Sunday, May 4, 2014

ရုရှလိုလားသူ ယူကရိန်းဆန္ဒပြ

ရုရှလိုလားသူ ယူကရိန်းဆန္ဒပြသမားတွေ ဒန်ညက်စမြို့ အစိုးရအဆောက်အဦတချို့ကို သိမ်းပိုက်
by ဒီဗွီဘီ
DVBToday, 13:58
ရာနဲ့ ချီတဲ့ ရုရှလိုလားသူ ဆန္ဒပြသမားတွေက ယူကရိန်းအရှေ့ဘက် ဒန်ညက်စ်မြို့မှာ မေလ ၃ ရက်နေ့က အစိုးရလုံခြုံရေးဌာနချုပ်နဲ့ အုပ်ချုပ်ရေးမှူးရဲ့ စီးပွားရေးဥပစာနေရာတွေကို သိမ်းပိုက်မွှေနှောက်ခဲ့ကြပါတယ်။

တမြို့လုံးက ရုရှလိုလားသူတွေရဲ့ ထိန်းချုပ်မှုအောက် ကျယ်ကျယ်ပြန့်ပြန့် ကျရောက်နေလို့ ၀န်ထမ်းတွေတော့ အဆောက်အဦတွေထဲမှာ ရှိမနေခဲ့ပါဘူး။ ဆန္ဒပြသူတွေက အဆောက်အဦတွေထဲက စာရွက်စာတမ်းတွေရော ယူကရိန်းအလံကိုပါ မီးရှို့ခဲ့ကြပါတယ်။

လူဂန့်စ်မြို့မှာလည်း ရုရှလိုလားသူ လက်နက်ကိုင် ဆန္ဒပြသူတွေက မြို့တွင်း လုံခြုံရေးကို ထိန်းချုပ် ထားလိုက်ပါပြီ။ မေလ ၂ ရက်နေ့ည ၁၁ နာရီကစကပြီး စစ်အုပ်ချုပ်ရေးဥပဒေ စတင် အာဏာသက်ရောက်ပြီး ဒေသခံတွေက အိမ်ထဲမှာပဲ နေကြဖို့ အကြံပေး ထားပြီးပြီလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မေလ ၂ ရက်နေ့ကတော့ အာဂျက်စာမြို့မှာ ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၄၂ ယောက်သေဆုံးခဲ့တာပါ။ ယူကရိန်းအရှေ့ဘက်က လူ ၄၅ သန်းရှိပြီး ပြင်သစ်နိုင်ငံလောက် ကျယ်တဲ့ ဒေသအတွင်း မတည်ငြိမ်မှုတွေ ပိုကျယ်ပြန့်လာမယ့် အလားအလာတွေ ရှိနေပါတယ်။

ယူကရိန်း နိုင်ငံတွင်း ရုရှစကားပြောသူတွေကို ကာကွယ်ရေးအတွက် ကျူးကျော်ဖို့ အခွင့်အရေး ရှိတယ်လို့ ပြောတဲ့ ရုရှအစိုးရကတော့ နယ်စပ်မှာ ထောင်သောင်းချီတဲ့ တပ်တွေ လွှတ်ထားတာပါ။

သေဆုံးမှုတွေအတွက် ယူကရိန်းနဲ့ အနောက်နိုင်ငံက ကျောထောက်နောက်ခံ ပေးနေသူတွေမှာ တာဝန်ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment