Tuesday, November 4, 2014

တန်ဆောင်တိုင်နဲဆင်းရဲသားဘဝမန္တလေး

"မန္တလေးတန်ဆောင်တိုင်ပွဲနွဲပျော်ပွဲကြီး"
ကြောင့် အခြေခံဆင်းရဲသားများငွေ
အကြပ်အတည့်ဖြစ်နေလိုဆို "

တန်ဆောင်မုန်းလတစ်လလုံးမှတော့မန္တလေးမြို့တော် ဈေးချိုတော်အလုပ်သမား
နေ့စားအလုပ်သမားများမှအလုပ်မှနားရ၍
နေ့စဉ်ဝင်နေသောလုပ်အားခမရှိသဖြင့်
ငွေအကြပ်အတည့်ဖြစ်ရင်ဆိုင်နေရပါတယ်
နှစ်တိုင်လို ဈေးချိုကထိန်ပွဲတော်အတွက်
မဖွင့်မဖြစ်လာရောက်ဖွင့်သောဈေးဆိုင်များ
သာဖွင့်ပြီး ဈေးချိုကိုမှီပြီးနေ့စဉ်စားဝတ်နေ
ရေးအတွက်အလုပ် လုပ်နေသူတွေအားလုံး
အခတ်အခဲဖြစ်ရင်ဆိုင်နေရကြောင်း
အခြေခံအလုပ်သမားများကNews Watch
ကိုပြောသည်။

မန္တလေးမြို့တော် ဈေးချိုတော်ကြီးမှနှစ်စဉ်
ကျင်းပလျှက်ရှိသောကထိန်တော်ကြီးအလှူ
အားစစ်ကိုင်တောင်ရိုးရှိကျောင်းများအား
ဈေးဆိုင်ကြီးများမှစုပေါင်းကထိန်တော်များ
ပုဂ္ဂလိကအလှူများသွားရောက်ခင်းကျင်နိုင်
ရန်အတွက်ပြုလုပ်ကြသဖြင့် ထိုသူများအား
မှီ၍နေ့စဉ်စားဝတ်နေရေးအတွက်ဖြေရှင်းနေကြရသောဆင်းရဲသားများကတော့
ဒီလအတွင်းမှတော့အကြေးတင်ရပါတယ်
အလားတူ ကုန်သည်များ အဝေမှဈေးချို
တော်ကြီးကိုဖောက်သည်များမှလည်း
ကထိန်လဖြစ်တဲ့အတွက် ငွေမရှင်းပေးသော ဆိုင်ကြီးများကြောင်း
အခတ်အခဲများဖြစ်ရင်ဆိုင်ရကြောင်း
အမရပူရမြို့မှယက္ကန်းများမှထွက်သောအထည်များကိုဈေးချိုသွင်ရသဖြင့် ကထိန်လအတွင်းမှတော့အခြေခံအလုပ်သမား အထည့်ချုပ်လုပ်ငန်းများပါနားထား၍
ဝင်ငွေမရရှိသဖြင့်မိသားစုစားဝတ်နေရေးကို
မငတ်အောင်ဖြေရှင်းနေထိုင်းရကြောင်း၎င်း
တို့မှNews Watchကိုပြောသည်။

ကျွန်မကတော့အမရပူရကထွက်တဲ့အထည်
တွေကိုဒီဇိုင်အသစ်ဖြစ်အောင်ထွင်ပြီးစက်ချုပ်ပေးသောအလုပ် လုပ်တာပါအထည်တစ်ကွင်ကို ငွေ ၂၀၀ရပါတယ် တစ်နေ့ ကွင် ၂၀ /၃၀ပြီးပါ
တယ် မိသားစုအတွက်စားဝတ်နေရေးအဆင်
ပြီးနေထိုင်လိုရပါတယ်အခုတန်ဆောင်လ
ဆိုတော့အထည်ကုန်သည်က အလုပ်မပေး
ပါဘူးဈေးချိုက အထည်မကောက်သေလို
တော့ပြောတယ် ဒီလနားထားလိုကျွန်မတို့
လုံးဝဝင်ငွေမရှိဖြစ်နေရပါတယ်လိုမဖြိုးဖြိုးဝင်းမှပြောသည်။
ကျွန်တော်ကတော့ဈေးချိုဆိုင်ကြီးမှပစ္စည်း
များကိုဖောက်သည်ယူသည့်ဆိုင်များကို
သယ်ယူပြီးလိုက်ပို့ပေးသောအလုပ်လုပ်ပါတယ် တစ်ခေါက်ကို ၅၀၀ ပေးလိုက် ၁၀၀၀
ပေးလိုက်နဲ့မိသားစု ဝင်ငွေအဖြစ်ညနေဆိုရင် ၁၀၀၀၀ /၈၀၀၀
ရပါတယ်ဒီလတော့ကထိန်ရှိလို ဆိုင်ကြီးတွေကပိတ်ထားသောကြောင့်
အလုပ်ကအရင်လတွေလောက်တော့
ဝင်ငွေမရှိပါဘူး မဖွင့်မဖြစ်ဆိုင်တွေဘဲလာဖွင့်တာ
လပြည့်ကျော်အထိတော်တော်မဖွင့်ဖြစ်တာ
များပါတယ်နှစ်တိုင်လိုလိုပါဘဲလို ကိုမိုးကျော်မှNews Watchကိုပြောသည်။

မန္တလေးဈေးချိုတော်ကထိန်လအတွင်းမှဆို
ရင် တန်ဆောင်လဆန်း ၆/၇ထဲ့ကဈေးဆိုင်
ကြီးတွေမိမိနယ်ပြန်ပြီးကထိန်အလှူလုပ်သူ
တွေကလုပ်ပါတယ် တောင်ကြီးတန်ဆောင်
တိုင်ပွဲတော်ကိုဘုရားသွားပြီးအပန်ဖြေခရီး
ထွက်သောဆိုင်များ စုပေါင်မဟာကထိန်တော်အတွက်လုပ်သူတွေကလုပ်နဲ့ အခြေခံအလုပ်သမားဘဝ
တွေကတော့သဘောကောင်းသောဆိုင်ရှင်း
တွေကတော့တန်ဆောင်တိုင်မုန်ဖိုးပေးကြ
ပြီး အဆင်ပြေသောအလုပ်သမားရှိသလို
လခကိုတိတိကျကျပေးပြီးမုန်ဖိုးမပေးသော
ဆိုင်များတွင်နေ့စားအလုပ်သမားတွေကတော့ ဒီလအတွင်းမှဆိုင်ရှင်ကြီးတွေအလုပ်
တာဟာသူတို့အတွက် မိသားစု အငတ်ဘေးကျရောက်သလိုအဖြစ်မျိုးများ
ရှိသူတွေအများကိုလေ့လာတွေ့ရှိခဲ့ရပါတယ်
တန်ဆောင်တိုင်ပွဲနွဲပျော်နေသူများရှိသလို
အခြေခံအလုပ်သမားဆင်းရဲသားနေ့စား
သမားတွေကတော့ မွဲတော်ပွဲ ဖြစ်နေရကြောင်းတင်ပြလိုက်ရပါတယ်

posted from Bloggeroid

No comments:

Post a Comment