ကန်လူ့အခွင့် အရေး လက်ထောက် ၀န်ကြီး မြန်မာပြည် သွားမည်
by danyawadi
MYANMAR TIME – News and Articles | Danya WadiToday, 14:03
အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sarah Sewall
ဗွီအိုအေမြန်မာပိုင်း
3.5.2014
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sarah Sewall ဟာ ရှေ့ သီတင်းပတ် ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sewall ဟာ မေလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အင်ဒိုနီးရှား နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sewall နဲ့အတူ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးတန်း အကြံပေး ဖြစ်တဲ့ Judith Cefkin တို့ဟာ မြန်မာအစိုးရ အကြီးတန်း အရာရှိတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှု လူ့အဖွဲ့ အစည်းက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင် ပြည်နယ်နဲ့ မိတ္ထီလာ ဒေသ အခြေအနေနဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာတွေ၊ လူမျိုးရေး ဘာသာရေး အဓိကရုန်း မပေါ်ပေါက်အောင် အဖြေ ရှာတာတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တရားမျှတရေးနဲ့ တာဝန်ခံမှု ရှိဖို့ လူ့အခွင့် အရေး လေးစားဖို့ ကျိုးစားမှုတွေမှာ ကူညီ ပံ့ပိုးပေးဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sewall ဟာ မြန်မာနိုင်ငံက အပြန် Nigeria နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ကို မေလ ၁၄ ရက်နေ့မှာ အဆုံးသတ် မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
- See more at: http://burmese.rohingyablogger.com/2014/05/blog-post_2760.html#sthash.F04UELds.dpuf
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment