Saturday, November 1, 2014

ဒီမိုကရေစီဆိုတာဘာလည်း

"ဒီမိုကရေစီဆိုတာလွတ်လပ်သောနိုင်ငံ
ဖြစ်ပေမဲ့တရားဥပဒေမဲ့နေထိုင်ခြင်းမဟုတ်"

မြန်မာနိုင်ငံမှာတော့ဒီမိုကရေအသွင်ကူပြောင်းနေသောကာလဖြစ်ပေမဲ့ တရားဥပဒေအရကြည်မယ်ဆိုရင်တော့
လူတစ်ယောက်ခြင်းစီကလည်းမလိုက်နား
သလို ရိုရာစွဲဖြစ်အကျင့်ပြက်ဝန်ထမ်းတွေ
လည်းရှိနေသေတယ်ဆိုရင်မှားသလားဗျာ
ပြည်ထဲရေးကရဲတပ်ဖွဲ့ ဝင်တွေကိုယ်တိုင်
လိုင်ကြေးယူပြီးမိသားစု စားဝတ်နေရေးအတွက်စားသောက်နေသောမြန်မာပြည်ဟာ ဒုစရိုက်လုပ်ငန်းဖြစ်
သောမြန်မာသယံဇတကျွန်သစ်နှင်တွင်း
ထွက်ပစ္စည်အလောင်ကစားဝိုင်တွေ
ပြည့်တန်ဆာတွေ မောင်ခိုလုပ်ငန်းတွေ
လုပ်ဖို့ဒီမိုကရေစီ နိုင်ငံအဖြစ်ကူပြောင်းတယ်လို့မထင်ပါနဲ့ 
ဒီမိုကရေစီမြန်မာနိုင်ငံတော်ကြီးဖြစ်လာဖို့
ဆိုရင်တော့ ပြည်သူလူထုကလည်းပါဝင်
ပြောင်းလည်းဖို့လိုသလို့ နိုင်ငံဝန်ထမ်းကောင်းပိသအောင် ကျင့်ဝတ်
သိက္ခာအပြည်ရှိမယ် ဝန်ထမ်းတွေမွေးထုတ်
ပေးရန်အများကြီးလိုအပ်ပါတယ်။
မြန်မာနိုင်ငံပြည်သူတွေရဲ့ အရိုးစွဲနေသော
ရှေးရိုတစ်ခုကတော့ ငါသား ငါသမီးတွေ
စစ်ဗိုလ်ကြီးဖြစ်မှဒေါက်တာကြီးတွေဖြစ်မှ
တစ်နှစ်ကိုဝင်ငွေဘယ်လောက်ရမယ်ဆို
တာဘဲ တစ်ကယ်တော့ လူတိုင်မှရွေးချယ်
ပိုင်ခွင့်အပြည့်နဲ့ သားသမီးတွေဘဝ
အရာရှိကြီးဖြစ်မှနေရာကောင်းရမယ်မထင်ပါနဲ့ နေရာကောင်းတော့ရပါတယ်
အစားမတော်တစ်လုပ်နဲ့ အလုပ်ပြုတ်ထောင်ကျ ထောင်ကထွက်လာ
တော့ဘာအလုပ်မှမလုပ်တပ်သော အရာရှိ
ထောင်ထွက်တွေလည်းမြန်မာပြည်မှရှိပါသေတယ်ဗျာ.......
လောကကြီးမှအတပ်ပညာတပ်မြောက်ဖို့
လိုအပ်သလို အသိပညာဆိုသော
အမှားအမှန်ဆုံးဖြတ်တပ်ဖို့ကလည်းလိုအပ်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ အသိပညာရှင်တွေ
အတပ်ပညာရှင်တွေအများကြီးရှိနေပေမယ့်
သူနေရာနဲ့သူရှိမနေခြင်းများ.....?
"ငွေရင်ပြီးတာဘဲ "ဥပဒေးအပြင်ဘက်ကနေ" ငွေရှာပြီး
လိုင်ကြေးပေးလိုရတာဘဲဆိုပြီး မြန်မာပြည်
မှနေရာတိုင်မှလုပ်စားနေသော နှစ်လုံးထီ
ချဲ သုံးလုံးထီ နှင့်ရှေ့နေများမှလိုက်ပြီးအိမ်
ပေါင်စာချုပ် မချုမ်ပေးဘဲ အရောင်အဝယ်
စားချုပ် ချုပ်ပေးနေတာတွေကြောင့်
လမ်းဘေးရောက်သွားသူတွေ ကျူးဒုက္ခသည်တွေ မြန်မာတွေဟာ ကျွန်
လုပ်သားဘဝကနေ အင်္ဂလိပ်မင်းလက်ထက်ကလိုအတွင်းမှ
ဖြစ်နေတာတွေဟာ ပြည်သူလူထုက မလိုက်နာဘဲ လုပ်လာတာတွေဆိုရင်မှားမယ်လားဗျား....
မြန်မာနိုင်ငံလက်ရှိအစိုးရအနေနဲ့ ဘယ်လို
ဘဲပြောင်းလည်းသော်လည်းပြည်သူနဲ့
အောက်ခြေ ဝန်ထမ်းများလိုက်မပြောင်းဘူး
ဆိုရင်တော့ ၂၀၁၅ မှကြိုက်တဲ့သမ္မတက်
ဘယ်နည်းနဲ့မှ စစ်မှန်သောဒီမိုကရေစီမရနိုင်ပါဘူး.........
လူတိုင်မှကိုယ်ပိုင်အသိစိတ်ဒဏ်နဲ့ စည်းကမ်းတစ်ကျနေထိုင်သွားလာနိုင်မှသာ
ဒီမိုကရေစီမြန်မာပြည်သစ်ကမ္ဘာအလယ်မှ
တည်ရှိလာမည်ဖြစ်သည်။
ဥပမှာ လမ်းဘေး အမှိုက်မပြစ်ရ လမ်းပေါ်
ချသွားသောမြန်မာပြည်သူတွေ .....
စစ်အစိုးရလက်ထက်က သိမ်းခဲ့ပါတယ်
ဆိုပြီးမြေသိမ်းယာသိမ်းကိစ္စတွေမှဆိုရင်
တစ်ချို့တောင်သူတွေကတစ်ကယ်နစ်နားပြီး
ခံခဲရသလို့  စစ်အစိုးထံမှနစ်နားကြေးရော်
ကြေးယူထားခဲ့ပြီး အဲဒီအချိန်က ကြောက်
လိုယူခဲ့တာပါ အခုကိုယ်မြေကိုယ်ယာပြန်
လိုခြင်းပါတယ်ဆိုပြီး မြန်မာမြေ ဈေးကွက်
ကြီးထွားလာရာမှလောဘသားတောင်သူ
တွေက လည်းနေရာအနှံ့တွင်ပေါ်ထွက်လာ
တာဟာ သမ္မတကြီးဦးသိန်းစိန်လက်ထက်
မှဆိုရင်မှားသလားဗျား .......
လယ်ယာမြေဆုံးစမ်းရောတွေဖွဲ့လည်း
ဒီပြသာနာတွေက ၂၀၁၅ ရောက်တော့မယ်
မပြီးဆုံးသော ထွန်းတုံးတိုက်ပွဲ နဲ့ နေရာအနံ ဆန္ဒပြတောင်ဆိုမှုတစ်ခုမဟုတ်
တစ်ခုပေါ်ထွက်လျှက်ရှိနေခြင်းများဟာ
"လွတ်လပ်သောဒီမိုကရေစီနိုင်ငံမဟုတ်သ
လိုတရားဥပဒေမဲ့ " မိမိလုပ်ခြင်သလိုလုပ်
"စည်းကမ်းမဲ့စွာသွားလာနေထိုင်ခြင်းလည်း"မဟုတ်ခဲ့ပါ အများပြည်သူလွတ်လပ်စွာ
သွားလာနေထိုင်ခွင့်ရှိသလို ပြည်သူက
လိုက်နာရမည့် စည်ကမ်းအပြည့်နဲ့
ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာဖို့ ဆိုရင်တော့
လက်ရှိအစိုးရ အောက်ခြေကဝန်ထမ်းတွေ
အခြေခံပြည်သူလူထုအပါဝင်ကနေ လာဘ်
ပေးခြင်းလာဘ်စားခြင်းမပြုလုပ်ရ
ဝန်ထမ်းတွေ လာဘ်စားခြင်းကလည်း
ပြည်သူကပေးလိုစားနေတာဘဲ
ကျောင်းဆရာမ တစ်ယောက်ကိုတောင်
သူသားသမီးကိုယ်သားသမီးကျောင်းအတွင်းမှ မျက်နာရဖို့ ပြည်သူတွေကဘဲ လာဘ်
ပေးခဲ့ကြတာဘဲမဟုတ်လား.......
ဒီလိုဘဲ ဝန်ထမ်းတွေဘက်ကလည်း.....
မိမိ လစာမလောက်ရင် နိုင်ငံတော်ကို
မိမိ အနေဖြင့်တရားဝင်တင်ပြခွင့်တောင်းပါ
ဒီမိုကရေစီနိုင်ငံဖြစ်လာဖိုဆိုရင်တော့
အစိုးရအနေနဲ့ မိမိဝန်ထမ်းလစာအပြည့်
မပေးဘဲ လက်ရှိဝန်ထမ်းဘဝကိုထုတ်ခွင့်
မရှိမှ မိမိဝန်ထမ်းကတောင်းရဲ မှဖြစ်သလို
ဝန်ထမ်းလစာတွေ နိုင်ငံတော်မှတိုးပေးခဲ့
တာတွေရှိပါတယ် ဒါပေမဲ ကုန်ဈေးနှုံန်းက
တစ်နေ့တစ်ခြားလိုက်တက်နေတာကလည်းဒီမိုကရေစီနည်းလမ်းမကျဘူး ဆိုရင်မှားသလားဗျား....???
လူအခွင်အရေးဆိုင်ရာတွေလည်းပြဠာန်း
ထားပါတယ် အခြေခံအလုပ်သမားအခွင့်အရေး
မည်သည့်ဘာသာတရားမဆို သူဘာသာနဲ့ 
သူမှန်တာပါဘဲ အခုမြန်မာနိုင်ငံမှတော့
လူမျိုးရေးခွဲခြားခြင်းဘာသာတရားခွဲခြားခြင်
းအဆင့်အတန်းခွဲခြားခြင်းကလေးသူငယ်
အခွင့်အရေးဆုံးရှုံးခြင်များ မြန်မာလူမျိုးအ
ချင်းချင်းနေတိုးနေ့ ပြန်ချီစားနေသူများ
ငွေကို ငွေဖြစ် မိမိအိမ်ကနေ မရှိဆင်းရဲသား
တွေကို အတိုးပေးစားနေသူတွေက ဒီမိုကရေစီ မဟုတ်ဘူးမြန်မာပြည်ဟာ
ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက်လက်ထက်
ဆိုရင်တော့အိမ်တောင်ဦးစီးအဖေတစ်ယောက်လုပ်စာဖြင့်နေထိုင်လိုရခဲ့တယ်မြန်မာ
ပြည်ဟာ အခုအိမ်ရှိလူအကုန်အလုပ် လုပ်
ပြီး မြန်မာတွေ အကြေးတင်နေတာတွေဟာ
ဟို အရင်နှစ်တွေကျွန်တော်တို မိဘများ
လက်ထက်လို ဒီမိုကရေစီ နည်လမ်းမရှိသေတာတောင် လုပ်ပိုင်ခွင်နှင့်
ခံစားခွင့်အပြည့်ရှိခဲသောဟိုတစ်ချိန်က
မြန်မာဒီမိုကရေနိုင်ငံလို ပြန်တွေပြီးမြင်ရောင်ခဲ့ရသောကျွန်တော်တို့
ငယ်ဘဝဟာ ပိုက်ဆံအကြေးစိလေးတွေ
ကိုင်ခွင့်နဲ့ဝေသလို မြန်မာနိုင်ငံစစ်မှန်သော
ဒီမိုကရေစီနှင့်ဝေမှတော့ ကျွန်တော်နဲ့အတူ
မြန်မာနိုင်ငံသားအားလုံးလည်းထက်တူ
ဖြစ်ပါလိပ်မယ်......

ဒါကြောင့်ကျွန်တော်တို့ မြန်မာနိုင်ငံပြည်သူ
များအားလုံးက မည့်သည့်အစိုးရတက်တက်စစ်မှန်းသော
ဒီမိုကရေစီဖြစ်ပေါ်လာစေရန် အထက်ပါ
ကျွန်တော်တင်ပြထားသော လဘ်ပေးခြင်း
စည်းကမ်းမဲ့စွားအမှိုက်ပြစ်ခြင်း နေထိုင်ခြင်း
ပြုမှုခြင်းလူအခွင့်အရေးဆိုင်ရာ တင်ပြခွင့်
တောင်ဆိုခွင့်အပြည်နဲ့ ၂၀၁၅ အစိုးရလက်
ထက်မရောက်ခင် မိမိအနေနှင့်ဘာတွေ
ဘယ်လိုပြောင်းပြစ်ရမယ်ဆိုတာတော့
ကိုယ်ကိုဘဲသိကြပါလိပ်မယ်.....
ကျွန်တော်ကိုယ်တိုင်လည်းမိမိကိုယ်ကို
ပြုပြင်ပြောင်းလည်းရမှတွေအများကြီးရှိသ
လို မြန်မာပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့
စစ်မှန်သောဒီမိုကရေစီမြန်မာပြည်သစ်ကို
တရားမျှတစွာဖြင့်ကမ္ဘာအလယ်မှမြန်မာ
ဗမာ ဟာ နိုင်ငံတခါနဲ့အများကြီးသာတယ်
ဆိုတာပြသနိုင်ရန်ရည်ရွယ်၍ ဒီသတင်းဆောင်ပါးရေးသားခြင်းဖြစ်ပါသည် မည်သူတစ်ဦးတစ်ယောက်ကိုမှမရည်
ရွယ်ခဲ့ပါဘူး တိုက်ဆိုင်မှုများရှိခဲလျှင်ကျွန်
တော်၏လိုအပ်ချက်သာဖြစ်ပါသည်။

(စိုင်းထူးခန့် အမရ)

posted from Bloggeroid

No comments:

Post a Comment