
ပိုက်ဆံက ကိုယ့်ဆီလာအောင် ဘယ်လိုလုပ်မလဲ။
by adminMyanmar Latest NewsToday, 7:32 AM ကြိုးစားနေသောသူထံ ကောင်းသတင်း၊ အကျိုးရှိမည့်သတင်းတွေက စုလာတတ်သလို။ကိုယ့်ရဲ့စွမ်းဆောင်မူအပေါ်မူတည်ပြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲအောင်လုပ်ယူလို့ရပါတယ်။ ပိုက်ဆံလည်း ဒီလိုပါပဲ။ ပိုက်ဆံအပေါ်မှာ အကောင်းမြင်သောသူထံမှာ ပိုက်ဆံကမရှားပါ။အဲဒီလိုပြောတော့ ဆင်းရဲသောသူမှာတော့ ပိုက်ဆံက တသက်လုံးမကပ်ဖူးလိုတော့ဆိုလိုတာ မဟုတ်ပါ။ ဆင်းရဲသောသူရော ချမ်းသာသောသူရော ပိုက်ဆံကိုကိုယ့်ဆီရောက်အောင် ခေါ်ယူရမှာဖြစ်ပါတယ်။ ဘယ်လို ခေါ်ယူရမှာလဲဆိုတဲ့ နည်းလမ်း ၇ ချက်ကိုတော့ အောက်မှာ ဖတ်ကြည့်ပါ။၀၁. ပိုက်ဆံကို ချစ်ဖို့လိုပါတယ်မေးခွန်း။ သင်အတွက် ပိုက်ဆံဆိုတာ ဘာလဲ။ပိုက်ဆံကို များများရှာနိုင်သူ ပိုက်ဆံရှိသောပျော်တာပေါ့။ ပိုက်ဆံကို သိပ်ချစ်။ပိုက်ဆံကို သာမန်ရှာနိုင်သူ ပိုက်ဆံဆိုတာ မရှိရင် မဖြစ်သောအရာပါ။ပိုက်ဆံကို သိပ်မရှာနိုင်သူ ပိုက်ဆံဆိုတာ ခက်ခက်ခဲခဲရှာမှ ရသောအရာပါ။အပေါ်ကသူတွေရဲ့ အတွေးကို ဖတ်ကြည့်ပြီး ဘယ်လိုထင်ပါသလဲ။ ပိုက်ဆံအပေါ်မှာ အကောင်းမြင်သောသူဆီမှာ ပိုက်ဆံက ချည်းကပ်မှာဖြစ်ပါတယ်။ပိုက်ဆံကြောင့် ဒုက္ခဖြစ်ရတယ် ပိုက်ဆံကြောင့် အားလုံးက ပြိုကွဲခဲ့ရတယ် စသည်ဖြင့် ပိုက်ဆံအပေါ်မှာ အကောင်းမမြင်သောသူမှာတော့ ပိုက်ဆံက ချည်းကပ်ချင်မှာမဟုတ်ပါ။ဒါကြောင့် ပိုက်ဆံအပေါ်မှာ ကောင်းသော အမြင်ကို ရှိဖို့လိုတယ်လို့ထင်ပါတယ်။၀၂. ရည်းမှန်းချက်က တိတိကျကျရှိဖို့လိုပါတယ်မေးခွန်း။ ပိုက်ဆံကို ဘယ်လောက်ရရင် အဆင်ပြေမလဲ။ပိုက်ဆံကို များများရှာနိုင်သူ တလကို XX သိန်းရှာမယ်။ (တိတိကျကျ ပြောနိုင်ရမယ်)ပိုက်ဆံကို သာမန်ရှာနိုင်သူ များရင်များသလောက် ကောင်းတယ်။ပိုက်ဆံကို သိပ်မရှာနိုင်သူ တော်ရုံလောက်ရရင် ရပါပြီ။ပိုက်ဆံကို ကိုယ့်ဆီကို ဝင်လာစေဖို့က စိတ်ထဲမှာ စဉ်းစားထားတဲ့အတိုင်း ဖြစ်လာမှာပါ။ဘယ်အချိန်မှာ ဘယ်လောက်ရအောင်လုပ်မလဲဆိုတာကို သေသေချာချာတွေးထားရင်တွေးထားသလောက် ပိုက်ဆံကလဲ ကိုယ့်ဆီကို ပျော်ပျော်ကြီး ရောက်လာမှာပါ။ ၁လကို ပိုက်ဆံဘယ်လောက်ရှာမယ် xxသိန်းရှာမယ်ဆိုပြီး ရည်မှန်းချက်ကို ပါးစပ်ကနေ့တိုင်းပြောကြည့်ပါ။၀၃. ဇွဲရှိရှိနဲ့ ကြိုးစားဖို့လိုပါတယ်မေးခွန်း။ ဇွဲရှိတယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုထင်သလဲ။ပိုက်ဆံကို များများရှာနိုင်သူ ဇွဲဆိုတဲ့စကားလုံးကို ကြိုက်ပါတယ်။ အဓိပ္ပာယ်အတိုင်း ကြိုးစားနေပါတယ်။ပိုက်ဆံကို သာမန်ရှာနိုင်သူ ဇွဲဆိုတဲ့ အရာကလိုအပ်ပါတယ်။ပိုက်ဆံကို သိပ်မရှာနိုင်သူ သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ စကားလုံးပါ။ပိုက်ဆံကို လာပါလို့ခေါ်ဖို့ဆိုတာ ဘုရားမှာဆုတောင်းရုံနဲ့တော့ မရပါ။ ကိုယ်ကိုတိုင်လည်း ကြိုးစားရမှာပါ။သာမန်ကြိုးစားရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါ။အလုပ်မှာ ပင်ပန်းပင်မဲ့လည်း ဇွဲရှိရှိလုပ်နေခဲ့ရင် ကိုယ်ရဲ့ အရည်အချင်းက တဖြည်းဖြည်းတောက်ပြောင်လာမှာပါ။၀၄. ပိုက်ဆံအိတ်ကို သန့်ရှင်းအောင်ထားပါ။မေးခွန်း။ ပိုက်ဆံအိတ်က သန့်ရှင်းနေရဲ့လား။ပိုက်ဆံကို များများရှာနိုင်သူ အမြဲတမ်း သန့်ရှင်းနေပြီး ပိုက်ဆံကို သပ်သပ်ရပ်ရပ်လည်း စီထည့်ထားပါတယ်။ပိုက်ဆံကို သာမန်ရှာနိုင်သူ ပိုက်ဆံအိတ်က သန့်ရှင်းရေးဟုတ်လား။ သာမန်ပေါ့။ပိုက်ဆံကို သိပ်မရှာနိုင်သူ ပိုက်ဆံအိတ်ထဲမှာ ဘာတွေမှန်းကို မသိဘူး။ အမြဲတမ်း ရှုပ်နေတာပါပဲ။ပိုက်ဆံအတွက်ကတော့ ပိုက်ဆံအိတ်ကတော့ သူ့အတွက် ခဏတည်းရသော ဟော်တယ်ပါ။ သူ့အခန်းလေးက သန့်ရှင်းနေရင်တော့ ကြာကြာတည်းချင်မှာပေါ့နော်။ဒါကြောင့် ကိုယ့်ရဲ့ပိုက်ဆံအိတ်ကလေးကို သန့်သန့်ရှင်းရှင်းလေးထားရင် အဆင်ပြေလာမှာပါ။၀၅. ရရင်ကောင်းမယ် မဟုတ်ပဲ ရကိုရမယ်လို့ တွေးပါ။မေးခွန်း။ လိုချင်သောပိုက်ဆံကိုရရင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားထားပြီလား။ပိုက်ဆံကို များများရှာနိုင်သူ ဟုတ်ကဲ့။ စဉ်းစားပြီးသားပါ။ပိုက်ဆံကို သာမန်ရှာနိုင်သူ ရရင်ကောင်းမှာပဲလို့သာ တွေးထားပါတယ်။ပိုက်ဆံကို သိပ်မရှာနိုင်သူ အိမ်မက်တခုပါ။ပိုက်ဆံက ကိုယ့်ဆိုရောက်လာဖို့ဆိုတာ ဘာကိုလိုချင်လို့ ဘယ်လောက်ရအောင်လုပ်ရမလဲဆိုတာကို အသေးစိတ် စဉ်းစားဆုံးဖြတ်ထားဖို့လိုပါတယ်။အဲဒါကို လိုချင်တယ်။ ရရင်ကောင်းပါတယ်လို့ မတွေးပဲ ရအောင်ယူမယ်လို့တွေးထားရမှာပါ။၀၆. ပိုက်ဆံကို သုံးပါ။မေးခွန်း။ လက်ထဲမှာ ပိုက်ဆံရှိရင် ဘယ်မှာသုံးမလဲ။ပိုက်ဆံကို များများရှာနိုင်သူ xxx မှာသုံးဖို့ ဆုံးဖြတ်ထားပါတယ်။ပိုက်ဆံကို သာမန်ရှာနိုင်သူ လောလောဆယ်တော့ စုထားလိုက်ပါမယ်။ပိုက်ဆံကို သိပ်မရှာနိုင်သူ အသက်ကြီးလာရင် သုံးစရာ မရှိမှာစိုးရိမ်လို့ စုထားပါတယ်။ပိုက်ဆံဆိုတာဟာ ခရီးသွားတယောက်လိုပါပဲ။ တနေရာကနေ တနေရာသို့သွားနေရတာကို ကြိုက်တဲ့ သဘာဝရှိပါတယ်။ပိုက်ဆံကို ကိုယ့်နေရာမှာ လှောင်ထားရင်တော့ ပိုက်ဆံအတွက်လည်း မကောင်းသလဲ ကိုယ့်အတွက်လည်း မကောင်းပါ။ပိုက်ဆံကို ဖြုံးဖို့ပြောနေတာမဟုတ်ပဲ လိုအပ်တဲ့နေရာမှာ အကျိုးရှိရှိသုံးရန် အကြံပြုချင်ပါတယ်။ဥပမာ။ ကိုယ့်ရဲ့အရည်အချင်းတိုးတတ်ဖို့အတွက် သင်တန်းတတ်သည်ဖြစ်စေ၊ အကျိုးရှိသော စာအုပ်ဝယ်သည် ဖြစ်စေ။၀၇. ကျေးဇူးတင်စကားကို ပြောပါ။မေးခွန်း။ သူတပါးကနေ ကိုယ့်ကို မကြိုက်လို့အကြံပေးစကားပြောရင် ဘယ်လိုတုံ့ပြန်မလဲ။ပိုက်ဆံကို များများရှာနိုင်သူ အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပါမယ်။ပိုက်ဆံကို သာမန်ရှာနိုင်သူ အာ ဟုတ်ကဲ့ပါ။ပိုက်ဆံကို သိပ်မရှာနိုင်သူ နားညီးတယ်။ကျေးဇူးသိတတ်တယ်ဆိုတာ အရမ်းအရေးကြီးသာ ကိစ္စတခုပါ။ ကိုယ့်ကို မကြောင်းပြောသောသူရှိရင်လည်း သူပြောပြတဲ့အတွက်ကိုယ့်ကိုကိုယ် ပြန်ပြင်နိုင်ဖို့ အခွင့်အရေးတစ်ခု ရတယ်လို့ ခံယူထားမှာပါ။ ဒါမှသာလျှင် လူချစ်လူခင်ပေါများလာပြီး ပိုက်ဆံဆိုတဲ့အရာဟာလည်း အလိုလိုရောက်လာမှာပါ။Chelmo TeamCommentsVisit website

No comments:
Post a Comment