Thursday, January 1, 2015

ဘော့လုံးပွဲ


ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချဲလ်ဆီးနှင့် အာစင်နယ် ရှုံးပွဲတွေ့၊ မန်စီးတီး အနိုင်ရ

by ဒီဗွီဘီDVB | DVBToday, 10:59 AMပရီးမီးယားလိဂ် ပွဲကြပ်ရက် ကာလရဲ့ နောက်ဆုံးရက် ဖြစ်တဲ့ ဇန်န၀ါရီ ၁ ရက်နေ့ ပွဲစဉ် တွေမှာ ချဲလ်ဆီးနဲ့အာစင်နယ် ရှုံးပွဲတွေ့ပြီး မန်စီးတီးက အနိုင်ရသွားပါတယ်။ချဲလ်ဆီးဟာ အဝေးကွင်းမှာ တော့တင်ဟမ်ကို ၅ ဂိုး ၃ ဂိုးနဲ့ အရှုံးပေးလိုက်ရတာပါ။ ဒီပွဲမှာ တော့တင် ဟမ်အသင်းက ဟယ်ရီ ကိန်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၁၇ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ ပါတယ်။ချဲလ်ဆီးအတွက်တော့ ဒီနှစ်ရာသီမှာ ဒုတိယမြောက် ရှုံးပွဲတွေ့သွားတာပါ။ အနီးကပ်ဆုံး ပြိုင်ဖက်ဖြစ်တဲ့ မန်စီးတီးတော့ အိမ်ကွင်းမှာ ဆန်းဒါးလန်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။စီးတီးအတွက် အနိုင်ဂိုးတွေကို တိုရေး၊ ဂျိုဗက်တစ်နဲ့ လမ်းပတ်တို့က သွင်းယူပေးပါတယ်။ ဒီပွဲမှာ စီးတီးအတွက် အဆုံးအဖြတ် အနိုင်ဂိုးကို လူစားဝင်လာတဲ့ လမ်းပတ်က သွင်းယူပေးတာ ဖြစ်ပါတယ်။အာစင်နယ်ကတော့ အဝေးကွင်းမှာ ဆောက်သမ်တန်ကို ၂ ဂိုးဂိုးမရှိနဲ့ ရှုံးသွားပါတယ်။ အာစင်နယ် ဂိုးသမားရဲ အမှားကတွေနေ ဆောက်သမ်တန်က အနိုင်ဂိုး ၂ ဂိုးစလုံးက သွင်းယူပါတယ်။ မန်ယူကတော့ အဝေးကွင်းမှာ စတုတ်စီးတီးနဲ့ ၁ ဂိုးစီ သရေ ကျသွားပါတယ်။မန်ယူအတွက်တော့ နောက်ဆုံး ကစားတဲ့ ၄ ပွဲမှာ ၃ ပွဲ မြောက် သရေကျတာ ဖြစ်ပါတယ်။ ဒီပွဲသရေကျလို့ ဇယားထိပ်ကအသင်းတွေနဲ့ အမှတ်ကွာဟမှု ကျဉ်းမြောင်းစေတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရပါတယ်။လောလောဆယ် အမှတ်ပေးဇယားမှာ ၄၆ မှတ်နဲ့ ရမှတ်ခြင်း တူပေမယ့် ချဲလ်ဆီးကနေ ဦးဆောင်နပြီး မန်စီးတီးက အဆင့် ၂၊ မန်ယူက ၃၇ မှတ်နဲ့ အဆင့် ၃၊ ဆောက်သမ်တန်က ၃၆ မှတ်နဲ့ အဆင့် ၄ မှာ အသီးသီး ရပ်တည်နေပါတယ်။The post ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချဲလ်ဆီးနှင့် အာစင်နယ် ရှုံးပွဲတွေ့၊ မန်စီးတီး အနိုင်ရ appeared first on DVB.CommentsVisit website

No comments:

Post a Comment