Tuesday, May 6, 2014

တရားဥပဒေစိုးမိုးရေ

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးအတွက် အမေရိကန်၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံအသီးသီးက ကူညီသွားမည်
by mgtoe
Eleven Daily NewsYesterday, 09:25
Written by: 
ဝေယံဖြိုးဦး

မေ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးခွဲ၌ပြုလုပ်သည့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အစည်းအဝေးကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံအသီးသီးမှ ကူညီပေးသွားမည်ဟု မေ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးခွဲ၌ ပြုလုပ်သည့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အစည်းအဝေး တက်ရောက်သူများ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပိုမိုတိုးတက်လာစေရန် မန္တလေးမြို့နှင့် လားရှိုးမြို့တို့၌ တရားဥပဒေစိုးမိုးရေး စင်တာများ တည်ထောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်နိုင်ငံ အသီးသီးမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

"လားရှိုးနဲ့မန္တလေးမှာ တရားဥပဒေစိုးမိုးရေး စင်တာလုပ်မယ်။ လုပ်ဖို့အတွက် အလှူရှင်တွေနဲ့တွေ့တာ၊ ဆွေးနွေးတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့်ဆွေးနွေးတာပေါ့။ လောလောဆယ်တော့ အမေရိက၊ အင်္ဂလန်၊ ဂျပန်၊ သြစတြေးလျတို့ အကူအညီပေးဖို့ရှိပါတယ်။ တချို့လည်း ဘတ်ဂျက်က ရပြီးသလောက်တော့ ရှိတယ်။ ထပ်ပြီးတော့လည်း ရနိုင်ပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။

"အခုလောလောဆယ် ဒီအစည်းအဝေးကိုတက်လာတဲ့ နိုင်ငံတွေထဲမှာ ဂျပန်ပါတယ်။ သြစတြေးလျ၊ ဗြိတိန်ပါတယ်။ သူတို့ ဘယ်လောက် Funding ထည့်ဝင်မယ်ဆိုတာတော့ မပြောသေးဘူး။ အစိုးရကလည်း ဘတ်ဂျက်ဘယ်လောက် ချပေးမလဲ ဆိုတာတွေလည်း ပါလာမှာပါ" ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

မန္တလေးနှင့်လားရှိုးတွင် တရားဥပဒေ စိုးမိုးရေးစင်တာများ တည်ဆောက်ရေးသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ရည်မှန်းချက်တွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း၊ ယခုအဆင့်ရောက်ရန် ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ကြရခြင်း ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး နယ်ပယ်တွင် ရှိသူများအား Capacity နှင့် Ethic များမြှင့်တင်ပေးနိုင်ပါက တရားဥပဒေစိုးမိုရေး မဏ္ဍိုင်သည် ယခင်ကထက် ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

"ဒီနေ့အစည်းအဝေးကို မြန်မာနိုင်ငံမှာ Rule of Law Center တွေဖွင့်လှစ်နိုင်ဖို့ ပံ့ပိုးကူညီပေးမယ့် အလှူရှင်တွေလာတယ်။ ဒီနေ့ဆွေးနွေးတာက ၀န်ကြီးဌာနတွေကနေ Rule of Law Center တွေဖွင့်လှစ်နိုင်ဖို့ ပံ့ပိုးကူညီမယ့် အစီအစဉ်တွေ ဆွေးနွေးတယ်။ UNDP ကလည်း သူတို့ကူညီနိုင်တာတွေ ဆွေးနွေးတယ်။ အလှူရှင်တွေကလည်း လှူနိုင်မယ့် ငွေကြေးအခြေအနေကို ဆွေးနွေးတယ်" ဟု ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အစည်းအဝေးသို့  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူးဦးဝင်းမြင့်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်သန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ရဲမှူးချုပ်ဝင်းနိုင်ထွန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ၀ါမောင်တို့ တက်ရောက်ခဲ့ကြသည်။

 

 

Local
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment