Thursday, January 1, 2015

မန္တလေး ၁ ၁ ၁

မန္တလေးတွင် ၁၁၁ လှုပ်ရှားမှု စတင်

by ဒီဗွီဘီDVB | DVBToday, 1:46 PM၁ ရက် ၁ လ နေ့လည် ၁ နာရီက မန္တလေးမြို့မှာ ၁၁၁ လှုပ်ရှားမှုအဖြစ် ၃၅ လမ်း မြတောင်ကျောင်းတိုက်မှာ ဇန်န၀ါရီလ ၁ ရက်နေ့က စတင် ပြုလုပ်နေပါတယ်။ လက်ပံတောင်းတောင် အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်းအတွက် အမှန်တရားပေါ်ပေါက်ဖို့နဲ့ အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။ပထမအကြိမ် ဆန္ဒပြပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ဗလသ၊ ဗကသ ၊ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ ACDD နဲ့ တက်ကြွလှုပ်ရှားလူများက ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။အာဏာပိုင်များကို ကြိုတင်အကြောင်းကြားစာ ပို့တာမျိုးသာရှိခဲ့ပြီး ခွင့်ပြုမိန့်မယူထားဘူးလို့သိရပါတယ်။ မန္တလေး ၃၅လမ်း မြတောင်တိုက်ရှေ့ကနေပြီး ၇၈ လမ်းအတွင်း ၇၈ လမ်းမှ ၂၆ လမ်းအတိုင်း ၂၆ လမ်းမှ မြတောင်တိုက်ရှေ့ထိ လူ ၅၀၀ကျော်က ဆန္ဒထုတ်ဖော်နေတာလည်း ဖြစ်ပါတယ်။ဆန္ဒပြပွဲဟာ ညနေ ၃ နာရီကျော်မှာ ပြီးဆုံးခဲ့ပါတယ်။သတင်းဓာတ်ပုံ – ဇော်ဇော်၊ ကျော်ဇေThe post မန္တလေးတွင် ၁၁၁ လှုပ်ရှားမှု စတင်appeared first onDVB.CommentsVisit website

No comments:

Post a Comment