မြန်မာ့ မီဒီယာနဲ့ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေ လွှတ်တော်အတည်ပြု
by Koko Zaw
အူရီဒူးမြန်မာနှင့် သက်ဆိုင်သည့် ... - news collectionToday, 22:00
ABC
မြန်မာနိုင်ငံမှာ မီဒီယာဥပဒေနဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေ နှစ်ခုစလုံးကို လွှတ်တော်က အတည်ပြုလိုက်ပြီလို့ သိရပါတယ်။
အဆိုပါ ဥပဒေကို အတည်ပြုလိုက်တဲ့အတွက် မြန်မာ့ သတင်းမီဒီယာ လောကအတွက် လွတ်လပ်မှုတွေ ပိုမိုရရှိလာမယ်လို့ ဥပဒေပြုသူတွေက ပြောဆိုကြပေမယ့် မီဒီယာလုပ်ငန်း မှတ်ပုံတင်တဲ့ ကိစ္စ ကိုတော့ မြန်မာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ လက်ထဲမှာပဲ ဆက်လက် ထားရှိ သေးတယ်လို့ သိရပါတယ်။
ဒါပေမယ့် အခုလို မီဒီယာဥပဒေနဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း ဥပဒေတွေနဲ့ပတ်ပြီးတော့ လွှတ်တော်နှစ်ရပ်အတွင်း သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ရတယ်လို့ မြန်မာအစိုးရပိုင် သတင်းမီဒီယာ ကပြောပါတယ်။
အခုလို လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ဒီဥပဒေဟာ လာမယ့် နှစ်ပတ်အတွင်း အသက်ဝင်လာမှာဖြစ်ပါတယ်။
ဒီဥပဒေတွေကို အတည်ပြုပြဋ္ဌာန်းနိုင်ဖို့အတွက် ဥပဒေကြမ်းကို ပြီးခဲ့တဲ့ အရင်နှစ်ကတည်းက မြန်မာစာနယ်ဇင်းအဖွဲ့က လွှတ်တော်ကို တင်သွင်းထားခဲ့တာဖြစ်ပါတယ်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment