Thursday, January 1, 2015

ဆက်ကြေးကောက်ခံရသော ဓါက်ဆီးဆိုင်


မူဆယ်မြို့ပေါ်တွင် ဓါတ်ဆီ/ဒီဇယ်ပန့်ဆိုင် ၁၆ ဆိုင်အား SSPP/SSA အဖွဲ့မှ ဆက်ကြေးကောက်ခံ

OppositeyesYesterday, 8:30 PM31.12.2014ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဓါတ်ဆီ/ဒီဇယ်ပန့်ဆိုင်များအား ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)အဖွဲ့မှ ဆက်ကြေးကောက်ခံသည့် စာများ ဖြင့် လာရောက်တောင်းခံသွားကြောင်း ယင်းဆိုင်ပိုင်ရှင်များထံမှ သိရသည်။``မနက် ၈ နာရီလောက် လူတစ်ယောက်ဆီဖြည့်သလို ဘာလိုနဲ့ ဆိုင်ကယ်စီးပြီး ၀င်လာတယ်၊ ပြီးတော့ စာတစ်စောင် ပေးပြီး ပြန်ထွက်သွားတယ်၊ စာဖောက်ကြည့်တော့ ဆက်ကြေးတောင်းတဲ့စာ ဖြစ်နေတယ်´´ ဟု အမည်မဖော်လိုသော ဆီဆိုင်တာဝန်ခံတစ်ဦးက ပြောသည်။အဆိုပါစာတွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ဒေသရှိ SSA အမှတ်(၉) ခရိုင်တပ်ဖွဲ့ဝင်များအားလုံး စားဝတ်နေရေး အဆင်ပြေနိုင်ရေးအတွက် နှစ်စဉ် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှစပြီး ပန့်ဆီဆိုင်များမှ ၂၅ သိန်းကျပ်စီ ပါဝင်ကူညီရန် ဆက်ကြေးကောက်ခံသည့် စာဖြစ်ပြီး လာရောက်ပေးသွင်းရမည့်နေရာမှာ အမှတ်(၉)ခရိုင်ဖြစ်ပြီး ဆက်သွယ်ရမည့် တရုတ်ဖုန်းနံပါတ်လည်း ပေးသွားကြောင်း သိရသည်။``ဆီဆိုင် ၁၆ ဆိုင်လောက်ကို အဲဒီလို စာတွေပေးသွားတာ၊ ဒါပေမယ့် အမှတ်(၉)ခရိုင်ဆိုတာ ဘယ်မှာရှိမှန်းလဲ မသိဘူး။ SSA တပ်မဟာ(၁) ၀မ်ဟိုင်းအဖွဲ့လို့ သိရတယ်၊ မူဆယ်မြို့က သူတို့နေတဲ့ နေရာနဲ့အဝေးကြီးပါ၊ အဲဒါကို ဆက်ကြေးတောင်းတယ်ဆိုတော့ ထူးဆန်းနေတာပေါ့´´ ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။၎င်းစာတွင် ၀မ်ဟိုင်းအထူးဒေသ၊ SSA တပ်မဟာ(၁)ဟု သုံးနှုန်းထားသည့်အတွက် မူဆယ်မြို့နယ်သည် SSPP/SSA အဖွဲ့ လှုပ်ရှားနယ်မြေမဟုတ်ကြောင်း၊ အမှတ်(၉)ခရိုင်သည် ဖွဲ့စည်းပုံတွင်မပါဝင်ကြောင်း၊ ဆက်ကြေးကောက်ခံစာတွင် လက်မှတ်ရေးထိုးထားသော စ၀်(ပ်)ထွန်းစိန်ဆိုသူအားလည်း သိရှိသူမရှိကြောင်း မြို့ခံဌာနဆိုင်ရာအကြီးအကဲများထံမှ သိရသည်။``ဆက်ကြေးတောင်းတဲ့စာမှာပါတဲ့ တရုတ်ဖုန်းနံပါတ်ပိုင်ရှင်နဲ့ စာလာပေးတဲ့သူတွေကို ဖမ်းဆီးရမိဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်´´ ဟု မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသွားသည်။မင်းသန့်(မူဆယ်)CommentsVisit website

No comments:

Post a Comment