ခြင်ကြောင့် ဖြစ်ပွားသည့်ရောဂါများ ယခင်နှစ်ထက် ရောဂါဖြစ်ပွားမှု လျော့ကျခဲ့ခြင်းဖြစ်သည်။
‘‘ ယခင်နှစ်က မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါခံစားနေရသူ ကလေးငယ်အများအပြားလာရောက်ကုသမှုခံယူခဲ့ရသော်လည်း ယခုနှစ်တွင် ထက်ဝက်နီးပါး ကျဆင်းခဲ့ပါတယ်၊ လိုအပ်တဲ့ သွေးရည်ကြည်၊ သွေးနဲ့ဆေးဝါးပစ္စည်းက အလုံအလောက်ရှိတယ်၊ အခြေခံလိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ထားခဲ့တော့ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများရှိခဲ့သော်လည်း သေဆုံးသူ လျော့ကျခဲ့ပါတယ် ’’ မန္တလေးကလေးဆေးရုံကြီး နှင့် အထွေထွေဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
‘‘ ခြင်ကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး ကုသရန် လာရောက်သည့် လူနာများတွင် မြို့ပေါ်က လူနာများထက် မိုးများသော နေရပ်ဒေသများမှ လူနာများက ပိုများပါတယ်၊ ဆေးရုံရောက်လာတဲ့ ရောဂါခံစားနေရတဲ့သူတွေကို အတတ်နိုင်ဆုံး အစွမ်းကုန် ကုသပေးပါတယ် ’’ ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
မည်သည့်ရောဂါမဆို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သလို ခြင်ကြောင့်ဖြစ်သော ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန် အိမ်တိုင်း လူတိုင်း ဖုံး၊ သွန်း၊ လဲ၊ စစ် စနစ်ကို လိုက်နာကျင့်သုံးသင့်သည်။

posted from Bloggeroid

မန္တလေးမြို့တွင်ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေသည်တစ်ရှိန်ထိုးတိုးတက်များပြားမှုမရှိဟုဆိုမန္တလေးမြို့တွင် တိုးတက်လာသည့် ယာဉ်စီးရေ၊လူဦးရေနှင့်မြို့ပြအနေအထားတို့အရ ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေသည်တစ်ရှိန်ထိုးတိုးတက်များပြားမှုမရှိကြောင်းအမှတ်(၁၁)ဒုတိယယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။“မန္တလေးမြို့ဟာတစ်နှစ်ထက်တစ်နှစ်လူဦးရေတိုးတက်လာတာနဲ့အမျှမော်တော်ယာဉ်နဲ့ဆိုင်ကယ်အစီးရေတွေကလည်းများပြားလာတယ်။ဒီလိုများပြားလာခဲ့ပေမယ့်ယာဉ်မတော်တဆဖြစ်ပွားမှုတွေကတိုးတက်လာခြင်းမရှိပါဘူး။နှစ်အလိုက်စံနှုန်းအရတိုးတက်များပြားလာသောယာဉ်အစီးရေကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှုများဟာတိုးတက်ဖြစ်ပွားလာမယ်လို့မျှော်မှန်းနိုင်သော်လည်းလက်ရှိအခြေအနေမှာတော့ယာဉ်မတော်တဆဖြစ်ပွားမှုတွေဟာယာဉ်စီးရေနဲ့ဖြစ်ပွားမှုရာခိုင်နှုန်းနှိုင်းယှဉ်တွက်ချက်ကြည့်ပါက၂၀၁၃ခုနှစ်မှာ(.၀၅)ရာခိုင်နှုန်းဖြစ်ပွားပြီး၂၀၁၄ခုနှစ်မှာတော့(.၀၄)ရာခိုင်နှုန်းသာဖြစ်ပွားတဲ့အတွက်ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေကလျော့နည်းကျဆင်းတယ်လို့ပြောလို့ရသလိုတစ်ရှိန်ထိုးတိုးတက်များပြားမှုမရှိဘူးလို့လည်းပြောလို့ရတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးစနစ်ဆောင်ရွက်မှုတွေဟာအောင်မြင်အကျိုးဖြစ်ထွန်းတယ်လို့ ပြောလို့ရတယ်။ယာဉ်မတော်တဆမှုတွေရဲ့၇၅ရာခိုင်နှုန်းကမော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားမှုတွေများနေပြီးဖြစ်စဉ်တွေကို စိစစ်လိုက်တဲ့အခါညပိုင်း၆နာရီမှ၁၂နာရီအတွင်းအမျာဆုံးဖြစ်ပေါ်နေတာကိုတွေ့ရတယ်။ ဒါ့ကြောင့်ကျွန်တော် တို့ဟာ ညပိုင်းကိုဦးစားပေးပြီးစစ်ဆေးအရေးယူလျက်ရှိပါတယ်။”ဟုအမှတ်(၁၁)ဒုတိယယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးသိန်းကိုကိုက ပြောသည်။မန္တလေးမြို့တွင် ၂၀၁၃ခုနှစ်က ကားအစီးရေ(၆၉၃၃၁)စီးသာရှိပြီး၂၀၁၄ခုနှစ်တွင်(၁၀၈၁၃၈)စီးအထိ ရှိခဲ့သည်။ မော်တော်ဆိုင်ကယ်မှာလည်း ၂၀၁၃ခုနှစ်ကအစီးရေ(၄၇၈၃၂၃)စီးရှိပြီး ၂၀၁၄ခုနှစ်တွင် (၆၆၃၈၉၉)စီး အထိ ရှိခဲ့ရာ၂၀၁၄ခုနှစ်တွင်မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်စုစုပေါင်းယာဉ်အစီးရေ(၇၇၂၀၃၇)စီးအထိရှိခဲ့ကြောင်း အမှတ်(၁၁)ဒုတိယယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။“ကျွန်တော်တို့တပ်ဖွဲ့ဝင်အင်အားနဲ့ တိုးပွားလာတဲ့ယာဉ်စီးရေဟာမမျှတအောင်ပဲ တစ်အားများပြားနေတယ်။လူနှစ်ယောက်မှာဆိုင်ကယ်တစ်စီးနှုန်းအသုံးပြုနေတဲ့အနေအထားကိုမှတ်တမ်းအချက်အလက်တွေအရတွေ့ရတယ်။ တပ်ဖွဲ့ဝင်အင်အားနဲ့ ယခုရှိနေတဲ့ဆိုင်ကယ်အရေအတွက် ယှဉ်လိုက်ရင်တပ်ဖွဲ့ဝင်တစ်ဦးဟာဆိုင်ကယ်အစီးရေ(၃၇၀၀)ကိုယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအတွက်ထိန်းသိမ်းပေးနေရသလိုဖြစ်နေတယ်။ဒီလိုဝန်နဲ့အားမမျှတဲ့အနေအထားဖြစ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ကကိုယ်စီအသိတရားရှိမှသာလျှင် ယာဉ်တိုက်မှုအန္တရာယ်ကကင်းရှင်းသွားမှာပါ။ နောက်ပြီး စည်းကမ်းမရှိလို့ဖမ်းဆီးအရေးယူပြီး ဒဏ်ငွေ ဆောင်ခိုင်း နေတယ်ဆိုတာကလည်းပြည်သူတွေနစ်နာအောင်လုပ်ဆောင်နေတာမဟုတ်ဘူး။ စည်းကမ်းလိုက်နာနိုင်အောင်လို့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ပြည်သူတွေစည်းကမ်းလိုက်နာနေရင် ကျွန်တော်တို့ အနေနဲ့ ဖမ်းဆီးတာလည်းမရှိဘူး။ ဒဏ်ငွေဆောင်ခိုင်းစရာလည်းမလိုပါဘူး။”ဟုယင်းကဆက်လက်ပြောကြား သည်။မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်အစီးရေတိုးတက်များပြားလာသော်လည်းယာဉ်မတော်တဆ ဖြစ်ပွားမှုမှာ ၂၀၁၃ခုနှစ်ဇန်န၀ါရီမှ စက်တင်ဘာအထိယာဉ်မတော်တဆဖြစ်ပွားမှု၂၉၅မှုတွင် သေဆုံးသူ(၁၃၅)ဦးနှင့်ဒဏ်ရာရသူ(၃၉၄)ဦးရှိခဲ့ပြီး မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသောယာဉ်မတော်တဆမှု(၂၀၂)မှုတွင်သေဆုံးသူ(၉၄)ဦး၊ဒဏ်ရာရသူ(၂၃၄)ဦးပါဝင်ခဲ့သည်။၂၀၁၄ခုနှစ်ဇန်န၀ါရီလမှစက်တင်ဘာလအထိယာဉ်မတော်တဆမှု (၃၀၉)မှုတွင် သေဆုံးသူ(၁၃၆)ဦး၊ ဒဏ်ရာရသူ(၃၅၁)ဦး ရှိပြီးမော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသော ယာဉ်မတော်တဆမှု(၂၃၄)မှုတွင်သေဆုံးသူ(၁၀၃)ဦး၊ ဒဏ်ရာရသူ(၂၄၂)ဦးပါဝင်ခဲ့ရာ ၂၀၁၃ခုနှစ်ထက်ယခုနှစ်သည် ယာဉ်မတော်တဆဖြစ်ပွားမှုမှာ လျှော့နည်းကျဆင်းနေသည်ကိုတွေ့ရသည်။အမှတ်(၁၁)ဒုတိယယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲအနေဖြင့်မန္တလေးမြို့တွင်းယာဉ်လမ်းရှင်းလင်းရေးအတွက် မြို့တွင်း အချက်ပြမီးပွိုင့်(၃၂)နေရာ၊လမ်းဆုံလမ်းခွ(၁၉)နေရာ၊ကျောင်းလမ်းရှင်း(၁၅)နေရာတို့တွင် ယာဉ်ထိန်း အင်အား(၁၂၇)ဦးဖြင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်ပြည်သူများယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာစေ ရေးအတွက်မန္တလေးမြို့အတွင်းရှိရပ်ကွက်/လမ်းပိုင်းများအလိုက်ပူးပေါင်းစစ်ဆေးရေးအဖွဲ့(၃၁)ဖွဲ့ဖြင့်အချိန်ပိုင်းအလိုက်စစ်ဆေးအရေးမှုများပြုလုပ်လျက်ရှိရာ ၂၀၁၄ခုနှစ်စက်တင်ဘာလအထိ စည်းကမ်းပျက်မော်တော်ယာဉ်(၅၈၃၉)စီးတွင်အမှုပေါင်း(၅၉၅၇)မှုနှင့်မော်တော်ဆိုင်ကယ်(၄၃၉၈၇)စီးတွင်အမှုပေါင်း(၄၄၂၇၀)တို့ကိုဖမ်းဆီးအရေးယူနိုင်ခဲ့သည်။မန္တလေးမြို့အတွင်း ယာဉ်သွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက်လည်းမီးပွိုင့်တပ်ဆင်ခြင်း၊ လမ်းပိုင်းချဲ့ထွင်ပြုပြင်ခြင်း၊လမ်းညွှန်အမှတ်အသားများတပ်ဆင်ခြင်းတို့အားတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင်မြို့ပြ၀န်ဆောင်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင်ပါဝင်သောခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲမှုစနစ်နှင့်သတ်မှတ်ဆိုင်ကယ်မောင်းနှင်သည့်လမ်းများတွင်ညပိုင်းအန္တရာယ်မဖြစ်အောင်ဓာတ်မီးတိုင်များ၌မီးလုံးများတပ်ဆင်ပေးရန်တို့ကို အကြံပြုတင်ပြထားကြောင်း သိရသည်။

posted from Bloggeroid

မန္တလေးမြို့သို့ ကုန်စည်စီးဆင်းမှု ကုန်းကြောင်းတွင် စစ်ဆေးမှုများနေသဖြင့်
ရေကြောင်းမှ ၀င်ရောက်လာမှု များပြားနေ၍ Moblie Team အဖွဲ့များဖြင့် စစ်ဆေးမည်

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အဓိကအားထားရသည့် မန္တလေးမြို့သို့ ကုန်စည်စီးဆင်းမှုသည် ကုန်းကြောင်းမှ ၀င်ရောက်မှုထက် ရေကြောင်းမှ ၀င်ရောက်လာမှု များပြားနေ၍ မိုဘိုင်းတီးစ်(Mobile Team)အဖွဲ့များဖြင့် နိုဝင်ဘာလအတွင်း ပညာပေးကာလအဖြစ် စစ်ဆေးအရေးယူမှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
တရားမ၀င်ကုန်သွယ်မှု့ တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စက်မှုလက်မှုလုပ်ငန်းရှင်များ နှင့် ကုန်သည်ကြီးများအသင်း၊ သတင်းနှင့်ပြန်ကြားရေးရုံး တို့ ပူးပေါင်း၍ မိုဘိုင်းတီးစ်(Mobile Team)အဖွဲ့များဖြင့် ဧရာဝတီမြစ်တစ်လျှောက် တရားမ၀င် ကုန်သွယ်မှုများကို တားဆီးကာကွယ်ခြင်း နှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်မှ တားမြစ်ထားသည့် အရက်၊ စီးကရက်၊ ဘီယာ၊ ၀ိုင် စသည့် တရားမ၀င်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက အကောက်ခွန်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်ပစ္စည်းများ ခေတ္တသိမ်းဆည်းထားခြင်း၊ ကုန်ပစ္စည်းအပေါ်မူတည်၍ ဒဏ်ကြေးပေးဆောင်ပြီး ပြန်လည်ရွေးရမည်ဖြစ်သည်။ တရားမ၀င်ကုန်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ပြီး အဆိုပါ ပစ္စည်းများကို ဖျက်ဆီးသွားမည်ဖြစ်သည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာလမှစတင်၍ ထိရောက်စွာ စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့သို့ တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့မှ ရေကြောင်းဖြင့် အဓိက ကုန်စည်ဝင်ရောက်မှုများပြားနေပြီး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

posted from Bloggeroid

မြန်မာနိုင်ငံတွင် ရထားတွဲ နှင့် စက်ခေါင်းများ လိုအပ်ချက် ဖြည့်တင်းနိုင်ရန်
မန္တလေးမြို့ မြစ်ငယ်တွင် ရထားတွဲသစ် တည်ဆောက်ရေး စက်ရုံသစ် တည်ဆောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် နှင့် နိုင်ငံတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတစ်ဝှမ်းသို့ မီးရထားဖြင့် ခရီးသွားလာရေးလွယ်ကူစေရန် မီးရထားလမ်းများ၊ ရထားတွဲများ၊ မီးရထားစက်ခေါင်းများ အဆင့်မြှင့်တင် တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းကြောင့် လိုအပ်ချက်များကို ဖြည့်တင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
‘‘ မြန်မာနိုင်ငံ၏ ရထားတွဲ နှင့် စက်ခေါင်းလိုအပ်ချက်ကို မြစ်ငယ်တွင် ရထားတွဲသစ်တည်ဆောက်ရန် စက်ရုံသစ်တည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်၊ အဲဒီ စက်ရုံက နှစ်စဉ် လူစီးတွဲ (၁၂၀)လောက် ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချေးငွေနဲ့ မြစ်ငယ်တွင် ရထားတွဲသစ်တည်ဆောက်ရေး စက်ရုံသစ်ကို တည်ဆောက်ဖို့နဲ့၊ နေပြည်တော်တွင် စက်ခေါင်းသစ်တည်ဆောက်ရေး စက်ရုံတည်ထောင်၍ တစ်နှစ်ကို စက်ခေါင်း(၁၀)လုံး ထုတ်လုပ်သွားဖို့ရှိပါတယ် ’’ ဟု မန္တလေးတိုင်းဒေသကြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
‘‘ အဲဒီ စက်ရုံတွင် မပြီးခင် ရွာထောင် ဒီဇယ်စက်ခေါင်း နှင့် အင်းစိန် စက်ခေါင်းရုံတို့မှ အကြီးတန်းပြုပြင်ပြီးစီးသော စက်ခေါင်းများဖြင့် အစားထိုးပြေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်၊ မြန်မာနိုင်ငံ၏ တွဲလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ချေးငွေဖြင့် လေအေးပေးစက်ပါတဲ့ အထက်တန်းတွဲများ၊ လေအေးပေးစက်မပါတဲ့ အထက်တန်းတွဲများ၊ ရိုးရိုးတန်းတွဲများ စသည့်ဖြင့် တွဲ(၁၀၀) နှင့် စက်ခေါင်းသစ်(၂၈)လုံး ၀ယ်ယူနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ် ’’ ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
မြစ်ငယ်တွင် ရထားတွဲသစ်တည်ဆောက်ရေး စက်ရုံသစ်ပြီးစီးပါက အဆိုပါ စက်ရုံမှ ထွက်ရှိသည့် ရထားတွဲသစ်များကို မြန်မာမီးရထားမှ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အစုန်-အဆန်ရထားအသစ်များ နှင့် လိုအပ်ချက်ရှိသည့် အခြားနေရာဒေသများတွင် လိုအပ်ချက်ဖြည့်တင်း၍ ရထားသစ်များ ပြေးဆွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

posted from Bloggeroid

မြန်မာနိုင်ငံတွင်ပထမဦးဆုံးရွေ့လျားကရ၀ိတ်ရေပေါ်ဟိုတယ်တည်ဆောက်မှု၉၀ရာခိုင်နှုန်းကျော်ပြီးစီးမန္တလေး          အောက်တိုဘာ              ၂၆      မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ကမ္ဘာ့အဆင့်မီ ရွေ့လျားသွားလာနိုင်သောကရ၀ိတ်ရေပေါ်ဟိုတယ်ကြီးတစ်ခုအား မြန်မာနိုင်ငံသားစွန့်ဦးတည်ထွင်လုပ်ငန်းရှင်တစ်ဦးမှ မန္တလေး မြို့ ဧရာဝတီမြစ်အတွင်း၌မြန်မာ့ရိုးရာလက်မှုအနုပညာဖြစ်သော ပန်းဆယ်မျိုးအတတ်ပညာများဖြင့်တည်ဆောက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ယင်း ကရ၀ိတ်ရေပေါ်ဟိုတယ်ကြီးကို  ၂၀၁၃ခုနှစ် မတ်လ ၃ ရက်နေ့က စတင်တည်ဆောက်၍သုံးထပ်ဆောင်အမျိုးအစား အလျား ပေ ၂၅၀ အနံပေ ၇၀ ရှိကာ ဧရာဝတီမြစ်ရေအထက်သုံးထပ်ဆောင်ထိပ်ထိ အမြင့် ၃၄ ပေ ၈ လက်မရှိပြီးရွေ့လျားသွားလာနိုင်ရေးအတွက် မြင်းကောင်ရေ ၃၆၀ရှိ ၈ လုံးထိုးအင်ဂျင် ၂လုံးတပ်ဆင်ထားကာ ကရ၀ိတ်ညီနောင်အပေါ်တွင် တည်ရှိနေသည့်အဆောက်အဦးတစ်ခုသဖွယ် ရေပြင်ထက်တွင် ၀င့်ဝင့်ကြွားကြွား တည်ရှိနေပေသည်။ကရ၀ိတ်၏ နံရံများပေါ်တွင် ချိတ်ဆွဲထားသော ခြူးပန်းခြူးနွယ်ကနုတ်ပန်းများတွင်လည်း သူ့အဓိပ္ပါယ်သူ ဆောင်သော သဘောတရားများပါရှိပြီးဘယ်တောင်ပံတွင် အေးမြသော၊လင်းလက်သော သဘော ဆောင်သည့် ‘လ’ပုံသဏ္ဍာန်ယူထားပြီးညာတောင်ပံတွင် ထွန်းလင်းသော၊ တောက်ပရဲရင့်သော သဘောဆောင်သည့်” နေမင်း”၏ပုံသဏ္ဍာန် နက္ခတ်တာရာတို့၏ သဘောဆောင်သော ရုပ်လုံးရုပ်ကြွကနုတ်ပန်းများကိုဦးထိပ်တွင်လည်းကောင်း ထားရှိပြီး သင်္ဘောအတွင်း အခန်း (၁၂)ခန်းမှာလည်း ၁၂လရာသီ၏ သဘောသဘာဝကိုဆောင်သည့် ၁၂ရာသီပွင့်သောပန်းများလည်းထားရှိသွားမည်ဖြစ်သည်။ အဓိကထူးခြားချက်အနေဖြင့် ထိုကရ၀ိတ်ဟိုတယ်အား သစ်သားများဖြင့်သာတည်ဆောက်ထားပြီး ကွမ်းသီးပင်၏ အသားများကိုအသုံးပြုထား ကာ ပိုမိုခိုင်မာစေရေးအတွက် Steel Structure၊သံဖရိန်များဖြင့်လည်း ထိန်းညှိပေးထားသည်။ ဖောင်တော်၏ အမြီးပိုင်းတွင်လည်း၇ နေ့ ခုနှစ်ရက် နေ့နံအလိုက် အဓိပ္ပါယ်ရှိသော ကနုတ်များနှင့် ၂၄ပစ္စည်းစက်ဝိုင်းပုံသဏ္ဍာန်ပါသော ကနုတ်ပန်းများဖြင့် ခြယ်သ ထားပြီးရှေးမြန်မာဘုရင်မင်းမြတ်များမင်းခမ်းမင်းနားဖြင့်တိုင်းခန်းလှည့်လည်ရာတွင် အသုံးပြုသောစီးတော်ယာဉ်ဖြစ်သည့် မြင့်မြတ်သော သဘောကိုဆောင်သည့်ကရ၀ိတ်ဖောင်တော်ကြီးတစ်ခုလုံးကို ခြုံငုံကြည့်ပါက နေ၊ လ၊ နက္ခတ်တာရာလောကဓါတ်တစ်ခုလုံး ပါဝင်သော စကြ၀ဠာကြီးတစ်ခုသဖွယ်ဖန်တီးထားခြင်းလည်းဖြစ်သည်။        “ဟိုတယ်ဆိုတာလူကိုလူခြင်းဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက် ၀န်ထမ်းတွေကိုမြန်မာ့ယဉ် ကျေးမှုကို ဖော်ဆောင်နိုင်တဲ့ ဧည့်ဝတ်ကျေပွန်မှုတွေကိုကမ္ဘာကသိအောင် ဆောင်ရွက်နေခြင်းဖြစ်ပါ တယ်။ ၀န်ဆောင်မှုအနေနဲ့ ဟိုတယ်အတွင်းအတွေ့အကြုံကောင်းရှိသည့် မြန်မာနိုင်ငံ သား သင်္ဘောသား ၀န်ထမ်း ၂၀ဦး၊ဟိုတယ်ဝန်ထမ်းကိုးဆယ်ကျော်နဲ့ ဖွဲ့စည်းထားတယ်။ မြန်မာနိုင်ငံသားဝန်ထမ်းများနှင့် အရည်အချင်းရှိသော ၀န်ဆောင်မှုအပြည့်အ၀ပေးနိုင်သောဝန်ထမ်းများဖြစ်စေရေး ဟိုတယ် မဖွင့်လှစ်မီ သုံးလအကြိုမှာပင် လစာပြည့်နဲ့သင်တန်းများ ပို့ချပေးလျက်ရှိပါတယ်။ သစ်သားနဲ့တည်ဆောက်ထားတဲ့အဆောက်အအုံဖြစ်သည့်အလျောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို လည်း ဆောင်ရွက်ထားတယ်။ဟိုတည်အတွင်းတည်းခိုနေထိုင်သူများတွက် ကျန်းမာရေးဆေးမှူးများကိုလည်းထားရှိဆောင်ရွက်သွားမှာပါ။”ဟုကရ၀ိတ်ရေပေါ်ဟိုတယ်အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းထွန်း က ပြောသည်။        ဟိုတယ်ပေါ်သို့ ရောက်ရှိလာသော ဧည့်သည်များအနေဖြင့်လည်း ထိုနေလနက္ခတ်တာရာများအစွမ်းအားဖြင့် မင်္ဂလာရှိခြင်း၊စိတ်အေးချမ်းသာခြင်းများရရှိရေးကိုလည်း ရည်ရွယ်တည်ဆောက် ထားခြင်းဖြစ်သည်။ဖောင်တော်ဦးထိပ်တွေင် ထားရှိသော ဆင်ဖြူတော် ၂ ကောင်မှာလည်းပန်းဆယ်မျိုးအတတ်ပညာများအနက်မှ ပန်း ၆ မျိုးတို့ဖြင့်ထုလုပ်ထားခြင်းဖြစ်သည်။ မြန်မာ ဘုရင်များ၏မင်းခမ်းမင်းနားအဆောင်အယောင်ရုပ်တုများ၊ မေခလာနတ်သမီးရုပ်တု၊ နတ်မင်းကြီး၎ ပါးရုပ်တု၊ ရုပ်သေးပညာ၊ တစ်ပင်တိုင်ခြင်းလုံးပညာ၊တိုင်းရင်းသားရိုးရာအကများကိုလည်း မင်္ဂလာခန်းမအတွင်း ခင်းကျင်းပြသမည်ဖြစ်သည်။ ကရ၀ိတ် ရေပေါ်ဟိုတယ်တွင် အထပ်သုံး ထပ်ပါရှိပြီးအပေါ်ဆုံးထပ်အတွင်း လူ ၂၅၀ဆံ့ မင်္ဂလာခန်းမ တစ်ခု၊နှစ်ယောက်အိပ်အခန်း(၂၆)ခန်း၊ နှစ်ယောက်အိပ်အထူးခန်း(၄)ခန်းနှင့်မိသားစုခန်း(၃)ခန်း စုစုပေါင်း (၃၉)ခန်းပါဝင်မည်ဖြစ်သည်။ ထိုနောက် အလျား၁၈ပေ အနံ ၁၂ ပေရှိသည့် ရေစိမ်ကန်တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။တည်းခိုခနှုန်းထားများကိုလည်း နိုင်ငံတကာအဆင့်ထက် မပိုသော အဖိုးအခများနှင့်လည်းကောင်း၊ ပြည်တွင်း ကုန်းပေါ်ရှိ ဟိုတယ်များထက် မပိုသောဈေးနှုန်းများဖြင့်သာ ၀န်ဆောင်မှုပေး သွားမည်ဖြစ်သည်။ ဟိုတယ်အပေါ်မှ ရေ၊မြေ၊တော၊တောင်၊တိမ်၊ဝေဟင်၊အာကာသ၊ ဘေး ပတ်ဝန်းကျင်ရှိကျေးလက်တောရွာများ၏အလှအပ ရှုခင်းများကိုလည်း တစ်ပြိုင်တည်းကြည့်ရှုနိုင်မည်ဖြစ်သည်။ ကရ၀ိတ်ဖောင်တော်ကြီးကိုလည်းနေ့စဉ် ညနေ ၄ နာရီမှ  ၆နာရီအထိ မင်းကွန်း ပုထိုးတော်ကြီးကိုအနီးကပ်ဖူးမျှော်နိုင်ရန်လည်းကောင်း၊မန္တလေးတောင်ပေါ်ရှိဘုရားများအား မြစ် အတွင်းမှဖူးမြော်နိုင်ရန်လည်းကောင်း၊ စစ်ကိုင်းတံတားကြီးနှင့်မင်းဝံတောင်ရိုးရှိစေတီပုထိုးများအား လည်းကောင်း၊နေ၀င်ဆည်းဆာအလှများနှင့် မန္တလေးရှိ သိသင့်သိထိုက်သည့် နေရာများအားကြည့်ရှုနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ အစားအသောက်များအနေဖြင့်လည်းဥရောပ၊အာရှအစား အစာ၊ တရုတ်အစားအစာနှင့် မြန်မာ့ရိုးရာမုန့်ဟင်းခါး၊ကြာဇံဟင်းခါးအကြော်စုံအစရှိသည့် အစားအစာများလည်းရရှိနိုင်မည်ဖြစ်သည်။        ကရ၀ိတ်ဟိုတယ်တည်ဆောက်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းရန်ကုန်ကန်တော်ကြီး၌ လည်းကောင်း၊ ကျောက်ဆည်မြို့တွင်လည်းကောင်း၊ ယခင်မန္တလေးတွင်လည်းကောင်း ကရ၀ိတ်ပုံ အဆောက်အအုံများရှိခဲ့သော်လည်းမြစ်ကြောင်းအတွင်း သဘာဝငှက်ကရ၀ိတ်များကဲ့သို့ ရှင်သန်သွား လာနေသောရေပေါ်ကရ၀ိတ်ဖောင်တော်ကြီးအား တည်ဆောက်လိုခြင်းဖြစ်ပြီး မန္တလေးသားတစ်ယောက်အနေဖြင့် မြန်မာ့လက်မှုအနုပညာများဖြစ်သော ဘုရားမတင် နတ်မ၀င်လူတွင်ပန်းဆယ်မျိုးဟုခေါ်သော `ပဲ၊တိမ်၊တဉ်း၊တော့၊ရန်၊ပု၊မော့၊ပွတ်၊ချီ၊ယွန်း´ဟုခေါ်ဝေါ်သည့် ပန်းဆယ်မျိုး အတတ်ပညာများအားကမ္တာကသိရှိစေလိုခြင်း၊ မြန်မာနိုင်ငံ အတွင်းပွင့်လင်းလာသောနိုင်ငံတကာခရီးသွားလုပ်ငန်းများတိုးတက်လာမှုနှင့်အတူ တစ်မူထူးခြားသောရေပေါ်ဟိုတယ်တစ်ခု တည်ဆောက်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းအားတစ်ဘက်တစ်လမ်းမှ ပိုမိုတိုးတက်စေရေးအတွက်လည်းကောင်းရည်ရွယ်လျက်တည်ဆောက်ခြင်းဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။        အဆိုပါကရ၀ိတ်ရေပေါ်ဟိုတယ်အား American Certificate2011-2012 နှင့်ရုရှားနိုင်ငံမှ ပေးအပ်သော ရေကြောင်းသိပ္ပံပညာရှင်လက်မှတ်ရမြန်မာနိုင်ငံသားပညာရှင်တစ်ဦးမှ ဒီဇိုင်းရေးဆွဲပြီးပြည်တွင်းလက်မှုအနုပညာရှင်များဖြင့်သာတည်ဆောက်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၈ရက်နေ့က လူဦးရေ ၁၀၀၀ ထောင်ကျော်တင်ဆောင်ပြီးစမ်းသပ်မောင်းနှင်မှုများလည်းဆောင်ရွက်ခဲ့ပြီး နိုဝင် ဘာလအတွင်းအပြီးသတ်ဆောင်ရွက်ပြီး မကြာမီတွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

posted from Bloggeroid