Thursday, January 1, 2015

ကျူးများအဖြက်ခံရ


ဒလမြို့နယ်ရှိ ကျူးကျော်တဲ ၁၀၀ ကျော် ဖျက်ဆီး

by နန်းမြနဒီDVB | DVBToday, 5:24 PMရန်ကုန်တိုင်း ဒလမြို့နယ် ဗိုလ်တထောင်ဆိပ်ကမ်းနားအနီး တံတားချောင်းရွာက ကျူးကျော်တဲပေါင်း တစ်ရာကျော်ကို အာဏာပိုင်တွေက  ဖျက်ဆီးခဲ့ပါတယ်။မြို့နယ်အုပ်ချုပ်ရေး၊ မြူနီစီပယ်၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၄၀ ကျော်ဟာ   ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းမှာ လာရောက်ဖျက်ဆီးသွားတယ်လို့  အသက် ၃၀ ကျော် ရွာသူတဦးက ဒီဗွီဘီကို ခုလိုပြောပါတယ်။“ကျမက ဒီမှာမွေးတာရှင့်။ နှစ်ပေါင်း ၃၀ ကျော်ပြီ နေလာတာ။ မနေ့ညနေကတော့ ကျမတို့အိမ် အဖျက်ခံရပါတယ်။ သူတို့က ဒီမှာဆောက်ပိုင်ခွင့်မရှိဘူးလို့ပြောတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ အိမ်ခြေ ၁၀၀ ကျော်ပါတယ်။ အများစုက တဲအိမ်တွေပါ။ အခု လူပေါင်း ၂၀၀ ကျော်တယ် နေစရာမရှိတော့ဘူး။”နေစရာမရှိတော့တဲ့အတွက် တချို့က အဖျက်ခံရတဲ့အိမ်ကို ပြန်ပြင်ဆောက်နေကြကြောင်း ၊ တချို့ကတော့ ကွင်ပြင်ထဲမှာ တာလပတ်ထိုးပြီးနေဖို့ ပြင်ဆင်နေတယ်လို့ ရွာသူက ဆက်ပြောပါတယ် ။“ပြန်မဆောက်ရင် ဒီညအိပ်စရာ နေရာမရှိတော့ပါဘူး။ အားလုံးကလည်း လက်လုပ်လက်စား ကျဘမ်းအလုပ်သမားတွေ၊  တခြားမှာပြောင်းနေဖို့ ပိုက်ဆံလည်း မရှိဘူး။ ဒါကြောင့် တဲတွေပြန်ထိုးနေတာ၊ သူတို့က ပြန်လာဖျက်မယ်လို့လဲ ပြောနေတယ်။ မတတ်နိုင်ပါဘူးရှင်။”အဲဒီ တံတားချောင်းရွာမှာ အိမ်ခြေစုစုပေါင်း ၃၀၀ ကျော်ရှိပြီး အဖျက်ခံရတဲ့ အိမ်တွေထဲမှာ  ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူနဲ့ နီးစပ်တဲ့သူတွေရဲ့ နေအိမ်တွေကတော့ ပါမသွားကြောင်း၊ ဒါကြောင့် သူတို့အနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးပေါ်လည်း မကျေနပ်မှုတွေရှိပြီး  ကျေးရွာအုပ်ချုပ်ရေးမှူးကိုရော အာဏာပိုင်တွေကိုပါ လမ်းပေါ်ထွက် ဆန္ဒပြဖို့ ပြင် ဆင်နေတယ်လို့ ဒလဒေသခံတဦးဖြစ်တဲ့ ကိုမိုးသူ က ပြောပါတယ်။ကျူးကျော်တဲဖျက်ဆီးရာမှာ ပါဝင်ခဲ့တဲ့ ပျော်ဘွယ်ကြီးရဲစခန်းက ရဲဝန်ထမ်းတဦးကတော့ ဒီဗွီဘီကို ခုလိုပြောပါတယ်။“ကျနော်တို့ ရဲနဲ့တော့ မဆိုင်ပါဘူးခင်ဗျာ။ အုပ်ချုပ်ရေးနဲ့စည်ပင်က အဖွဲ့တွေပါ၊ ကျူးကျော်မြေတွေဆိုပြီး သူတို့က ရှင်းခိုင်းတာပေါ့။ ဒီမြေတွေဟာ ကျနော်တို့သိရ သလောက်တော့ အိုးအိမ်ပိုင်မြေတွေ ဖြစ်ပါတယ်။ သူတို့ကို ဘယ်လို ပြန်နေရာချပေးမလဲ ဆိုတာ ကျနော်တို့လဲ မသိရပါဘူး။”ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဒလမြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ စည်ပင်သာယာကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။The post ဒလမြို့နယ်ရှိ ကျူးကျော်တဲ ၁၀၀ ကျော် ဖျက်ဆီးappeared first on DVB.CommentsVisit website

No comments:

Post a Comment