"ဒိုင်ကောင်းကုန်းကျေးရွာသန့်ရှင်းသောသောက်သုံးရေရရှိရေးလျှပ်စစ်မော်တာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်"
မန္တလေး အောက်တိုဘာ ၃၀မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာတွင်သန့်ရှင်းသောသောက်သုံးရေရရှိရေး အတွက်လျှပ်စစ်မော်တာရေတင်စနစ်ဖြင့်ဆောင်ရွက်ပေးနိုင်ရန်မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဦးမျိုးနိုင်အောင်နှင့်အဖွဲ့သည် အောက်တိုဘာ(၂၇)က ယင်းကျေးရွာသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးမျိုးနိုင်အောင်နှင့်အဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွောအုပ်ချုပ်ရေးမှူး၊ကျေးရွာရေကော်မတီအဖွဲ့ဝင်များနှင့်ကျေးရွာသူ/ ကျေးရွာသားများအားတွေ့ဆုံ၍ဒိုင်ကောင်းကျေးရွာတွင်သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးမည့်အကြောင်းအရာများအားရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးကကျေးရွာ၏ လက်ရှိရေအသုံးပြုရာ တွင် အခက်အခဲဖြစ်ပေါ်နေမှုများကိုရှင်းလင်းပြောကြားသည်။ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာရေကော်မတီတို့မှကျေးရွာအတွက် သန့်ရှင်းသော သောက်သုံးရေရရှိနိုင်မည့်အခြေအနေများကိုဆွေးနွေးတင်ပြကြပြီးတိုင်းဒေသကြီးညွှန်ကြားရေးမှူးက ကျေးရွာအတွက် စက်ရေတွင်းတူးဖော်ရန်ခွင့်ပြုရရှိထားသောရန်ပုံငွေဖြင့်လျှပ်စစ်မော်တာရေတင်စနစ်ဆောင်ရွက်ပေးမည့် အကြောင်းအရာများကိုရှင်းလင်းပြောကြားရာကျေးရွာရေကော်မတီအဖွဲ့ဝင်များနှင့်ကျေးရွာသူ/ကျေးရွာသားများက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။အဆိုပါကျေးရွာအတွက်သန့်ရှင်းသောသောက်သုံးရေရရှိရန်မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၃၀၀)ချထားပေးခဲ့သော်လည်းယင်း ကျေးရွာတွင် စက်ရေတွင်းအားမြေအောက်ပေ(၁၁၀၀)အထိတူးဖော်သော်လည်းသန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်မည်မဟုတ်သည့်အတွက်ကျေးရွာအတွက်အမှန်တကယ်အကျိုးဖြစ်ထွန်းပြီး တစ်နှစ်ပတ်လုံးသောက်သုံး ရေဖူလုံစွာရရှိစေနိုင်မည့် ကင်းတာလက်ဝဲမြောင်းမကြီးမှ ရေပိုက်သွယ်တန်းပြီးလျှပ်စစ်ရေမော်တာပန့်များဖြင့်ရေသွယ်ယူနိုင်ရန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
"
နိုင်ငံခြားခရီးသွားဧည့်သည်များ မန္တလေးမြို့သို့လွယ်ကူစွာဝင်ရောက်နိုင်ရန်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် E-visaထုတ်ပေးသွားမည်"
မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့်နိုင်ငံခြားခရီးသွား ဧည့်သည်များ မန္တလေးမြို့သို့လာရောက်ရာတွင်လွယ်ကူအဆင်ပြေစွာဝင်ရောက်နိုင်စေရေးအတွက် နိုဝင်ဘာ ပထမပတ်မှစ၍မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် E-visaစတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။လက်ရှိအခြေအနေတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယင်းစနစ်ကိုစတင်ဆောင်ရွက်ပေးနေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လက်ရှိဝင်ရောက်နေသော နိုင်ငံပေါင်း(၆၇)နိုင်ငံအတွက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း E-visaထုတ်ပေးမှုကိုစတင်ခြင်းဖြစ်သည်။ယင်းသို့ ဆောင်ရွက်ပေး မည်ဖြစ်သည့် အတွက်နိုင်ငံခြားခရီးသွားဧည့်သည်များအနေဖြင့် သက်ဆိုင်ရာသံရုံးသို့ သွားရောက်၍visaကိစ္စ ဆောင်ရွက်ရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့်လိုအပ်သောအချက်အလက်များကိုဖြည့်စွက်၍ E-visa ပေးပို့ လျှောက်ထားနိုင်သည်။“ဒီလိုလုပ်ဆောင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံခြားခရီးသွားဧည့်သည်တွေမှာအချိန်ကုန်၊ငွေကုန်သက်သွားမယ်။ ၀င်ရောက်မှုလွယ်ကူသွားတဲ့အတွက်နိုင်ငံခြားခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံသို့ဝင်ရောက်မှုကပိုမိုများပြား လာမယ်။ ဒီလိုများပြားတဲ့အတွက် နိုင်ငံတော်ရဲ့ဝင်ငွေကလည်းတိုးတက်လာနိုင်တယ်။ အခုချိန်မှာ နိုင်ငံတကာမှာဆောင်ရွက်နေတဲ့စနစ်တွေကို မြန်မာနိုင်ငံမှာလည်းကမ္ဘာနဲ့ရင်ပေါင်တန်းလုပ်ဆောင်နိုင်အောင် ပြုလုပ်နေတာကကျွန်တော်တို့ပြည်ထောင်စုဝန်ကြီးရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေပဲဖြစ်ပါတယ်။”ဟုမန္တလေးတိုင်း ဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးကပြောသည်။ယခုအချိန်တွင် E-visaထုတ်ပေးနိုင်ရန် လိုအပ်သောစက်ပစ္စည်းများဖြစ်သည့်ဘားကုတ်ရေဒါနှင့် ဆာဗာများ တပ်ဆင်နေပြီး E-visaထုတ်ပေးရာတွင်လွယ်ကူလျင်မြန်အဆင်ပြေစွာဆောင်ရွက်ပေးနိုင်စေရန် ၀န်ထမ်းများကိုရက်တိုသင်တန်းများဖွင့်လှစ်၍ သင်ကြားပို့ချပေးလျက်ရှိကာE-visaလျှောက်ထားမှုအတွက် တစ်ဦးလျှင် ဒေါ်လာ (၅၀)သတ်မှတ်ထားသည်။လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခွင့်ပြုနိုင်ငံများE-visaလျှောက်ထားမှုအပေါ် အချက် အလက်များအားစစ်ဆေးပြီးငါးရက်အတွင်းမှာပင်ဝင်ရောက်ခွင့်ကိုပြန်လည်အကြောင်းကြားပေးမည်ဖြစ်ကြောင်း လည်း သိရသည်။မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့နိုင်ငံခြားခရီးသွားဧည့်သည်အများဆုံးဝင်ရောက်သောနိုင်ငံများအနေဖြင့်၂၀၁၁ခုနှစ်နှင့်၂၀၁၂ခုနှစ်တို့တွင် တရုတ်နိုင်ငံ၊ ၂၀၁၃ခုနှစ်နှင့်၂၀၁၄ခုနှစ်တို့တွင် ထိုင်းနိုင်ငံတို့ဖြစ်ပြီး လက်ရှိ အချိန်တွင်တရုတ်နိုင်ငံမှအများဆုံးဖြစ်ကြောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတိုက်ရိုက်ပျံသန်းပေး သောနိုင်ငံများမှာ ထိုင်း၊ တရုတ်၊ စင်ကာပူနှင့်ကိုရီးယားနိုင်ငံတို့ဖြစ်ကြောင်းနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့နိုင်ငံတကာမှဝင်ရောက်သောလေကြောင်းလိုင်း ခုနစ်လိုင်းရှိပြီးပြည်တွင်းလေကြောင်းလိုင်းအနေ ဖြင့် ရှစ်ခုရှိကြောင်းသိရသည်။
"တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်" မိုးပွင့်အဆင့်(၇)စီမံချက်စတင်ဆောင်ရွက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးပွင့်အဆင့်(၇)စီမံချက်ကိုနိုဝင်ဘာ(၁)ရက်မှစတင်ဆောင်ရွက်လျက်ရှိရာ"
မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှလည်းယင်းစီမံချက်အား စတင်ဆောင်ရွက်သည့်အနေဖြင့် ချမ်းမြသာစည်မြို့နယ်ရှိအ.ထ.က(၂၆)နှင့် ပြည်ကြီး တံခွန်မြို့နယ်ရှိ အ.ထ.က(၂၇)ကျောင်းများသို့ကွင်းဆင်း၍ အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့One StopServiceအဖြစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ယင်းသို့ဆောင်ရွက်ပေးရာတွင် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် အတူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှဦးစီးမှူးများနှင့်ဝန်ထမ်းများ၊မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှကျောင်းအုပ်ကြီးများနှင့် ၀န်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည်။“ကျွန်တော်တို့ဌာနအနေနဲ့ အခုလို မိုးပွင့်အဆင့်(၇)စီမံချက်အဖြစ်အခြေခံပညာကျောင်းတွေမှာ လိုက်လံကွင်း ဆင်းပြီးကျောင်းသားကျောင်းသူလေးတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ အခမဲ့OneStop Serviceအဖြစ်ဆောင်ရွက်ပေးခြင်းဟာအလှူရှင်တွေရှိလို့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ရပ်ကွက်/ကျေးရွာတွေကဖိတ်ခေါ်ရင် လည်း ကျွန်တော်တို့ဌာနက ဘယ်လောက်ဝေးဝေးသွားရောက်ပြီးတော့ ဆောင်ရွက်ပေးသွားမှာပါ။ အလှူရှင် ရှိရင်တော့နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်တဲ့သူတွေအနေနဲ့ ကုန်ကျစရိတ်အတွက်ပေးစရာမလိုတော့ဘူး။ အလှူရှင်မရှိတဲ့သူတွေအတွက်ကတော့ ကတ်ပြားဖိုးအတွက်ကငွေ(၆)ကျပ်ပဲ ကုန်ကျမှာပါ။ အခြားလိုအပ်တဲ့ဓာတ်ပုံရိုက်တာ၊သွေးစစ်တာတွေနဲ့ မိတ္တူကူးတာတွေကတော့ ကာယကံရှင်ကသီးသန့်ကုန်ကျမှာပါ။ တချို့က ဒီကုန်ကျစရိတ်တွေနဲ့အတူခရီးစရိတ်၊စားစရိတ်တွေစုပေါင်းပြီးတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်တာကုန် ကျမှုတွေများပြားတယ်လို့ ပြောဆိုနေကြတယ်။ ဒါကြောင့် မလိုအပ်သောကုန်ကျမှုစရိတ်တွေ သက်သာစေဖို့ယခုလိုကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးကပြောသည်။မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့် မိုးပွင့်စီမံချက်အား၂၀၁၁ခုနှစ်ကစတင်ခဲ့ပြီး၂၀၁၄ခုနှစ်၊စက်တင်ဘာလအထိဆောင်ရွက်ပေးခဲ့သောမိုးပွင့်အဆင့်(၆)စီမံချက်ကာလအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား(၄)သိန်းကျော်ကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင်၂၀၁၃ခုနှစ်၊ဒီဇင် ဘာလကလည်းအိမ်တိုင်ရာရောက်(Door to Door)သွားရောက်ဆောင်ရွက်ပေးသည့်စနစ်ကိုစမ်းသပ်ခဲ့ရာ ပြည်သူများ၏ကျေနပ်အားရမှုကို ရရှိခဲ့သောကြောင့် ယခုနှစ်ဒီဇင်ဘာလတွင်လည်း (Door to Door)စနစ်ကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိုးပွင့်အဆင့်(၇)၏ စီမံချက်ကာလအတွင်း၌နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၀၀၀၀)ကျော် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ပြည်သူတွေကိုဝန်ဆောင်မှုပေးနေသောဌာနဖြစ်သည်နှင့်အညီအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သည့်ဝန်ကြီးဌာနဖြစ်အောင်လည်းကြိုးစားဆောင်ရွက်လျက်ရှိနေကြောင်း၎င်းကဆက်လက်ပြောကြားသည်။နိုင်ငံသားစိစစ်ရေးကတ်သည် ပြည်သူများ၏ရပိုင်ခွင့်တစ်ခုဖြစ်သည့်အလျှောက်ယင်းရပိုင်ခွင့်အား ပြုလုပ်ရာ တွင် အခက်အခဲများနှင့်မရှင်းလင်းသည်များရှိခဲ့ပါကမြို့နယ်၊ခရိုင်၊တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိသက်ဆိုင်ရာ ဌာနများသို့အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။

posted from Bloggeroid
No comments:
Post a Comment