Sunday, May 4, 2014

မြန်မာ့သတင်းမီဒီဟာကျင့်ဝတ်အတည်ပြုထုတ်ပြန်

မြန်မာ့သတင်းမီဒီယာကျင့်ဝတ် အတည်ပြု ထုတ်ပြန်
by ပိုင်စိုး
DVBToday, 13:58
မေလ ၃ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ နယ်အသီးသီးက သတင်းစာဆရာတွေ တွေ့ဆုံကြပြီး လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဆွေးနွေးအတည်ပြု ခဲ့ကြပါတယ်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်တဲ့ မေလ ၃ ရက်နေ့မှာ သတင်းမီဒီယာ ကျင့်ဝတ်ကို အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ နိုင်ငံတကာ မီဒီယာပံ့ပိုးရေးအဖွဲ့တို့ပူးပေါင်း ပြုလုပ်တဲ့ ဒီပွဲကို မြန်မာနိုင်ငံ နယ်အသီးသီးက သတင်းစာဆရာတွေ တွေ့ဆုံကြပြီး ကျင့်ဝတ်အကြောင်းကို ဆွေးနွေးခဲ့ကြသလို လိုက်နာပါ့မယ်လို့လည်း လက်မှတ်ရေးထိုးခဲ့ကြတာပါ။

မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ကျင့်ဝတ်ကို လိုက်နာသင့်တဲ့အကြောင်း အခုလို ပြောပါတယ်။

“ကျင့်ဝတ်လိုက်နာရင် နံပတ် ၁ က ကိုယ့်သတင်းမီဒီယာကော တဦးချင်းရော တန်ဖိုးအားဖြင့် မြင့်တက်လာမယ်။ နောက်တခုကတော့ တဖက်မှာ နစ်နာစရာရှိတဲ့သူတွေပေါ့နော်။ နစ်နာစရာရှိသူဆိုတာက ပရိသတ်တွေလည်း ဖြစ်နိုင်တယ်၊ တခါတလေမှာ အရေးသားခံရသူလည်း ဖြစ်နိုင်တယ်။ အများအကျိုးစီးပွားမဟုတ်ပဲနဲ့ တခါတလေမှာ မရည်ရွယ်ပဲနဲ့ နစ်နာသွားတဲ့ ကိစ္စမျိုးတွေ ရှိတယ်။ အဲဒီလိုဟာမျိုးကို သိရှိလာတဲ့အခါမှာ အဲဒါမျိုးကို ရှောင်ရှားနိုင်မယ်ပေါ့နော်။”

ဒီကျင့်ဝတ်တွေကို သတင်းရေးသားသူတွေပါမက မီဒီယာပိုင်ရှင်တွေနဲ့ ထုတ်ဝေသူတွေပါ သိသင့်တယ်လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

မော်ကွန်း သတင်းမဂ္ဂဇင်းရဲ့ အယ်ဒီတာ ကိုဇေယျာလှိုင်ကတော့ သတင်းစာကျင့်ဝတ် ဆိုတာလည်း လူ့ကျင့်ဝတ်ဖြစ်တဲ့အတွက် ဘယ်လိုမဆို လိုက်နာဖို့ လိုတယ်လို့ ပြောပါတယ်။

အဓိက အချက် ၂၇ ချက်ပါတဲ့ သတင်းမီဒီယာ ကျင့်ဝတ်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းက လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်းကို အခြေခံ ရေးဆွဲထားတာ ဖြစ်ပါတယ်။

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment