Monday, November 24, 2014

အလုပ်သမားများဆန္ဒဖော်ထုတ်

"အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး
ဥပဒေတွင် ထောင်ဒဏ်ထည့်သွင်းသက်မှတ်ပေးရန်
မန္တလေးမြို့တွင် အလုမ်သမားများ
ဆန္ဒပြတောင်းဆို"

နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့
နယ် စက်မှု့မြို့သစ် ပန်ခြံမှ ကနောင်မင်းသားကြီးခန်းမအထိအလုပ်သ
မားအင်အား၂၀၀ ခန့်မှအလုပ်သမား အငြင်းပွားမှု့ဖြေရှင်းရေး ဥပဒေတွင်ထောင်
ဒဏ်ထည့်သွင်းသက်မှတ်ပေးရန် မနက် ၈
နာရီအချိန်မှ ၁၀း၃၀ အထိလမ်းရှောက်ပြီး
ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။

ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံအနှံရှိအခြေခံ
အလုပ်သမားများဖိနိပ်ချုပ်ချယ်ခံရမှုမရှိစေ
ရန်နှင့်အလုပ်သမားရေးရာအငြင်းပွားမှုဖြေ
ရှင်းရေး ဥပဒေကိုပြန်လည်ပြင်ဆင်သော
ဥပဒေအား ပြန်လည်စီစစ်ပြီး ထောင်ဒဏ်
များပြဌာန်းအတည်ပြုပေးရန်နှင့် အလုပ်သမားများအား ဥပဒေမဲ့အလုပ်ဖြုတ်
သောအလုပ်ရှင်များအား နိုင်ငံတော်အစိုးရ
အနေဖြင့်ထိရောက်ပြတ်သားစွာအရေးယူ
ဆောင်ရွက်ပေးရန် ဥပဒေနှင်အညီဖွဲ့စည်း
ထားသောအလုပ်သမားသမဂ္ဂများကိုဖြိုခွဲခံ
ရခြင်း အလုပ်သမားခေါင်ဆောင်များအား
လျော်ကြေးပေးပြီး ဥပဒေမဲ့အလုပ်ဖြုတ်ခံ
နေရခြင်းလစ်လျူရှုမထားရန်အဓိကထားပြီး
အခုလိုဆန္ဒဖော်ထုတ်တောင်းဆိုဖြစ်တာပါ
ဟုမြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့
ချုပ်မှအကြံဖြစ်သူဒေါ်မျိုးမျိုးအေးမှNews
Watchသတင်းဂျာနယ်ကိုပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရာမှ ခွင့်ပြု
မိန့်၂၀၀ သာတင်ထားခြင်းဖြစ်၍ အလုပ်သမား ၂၀၀ သာဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့ပြီး လာ
ရောက်ဝိုင်ရံသောအလုပ်သမားအင်အား
၂၀၀ကျော်ဖြစ် မန္တလေးမြို့စက်မှုပန်ခြံ ၇၈
လမ်းမကြီးကနေ ယောမင်းကြီးလမ်းအတိုင်မှကနောင်မင်းသားကြီးခန်မအထိ မြန်မာနိင်ငံအလုပ်သမားသမဂ္ဂဗီနိုင်းဆိုင်
ဘုတ်များကိုင်ဆောင်၍ အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် ထောင်ဒဏ်ထည့်သွင်းသတ်မှတ်ရေး
တို့ အရေး တို့အရေး
အလုပ်သမားဥပဒေရေးဆွဲရာတွင် အလုပ်
သမားကိုယ်စားလှယ်များပါဝင်ရေး
တို့ အရေး တို့ အရေး
လွတ်လပ်စွာတရားစွဲဆိုခွင့်ရရှိရေး တို့အရေး တို့အရေး
အလုပ်သမားအရေးမရပ်တည်ပေးသော
လွတ်တော်ကိုယ်စားလှယ်များ အလိုမရှိ
အလိုမရှိ
အလုပ်သမားခေါင်းဆောင်များ လျော်ကြေး
ပေးအလုပ်ထုတ်မှု အလိုမရှိ အလိုမရှိ
စသည့်ဟစ်ကြွေးသံများဖြင့်လမ်းရှောက်၍
ဆန္ဒဖော်ထုတ်တောင်းဆိုနေကို လုံခြုံရေး
လိုက်လံပေးသော ရဲအင်အား ၅၀ခန့်နှင့်
အတူတွေ့မြင်ခဲ့ရပါသည်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်
(MTUF)ဒုတိယဥက္ကဋ္ဌဦးမျိုးသန့်မှအခုလို
ဖြေကြားခဲ့ပါတယ်
ကျွန်တော်တို့ အလုပ်သမားများအတွက်
ဆန္ဒပြတောင်ဆိုတာဟာ ဒါဟာဒုတိယအ
ကြိမ်းဖြစ်ပါတယ် ပထမအကြီမ်းကတော့
ရန်ကုန်မြို့ ကျိုက်ကဆံကွင်မှနိုဝင်ဘာလ
၂ ရက်နေ့ကဒီအတိုင်ဘဲဆန္ဒဖော်ထုတ်
တောင်းဆိုခဲ့ပါတယ်
ကျွန်တော်တို့ အနေနဲ့တောင်းဆိုခြင်တာ
ကတော့အခုဟစ်ကြွေးသံတွေ အတိုင်ပါဘဲ
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်မှ
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၄)နှင့်အညီ
အလုပ်သမားများ၏ အခွင့်အရေးများကို
ကာကွယ်စောင့်ရှောက်ရန် ၂၀၁၁ ခုနှစ်
အောက်တိုဘာလ ၁၁ ရက်က အလုပ်သမားအဖွဲ့ အစည်းဥပဒေ
The Labour Organization Lawကိုပြဌာန်
းခဲ့ပြီး၎င်းဥပဒေနှင့်အညီဖွဲ့စည်းခဲ့သော
အလုပ်သမားသမဂ္ဂများဖြိုခွဲခံရခြင်း
သမဂ္ဂခေါင်ဆောင်များအလုပ်သမားများ
အလုပ်ဖြုတ်ခံရခြင်းးဖြစ်ရပ်များ မြောက်များစွာဖြစ်ပေါ်ခဲ့ပြီး အလုပ်သမား
ထုအားအကာအကွယ်ပေးရန် ၂၀၁၂ခုနှစ်
၂၈ ရက်တွင် ပြဌာန်းခဲ့သော အလုပ်သမား
ရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေလည်းဥပဒေမဲ့မတရားအလုပ်အဖြတ်
ခံရသောအလုပ်သမားများအားလုံခြုံထိရောက်သောအကာအကွယ်ပေးနိုင်ခြင်းမရှိခဲ့ပေ
၎င်းအခြေအနေများကြောသ့်၂၀၁၁ခုနှစ်မှ
၂၀၁၄ခုနှစ်အတွင်းမြောက်များစွာသော
အလုပ်ဖြုတ်ခံရမှုများဖြစ်ပေါ်ခဲ့ပြီး
Rule bylawတရားဥပဒေနှင့်အညီ စီရင်ခြင်းပျင်ပြားရုံမျှမက Rlue fo law
တရားဥပဒေစိုးမိုးရေးမှုပါပျက်ယွင်းခဲ့ရ
သောအခြေအနေသို့ ရောက်ရှိခဲ့ရာပါတယ်
ဒီကိစ္စတွေအားလုံးကိုကျွန်တော်တို့ အလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်အနေနဲ့သဘောထားထုတ်ပြန်ကြေငြာ
ချက်တွေထုတ်ပြန်ထားပါတယ်လို News
Watchသတင်းဂျာနယ်ကိုဖြေကြားခဲ့ပါသည်။
စိုင်းထူးခန့် အမရ



posted from Bloggeroid

No comments:

Post a Comment