တောင်ကိုရီးယားနှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ပြန်လုပ်မယ်ဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ကင်ဂျုံအွန်း ပြောby ဒီဗွီဘီDVB | DVBToday, 4:51 PMမြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံက ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိချင်တယ်ဆိုရင် မြောက်ကိုရီးယားကလည်း အဆင့်သင့်ပါပဲလို့ ခေါင်းဆောင် ကင်ဂျုံအွန်း က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။တကယ် ဆွေးနွေးချင်တဲ့ ဆန္ဒ၊ အခြေအနေလည်းပေးနေပြီဆိုရင် တောင်ကိုရီးယားနိုင်ငံနဲ့ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်မလုပ်နိုင်စရာအကြောင်းမရှိပါဘူးလို့ ကင်ဂျုံအွန်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။တောင်ကိုရီးယားနိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အစွန်းကုန် ကြိုးစားသွားမှာပါလို့လည်း ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ ၁ ပတ် ဒီဇင်ဘာ ၂၂ ရက်နေ့က လာမယ့်နှစ်သစ် ဇန်န၀ါရီလမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ အဆင့်မြင့်ဆွေးနွေးပွဲတွေ ပြန်လုပ်မယ်လို့ ကြေညာခဲ့တာပါ။မြောက်ကိုရီးယားနိုင်ငံကလည်း ဆန္ဒရှိကြောင်း အရင်ကလည်း ထုတ်ဖော် ပြောဆို ဖူးပေမယ့် တဖက်နဲ့ တဖက် ရန်လိုမှုတွေကြောင့်၊ အထူးသဖြင့် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းရတာလို့ ကင်ဂျုံအွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။မိနစ် ၃၀ ကြာ မိန့်ခွန်းမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်တွေ၊ ခရီးသွားဇုန်တွေ ဖော်ဆောင်မယ်လို့လည်း ပြောဆိုပါတယ်။အရင်နှစ်တွေက မြောက်ကိုရီးယားနိုင်ငံရဲ့ နှစ်သစ်မူဝါဒတွေကို နိုင်ငံပိုင်သတင်းစာ အယ်ဒီတာအာဘော်မှာပဲ ရေးသားဖော်ပြခဲ့တာပါ။အခုနှစ်မှာတော့ သူဖခင် အရင်က ရုပ်မြင်သံကြားမိန့်ခွန်းပြောသလို ခေါင်းဆောင် ကင်ဂျုံအွန်း ကိုယ်တိုင် ၀ါဒဖြန့်ချိရေးပုံစံ ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။The post တောင်ကိုရီးယားနှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ပြန်လုပ်မယ်ဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ကင်ဂျုံအွန်း ပြောappeared first on DVB.CommentsVisit website
No comments:
Post a Comment