အကယ်ဒမီည ပြေတီဦး ဆုတောင်းပြည့်ဖို့ အတိုက်အခံခေါင်းဆောင်ပေါ်မူတည်နေပါသည်OppositeyesToday, 8:47 AMရုပ်ရှင်အကယ်ဒမီဆုဆိုသည်က ကမ္ဘာပေါ်ပေးနေကြတဲ့ဘယ်ဆုနဲ့ မှမတူပါ-ဘော်လုံးပွဲတွေလို အနိုင်ဂိုးကိုသွင်းလို့ ဂိုးအရေ အတွက်နဲ့ ဆုံးဖြတ်ပြီးပေးရတဲ့ဆုမျိုးမဟုတ်သလိုလက်ဝှေ့ ပွဲလို့ အလဲထိုးနိုင်မှသို့ မဟုတ်ဒိုင်တွေပေးတဲ့အမှတ်အပေါ်စံထားလို့ ပေးရတဲ့ဆုမျိုးလည်းမဟုတ်ပါဘူး။ရုပ်ရှင်အကယ်ဒမီဆိုတာကပြည်သူတွေရဲ့ ရင်နဲ့ တိုင်းပြီးပေးရတဲ့ ဘယ်ဆုနဲ့ မှတူတဲ့ဆုမျိုးပါဘဲ။ရုပ်ရှင်အကယ်ဒမီရသူတိုင်းကပြည်သူနုတ်ဖျားရေပန်းစားနေပါမှစူပါးစတားမင်းသားမင်းသမီးတွေဖြစ်လာကြရသလို၊စူပါစတားဖြစ်မှလည်အကယ်ဒမီဆိုတဲ့ပြည်သူတွေရဲ့ ရင်နဲ့ တိုင်းတာထားတဲ့ဆုကြီးကိုရကြပါတယ်။အကယ်ဒမီဆုကိုရသူတွေ ကောအကယ်ဒမီပွဲကိုကြည့်နေသူတွေကလည်ရင်နစ်အောင်ပျော်ကြရတာမျိုးပါ။အကယ်ဒမီဆုကိုဘက်လိုက်ပြီးလည်းပေးလို့ မရပါဘူး။ဘာကြောင့်လည်းဆိုတော့အကယ်ဒမီဆိုတာပြည်သူတွေရဲ့ ရင်နဲ့ တိုင်းတာပြီးသာဖြစ်နေတာမို့ ပေးလိုက်တဲ့ဆုတိုင်းကလည်းပြည်သူတွေရင်ထဲကအကယ်ဒမီရှင်နဲ့တစ်ထပ်တည်းကျနေတတ်ပါတယ်။ဒါကြောင့်အကယ်ဒီညတိုင်းမှာပြည် သူတိုင်းကျေနပ်အားရနေလျက်ပါ-ဒီနှစ်မှာမင်းဦးနဲ့ ခိုင်သင်းကြည်အကယ်ဒမီ ရသွားတာကိုပြည်သူတွေကအတိုင်း ထက်အလွန်ဝမ်းသာကြသလို၊မျက်ရည်တောင်လည်လာနေသူတွေကိုတောင်တွေ့ လိုက်ရပါတယ်။ ဒီနှစ်အကယ်ဒမီညမှာထပ်ဆင့်ကဲအကယ်ဒမီရပြေတီဦးပြောခဲ့စကားလေးမှာမှတ်သားစရာပါ။ "လူတိုင်းမှာကံဇာတာရှိသလိုတိုင်းပြည်တွေမှာလည်းကံဇာတာရှိနေတာမို့ နှစ်သစ်တစ်ခုကူးတော့မှာမို့ ၂၀၁၅ မှာလူတိုင်းလည်းကံဇာတာတက်လို့ ကံကောင်းနိုင်ကြပါစေတိုင်းပြည်လည်းကံဇာတာတက်လို့ ကံကောင်းပါစေ"လို့ ဆုတောင်းပေးသွားခဲ့ပါတယ်၊တကယ်တော့သတ္တလောကကြီးကိုသဘာဝတရားကဖန်ဆင်းထားပြီးလူသတ္တ၀ါအပေါင်းတို့ ကိုအတိတ်ဘ၀မှမိမိပြုလုပ်ထားတဲ့ကံကုသိုလ်ပါရမီအဟုန်ဆိုတဲ့အကြောင်းတရားတို့ ဖြင့်ဖွဲ့ စည်းထားပါတယ်- ဒါကြောင့်ဘုရားရှင်ကိုယ်တော်တိုင်းကံ-ဥာဏ်-၀ိရိယ-ရယ်လို့ ကံကိုရှေ့  တန်းတင်ထားခဲ့ပါတယ်သို့ ဖြစ်၍လောကမှာဆင်းရဲ ခြင်းချမ်းသားခြင်×မင်းဖြစ်ရခြင်း-မင်းနဲ့ တူသောစည်းစိမ်ဥစ္စာကို-ရရှိခြင်း-ပညာဂုဏ်ဒြပ်ကြိးမားခြင်း-ကမ္ဘာကျော်နိုင်ငံကျော်ဖြစ်ရခြင်း-ဘုန်းကြီးလို့ အသက်ရှည်ရခြင်း၊ရုပ်အဆင်းလှပခြင်း၊ စသည့်ကောင်းခြင်းတို့ ကအဓိကအတိတ်ဘ၀မှကံကုသိုလ်ပါရမီအကြောင်းတရားတို့  ပါလာမှသာခံစားစံစားကြရမျိုးပါ။ သို့ ဖြစ်၍ကံဇာတ်ဆရာက သာခွင့်မပေးခဲ့ပါလျှင်ထိုထိုသောပညာ-ဥာဏ် လုံလ-၀ိရိယ ဆိုသောအရာတို့ ငုတ်တုတ်လက်ပိုက်နေကြည့်ကြရမည်သာဖြစ်ပါတယ်၊သို့ ဖြစ်၍တိုင်းနိုင်ငံတွေဆိုတာကလည်းလူသားတွေမှီတင်နေထိုင်ရာဌာနကြီးမို့ နိုင်ငံတိုင်းမှာလည်းအကယ်ဒမီသုံးထပ်ကွမ်းပြည်တင်ဦးအကယ်ဒမီညမှာပြောခဲ့သလိုကံဇာတာတစ်ခုရှိနေတတ်ပါတယ်။ တိုင်းပြည်ရဲ့ ကံဇာတာပါအကြောင်းတရားတို့  ကပြည်သူတွေရဲ့ အကြောင်းတရားတို့ အပေါ်အများဆုံးမူတည်နေသလိုတိုင်းပြည်ရဲ့ Position နဲ့ Situation အခြေအနေနဲ့ အနေထားနဲ့ အမျိုးဘာသာသနာတို့ အပေါ်မှာလည်းအဓိကမူတည်လို့ နေတတ်ပါတယ်။ဒါကြောင့်သာတိုင်းနိုင်ငံတို့ အတွက်မင်းအစိုးရဆိုတာကိုလည်းတိုင်းပြည်ရဲ့ အခြေနေနဲ့ အနေအထားနဲ့အမျိုးဘာသာသနာ၊ယဉ်ကျေးမှု့ တို့ နဲ့ ပြည်ထောင်စုကြီးအရှည်တည်တန့် ဘို့ အကြောင်းတရားတို့ ကမင်းအစိုးရတို့ ကိုထိုထိုသောနိုင်ငံတွေအတွက်သတ်မှတ်ပေးထားပြီးသာဖြစ်ပါတယ်၊ဒါကြောင့်တိုင်းပြည်တွေကိုလက်နက်ရှိတိုင်းစစ်အစိုးရကွန်မြူနစ်အစိုးရယ်လို့ လုပ်ခြင်တိုင်းလုပ်ယူလို့ မရနိုင်သလိုထိုထိုသောအကြောင်းတရားပေးထားတဲ့မင်းတွေကိုစုံကန်ထုတ်ပစ်လိုက်ကြမယ်ဆိုပါရင်လည်းထိုထိုသောနိုင်ငံတို့ကပြိုကွဲပျက်စီးလို့ သွေးချောင်းတွေစီးနေကြရမှာဧကံဖြစ်ပါ-ယနေ့ ကမ္ဘာမှာမျက်ဝါးထင်ထင်မြင်နေကြရပါပြီ။တချိန်ကစူပါ ပါဝါ Level ဆိုဗီယက်ပြည်ထောင်စုကြီးကနေဒီမိုကရေစီကိုကူးကူးပြောင်းလိုက်တာနဲ့ ပြိုကွဲသွားခဲ့ရပြီးပြိုကွဲသွားတဲ့ပြည်နယ်တိုင်းကလည်းငတ်နေကြရပါပြီ။အီရတ်လည်းဒီလိုပါဘဲ။ ဆဒန်ဟူစိန်ရှိစဉ်က ဗောက်အိုးတစ်လုံးတောင်မပေါက်တဲ့နိုင်ငံဆဒန်မရှိတဲ့နေ့ကစပြီးသွေးချောင်းတွေစီလျက်ပါ။လစ်ဗျားလည်းဒီအတိုင်းပါဘဲ ဂဒါဖီ ကိုအမေရိကန်နဲ့ EU တို့ ကကန်ထုတ် လိုက်ကြကတည်းကတိုင်းပြည်ကကမ္ဘာမှာမငြိမ်သက်ဆုံးနိုင်ငံတစ်ခုဖြစ်သွားရပါတယ်။အီဂျစ်မှာလည်းဒီလိုပါဘဲမူဘာရတ်ကိုအာဏာရှင်ဆိုပြီးပြည်သူတွေကအမေရိကန်အလိုကျကန်ထုတ် လိုက်ကြတဲ့နေ့ ကစပြီးပြည်တွင်းစစ်ကြီးဖြစ်လို့ ငြိမ်းချမ်းနေခဲ့တဲ့သမိုင်းဝင် ကိုင်ရိုမြို့ ကြီးပင်မီးဟုန်းဟုနုးတောာက်နေလျက်ပါ။ယူဂိုဆလပ်ပြည်ထောင်စုကြီးကလည်းဒီမိုကရေစီ ဟေ့လို့ ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ ပြိုကွဲသွားရတာပါဘဲ။ပါကစ္စတန် မှာမူရှာရတ်-ကိုဝိုင်းကန်ထုတ်လိုက်ကြပြန်တော့လည်းမငြိမ်းချမ်းဆုံးဖြစ်လာရပြီး တာလီဘန် အကြမ်းဖက်သမားတွေကနိုင်ငံတော်လေဆိပ်အထိလာရောက်ထိပါးသိမ်းပိုက်ဖို့ ကျိုးစားနိင်တဲ့အခြေနေတွေအထိရောက်လာကြသလို နေ့ စဉ်ဗုံးတွေပေါက်လို့ သွေးချောင်းတွေစီးလျက်ပါ၊ ကမ္ဘာမှာဒီလိုနိုင်ငံတွေရဲ့ အဖြစ်သနစ်တွေကိုမျက်ဝါးထင်ထင်မြင်တွေ့ နေကြပေမဲ့ အမေရိကန်လို အင်္ဂလန်မှာလို ကမ္ဘာမှာအ ထည်ဝါဆုံးနဲ့ ကြီးကျယ်ခမ်းနားလှတဲ့တက္ကသိုလ်ကြီးတွေရှိနေပြီး နိုင်ငံရေး PhD တွေကိုနှစ်ထပ်ကွမ်းသုံးထပ်ကွမ်းပိုက်ထားသူတွေ နဲ့ တက္ကသိုလ်ကြီးတွေက Professor တွေကိုဘာကြောင့်ကွန်ုမြူနစ်-စစ်အစိုးရနိုင်ငံတွေက ဒီမိုကရေစီကို ကူးပြောင်း လိုက်တာနဲ့ ပြိုကွဲလို့ သွေချောင်းတွေစီလို့ ပျက်စီးကုန်ကြရပါသလဲလို့မေးကြည့်လိုက်တော့သူတို့ မှာဖြေစရာအဖြေမရှိသလိုဒါတွေကို Analysis လုပ်ရမယ်ဆိုတာကိုလည်းစဉ်းတောင်မစဉ်းခဲ့ကြပါဘူး၊တကယ်ဆို အတိုက်ခံခေါင်းဆောင်ကလည်းအ ထက်ပါနိုင်ငံတွေကိုငဲ့ စောင်းလှည့်ကြည့်သင့်သလိုဘာကြောင့်ဒီမိုကရေစီ ကိုပြောင်းလိုက်တာနဲ့ ပြိုကွဲလို့ သွေးချောင်းတွေစီးကုန်ကြတာလဲဆိုတာကိုအတိုက်ခံခေါင်းဆောင်က စမ်းစစ်သင့်ပါတယ်။သြော်ဒို့ နိုင်ငံကလည်းစစ်အစိုးရနေဒီမိုကရေစီကိုတစ်ဟုန်းတိုးပြောင်းနေတာပါလားဒို့ နိုင်ငံရုရှားလိုပြည်ထောင်စုကြီးပြိုကွဲသွားမှာဖြင့်-အီရတ်လိုများပြည်တွင်းစစ်ဖြစ်လို့ သွေး ချောငးတွေများစီးနေမှဖြင့်ဆိုတဲ့ တိုင်းပြည်အတွက်စိုးရိမ်စိတ်ကလေးတစ်စက်မျှမရှိဘဲ-စစ်တပ် ၂၅ % ပါဝင်နေတာကိုဘဲကန်ထုတ်ဘို့ ကျိုးစားနေလျက်ပါ၊ဘာကြောင့်ဒီ ၄၃၆ ကိုထားနေရလဲဆိုတာကိုသူမသိပါဘူး-အမေရီကန်အလိုကျဘို့ ဘဲဇွတ်ဖန်တီပေးနေသလိုပါဘဲ။အတိုက်ခံခေါင်းဆောင်ကသာအထက်မှာပြိုကွဲလို့ ပျက်စီးကုန်ကြတဲ့နိုင်ငံတိုင်းကစစ်အစိုးရနဲ့ ကွန်မြူနစ်အစိုးရသာဖြစ်သလိုဒီမိုကရေစီးကိုပြောင်းလို့ တစ်နိုင်ငံမှမအောင်မြင်ပါလားဆိုတာကိုလည်းသူသတိမထားမိပါဘူး။ တကယ်တော့စစ်အစိုးရနဲ့ ကွန်မြူနစ်အစိုးရမင်းတွေဆိုတာနိုင်ငံတစ်နိုင်ငံမှာအကြောင်းတရားကပေးထားတဲ့ဘုန်းကံအကြီးမင်းတွေဖြစ်တာပါတယ်။ မင်းတွေကဒီလိုဘုန်းကံတွေကြီးနေမှသာတိုင်းပြည်နဲ့ ပါဝါ- Balance ဖြစ်နေတဲ့ပါတီအဖွဲ့ စည်းကြီးကိုရထားနိုင်သလိုထိုထိုသောမင်းတို့ ကလည်းနန်းသက်လည်းရှည်နေတတ်ကြပါတယ်။ရုရှားကြီးပြိုကွဲခြင်းကဒီသီအိုရီအတိုင်းပါဘဲ-ဘော်ရစ်ရယ်လ်ဆင် က ဂိုဗားချော့ လောက်ဘုန်းကံမကြီးနိုင်တော့တာမို့ သူမှာလည်းကွန်မြူနစ်ပါတီကြီးလိုအင်အားကြီးတဲ့တိုင်းပြည်နဲ့ power balance ဖြစ်နေမဲ့ပါတီတခုကိုဘယ်လိုမှအစားပြန်မရနိုင်တော့တာမို့ ရုရှားကြီးပြိုကွဲသွားရခြင်းဘဲဖြစ်ပါတယ်။အီရတ်လည်းဒီလိုပါဘဲသူတိုင်းပြည်သူလူမျိုးအတွက်အမျိုးဘာသာ သာနာကိုကာကွယ်ဘို့  အကြောင်းတရားကပေးထားတဲ့ဘုန်းကံရှိနေတဲ့မင်းကိုအမေရိကန်အလိုရ၀ိုင်းကန်ထုတ်လိုက်ခဲ့ကြတာမို့ နောက်တက်တဲ့အရပ်သားအစိုးရက ဆဒန်လိုဘုန်းကံတွေမရှိတော့ဘဲတိုင်းပြည်နဲ့ power balance ဖြစ်တဲ့ပါတီးအဖွဲ့ စည်းမျိုးကိုဘယ်လိုမှအစားပြန်မရနိုင်တာမို့ယ္ခုစူပါ-ပါဝါ စစ်တပ်ကြီးအီရတ်မြေပေါ်မှာရှိနေတာတောင်ပြည်တွင်းစစ်တွေဖြစ်လို့ သွေးချောင်းတွေစီးနေရတဲ့အပြင်တိုင်းပြည်မှာ၃၅% လောက်သာရှိနေကြတဲ့အီရတ် လူမျိုးနဲ့ ဆိုနီ ဘာသာတွေပျောက်သွားရတော့မယ့်အခြေနေကိုဆိုက်နေပါတော့တယ်။ယ္ခုအီရတ်မှာအီရန်အနွယ်ဘွားရှီရတ် ဘာသာတွေက လွှမ်းမိုးထားပြီးဖြစ်ပါတယ်၊ကျွန်တော်တို့ နိုင်ငံလည်းဒီအတိုင်းပါဘဲနိုင်ငံရဲ့ position နဲ့ situation ကမ္ဘာပေါ်မှာဘယ်နိုင်ငံနဲ့ မှမတူပါဘူး။ တစ်ဘက်မှာသန်းပေါင်းထောင်ကျော်စီရှိနေကြတဲ့နိုင်ငံနှစ်ခုကြားမှာတည်ရှိနေသလိုနယ်နိမိတ် ပေါင်း၅ ခုခြံရံထားပါတယ်-ဒါကြောင့်ဒီနိုင်ငံကအချိန်မရွေးလူမျိုလို့ အမျိုး ဘာသာသာသနာပါပျောက်သွားနိုင်တာမို့ အကြောင်းတရားတွေကစစ်အုပ်ရေးအတွက်နေရာပေးထားတာဘဲဖြစ်ပါတယ်။နိုင်ငံတော်ဇာတာမှာလည်းပုလ္လင်မှာကေသရာဇာခြင်္သေ့မင်းမူထားစေတာမို့ အဲဒီအကြောင်းတရားကအမျိုးဘာသာသနာကိုစောင့်ရှောက်ဘို့ ပေးထားတဲု့ မင်းတွေမို့ စစ်တပ်ကိုစုံကန်ထုတ်လိုက်ကြမယ်ဆိုရင်-တိုင်းပြည်မှာစစ်တပ်လောက်ဘုန်းကြီးတဲ့မင်းနဲ့ စစ်တပ်လောက်အင်အားကြီးတဲ့ပါတီတစ်ခုကိုဘယ်လိုမှအစားပြန်မရနိုင်တော့ပါဘူး။ ဒီတော့ကျွန်တော်နိုင်ငံလည်းအလွယ်တကူပြိုကွဲသွားနိုင်သလိုပြိုကွဲမဲ့ အရေးမို့ စစ်တပ်ကအာဏာပြန်သိမ်းပြန်ရင်လည်းအရင်ဦးနေ၀င်းသိမ်းတုန်းကလိုတည်ငြိမ်နေနိုင်မှာမဟုတ်တော့ဘဲဒီတစ်ခါသိမ်းရင်တော့ ၀-ကိုးကန့် နဲ့ တိုင်းရင်းသားလက်ကိုင်တွေကြောင့်ပြည်တွင်းစစ်ကြီးကိုဧကံဖြစ်သွားမှာပါ-ဒါကြောင့်စစ်တပ်က အာဏာပြန်သိမ်းရမဲ့ အခြေနေကိုမရောက်ရအောင်နဲ့ ဒီမိုကရေစီ သက်တမ်းရှည်စေဘို့ စစ်တပ် ၂၅ %း ပါဝင်နေရတာဖြစ်ပါတယ်ဒါကိုအတိုက်ခံခေါင်းဆောင်ကနားလည်ပေးဘို့ လိုပါတယ်- တိုင်ပြည်ရဲ့ Constitution ဆိုတာက နိုင်ငံရဲ့ တည်နေရာ-အနေအထားနဲ့ အမျိုးဘာသာ-သာသ နာနဲ့ ယဉ်ကျေးမှု့ တို့ အပေါ်စံထားလို့ မျိုးချစ်စိတ်ရှိသူပညာရှင်တွေကရေးဆွဲထားရတာဖြစ်သလို ယနေ့ မြန်မာနိုင်ငံရဲ့ Constitution ကအမျိုးဘာသာ သာသနာနဲ့ ပြည်ထောင်စုကြီးကိုကာကွယ်ထားတဲ့ နိုင်ငံတော်ရဲ့ Seal တစ်ခုလည်းဖြစ်နေတာမို့ ယနေ့ Constitution အရပါဝင်နေတဲ့ ၄၃၆ ကိုကန်ထုတ်လိုက်ကြမယ်ဆိုရင်ထိုသူတွေကတိုင်းပြည်ပြိုကွဲခြင်းနဲ့ ပြည်တွင်းစစ်သမိုင်းရဲ့ တရားခံတွေဖြစ်သွားရုံကလွှဲလို့ ဘာမှဖြစ်မလာနိုင်ပါဘူး။ဒါကြောင့်နိုင်ငံတော်ရဲ့ Constitution ကိုလည်းအမေရီကန်အလိုအရလိုက်ရေးဆွဲပေးလို့ပြင်ဆင်ပေးလည်းဘယ်လိုမှမဖြစ်နိုင်ပါဘူးဆိုတာကိုရဟန်ရှင်နဲ့ ပြည်သူအပေါင်းကနားလည်းပေးကြစေလိုပါတယ်။ပြီးတော့စစ်အစိုးရတွေနဲ့ ကွန်မြူနစ်ပြည်သူတွေဆင်းရဲကြရတာက စစ်အစိုးရနဲ့ ကွန်မြူနစ်ဝါဒတွေကြောင့်မဟုတ်ပါဘူး၊အမေရိကန်တွေကကမ္ဘာစစ်ကြီးပြီးတာနဲ့ စီးပွားရေးတွေဦးမော့လာတော့မှာမို့ ကမ္ဘာ့ဈေးကွက်ကြီးကိုသူတို့ လက်ဝါးကြီးအုပ်ထားနိုင်ဘို့ ကျင့်သုံးတဲ့ဝါဒ မတူတဲ့နိုင်ငံတိုင်းကိုစီးပွားရေးပိတ်ဆို့ ခဲ့ကြတဲ့ဝါဒ စစ်ပွဲကြီးကြောင့်ဘဲဖြစ်ပါတယ်။ဒီလိုနိုင်ငံတစ်နိုင်ကိုစီးပွားရေးပိတ်ဆို့ လိုက်ရင်ဘယ်လောက်ဘဲသယံဇာတတွေထွက်နေပါစေ၊အီရတ် ဆဒန် ဆိုရင် မက်ထရစ် တန်တစ်ကို ဒေါ်လာ ၂၀၀ တန် တဲ့(HSD) high speed diesel တစ်တန်ကို ဒေါ်လာ ၂၅ ဒေါ်လာနဲ့  ဈေးကွက်ကိုပိတ်ထားတော့သူခိုးဈေးကွက်မှာရောင်းစားခဲ့ရရှာပါတယ်၊ဒီလိုပိတ်ဆို့ လိုက်တော့တိုင်းပြည်ခြုံးဂျုံးကျလာတော့ပြည်သူနဲ့ မင်းအစိုးရတို့ ကြားမုန်းတီးမှု့ တွေနာကျည်းမှု့ တွေဖြစ်အောင်ဖန်တီးပြည်တွင်းမှာနိုင်ငံရေးမတည်တည်ငြိမ်မှု့ တွေကိုဖန်ပြီးတိုင်းပြည်တွေထဲကို လူ့ အခွင့်ရေးနဲ့ ဒီမိုကရေစီ Virus တွေကိုထည့်ပေးလို့ မင်းနဲ့ ပြည်သူအချင်းချင်းဇာတ်တူသားစားခိုင်းလိုက်တာမျိုးပါဘဲဒီနည်းစနစ်နဲ့ အမေရိကန် ကသူနဲ့ ဝါဒမတူတဲ့စစ်အစိုးရနဲ့ ကွန်မြူနစ်အစိုးရတွေကိုဖြိုခွဲနေခဲ့တာပါဘဲ။ ယနေ့ အတိုက်ခံခေါင်းဆောက်ကိုတည်ကြက်လုပ်ပြီး အတိုက်ခံခေါင်းဆောင်နဲ့ စစ်အစိုးရကြားမှာဇတ်တူသားစားခိုင်းနေတာဘဲဖြစ်ပါတယ်၊ဒီနေ့ အတိုက်ခံခေါင်းဆောင်နဲ့ ပြည်သူတွေထင်နေသလိုအမေရိကန်ကကျွန်ပ်တို့ ရဲ့ ကယ်တင်ရှင်-အရှင်သ္ခင်လည်းမဟုတ်သလိုကျွန်ပ်တို့ အတွက်အရေးပါဆုံးနိုင်ငံတစ်ခုလည်းမဟုတ်ပါဘူး မြန်မာနိုင်ငံကသာအမေရီကန်အတွေက်အ ရေးပါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေလို့ အမေရီကန် နဲ့ EU တို့ ကမြန်မာဆီကိုဦးတိုက်လာနေကြရတာပါ-ဘာကြောင့်လည်ဆို တော့Obamaတက်လာကတည်းကအမေရီကန်တို့ ကမ္ဘာပေါ်မှာသြဇာညောင်းစရာမြေမရှိတော့ပါဘူး။အရှေ့ အလယ်ပိုင်းနဲ့ အာဖရိကတခွင်မှာလည်းတရုတ်ကသြဇာလွှမ်းမိုးနေလေတော့အမေရိကန်အတွက်အရှေ့ တောင်အာရှကိုသူခါးပိုက်ထဲအချိန်မှီထည်နိုင်ပါမှ တရုတ်နဲ့ Balance လုပ်နိုင်မှာဖြစ်ပါတယ်။ Asian ကိုပါတရုတ်ခါးပိုက်ထဲရောက်သွားခဲ့ရင်အမေရီကန်ကစူပါပါဝါကိုပါ တရုတ်ကိုပခုံးပြောင်းပေးလိုက်ရမဲ့အခြေနေကိုရောက်သွားမှာပါ-ဒါကြောင့် Asian ဥက္ကဌ ဖြစ်နေတဲ့မြန်မာကသူ့ တို့ အတွက်အရေးပါဆုံးဖြစ်နေသလိုစစ်အစိုးရရှိနေရင်သူနဲ့ ဝါဒမတူတဲ့အတွက်စစ်အစိုးရကိုပါတစ်ပါးတည်ဖြိုခွင်းစေဘို့ အ တိုက်ခံကိုအသုံးချပြီဇာတ်တူသားစားခိုင်းနေတာဘဲဖြစ်ပါတယ်၊ ဒါကြောင့်အကယ်ဒမီညပြေတီဦးရဲ့ တိုင်းပြည်အတွက်ဆုတောင်းပြည့်ဘို့ ဆိုတာအတိုက်ခံခေါင်းဆောင်ကတိုင်းပြည်ကိုနားလည်ပေးနိုင်ပါ့မှပြည်တင်ဦးဆုတောင်းပြည့်နိုင်မှာပါ၊အီရတ်နဲ့ ရုရှားကိုငဲ့စောင်းလှဲ့ ကြည်ြ့ပီးတိုင်းးပြည်ရဲ့ အခြေအနေနဲ့  အနေအထားအပေါ်နားလည်းပေးနိုင်ပါစေလို့ ဆုတောင်းလျက်၊ ဘဲလားလေဘာတီ ( Astro-Political Scientist ) December 28, 2014 @ 3:12 PMCommentsVisit website
No comments:
Post a Comment