Friday, November 14, 2014

ဗိုလပ်ချုပ် နှစ်၁၀၀ပြည်အကြိုစာပေဟောပြေားင်္ပဲ

ဗိုလ်ချုပ်အောင်ဆန်၏နှစ် ၁၀၀ ပြည့်အကြို
စာပေဟောပြေားပွဲကြီးကျင်ပ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမရပူရမြို့
နယ်မှဦးစီးကျင်ပပြုလုပ်ခဲ့သော
ဗိုလ်ချုပ်အောင်ဆန် နှစ် ၁၀၀ ပြည့်အကြို
စာပေဟောပြောပွဲကြီးကို လူအင်အားတစ်သိန်ကျော်တက်ရောက်အားပေးခဲ့ပြီး နိဝင်ဘာ ၁၄ ရက်နှင့် ၁၅ရက်
နေ့ည ၇နာရီမှ ၁၁နာရီအထိစည်ကားသိုက်
မြိုက်စွာကျင်ပခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်
သိဂီင်္ရွှေဝါခန်းမတွင်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် လူမှုကွန်ယက်အဖွဲ့ချုပ်အဖွဲ့ဝင်များ
စုပေါင်ပြီး ဒီပွဲဖြစ်မြောက်အောင်ဆောင်ရွက်
ခဲ့ရာ သံဃာတော်အရှင်မြတ်များနှင်ပြည်သူ
လူထု၁၀၀၀၀၀ကျော်တက်ရောခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်
ပထမညတွင်အမရပူရမြို့နယ်အဖွဲ့ချုပ်ဥက္ကဋ္ဌ
ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကျောက်
ပထောင်မဲဆန္ဒရှင်ဒေါက်တာဇော်မြင့်မောင်
မှအဖွင့်အမှစကားပြောကြားပြီး စာရေးဆရာ (အင်ဝဂုဏ်ရည်)ဦးကိုလေး
မောင်စိန်ဝင်(ပုတီးကုန်) ဆရာချစ်ဦးညိုတို့
သုံးဦးမှစာပေဗဟုသုတာများစွာဖြင့်ဟော
ပြောခဲ့ပြီး ၁၄ ရက်နေ့ည ၁၁နာရီအချိန်တွင်
ပထမနေ့ကိုအောင်မြင်စွာကျင်ပခဲ့ပါသည်။
၁၅ရက်နေ့မှတော့ဆရာဇော်နိုင်ဦး ဆရာညီပုလေး တို့မှအောင့်မေ့ဖွယ်ဖြစ်
သောဗိုလ်ချုပ်အောင်ဆန် နှစ်၁၀၀ပြည့်
အကြိုစာပေပြောပွဲကြီကျင်ပခြင်း၏
ရည်ရွယ်များ ပြည်သူလူထုအတွက်အမြဲ
ထာဝရဗိုလ်ချုပ်အောင်ဆန်ကိုဘယ်တော့မှ
မမေ့ဘူးဆိုတာ သက်သေပြခဲ့တာဟုသိရသည်။

ကျွန်တော်တို့ဒီဗိုလ်ချုပ်အောင်ဆန်ရဲရာပြည့်ပွဲတော်အဖြစ်အမရပူရမြို့နယ်အဖွဲ့ချုပ်
အဖွဲ့ဝင်များအားလုံးအမှတ်တရပွဲလုပ်မယ်
ဆိုပြီးစည်စဥ့်ပြီးအခုလိုပွဲဖြစ်လာခဲ့တာပါ
တက်ညီလက်ညီနဲ့ လုပ်ခဲ့လို စာပေဟော
ပြောကြီးအဖြစ်ကျင်ပနိုင်တာ လူအင်အား
ကို ကျွန်တော်တို့မှန်ထားတာ ၅၀၀၀၀ကျော်ပါ အခုသံဃာတော်အရှင်မြတ်များနဲ့လူအင်အားတစ်သိန်ကျော်လောက်အထိဖြစ်လာ
တော့ကျွန်တော်ဝမ်းသာပါတယ်နေရာမရရှိ
ဘဲအပြင်မှအားပေးနေသူတွေပြည်သူလူထု
ပါဝင်လာတော့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေက
နေရာဖယ်ပေးတာတွေဟာမြန်မာယာဉ်ကျေးမှုကိုသက်သေပြခဲ့တာပါ ပထမတော့
ဒီပွဲကိုအဖွဲ့ချုပ်အဖွဲ့ဝင်တွေခန်မအတွင်းမှ
ခုံများဖြင့်ထိုင်နေကြတာ ပြည်သူလူထုက
စာပေဟောပြောပွဲတက်ရောက်လာတာတွေ့
တော့သူတို့အသိစိတ်ဒဏ်နဲ့ဖယ်ပေးတာ
ကိုမြင်ရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေ
အားလုံးကိုကျေးဇူးတင်ပါတယ်
ငါတို့ပါတီကပြုလုပ်တဲ့ပွဲဆိုပြီးနေရာမယူထားခြင်းဟာ အဖွဲ့ချုပ်က အများပြည်သူ
အတွက် ဒီလိုစိတ်ထားရှိတယ်ဆိုတာပြသ
ခွင့်အပြည့်နဲ့ကျင်ပနိုင်ခဲပါတယ်လို့အဖွဲ့ချုပ်
လူငယ်တာဝန်ခံကိုလွှမ်းမိုးကျော်မှNewsWatchကို ပြောသည်။

မန္တလေးမြို့ပေါ်မှ ICရှိုးပွဲကရှိပါတယ်
သူငယ်ချင်းတွေက အဲဒီပွဲကိုခေါ်ပါတယ်
တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ပထမတော့ IC
ပွဲကိုသွားမလိုပါ နောက်တော့ ဒီပွဲမျိုးဟာ
၁၀၀ မှတစ်ပွဲပြုလုပ်တာဆိုတော့ ဒီပွဲကို
လာဖြစ်တာပါ ဒီမှကစာပေပညာရှင်ပြက
ဟောပြောမှပြီးတော့ဗိုလ်ချုပ်ရဲ့အထိမ်းအမှတ်ပွဲ ဒီပွဲရှိတယ်ဆိုတာ Facebookကနေသိ
ရတာပါကျွန်တော်ဆုံးဖြက်ချက်မှန်သွားပါတယ်
စာရေးဆရာကြီးတွေဟောပြောသွားတာကို
နားထောင်လိုက်ရတော့ အသိပညာဗဟုသု
တတွေအများကြီးရခဲ့ပါတယ်လိုမန္တလေး
အောင်မြေသာစံမြို့နယ်မှကိုစက်ထွန်းက
ဖြေကြားခဲ့ပါသည်။

အဆိုပါစာပေဟောပြောပွဲနှင့်ပက်သက်၍
ပြည်သူလွတ်တော်ကိုယ်စားလှယ်
ဒေါက်တာဇော်မြင့်မောင်မှNews Watch
သတင်းဂျာနယ်အခုလိုပြောကြားခဲ့ပါသည်
ကျွန်တော်ကလွတ်တော်ထဲ့မှမနက်ပိုင်ဘဲ
တက်ပြီး ကိုယ်မြို့နယ်မှကျင်ပမဲ့ ဗိုလ်ချုပ်
၁၀၀ ပြည့်အကြိုစာပေဟောပြောပွဲကိုအချိန်မှီ
တက်ရောက်နိုင်ရန်ပြန်လာခဲ့ခြင်းဖြစ်ပါတယ်
မနက်ပိုင်ကလွတ်တော်မှအချိုကျရွေးကောက်ပွဲစနှစ်ကိုပယ်လိုက်ကြောင်း ဘာကြောင့်
ပယ်လိုက်တယ်ဆိုရင် အခြေခံဥပဒေနဲ့မကိုက်ညီလိုပယ်တာဟု
ဖြစ်ကြောင်း လွတ်တော်အတွင်းမှကျွန်တော်အမျိုးသား
ဒီမိုကရေစီအဖွဲ့ ချုပ်ကအင်အားနည်းပါတယ် ပြည်သူလူထုရဲထောက်ခံချက်နဲ့ကျွန်တော်
တို့ရပ်တည်နေတာပါ
ကျွန်တော်တို့မှခေါင်ဆောင်ရှိပါတယ်
ဗိုလ်ချုပ်သမီးဒေါ်အောင်ဆန်စုကြည်ပါ
ကျွန်တော်အဖွဲ့ချုပ်ဟာပြည်သူလူထုရဲသဘောထားရပ်တည်နေသောအတိုက်ခံပါတီ
တစ်ခုပါ ကျွန်တော်တို့အင်အားနဲ့ဘာမှမလုပ်နိုင်ပါဘူးပြည်သူလူထုပါဝင်လာလိုသာရပ်တည့်
နိုင်ခဲ့တာပါ စစ်မှန်သောဒီမိုကရေစီရှိဖိုဟာ
ပြည်သူလူထုကိုအားကိုးပါတယ်
အဖွဲ့ချုပ်ဟာ ပြည်သူလူထုပါဘဲ ဒါကြောင့်
ဒီပွဲကို ပြည်လူထုပါဝင်ခဲ့သလို ကျွန်တော်
လည်း လွတ်တော်ကနေမရောက်ရောက်
အောင်လာခဲ့တာပါဟုပြောသည်။



posted from Bloggeroid

No comments:

Post a Comment