Tuesday, March 3, 2015

ဒီလိုလည်းအရေးယူလိုရတယ်

ပိုလီယိုကာကွယ်ဆေးထိုးရန် ငြင်းဆန်သည့် ကလေးမိဘများကို ပါကစ္စတန်ရဲ ဖမ်း

by ဒီဗွီဘီDVB | DVBToday, 10:32 AMပါကစ္စတန်အာဏာပိုင်တွေက ကလေးတွေကို ပိုလီယိုကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့ ရာနဲ့ချီတဲ့ ကလေးမိဘတွေကို ဖမ်းခဲ့တယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က ပြောပါတယ်။တာလီဘန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းတွေထဲကတခုမှာ ပိုလီယိုကင်းစင်ရေး အားထုတ် မှုတွေကို လူ့အဖွဲ့အစည်းက အတိုက်အခံ လုပ်နေသလို တာလီဘန်ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ပါကစ္စတန် အနောက်မြောက်ပိုင်းက ခီဘာဒေသ ကျန်းမာရေး ညွှန်မှူးက သြဇာရှိတဲ့ တချို့ ဗလီဆရာတွေဟာ အစိုးရရဲ့ ကာကွယ်ဆေးထိုး လှုပ်ရှားမှုတွေဟာ အစ္စလာမ်ဘာသာကို အားနည်းအောင် လုပ်တဲ့နည်းလို့ ပြောဆို ရှုတ်ချခဲ့ကြလို့  မိဘတွေကို ကိုင်တွယ်ဖို့ ရဲတွေသုံးခဲ့ရတယ်လို့ ပြောပါတယ်။ပက်ရှ်ဝါပြည်နယ်တခုတည်းမှာ ပိုလီယို ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူ အယောက် ၁၄၀၀၀ ကျော်ခဲ့တယ်လို့ အစိုးရအရာရှိတဦးက ပြောပါတယ်။ငြင်းဆန်တဲ့ မိဘ အယောက် ၁၀၀၀ ကျော်အတွက် ဖမ်းဝရမ်း ထုတ်ပြီးပြီလို့ လက်ထောက်ကော်မရှင်နာမင်းကြီး အယ်လ်တာ့ဖ် ဟတ်စိန်က ပြောပါတယ်။ကမ္ဘာတလွှား ပိုလီယိုတိုက်ဖျက်ရေးအဖွဲ့ မှတ်တမ်းတင်ချက်အရ မနှစ်က ကူးစက်ခံရသူ ၃၅၉ ယောက်ရှိရာမှာ ပါကစ္စတန်မှာ ၂၀၆ ယောက် ရှိနေခဲ့ပါတယ်။ဓာတ်ပုံ – ရိုက်တာThe postပိုလီယိုကာကွယ်ဆေးထိုးရန် ငြင်းဆန်သည့် ကလေးမိဘများကို ပါကစ္စတန်ရဲ ဖမ်းappeared first onDVB.CommentsVisit website


No comments:

Post a Comment