ရန်ကုန်တဖက်ကမ်းက လက်ပံခွကျေးရွာ
by Aung Htet
မိုးမခ မီဒီယာ - MoeMaKa News & MediaToday, 15:03
ရန်နောင် (ဗိုလ်တထောင်)
မေ ၄၊ ၂၀၁၄
ရန်ကုန်မြို့တဘက်ကမ်းရှိ လက်ပံခွကျေးရွာတွင် သောက်သုံးရေကန်ဆယ်၍ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြောင်း မီဒီယာတချို့တွင် မကြာသေးခင်က ရေးသားခဲ့ကြသည်မှာ နားလည်မှုလွဲခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံတို့က သောကြာနေ့တွင် ပြောသည်။
ကန်တကန် ရေခန်းခြောက်သောအခါ ငါးများကို အခြားကန်ထဲသို့ ပြောင်းရွှေ့ပေးခြင်းသာပြုလုပ်ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးကိုက ပြောသည်။
လက်ပံဂွသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း တည်ရှိပြီး လေးသည် သွားလာရေးခက်ခဲသောကြောင့် ဖွံ့ဖြိုးမှု နည်းခဲ့ရသည်။
အိမ်ခြေ ၁၅၀ ကျော်ရှိသော လက်ပံဂွရွာသည် ရွာသူရွာသားများကျန်းမာရေးအတွက် ရေလမ်းကိုသာအားထားရသဖြင် ပုခက်ပေါ်တွင် သေဆုံးခြင်း၊
လှေပေါ်တွင် သေဆုံးခြင်းများရှိခဲ့သောကြောာင့် မြပုခက် ဟူသောအမည်ဖြင့် နောက်ပြောင်ခံခဲ့ရပြီး ယခုအခါ ဆိပ်ကြီးခနောင်တို တံတားပြီးစီးသွားသည့် အတွက် ဖွံ့ဖြိုးမှု အတန်ငယ် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သောက်သုံးရေကန်ဆယ်၍ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခြင်း မရှိကြောင်း မီဒီယာရှင်းလင်းပွဲတွင် တွေ့ရသည့် လက်ပံခွကျေးရွာ ဒေသခံများ
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment