"ရွှေကူနီသို့.......,အလည်တခေါက်....
တညတာအိပ်ခဲ့ရသော ကျန်စစ်သားရဲ
မွေးရပ်မြေပရိမ္မကထီလှိုင်ရှင်းပွဲတော်"
===================
မတ် ၂
ထူးလဲထူးတယ် မူးလဲမူးတယ် တို့ကိုကြီး
ကျော်ဆိုသော ပက္ခူရေစကြို မြို့ရှိ ရွှေကူနီကျေးရွာက ရွှေမုဒ်ဠော
ဘုရားပွဲတော်နဲ့အတူ ပခန်းကိုကြီးကျော်ပွဲ
ကို ကျွန်တော်အမျိုးသမီး ကသွားရန်ခေါ်
သဖြင့် မိသားစုနဲ့အတူ လိုက်ပါသွားခဲ့ပါတယ် လမ်းမှတညအိမ်မယ် ကျွန်မတို့ ကျန်စစ်သားမွေးဖွားခဲ့သောရွာ ပရိမ္မပါ
ဒီလိုနဲ့ဘဲ ကျွန်တော်မိန်မရဲ့ မွေးဠာနီး အညာရပ်ကို သူမိဘများအမျိုးများနှင် ဒိုင်နာကားတစီးအပြည် လူအယောက် ၃၀
အားလုံးကအမျိုးကြည်ပါ ဒီလိုလမ်းကြမ်း
ကြမ်း ကားကြမ်းကြမ်းရဲ ကားခေါင်မိုးပေါ်
မှကျွန်တော်နေရာပါတယ် မန္တလေးမြို့မှစ
တင်ထွက်ခွာပြီးဆိုတာနဲ့ ဆောင်အကူး
နွေအစဖြစ်နေသောတပေါင်လ၏နေအပူ
ရှိန်နဲ့အတူ ပူပြင်သောနေရောင်အောက်မှ
ဖြက်သန်းမောင်းနှင်းလာသော ကားနဲ့အတူ
အညာဒေသ၏ထနောင်းရိတ်အပင်များ
ဒန်းပင်းတန်းများ တမာရိတ်တန်းများကို
ဖြက်သန်းလာခါ မြောင်မြို့ရှိ ကျောက်နဂါး
ကျောက်ကလေးရှိသောနေရာတွင်နံနက်
စာထမင်းထုတ်များကိုချခါ မိသားစုတတွေ
စားသောက်ခဲ့ကြပါတယ် အဆိုပါဘုရား
တွင် မိနှစ် ၄၀ ခန်နားပြီး ပရိမ္မကျေးရွာရှိ
ထိလှိုင်ရှင်းဘုရားပွဲတော်သို့ ရောက်ရှိခဲပါ
တယ် ဒီဘုရားပွဲတော်မှလည်း ထီးဖြူဆောင်နတ်ပွဲကျင်ပနေတာနဲ့ဆုံပါတယ် နတ်ပွဲအတွင်းမိသားစုနဲ့အတူသွားရောက်ခဲပြီး ကျန်စစ်သားမင်းကြီးတည်ထားခဲသော
အရိတ်မထွက်ဘုရား အရိနမာဘုရား
ထီးလှိုင်ရှင်ဘုရားများဖူးမြှော်ပြီး ပရိမ္မကျွန်း
သီရိဇေယျာကျေးရွာသို တညတာအိပ်ဆက်ရန် ကျွန်တော်မိန်မ၏
အဒေါ်အိမ်ကိုရောက်ရှိခဲ့ပါတော့တယ်
"ကျန်စစ်သားမွေးဖွားပေးခဲ့သောပုဂံရာဇဝန်
သမိုင်တွေအရ ပြောရရင်တော့ ရှေးယခင်
ဘုရင်များဟာ ပြည်သူလူထုကို"
လှည့်စားရာမှဗုဒ္ဓဘာသာသသာနာကို ရှေ့
ကထားပြီး ဘုရားပွဲတော်တွေကိုပျော်ပွဲအဖြစ်ကျင်ပလာနိုင်ခဲတာဟာ ဟိုပုဂံခေတ်ကထဲ့ကနေ
ယနေအချိန်အထိ အများပြည်သူကိုဖမ်းစား
နိုင်ခဲ့တယ်လိုတွေ့မြင်ရပါတယ်"
ကျွန်တော်တို့မြန်မာနိုင်ငံမှ နတ်ပွဲရယ်လို
ကျင်ပပေးသောပွဲကြီးသိသန့်မရှိပါဘူး
ဥပမာ ပြောရရင်တော့ အများသိတဲ့
မင်းနှစ်ပါးတောင်းပြုံးပွဲတော်ဟာ စွယ်တော်
မြတ်စေတီဘုရားပွဲ ဖြစ်ပြီးလမယ်တော်ရွှေ
ပုပ္ပားရဲနတ်ပွဲဟာ ရတနာဂူဘုရားပွဲတော်
အခုကျွန်တော်တညအိပ်သောပရိမ္မ ထီးဖြူ
ဆောင်းနတ်ပွဲဟာ ထီးလှိုင်ရှင်းနတ်ပွဲ
ပခန်းကိုကြီးကျော်နတ်ပွဲဟာ ရွှေကူနီဘုရား
ပွဲတော်အစရှိသည့် ဘုရားပွဲတော်တွေနဲ့အ
တူ ထူးခြားစွာအများပြည်သူကိုလှည့်စား
ထားသော ရိုးရာနတ်ပွဲတော်များလိုတွေ့မြင်
ရပါတယ် ဒီလိုအတွေးတွေနဲအတူ နံနက်
အိပ်ယာကထပြီးဆိုတာနဲ့ မြန်မာနိုင်ငံရဲ
ပွဲဦးမင်း ပွဲလယ်မင်း ပွဲသိမ်းမင်းဆိုသော
ကျော်လေးကျော်ထဲက ပခန်းကိုကြီးကျော်
ရဲရွှေကူနီဘုရားပွဲတော်ဖြစ်တဲ့ ရေစကြိုမြို့
ပက္ခူကို ပရိမ္မကျေးရွာမှစတင်ထွက်ခွာခဲ့
ပါတော့တယ်
ထူးခြားကတော့ ပရိမ္မ ထီးလှိုင်ရှင်းဘုရားပွဲ
နဲ ထီးဖြူဆောင်နတ်ပွဲကျင်ပတာနဲ့ ကိုကြီး
ကျော်နတ်ပွဲ ရွှေကူနီမြတ်စွာဘုရားပွဲတော်
ကျင်ပသည့်နေ့မှတရက်တည်းဖြစ်ပါတယ်
နှစ်စဉ် တပေါင်းလ္ဆန်း ၉ ရက်နေ့မှတပေါင်လပြည့်နေ့အထိကျင်ပခဲ့
ပါတယ် ရိုးရာနတ်ပွဲတွေကတော့ရှေးယ္ခင်
ဘုရင်မင်းမြတ်များမှလက်ထက်ကကျင်ပ
လာတယ်လိုသိရပါတယ် ဒါတွေသေခြာကြ
ည့်မယ်ဆိုရင်တော့ မြန်မာလူမျိုးတွေဟာ
ရိုးရာအစွဲတွေကိုယနေ့တိုင်ယုံကြည်နေတာ
တွေ့ရတယ် ဒီလိုတွေဖြစ်အောင်လုပ်ပေးနိုင်
ခဲ့သော ပုဂံမင်းတွေရဲအစွမ်းဟာ ယနေ့ထိ
တည်ရှိနေသေတာဟာ ဘုရင်မင်းတရား
အစွမ်းကိုဖော်ပြခွင့်ရှိနေအောင်လုပ်သွား
တာတွေဆိုရင်မမှားပါဘူး ယနေ့ခေတ်မြန်
မာနိုင်ငံကိုအုပ်ချုပ်သောဘုရင်တွေဟာ
ဒီနေ မြန်မာပြည်သူကို သူတို့သေသောအခါ
သူတို့ရဲ့ ရှေးယ္ခင်ဘုရင်များ ချံထားခဲ့သော
ရိုးရာနတ်ပွဲလောက် ဖန်တီပေးနိုင်ခဲ့ရင်
မြန်မာနိုင်ငံတော်သမ္မတကြီး လက်ထက်မှ
လုပ်ပေးသွားတာဟု သမိုင်မော်ကွန်းတင်
စေလိုပါတယ် အခုကျွန်တော်တို့မိသားစု
ရောက်ရှိသွားသော နေရာသမိုင်မော်ကွန်း
များဟာပုဂံခေတ်ကအထောက်အထားသမိုင်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံရဲသမိုင်မှတော့
လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းရှိတယ်လိုပြောရင်မှားသလားဗျာ
ကျွန်တော်တို့မိသားစုဟာ ပရိမ္မထီးလှိုင်ရှင်း
ဘုရာမှတနာရီခန့် ကားဖြင့်မောင်းနှင်းခဲရာ လမ်းခရီးတ
လျှောက်မှတော့ အညာဒေအလှူခံ
များကဒေသထွက်မုန်ပဲစုတ် ထနောင်ရွက်သုတ် လက္ဘက်သုတ်
ဒန်ရေများတိုက်ပြီးအလှူများလမ်း
တွင်တွေ့ရသည်
ဆင်ဖြူတံတားသို့ရောက်ရှိခဲပြီး မကွေးတိုင်းအတွင်းထဲ့သိုစတင်ဝင်ရောက်ခဲ့ပါတယ်
တံတားဖြက်ပြီးတောင်ထဲသိုတစ်နာရီခန့်
ဆက်မောင်းလာရာ ရေစကြိုးမြို့ ပခန်းလေး
ပခန်းကြီးမှတဆင့်စက်လှေဖြင့်
ရွှေကူနီကျေးရွာ ကိုကြီး
ကျော်ပွဲတော်ကြီးကိုရောက်ရှိခဲ့ပါတော့တယ် အမြို့မြို့အနယ်နယ်ကလာရောက်ကြ
သော သူများဖြစ်စည်ကားသိုက်မြိုက်စွာ
ကျင်ပနေသောပွဲတော်ကြီးကိုရောက်တနဲ့
ပွဲဦးအစရယ် ပွဲလယ်ကျော်ကျော် ပွဲသိမ်း
မင်းလိုခေါ် ဘဘကျော် ဘရဏီအရက်ပုလင်နဲ့ ကြက်သားကြက်
ကျော် စုံ ပါသနော် ကိုကြီးကျော်
နယ်တိုင်းမှနော်ကိုကြီးကျော်ကိုတကြသနော် မြို့တိုင်းမှနော် ဘဘကျော်ကိုတကြသနော် ကျော်ကျော်
တို့ကိုကြီးကျော်အစရှိသောနတ်သီချင်သံများကို နားထဲဝင်ရောက်လာပါတော့တယ်
အရက်သမားနတ်ပွဲမို့လားမသိဘူး
အရက်သမားအများဆုံးထိုင်သော
ဘီယာဆိုင်တွေမှတော့လူပြည့်နေသ
ဖြင့် နောက်လူဝင်ဖို့နေရာမှရိဖြစ်နေ
တာတွေ တွေ့ရတယ် ရွှေကူနီနန်း
ပေါ်တွင် အရက်ပုလင်းနဲ့ ကြက်နှစ်
ကောင်လာရောက်ဆက်သသူများ
ကို လူငယ်တချို့က အရက်ပုလင်း
များကိုလုယူခြင်း အပျော်သဘေား
အုပ်စုလိုက်လုပ်နေတာတွေ ပြီတော့
ပွဲတော်ဈေးတန်းမဝင်ခင်လမ်းတွေ
မှဆုတောင်းသားများကလေးများ
လိုက်လံတောင်းသူများစွာကိုလဲ
တွေခဲ့ရတယ် ချင်းတွင်းမြစ်ရေပြင်
ကြီးရဲ့အလှ သာဘာဝမြင်ကွင်များ
ရွှေကူနီကျေးရွာ ကိုကြီးကျော်ပွဲတော်ကို ရောက်လာ
သူများက နွားလှည့်များဖြင့်စီကာ
ရွှေမုဒ်ဠောဘုရားအခြေအထိသွား
လာနေသူများနှင့်အပြန်ခရီမှတော့
ချောင်ဦးမကွေးလမ်းကြီးပေါ်က
ဆင်ဖြူရှင်တံတားကိုဖြက်ခါ ချောင်ဦးလမ်းမှ မန္တလေးပြန်လာခဲ
ပါတော့တယ် ဒီလိုနဲ့ဘဲ
မကွေးတိုင်းဒေသကြီး ပက္ခူမြို့နယ်
ပခန်းကြီးပခန်းငယ်မှတဆင့်
ရွှေကူနီကျေးရွာအလည်းတခေါက်
သွားရာလမ်းက ကျန်စစ်သား၏
မွေးရာမြေဖြစ်တဲ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်
မြောင်မြို့နယ်က ပရိမ္မကျေးရွာ
သီရိဇေယျာပရိမ္မကျွန်းကိုအလည်
တခေါက် တညအိပ် နှစ်ရက်ခရီးပြီး
ဆုံးခဲ့ပါတော့တယ်ဗျား ..,.,
ဆက်လက်ကြိုးစားပါအုံးမည်
ရဲလင်းအောင်(OrientalNews)
Tuesday, March 3, 2015
ခရီသွားဆောင်ပါး
ဒီလိုလည်းအရေးယူလိုရတယ်
ပိုလီယိုကာကွယ်ဆေးထိုးရန် ငြင်းဆန်သည့် ကလေးမိဘများကို ပါကစ္စတန်ရဲ ဖမ်း
by ဒီဗွီဘီDVB | DVBToday, 10:32 AMပါကစ္စတန်အာဏာပိုင်တွေက ကလေးတွေကို ပိုလီယိုကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့ ရာနဲ့ချီတဲ့ ကလေးမိဘတွေကို ဖမ်းခဲ့တယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က ပြောပါတယ်။တာလီဘန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းတွေထဲကတခုမှာ ပိုလီယိုကင်းစင်ရေး အားထုတ် မှုတွေကို လူ့အဖွဲ့အစည်းက အတိုက်အခံ လုပ်နေသလို တာလီဘန်ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ပါကစ္စတန် အနောက်မြောက်ပိုင်းက ခီဘာဒေသ ကျန်းမာရေး ညွှန်မှူးက သြဇာရှိတဲ့ တချို့ ဗလီဆရာတွေဟာ အစိုးရရဲ့ ကာကွယ်ဆေးထိုး လှုပ်ရှားမှုတွေဟာ အစ္စလာမ်ဘာသာကို အားနည်းအောင် လုပ်တဲ့နည်းလို့ ပြောဆို ရှုတ်ချခဲ့ကြလို့ မိဘတွေကို ကိုင်တွယ်ဖို့ ရဲတွေသုံးခဲ့ရတယ်လို့ ပြောပါတယ်။ပက်ရှ်ဝါပြည်နယ်တခုတည်းမှာ ပိုလီယို ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူ အယောက် ၁၄၀၀၀ ကျော်ခဲ့တယ်လို့ အစိုးရအရာရှိတဦးက ပြောပါတယ်။ငြင်းဆန်တဲ့ မိဘ အယောက် ၁၀၀၀ ကျော်အတွက် ဖမ်းဝရမ်း ထုတ်ပြီးပြီလို့ လက်ထောက်ကော်မရှင်နာမင်းကြီး အယ်လ်တာ့ဖ် ဟတ်စိန်က ပြောပါတယ်။ကမ္ဘာတလွှား ပိုလီယိုတိုက်ဖျက်ရေးအဖွဲ့ မှတ်တမ်းတင်ချက်အရ မနှစ်က ကူးစက်ခံရသူ ၃၅၉ ယောက်ရှိရာမှာ ပါကစ္စတန်မှာ ၂၀၆ ယောက် ရှိနေခဲ့ပါတယ်။ဓာတ်ပုံ – ရိုက်တာThe postပိုလီယိုကာကွယ်ဆေးထိုးရန် ငြင်းဆန်သည့် ကလေးမိဘများကို ပါကစ္စတန်ရဲ ဖမ်းappeared first onDVB.CommentsVisit website
တောရိုင်ဥပဒေ
တောရိုင်း တိရိစ္ဆာန်စောင့်ရှောက်ရေး TRAFFIC အဖွဲ့၏ ဆု ဧရာဝတီ သတင်းထောက် ရရှိ
by HeavyrainဧရာဝတီToday, 12:21 PMမနေ့က ကျရောက်သည့် ကမ္ဘာ့သားရိုင်းတိရိစ္ဆာန်များနေ့ ကို ရန်ကုန်မြို့ ဗြိတိသျှသံရုံးတွင် ကျင်းပရာ ဗြိတိန်အခြေစိုက် TRAFFIC အဖွှဲ၏ “သားရိုင်းတိရိစ္ဆာန်များ တရားမဝင်ကုန်သွယ်ခြင်းကို နှိမ်နင်းခြင်းဖြင့် မြန်မာနိုင်ငံမှ ဇီဝမျိုး ကွဲများနှင့် သဘာဝပတ်ဝန်းကျင်အား ကာကွယ်စောင့်ရှောက်ခြင်း” အစီအစဉ်၌ ဧရာဝတီသတင်းဌာနမှ သတင်းထောက် စနေလင်း ၏ လုံခြုံမှုမရှိတဲ့ တောရိုင်းဆင်များ ဆောင်းပါးက ပထမဆု ရရှိခဲ့ပြီး၊ ဒုတိယဆုကို 7 Day Newsမှ ကိုဇေနွေထွန်းနှင့် မခိုင်ခိုင်စိုးတို့၏ ဘာကောင်စားမလဲကြိုက်တာပြော ၊ တတိယဆုကို Myanmar Times မအေးစံပါယ်ဖြူ နှင့် မမြင့်ကေသီတို့၏ တောရိုင်းတိရိစ္ဆာန်ထွက် ပစ္စည်းတွေဟာ အိမ်အပြန်လက်ဆောင်တွေလား စသည့် ဆောင်းပါးများက ဆုအသီးသီးရရှိခဲ့သည်။ ပထမဆုရှင် ကိုထက်လင်းအား အိန္ဒိယနိုင်ငံရှိ Kaziranga အမျိုးသားဥယျာဉ်တွင် တရားမဝင် ကုန်သွယ်ခံရသော သားရိုင်းတိရိစ္ဆာန်များအား ထိန်းသိမ်းစောင့်ရှောက်မှုကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း သတင်းရသည်။The post တောရိုင်း တိရိစ္ဆာန်စောင့်ရှောက်ရေး TRAFFIC အဖွဲ့၏ ဆု ဧရာဝတီ သတင်းထောက် ရရှိappeared first on ဧရာဝတီ.CommentsVisit website
Saturday, February 21, 2015
မိုးကုတ်သတင်း
"မိုးကုတ်မြို့ရှိမှန်ကြီးမကွဲစေရေးကျောက်မျက်စီမံကိန်အဆောင်အဦးများမဆောက်လုပ်ရန်ဒေသခံများနှစ်ဖွဲ့ခွဲ၍ဒုတိယအကြိမ်
ဆန္ဒဖော်ထုတ်တောင်ဆိုပွဲကြီးပြုလုပ်"
= = = = = =
မန္တလေး ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်
မိုးကုတ်မြို့ မြို့မရပ် မြို့လယ်အင်းအတွင်းရှိ
(မုံကွင်း)နှင့်ပါက်သက်၍ တည်ဆောက်မည် ကျောက်မျက်ရတနာ
လုပ်ငန်းရှင်များအသင်းရုံး(မိုးကုတ်)အပါဝင် အခြားသောစီမံကိန်းများ အဆောက်အဦ
းများမဆောက်လုပ်ရန်အတွက်မိုးကုတ်မြို့
ဒေသခံများနှင့်မိုးကုတ်မြို့နယ်အသင်း(ရန်ကုန်)မိုးကုတ်မြို့ရှမ်းတိုင်းရင်းသားများဒီမိုက
ရေစီအဖွဲ့ချုပ်(SNLD) ပိတ်စွယ်ဘုံဆွမ်းလောင်းအသင်းရှောလီဝိုင်းရပ်(မိုးကုတ်)တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(မိုးကုတ်)ဂေါ်တခါးတိုင်းရင်းသားများအဖွဲ့ မန္တလေးစိမ်းရောင်စို့မန္တလေး
ရင်သွေးသစ်မိဘမေတ္တာတေသီအဖွဲ့မိုးကုတ် ကျက်ပြင်မိုးကုတ်လူငယ်ကွန်ယက်
လီဆူဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့
၈၈ပွင့်လင်းလူအဖွဲ့အစည်းမိုးကုတ်အဖွဲ့
မြန်မာနိုင်ငံကုန်ဈေးနှုံန်းကျဆင်းရေးအဖွဲ့
(MDCF)မန္တလေး အထက်မြန်မာပြည်တောင်သူလယ်သမားအလုပ်သမားကူညီချတ်ဆက်ပေးနေသော
မန္တလေး(FNI)
ငါးရံ့အင်းအခြေခံအလုပ်သမားများအဖွဲ့
(မိုးကုတ်)အဝေးရောက်မိုးကုတ်သူမိုးကုတ်
သားများနှင့်မန္တလေးတိုင်းအတွင်းကနိုင်ငံရေးတက်ကြွလုပ်ရှားသူများအဖွဲ့များပူပေါင်း
ပြီး ယဉ်ကျေးမှုအမွေနှစ်ထိမ်းသိမ်းရေးအဖွဲ့
ကဦးဆောင်ပြီးအင်အား( ၇၀၀၀ ) ကျော်ဖြင့်(မုံကွင်း)အတွင်းကစီးမံကိန်ဖျက်
သိမ်းပေးရန်ဒုတိယအကြိမ်မိုးကုတ်မြို့အတွင်းနှစ်ဖွဲ့ခွဲ၍ဖေဖော်ဝါရီလ ၂၁ရက်နေ့ နေ့၁၂
နာအချိန်မှညနေ ၃ နာရီအချိန်ထိဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဦးလေးက မိုးကုတ်မြို့နယ်အသင်း(ရန်ကုန်)
ကအသင်း၏အတွင်းရေးမှူးဦးသန်ဝင်းပါ
အခု(မုံကွင်း)အတွင်းတည်ဆောက်မည်စီမံ
ကိန်ကိုဆန္ဒပြတောင်ဆိုဖိုအတွက်ရန်ကုန်
ကနေလာခဲ့တာပါ အသင်း၏ကိုယ်စားလာ
တာပါ ကျောက်မျက်အသင်းရုံးဆောက်တာကိုကန့်
ကွက်ဖို့လာတာမဟုတ်ပါဘူး ဒီမုံကွင်းအတွင်းမဆောက်ဖို့ဘဲဖြစ်ပါတယ်
ဘာပြုလိုဆိုရင် ဦးလေးတို့မိုးကုတ်မြို့ဟာ
အဖိုးတန် ပတ္တမြား နီလာ အစရှိသော
ကျောက်မျက်ရတနာများထွက်ရှိရာဒေသ
(RupyLand)အဖြစ်တစ်ကမ္ဘာလုံးက အသိ
အမှတ်ပြုရသော မြို့တစ်မြို့ဖြစ်တယ် ၁၉၂၅
ခုနှစ်ကတည်းကပေါ်ထွန်းခဲ့သောမိုးကုတ်မြို့
မြို့လယ်အင်းကြီးကို မိုးကုတ်မြို့၏အထင်က
ရ အမှတ်သင်္ကေတအဖြစ် ကမ္ဘာကပါအသိ
အမှတ်ပြုရနေရာ ထိုမြို့လယ်အင်းကြီး
စတင်ပေါ်ထွန်းခဲ့စဉ်မှစ၍ ယနေ့တိုင် မိုးကုတ်မြို့သူ မြို့သားတို့၏အသည်းနှစ်လုံး
အဖြစ်တည်ရှိနေခဲ့တာပါ
တဖန်ပြောရရင်တော့" ဘီးတောင်"ကို"ဘီး"
(ပတ္တမြားတောင်)အခုစီမံကိန်တည်ဆောက်မဲ့နေရာ မြို့လယ်အင်းကြီးကို "မှန်"အဖြစ်
တင်စားခေါ်ခဲ့ကြတာ" ဘီးနှင့်မှန်" တင့်တင့်
တယ်တယ်နှစ်ပေါင်းများစွာ မြို့ကျက်သရေ
ကိုဆောင်လာခဲ့တာ ၁၉၇၅ ခုနှစ်ကရေနီချောင်းကျိုးပေါက်ခဲ့ပြီး သဲမှုန်များဖုန်းလွှမ်းသွားရာမှ အင်းကြီး၏
တစ်စိတ်တစ်ဒေသမြေပြင်ဖြစ်ခဲ့ရပါတယ်
၁၉၇၆ ခုနှစ်တွင် ဒုတိယအကြိမ်ထပ်မံကျိုး
ပေါက်ခဲ့ပြီး ယနေ့မြင်တွေရသော မြေပြင်
အဖြစ်ရောက်ရှိသွားစဉ်အချိန်အခါက "မှန်ကွဲသွားပြီး" ဟုယူဆကြတယ် တစ်မြို့
နယ်လုံး ဝမ်းနည်းပူဆွေးသောကဖြစ်ခဲ့ကြ
ရပါတယ် မိုးကုတ်မြို့သူ မြို့သားများအနေနှင့် မိုးကုတ်မြို့၏ အလယ်
တွင် တင့်တယ်လှပကျက်သရေရှိစွာ တည်
ရှိနေသော အင်းကြီး၏တစ်စိတ်တစ်ပိုင်တွင်
ဖြစ်ပေါ်နေသော မြေများကိုပင် ယခင်ကတည်ရှိခဲ့သည့်အတိုင်း ရေအင်းကြီးအဖြစ်ပြန်လည်တူးဖေါ် ပြုပြင်
ထိန်းသိမ်းသွားရန်စီစဉ်ဆောင်ရွက်သင့်ပါ
တယ် ဒါဟာ အားလုံးရဲဆန္ဒဖြစ်ပါတယ်ဟု
မိုးကုတ်မြို့နယ်အသင်း(ရန်ကုန်)ကအတွင်း
ရေးမှူးဖြစ်သူဦးသန်ဝင်းက မိမိအသင်း၏
ကိုယ်းစား မိုးကုတ်သူမိုးကုတ်သားတို့၏
ကိုယ်စားOrientalNewsသတင်းဂျာနယ်ကို
ပြောသည်။
ကျွန်တော်တို့မိုးကုတ်သူ မိုးကုတ်သားတွေ
ဘဝက ကျောက်မျက်ရတနာထွက်သော
မြေဆိုပေမဲ့ တခြားဒေသကိုသွားပြီးအလုပ်
လုပ်နေရတာ မိုးကုတ်ကျောက်ကိုမိုးကုတ်
သားများခံစားခွင်မရှိဘူး ဒါတွေကိုလူတိုင်
သိတယ် ကိုယ်ဟာကိုရှာပြီးလုပ်စားလိုရ
တယ် အခုဟာက မြို့ရဲသင်္ကေတဖြစ်တဲ့
ဒီအင်းကြီးဟာ အခုဆိုရင် ရေတွေကမကောင်းသလို သဘာဝပက်ဝန်
ကျင်တခုလုံးဆုံးရှုံးရမဲ့ အနေအထားဖြစ်နေ
ပါတယ် ဒါကြောင့်ပထမအကြိမ်ဇန်နဝါရီလ
၁၁ ရက်နေ့က မိုးကုတ်စိမ်းလန်းအဖွဲ့က
နေဦးစီးပြီး လူအင်အား ၁၀၀၀ ကျော်ဖြင့်
ဆန္ဒဖော်ထုတ်ခဲ့ပါတယ် အဲဒီတုံးက ပနက်
ရိုက်တာနေရာရှင်းလင်းတာတွေရပ်သွားပါ
တယ် အခုသူတို့ကစီမံကိန်ကိုဆက်လက်
အကောင်းအထည်ဖေါ်နေသဖြင့် အခုဒုတိ
ယအကြိမ်ဆန္ဒဖော်ထုတ်တာဟုမိုးကုတ်စိမ်း
လန်းအဖွဲ့မှကိုရဲအောင်ကOrientalNews
ကိုပြောသည်။
အဆိုကိစ္စများနှင့်ပါက်သက်၍မိုးကုတ်မြို့
ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံးသို
သွားရောက်မေးမြန်ခဲရာ နိုင်ငံတော်ရဲခွင့်ပြု
ချက်နဲ့ဒီအဆောက်ဦးကိုဆောက်တာဖြစ်ပါ
တယ် ကိုယ်သဘောနဲ့ကိုဆောက်တာမဟုတ်ပါဘူး ဘယ်သူတွေဆန္ဒဖော်ထုတ်ထုတ်အမြန်ဆုံး
ပြီးအောင်တည်ဆောက်မှဖြစ်ပါတယ်
ဒီအဆောက်ဦးတည်ဆောက်တာဟာ
မိုးကုတ်ဒေသခံတွေအတွက် နိုင်ငံတော်က
ကျောက်မျက်အသင်းရုံးတည်ဆောက်ရန်
သိန် ၆၀၀၀ ထောက်ပံပေးထားတာဖြစ်တဲ့
အတွက်ဘယ်လိုအတားဆီးတွေရှိရှိဆောင်
ရွက်သွားမည်ဟု ကျောက်မျင်လုပ်ငန်းရှင်
များအသင်း၏နာယက တည်ဆောက်ရေး
ဥက္ကဋ္ဌဦးလှအောင်ကOrientalNewsကိုပြောသည်။
မိုးကုတ်ဒေသခံအင်အား၁၀၀၀၀ ကျော်နှစ်
ဖွဲ့ခွဲပြီးဆန္ဒဖော်မှုကြီးမှ အမှတ်(၁)အဖွဲ့
ဖေါင်တော်ဦးဘုရားတွင်စုရပ်ပြုလုပ်ပြီး
အမှတ်အဖွဲ့က ထာပွဲကျောက်ဈေးမှစုရပ်
ပြုလုပ်ပြီး အဖွဲ့နှစ်ဖွဲ့ဟာနေ့ ၁၂ နာရီအချိန်
စတင်ထွက်လာပြီး မိုးကုတ်မြို့လယ် ကျောက်တိုင်တွင်နှစ်ဖွဲဆုံစည်းပြီး နှစ်ဖွဲ့ပေါင်ကာ မုံကွင်းအတွင်းကိုဝင်ကာ
လူထုသဘောထားခံယူပွဲ ဟောပြောပွဲများ
ကျင်ပပြုလုပ်အပြီး ယာယီထိုင်သပိတ်အဖြစ်ဆက်၍မြေနေရာ
ထူးခြားမှုမရှိမချင်းထိုင်မည်ဟုဆန္ဒဖော်ထုတ်မျာကOrientalNewsကိုပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲကိုခွင်ပြုမိန်တ်ာသော်လည်းမပေးသဖြင့် ဒေသခံတွေက
အကြောင်းကြားစားပိုပြီးပြတာဖြစ်ပါတယ်
အရေးယူဖိုမယူဖိုဆိုတာကျွန်တော်အနေနဲ့
အထက်ကိုတင်ပြအုံးမှဖြစ်ပါတယ်
အခုတိုင်ဆို ကျွန်တော်တို့အနေနဲအရေးယူ
ဖိုမရှိပါဘူးလိုမိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဥက္ကာနှင့်ရဲမှူး ဦးကျော်ဝင်းတို့ကOrientalNewsကိုဖြေကြားခဲသည်။
ကျွန်တော်တို့အခုလိုဆန္ဒပြတောင်ဆိုတယ်
ဆိုတာ ကျွန်တော်တို့အတွက်မဟုတ်ပါဘူး
နောက်လာနောက်သားတွေ ကျွန်ဆတာ်
တို့လိုကျောက်မျက်လုပ်ငန်းဖန်ပြပြီး
ဒေသခံတွေလုပ်စားခွင်မရှိအောင် ကလေးကစားကွင်နေရာမရှိအောင် လုပ်စားစရာနေရမရှိအောင်အမျိုးမျိုးဒုက္ခပေးတတွေမခံရအောင် ဒီမြေပြန်မမချင်းဆင်၍တိုက်ပွဲဝင်သွားမှဖြစ်
ပါတယ် သူတို့ဘက်က အကြောင်းပြန်ချက်
တခုတခုမပေးသေ၍ထိုင်သပိတ်ကိုယနေ့
ကစတင်၍လုပ်သွားမှဟုမိုးကုတ်ဒေခံ
၈၈ပွင့်လင်းလူအဖွဲ့အစည်းမှကိုစိုးဋ္ဌေးက
Oriental Newsကိုပြောသည်။
မိုးကုတ်မြို့၏ သဘာဝပက်ဝန်းကျင်ကိုမြို့သူ
မြို့သားအားလုံးမှထိန်းသိမ်းကြ။
သမိုင်းဝင်နေရာ မုံကွင်းအတွင်းမှ စီမံကိန်း
အဆောက်အဦးများချက်ချင်းရွှေ့။
ဟုသောဗီနိုင်ဆိုင်ဘုတ်များကိုင်ဆောင်ကား အဆိုပါအချက်နှစ်ချက်ကိုတောင်ဆိုမှုဟစ်ကြွေးသံများဖြစ်ဆန္ဒဖော်ထုတ်ခဲကြသည်။
Monday, February 16, 2015
စစ်ပွဲကိုတရုတ်နှစ်သစ်ရပ်လိပ်မယ်မယုံရင်ကြည်ထား
"ပြည်တွင်းစစ်ပွဲလားပြည်ပစစ်ပွဲလား
မြန်မာပြည်သားမျာ ဝိုတို့ဝါးဒါး လောက်ကိုင်
စစ်ပွဲရပ် ကိုးကန့်ဒေသ ဘာတွေဖြစ်နေ"
=======================
မန္တလေးကို လောက်ကိုင်ဒေသကစစ်ဘေး
ရှောင်ဒုက္ခသည်တွေ ရောက်လာပါတယ်
ဆိုရင်စရာ ဒဏ်ရာရလာသူတယောက်မှ
မတွေ့ ရဘူး တရုတ်နဲ့မြန်မာဟာ ရှေးယခင်
ဘုရင်မင်းများလက်ထက်ထဲ့က စစ်တိုက်ခဲ့
တယ်လိုကြားဘူးပါတယ် အနော်ရထာမင်း
ကြီးလက်ထက်က တရုတ်ပြည်ထဲအထိ
စစ်တိုက်ထွက်ခဲ့တယ်လိုကြားဘူးပါတယ်
အခုစစ်ပွဲက မြန်မာထဲမှာဖြစ်ပွာတာဆိုတော့
ကိုးကန့်တွေကိုအထူးဒေသ(၁)အဖြစ်မြန်မာနိုင်ငံမှာပထမဆုံး ငြိမ်းချမ်းရေးပေးခဲတာ
တိုင်းရင်းသားနက်နက်ကိုင်တွေကို နောက်
ဆုံးထားပြီး ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့တာ
အခုလို တိုက်ပွဲတွေဖြစ်နေတော့ တိုင်းရင်း
သားတွေကဘဲတိုက်နေသလို တရုတ်ကဘဲ
တိုက်နေသလို မြန်မာနိုင်ငံအတွင်းဖြစ်ပွား
နေသော စစ်ပွဲကြီးဟာ ပြည်တွင်းစစ်လား
ပြည်ပစစ်လား မဝေခွဲတက်အောင်ဖြစ်လာ
ပါတယ် ကျောင်းသားတွေသပိတ်စစ်ကြောင်းက
မပြီးသေဘူး စစ်ပွဲကစပြီးတိုက်နေပြီး
မြန်မာတပ်မတော်ဘက်ကတိုက်ပွဲဝင်စစ်သားတွေလဲ ကျဆုံးခဲရပါတယ် ဒါတွေဟာ
မြန်မာနိုင်ငံအနေနဲ့ မဖြစ်သင့်သောကာလ
တစ်ခုပါ စစ်သားတွေလည်း ပြည်သူတွေဘဲ
တိုင်ပြည်အတွက် နိုင်ငံအတွက်အသက်ပေးတာမတန်ဘူး
ဘာကြောင့်လဲ ဆိုတော့ အထူးဒေသ(၁)
ဟာ မြန်မာတပ်မတော်ကပေးထားသော
ကိုးကန့်အဖွဲ့ ဖြစ်နေလိုဘဲ မြန်မာနိုင်ငံကို
တရုတ်စီးပွားရေးနိုင်ငံအဖြစ်လုပ်ပေးခဲတာ
ကိုးကန်တွေဘဲ တရုတ်မြန်မာချစ်ကြည်ရေး
စာချုပ်တွေ အများကြီး ထိုးထားခဲဘူးပါတယ် မြန်မာပြည်ဆူပူမှုဖြစ်
ပွားလာအောင် တရုတ်က အားပေးနေတာ
လား ဘာကြောင့် မြန်မာပြည်တွင်းဖြစ်ပွား
လာသည့် ကိုးကန်အထူးဒေသ(၁)ကိုမတား
ပေးလဲ မထိမ်းပေးလည် မြန်မာပြည်က
ရှိသမျှသယံဇတကို တရုတ်နိုင်ငံသယ်ပြီး
မြန်မာပြည်သူများကိုသတေးပြီး နိုင်ငံရေး
အမြတ်ထုတ်နေတာလား မြန်မာနိုင်ငံမှ
တရုတ်ကုမ္ပဏီအဆုရှယ်ယာအများကြီးပိုင်
ထားပါလျှက် အိမ်နီးချင်းနိုင်ငံအတွက်
ဘာကူညီမှုမပေးဘဲ စစ်ပွဲကြီးဖန်တီပေးနေ
တာလား နိုင်ငံပဋိပက္ခဖြစ်လာအောင်မလုပ်သင်ဘူး
တရုတ်နောက်ခံမရှိဘဲနဲ့ ကိုးကန်တွေမြန်မာ
ပြည်မတိုက်ရဲဘူး အထိနာတာက မြန်မာ
တပ်မတော်သားပြည်သူတွေရဲရင်သွေးစစ်
သားတွေ တိုင်းရင်းသားလက်နက်ကိုင်
ဟန်ဆောင်ပြီး မြန်မာတွေကိုသတ်ခံနေရ
တာ မယုံရင်ကြည့်ပါ ဒီစစ်ပွဲ တရုတ်နှစ်သစ်
ကူးနားသွားမှပါ ဘာကြောင့်လဲဆိုတော့
တိုင်းရင်းသားတွေနဲဖြစ်တဲ့ စစ်ပွဲမဟုတ်လို
ဘဲ ဒါကြောင့် ပြည်တွင်းစ်ပွဲလားပြည်ပစစ်ပွဲ
လား မြန်မာနိုင်ငံသားများဝိုးတိုဝါးဒါးဖြစ်နေ
အောင်လုပ်ထားတာပါ အခုဆိုရင်မြန်မာ
တပ်မတော်က ကာချုပ်ကြီးလားရှိုးအထိ
သွားနေပါပြီး ဒီလောက်နိုင်ငံအကြီးကဲတွေ
က တရုတ်ကိုကူညီပေးနေတာကို ဘာကြောင့် စစ်ပွဲကိုအားပေးနေတယ်ဆိုတာ
မြန်မာပြည်ကိုတရုတ်ပြည်နယ်တခုအဖြစ်
သိမ်းယူရန်အတွက်သွေးတိုးဆန်နေတာ
ဖြစ်နိုင်ပါတယ် ဒါကြောင့် ကိုးကန်နဲ့ပေါင်ပြီး
မြန်မာတပ်မတော်ကိုတိုက်နေတာလား
အခုပစ်ခတ်နေသောလက်နက်တွေက
တရုတ်ကမကူညီးဘူး အင်အားမဖြေပေးဘူးလိုပြောလိုမရပါဘူး
နိုင်ငံတကာက ဒီစစ်ပွဲကိုစောင့်ကြည့်နေပြီး
ဘာတွေ ဆက်ဖြစ်လာမှလည်း ဘယ်သူ
လက်ချက်လည်း ဘယ်သူကြိုးကိုင်ထား
လဲ ဖြစ်နေသောစစ်ပွဲရဲနောက်ကွယ်က
ဘယ်သူတွေလည်း မြန်မာပြည်အတွက်
ဘယ်နိုင်ငံတွေက အာမခံချက်အပြည့်ပေး
ထားလည်း ပြည်သူတွေ ရဲဘဝရပ်တည်မှု
ဟာ ပြုပြင်ပြောင်းလည်းမှုနဲ့ သက်ဆိုင်ပါ
တယ် ပြည်တွင်းစစ်လားပြည်ပစစ်လား
မသိရသောတိုက်ပွဲကြီး အမြန်ဆုံးပြီပါတော
Thursday, February 5, 2015
အလုပ်သမားများဆန္ဒပြ
တောင်ဆိုမှုများမရရှိသဖြင့်မန္တလေးမြို့
လမ်းလျှောက်ဆန္ဒဖော်ထုတ်"
=======================
ဖေဘာဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့တယ် ဦးပွားဘုရားဝင်း
အနောက်ဘက်တွင်စုရပ်ပြုလုပ်ကာ ပလိပ်
ပန်ဒါချီမျှင်စက်ရုံမှအလုပ်သမားအင်အား
၄၀၀ ကျော်ဖေဘာဝါရီလ ၅ ရက်နေ့နံနက်
၉း၀၀ နာရီအချိန်ကစတင်၍
မန္တလေးမြို့အတွင်းအားလာရောက်၍
မိမိအခတ်အခဲများဖြေရှင်းမပေးသဖြင့်
ဦးပွားကုန်ကျော်မှ စစ်ကိုင်းမန္တလေးလပ်မ
ကြီးအတိုင်း၈၄ လမ်းမှာ ၃၅ လမ်း ၃၅လမ်း
မှ ၈၁ လမ်းမကြီးအတိုင် မဟာအောင်မြေ
မြို့နယ် မှာ ဦးပွားဘုရားကွင်စုရပ်နေရာအထိ
စက်မူဒုဝန်ကြီး လွတ်တော်တွင်ပြောကြား
သောဂတိစကားများအကောင်အထည်ဖော်
ပေးရေးဟုသောဗီနိုင်းဆိုင်ဘုတ်များကိုင်
ဆောင်ကာလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့
ကြသည်။
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့အရစက်မှု
(၁)အစိုးရပိုင်စက်ရုံအားပန်ဒါပုဂ္ဂလိကပိုင်
စက်ရုံအဖြစ်လွဲပြောင်းလိုက်သဖြင့်အလုပ်သမားအခွင့်အရေးများဆုံးရှုံးမှုများကြောင်း
အဆိုပါစက်ရုံ၏ရှေ့တွင် ၂၀၁၄ ဇန်နဝါရီလ
ကပထမအကြိမ်စက်ရုံပေါက်ကိုပိတ်၍ဆန္ဒ
ဖော်ထုတ်ခဲရာအလုပ်သမားကိုဖိနိပ်မှု့များ
ပို၍ဖြစ်ပေါ်လာခဲ့သဖြင့် ၂၀၁၄ ဒီဇင်ဘာ
လမှာစတင်၍၂၀၁၅ ဇန်နဝါရီလအကုန်ထိ
ဒုတိယအကြီးထက်မံ၍အလုပ်သမား၏
ခံစားမူများကို
ဆန္ဒပြတောင်ဆိုခဲ့သော်လည်းသက်
ဆိုင်ရာအာဏာပိုင်များနဲ့ပန်ဒါစက်ရုံတာဝန်
ရှိသူများကယနေ့အချိန်အထိလာရောက်
ဖြေရှင်းမှု့များမရှိခဲ့သော်ကြောင့်မန္တလေးလမ်းလျှောက်ဆန္ဒဖော်
ထုတ်တာဖြစ်ကြောင်းအလုပ်သမားများက
Newswatchသတင်းဂျာနယ်ကိုပြောသည်။
အလုပ်သမားအခွင့်အရေးအပြည့်ဝရရှိရေး
ဒို့အရေး အလုပ်သမားများကိုဖိနိပ်သော
ကုမ္ပဏီများ အလိုမရှိ အလိုမရှိ
လုပ်ခလစာရရှိရေး ဒို့အရေး
မူလအခွင့်အရေးအတိုင်းလုပ်ငန်းခွင်ဝင်ရောက်ရေး ဒို့အရေး နိုင်ငံဝန်ထမ်းဟောင်းများဘဝလုံခြုံမူရရှိရေး
ဒို့အရေး
မူလစာချုပ်ဆက်လက်အကောက်အထည်ဖော်ဆောင်ပေးရေး ဒို့အရေး
တာဝန်ရှိသူများပြေလည်အောင် အမြန်ဆုံ
လာရောက်ဖြေရှင်းပေးရေး ဒို့အရေး
အလုပ်သမားများအပေါ်ဖိနိပ်သူများ အလိုမရှိစသည့်ဟစ်ကြွေးသံများဖြင့်
မန္တလေးအနှံတွင်လမ်းလျှောက်ဆန္ဒဖော်ထုတ်သူအင်းအား ၄၀၀ ကျော်ဖြစ့်တောင်းဆို
ဆန္ဒပြခဲ့ကြသည်။