"သတင်းထောက်ကိုပါကြီးအသတ်ခံရမှုနဲ့
ပါက်သက်ပြီးမန္တလေးတွင်ဒုတိယအကြိမ်
ဆန္ဒဖော်ထုတ်"
နိုဝင်ဘာ ၎
မန္တလေး အောက်တိုဘာ ၂၇ ရက်နေက
သတင်းထောက်ကိုပါကြီးအသတ်ခံရမှုဖြစ်
ဆန္ဒဖော်ထုတ်ခဲသောကြောင့် ပုဒ်မ ၁၈ဖြစ်
MDCFမှကိုသိန်းအောင်မြင့်ကိုတရားစွဲခြင်း
ရှိသော်လည်းမန္တလေးတိုင်းအတွင်းရှိနိုင်ငံ
အင်အားစုများ ၃၀၀ ကျော်ဖြင့် နိုဝင်ဘာလ
၎ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်၍
ဈေးချိုတော် နာရီစဉ်အောက်မှ ၂၆ Bလမ်း
အတိုင် အနောက်မြို့တော်ဥယျာဉ်အထိ
ဗီနိုင်ဆိုင်ပုဒ်များကိုင်ဆောင်၍လမ်းရောက်
ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ကျွန်တော်အခုလိုဆန္ဒဖော်ထုတ်တာဟာ
မြန်မာနိုင်ငံတရားဥပဒေစိုးမိုးမှုမရှိဘဲ
သတင်းထောက်တစ်ဦးကိုသတ်ဖြတ်လိုက်
တာဟာ အများပြည်သူကို သူတို့လုပ်ခြင်သ
လိုအချိန်မရွေးသတ်လိုရတယ်ဆိုသောအရာရောက်တယ်ဆိုတာ ပြခဲ့တာလိုကျွန်တော်ထင်တယ် ကျွန်တော်
တို့ ဒီမိုကရေစီလိုလားသူနိုင်ငံရေအင်စုတွေ
အားလုံးကလည်း လက်မခံပါဘူး
ကိုပါကြီးအသတ်ခံရမှုမှလုံးဝမတရားလို
အခုလိုဆန္ဒပြတောင်ဆိုရတာဖြစ်ပါတယ်
အခုပြတာဒုတိယအကြိမ်းပြတာဖြစ်ပါတယ်
ရန်ကုန်မြို့ မန္တလေးနှင့်အခြားမြို့များကပြည်
သူတွေကလည်းလက်မခံပါဘူး အခုအချိန်
အထိဘာထူးခြားမှုမရှိသေးလို မန္တလေးတိုင်
းအတွင်ရှိနိုင်ငံရေးအင်အားစုများနှင့်အရပ်ဘက်လူအဖွဲ့အစည်များပါဝင်ပြီးဆန္ဒပြတောင်းဆိုတာပါဟု မန္တလေးအထက်မြန်မာ
ပြည်တောင်သူလယ်သမားအလုပ်သမား
များကို(LIO)နှင့်ချတ်ဆက်ဆောင်ရွက်ကူ
ညီပေးနေသော(F.NI)အဖွဲ့တာဝန်ခံကိုအေးသိန်းမှNewswatchကိုပြောသည်။
ပထမအကြိမ်းဆန္ဒဖော်ထုတ်ခဲ့တုံးကကျွန်တော်ကိုအောင်မြေသာဇံမြို့နယ်အမှတ် ၅
ရဲစခန်ကပုဒ်မ ၁၈ ဖြင့်တရားစွဲထားပါတယ်
ကျွန်တော်တို့အနေနဲ့ ပုဒ်မ ၁၈ နဲ့တရားစွဲခံ
ရတာမဆန်တော့ပါဘူးအများပြည်သူအတွက် ကိုယ်တစ်ယောက်ထဲအနစ်အနာခံရတာ
တန်ပါတယ် အခုလိုဆန္ဒဖော်ထုတ်တာဟာ
နိုင်ငံရေးအင်အားစုတွေ ကျွန်တော်တို့
ဒီမိုကရေစီလိုလားသူညီအကိုတွေအားလုံး
စိတ်တူကိုယ်တူပေါင်ပြီးတရားဥပဒေစိုးမိုမှု
မရှိတာတွေကိုဆန္ဒဖော်ထုတ်သွားဖိုရှိပါတယ်။ တရာစွဲခံရတာတော့ကျွန်တော်တင်မဟုတ်ပါဘူး တစ်ခြားအမှုများမကြမှီကမှထောင်ကလွတ်
လာသောမန္တလေး(FNI)ကိုအေးသိန်းတို့
ကိုမျိုးဝင်းလည်းစစ်ကိုင်တောင်သူလယ်သမားကိစ္စတွေနဲတရားစွဲခံထားသူတစ်ယောက်ဖြစ်ကြောင်း ကျွန်တော်တို့အနေနဲထောင်
ဆိုတာ ကျွန်တော်တိုအိမ်လိုဖြစ်နေပါပြီး
ကျွန်တော်တို့ ဆန္ဒပြတောင်ဆိုတယ်ဆိုတာ
နိုင်ငံတော်ကိုဒုက္ခပေးတာမဟုတ်ပါဘူး
မြန်မာနိုင်ငံပြည်သူတွေကိုယ်စားဆန္ဒပြတောင်ဆိုတာပါ ကျွန်တော်တို့ကလည်း
ကျွန်တော်တို့အလုပ်ကျွန်တော်တို့လုပ်တာပါ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း
သူတို့အလုပ်သူတို့လုပ်တာပါ လိုမန္တလေး
အထက်မြန်မာပြည့်တာဝန်ခံ ကုန်ဈေးနှုံန်း
ကျဆင်ရေးအဖွဲ့ (MDCF)ကိုသိန်းအောင်မြင့်မှNews Watchaသတင်းဂျာနယ်ကိုပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲကြီးကိုမန္တလေးဈေး
ချိုနာရီစဉ်အနီးတွင်ဆန္ဒပြခေါင်ဆောင်
ကိုအေးသိန်းမှဆန္ဒမဖော်ထုတ်မှီ ဆန္ဒပြရာ
တွင်ပါဝင်သောသူများအား ငြိမ်းစုစည်ဥပဒေဖြစ် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့်ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူများ
နဲ့လာရောက်ကြည်ရှုသူများမရောအောင်
ပါဝင်သူများအားသတိပေးဟောပြေားပွဲပြုလုပ်ခဲပါသည်။
ဆန္ဒဖော်ထုတ်ရာမှပါဝင်သူများမှ၅နာရီအချိန်မှစတင်၍ဟစ်ကြေးသံများဟစ်ဖြင့်
တရားဥပဒေ စိုးမိုးရေး ဒို့အရေး ဒို့အရေး
မင်းမဲ့စရိုက်ပပျောက်ရေး ဒို့အရေးဒို့အရေး
နိုင်ငံသားအခွင့်အရေးရရှိရေး ဒို့အရေးဒို့အရေး
ကိုပါကြီးအသတ်ခံရမှု ဖော်ထုတ်ပေး ဖော်ထုတ်ပေး
ပြစ်မှုကျူးလွန်သူများ အရေးယူပေး အရေးယူပေး
ကိုပါကြီးသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဒို့အရေး ဒို့အရေး
အရေးယူဆောင်ရွက်ပေးရေး ဒို့အရေးဒို့အရေး
အဓမ္မဝါဒီ အလိုမရှိ အလိုမရှိ
တရားဥပဒေစိုးမိုးရေး ဒို့အရေး ဒို့အရေး
စသည်ဟစ်ကြေးသံများအော်ဟစ်ခါဆန္ဒဖော်ထုတ်ခဲကြသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုအားတာဝန်
အရရဲအင်အား ၅၀ ခန့် လာပါကြောင်း
လာရောက်ကြည့်ပေးတာဖြစ်ပါကြောင်း
ဆန္ဒဖော်ထုတ်သူတွေကို အရေးမယူပါကြောင်း သူတို့က ခွင့်ပြုမိန်
တင်ပြီးမှဆန္ဒဖေိာထုတ်ဖြစ်ပါတယ်
ကျွန်တော်တို့အနေနဲဆူပူအုံကြွမှုမဖြစ်ပွား
အောင်လာရောက်ထိမ်းပေးတာပါဟုရဲအရာရှိတစ်ဦးမှပြောသည်။
သတင်းထောက်ကိုပါကြီး၏အလောင်အား
ပြန်ဖော်ပေးမည်ဖြစ်ကြောင်းသတင်းများမှသိရသည်။

posted from Bloggeroid
No comments:
Post a Comment