
မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှုများ ကျောခိုင်းကြရန် ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း
by ဒီဗွီဘီDVB | DVBToday, 2:55 PMဂျာမန်အဓိပတိ အိန်ဂျလာမာကယ်က ဂျာမန်ပြည်သူတွေအားလုံး ကြီးထွားလာနေတဲ့ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ကျောခိုင်းကြဖို့ ဒီဇင်ဘာလ ၃၁ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ဒါ့အပြင် ဥရောပရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံ ဂျာမနီအနေနဲ့ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကနေ ထွက်ပြေးလာတဲ့ လူတွေကို ကြိုဆိုရမယ်လို့လည်း ပြောပါတယ်။ ဂျာမန်ဝန်ကြီးချုပ်ရဲ့ နှစ်သစ်မိန့်ခွန်းဟာ မကြုံစဖူး စကားလုံးတွေ ပြင်းထန်နေပြီး ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားကိုလည်း ပြစ်တင်ရှုတ်ချပါတယ်။ကလေးတွေ အကြောက်တရား မရှိဘဲ ကြီးပြင်းလာအောင် အမြဲတစေ အနှောင့်အယှက် ခံနေရသူတွေရဲ့ ကလေးတွေကို ဂျာမနီက ကူညီမယ်လို့လည်း ပြောပါတယ်။ ဂျာမန်ပြည်သူ အများအပြားက ဆီးရီးယားက အများအပြားဖြစ်တဲ့ ခိုလှုံခွင့်တောင်းခံသူတွေ စုပြုံရောက်လာတာ ကို စိုးရိမ်နေကြတာပါ။အနောက်ကမ္ဘာကို အစ္စလာမ္မစ်ဝါဒသွတ်သွင်းမှု ဆန့်ကျင်ရေး ဥရောပ သူရဲကောင်းများအဖွဲ့ ကတော့ ဂျာမနီအရှေ့ပိုင်းက ဒရဲ့စ်ဒန်မြို့မှာ အပတ်စဉ် စီတန်းလှည့်လည်မှုတွေ လုပ်နေပါတယ်။ချီတက်မှုတွေကို ထောက်ခံသူတွေ တိုးလာနေလို့ ကျန်ခဲ့တဲ့သီတင်းပတ် က လူအယောက် ၁၇၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။အတိတ်က နာဇီသမိုင်းကို ချေဖျက်တဲ့အနေနဲ့ ဂျာမနီရဲ့ ခိုလှုံခွင့်စည်းမျဉ်းတွေဟာ ကမ္ဘာ့အလွတ်လပ်ဆုံးတွေထဲက တခု ဖြစ်နေတာပါ။ဒီနှစ်ထဲမှာ ဂျာမနီကိုရောက်လာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေ အယောက် ၂ သိန်း လောက်ရှိပြီး ၂၀၁၂ ရဲ့ လေးဆရှိခဲ့တာပါ။ အကျိုးဆက်အနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအရေးဟာ နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ပါလာပါတယ်။ဝန်ကြီးချုပ်ရဲ့ ကွန်ဆာဗေးတစ်ပါတီက တချို့အဖွဲ့ဝင် တွေကတော့ မဲရှင်တွေရဲ့ အကြောက်တရားကို မတုံ့ပြန်ရင် ထောက်ခံမှုတွေ ကျဆင်းမှာကို စိုးရိမ် နေကြပါတယ်။The post မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှုများ ကျောခိုင်းကြရန် ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း appeared first on DVB.CommentsVisit website
No comments:
Post a Comment