Tuesday, March 3, 2015

ခရီသွားဆောင်ပါး

"ရွှေကူနီသို့.......,အလည်တခေါက်....
တညတာအိပ်ခဲ့ရသော ကျန်စစ်သားရဲ
မွေးရပ်မြေပရိမ္မကထီလှိုင်ရှင်းပွဲတော်"
===================
မတ် ၂
ထူးလဲထူးတယ် မူးလဲမူးတယ် တို့ကိုကြီး
ကျော်ဆိုသော ပက္ခူရေစကြို မြို့ရှိ ရွှေကူနီကျေးရွာက ရွှေမုဒ်ဠော
ဘုရားပွဲတော်နဲ့အတူ ပခန်းကိုကြီးကျော်ပွဲ
ကို ကျွန်တော်အမျိုးသမီး ကသွားရန်ခေါ်
သဖြင့် မိသားစုနဲ့အတူ လိုက်ပါသွားခဲ့ပါတယ်  လမ်းမှတညအိမ်မယ် ကျွန်မတို့ ကျန်စစ်သားမွေးဖွားခဲ့သောရွာ ပရိမ္မပါ
ဒီလိုနဲ့ဘဲ ကျွန်တော်မိန်မရဲ့ မွေးဠာနီး အညာရပ်ကို သူမိဘများအမျိုးများနှင် ဒိုင်နာကားတစီးအပြည် လူအယောက် ၃၀
အားလုံးကအမျိုးကြည်ပါ ဒီလိုလမ်းကြမ်း
ကြမ်း ကားကြမ်းကြမ်းရဲ ကားခေါင်မိုးပေါ်
မှကျွန်တော်နေရာပါတယ် မန္တလေးမြို့မှစ
တင်ထွက်ခွာပြီးဆိုတာနဲ့ ဆောင်အကူး
နွေအစဖြစ်နေသောတပေါင်လ၏နေအပူ
ရှိန်နဲ့အတူ ပူပြင်သောနေရောင်အောက်မှ
ဖြက်သန်းမောင်းနှင်းလာသော ကားနဲ့အတူ
အညာဒေသ၏ထနောင်းရိတ်အပင်များ
ဒန်းပင်းတန်းများ တမာရိတ်တန်းများကို
ဖြက်သန်းလာခါ မြောင်မြို့ရှိ ကျောက်နဂါး
ကျောက်ကလေးရှိသောနေရာတွင်နံနက်
စာထမင်းထုတ်များကိုချခါ မိသားစုတတွေ
စားသောက်ခဲ့ကြပါတယ် အဆိုပါဘုရား
တွင် မိနှစ် ၄၀ ခန်နားပြီး ပရိမ္မကျေးရွာရှိ
ထိလှိုင်ရှင်းဘုရားပွဲတော်သို့ ရောက်ရှိခဲပါ
တယ် ဒီဘုရားပွဲတော်မှလည်း ထီးဖြူဆောင်နတ်ပွဲကျင်ပနေတာနဲ့ဆုံပါတယ်  နတ်ပွဲအတွင်းမိသားစုနဲ့အတူသွားရောက်ခဲပြီး ကျန်စစ်သားမင်းကြီးတည်ထားခဲသော
အရိတ်မထွက်ဘုရား အရိနမာဘုရား
ထီးလှိုင်ရှင်ဘုရားများဖူးမြှော်ပြီး ပရိမ္မကျွန်း
သီရိဇေယျာကျေးရွာသို တညတာအိပ်ဆက်ရန် ကျွန်တော်မိန်မ၏
အဒေါ်အိမ်ကိုရောက်ရှိခဲ့ပါတော့တယ်
"ကျန်စစ်သားမွေးဖွားပေးခဲ့သောပုဂံရာဇဝန်
သမိုင်တွေအရ ပြောရရင်တော့ ရှေးယခင်
ဘုရင်များဟာ ပြည်သူလူထုကို"
လှည့်စားရာမှဗုဒ္ဓဘာသာသသာနာကို ရှေ့
ကထားပြီး ဘုရားပွဲတော်တွေကိုပျော်ပွဲအဖြစ်ကျင်ပလာနိုင်ခဲတာဟာ ဟိုပုဂံခေတ်ကထဲ့ကနေ
ယနေအချိန်အထိ အများပြည်သူကိုဖမ်းစား
နိုင်ခဲ့တယ်လိုတွေ့မြင်ရပါတယ်"
ကျွန်တော်တို့မြန်မာနိုင်ငံမှ နတ်ပွဲရယ်လို
ကျင်ပပေးသောပွဲကြီးသိသန့်မရှိပါဘူး
ဥပမာ ပြောရရင်တော့ အများသိတဲ့
မင်းနှစ်ပါးတောင်းပြုံးပွဲတော်ဟာ စွယ်တော်
မြတ်စေတီဘုရားပွဲ ဖြစ်ပြီးလမယ်တော်ရွှေ
ပုပ္ပားရဲနတ်ပွဲဟာ ရတနာဂူဘုရားပွဲတော်
အခုကျွန်တော်တညအိပ်သောပရိမ္မ ထီးဖြူ
ဆောင်းနတ်ပွဲဟာ ထီးလှိုင်ရှင်းနတ်ပွဲ
ပခန်းကိုကြီးကျော်နတ်ပွဲဟာ ရွှေကူနီဘုရား
ပွဲတော်အစရှိသည့် ဘုရားပွဲတော်တွေနဲ့အ
တူ ထူးခြားစွာအများပြည်သူကိုလှည့်စား
ထားသော ရိုးရာနတ်ပွဲတော်များလိုတွေ့မြင်
ရပါတယ် ဒီလိုအတွေးတွေနဲအတူ နံနက်
အိပ်ယာကထပြီးဆိုတာနဲ့ မြန်မာနိုင်ငံရဲ
ပွဲဦးမင်း ပွဲလယ်မင်း ပွဲသိမ်းမင်းဆိုသော
ကျော်လေးကျော်ထဲက ပခန်းကိုကြီးကျော်
ရဲရွှေကူနီဘုရားပွဲတော်ဖြစ်တဲ့ ရေစကြိုမြို့
ပက္ခူကို ပရိမ္မကျေးရွာမှစတင်ထွက်ခွာခဲ့
ပါတော့တယ်
ထူးခြားကတော့ ပရိမ္မ ထီးလှိုင်ရှင်းဘုရားပွဲ
နဲ ထီးဖြူဆောင်နတ်ပွဲကျင်ပတာနဲ့ ကိုကြီး
ကျော်နတ်ပွဲ ရွှေကူနီမြတ်စွာဘုရားပွဲတော်
ကျင်ပသည့်နေ့မှတရက်တည်းဖြစ်ပါတယ်
နှစ်စဉ် တပေါင်းလ္ဆန်း ၉ ရက်နေ့မှတပေါင်လပြည့်နေ့အထိကျင်ပခဲ့
ပါတယ် ရိုးရာနတ်ပွဲတွေကတော့ရှေးယ္ခင်
ဘုရင်မင်းမြတ်များမှလက်ထက်ကကျင်ပ
လာတယ်လိုသိရပါတယ် ဒါတွေသေခြာကြ
ည့်မယ်ဆိုရင်တော့ မြန်မာလူမျိုးတွေဟာ
ရိုးရာအစွဲတွေကိုယနေ့တိုင်ယုံကြည်နေတာ
တွေ့ရတယ် ဒီလိုတွေဖြစ်အောင်လုပ်ပေးနိုင်
ခဲ့သော ပုဂံမင်းတွေရဲအစွမ်းဟာ ယနေ့ထိ
တည်ရှိနေသေတာဟာ ဘုရင်မင်းတရား
အစွမ်းကိုဖော်ပြခွင့်ရှိနေအောင်လုပ်သွား
တာတွေဆိုရင်မမှားပါဘူး ယနေ့ခေတ်မြန်
မာနိုင်ငံကိုအုပ်ချုပ်သောဘုရင်တွေဟာ
ဒီနေ မြန်မာပြည်သူကို သူတို့သေသောအခါ
သူတို့ရဲ့ ရှေးယ္ခင်ဘုရင်များ ချံထားခဲ့သော
ရိုးရာနတ်ပွဲလောက် ဖန်တီပေးနိုင်ခဲ့ရင်
မြန်မာနိုင်ငံတော်သမ္မတကြီး လက်ထက်မှ
လုပ်ပေးသွားတာဟု သမိုင်မော်ကွန်းတင်
စေလိုပါတယ် အခုကျွန်တော်တို့မိသားစု
ရောက်ရှိသွားသော နေရာသမိုင်မော်ကွန်း
များဟာပုဂံခေတ်ကအထောက်အထားသမိုင်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံရဲသမိုင်မှတော့
လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းရှိတယ်လိုပြောရင်မှားသလားဗျာ
ကျွန်တော်တို့မိသားစုဟာ ပရိမ္မထီးလှိုင်ရှင်း
ဘုရာမှတနာရီခန့် ကားဖြင့်မောင်းနှင်းခဲရာ လမ်းခရီးတ
လျှောက်မှတော့ အညာဒေအလှူခံ
များကဒေသထွက်မုန်ပဲစုတ် ထနောင်ရွက်သုတ် လက္ဘက်သုတ်
ဒန်ရေများတိုက်ပြီးအလှူများလမ်း
တွင်တွေ့ရသည်
ဆင်ဖြူတံတားသို့ရောက်ရှိခဲပြီး မကွေးတိုင်းအတွင်းထဲ့သိုစတင်ဝင်ရောက်ခဲ့ပါတယ်
တံတားဖြက်ပြီးတောင်ထဲသိုတစ်နာရီခန့်
ဆက်မောင်းလာရာ ရေစကြိုးမြို့ ပခန်းလေး
ပခန်းကြီးမှတဆင့်စက်လှေဖြင့်
ရွှေကူနီကျေးရွာ ကိုကြီး
ကျော်ပွဲတော်ကြီးကိုရောက်ရှိခဲ့ပါတော့တယ်  အမြို့မြို့အနယ်နယ်ကလာရောက်ကြ
သော သူများဖြစ်စည်ကားသိုက်မြိုက်စွာ
ကျင်ပနေသောပွဲတော်ကြီးကိုရောက်တနဲ့
ပွဲဦးအစရယ် ပွဲလယ်ကျော်ကျော် ပွဲသိမ်း
မင်းလိုခေါ် ဘဘကျော် ဘရဏီအရက်ပုလင်နဲ့ ကြက်သားကြက်
ကျော် စုံ ပါသနော်  ကိုကြီးကျော်
နယ်တိုင်းမှနော်ကိုကြီးကျော်ကိုတကြသနော် မြို့တိုင်းမှနော် ဘဘကျော်ကိုတကြသနော် ကျော်ကျော်
တို့ကိုကြီးကျော်အစရှိသောနတ်သီချင်သံများကို နားထဲဝင်ရောက်လာပါတော့တယ်
အရက်သမားနတ်ပွဲမို့လားမသိဘူး
အရက်သမားအများဆုံးထိုင်သော
ဘီယာဆိုင်တွေမှတော့လူပြည့်နေသ
ဖြင့် နောက်လူဝင်ဖို့နေရာမှရိဖြစ်နေ
တာတွေ တွေ့ရတယ်  ရွှေကူနီနန်း
ပေါ်တွင် အရက်ပုလင်းနဲ့ ကြက်နှစ်
ကောင်လာရောက်ဆက်သသူများ
ကို လူငယ်တချို့က အရက်ပုလင်း
များကိုလုယူခြင်း အပျော်သဘေား
အုပ်စုလိုက်လုပ်နေတာတွေ ပြီတော့
ပွဲတော်ဈေးတန်းမဝင်ခင်လမ်းတွေ
မှဆုတောင်းသားများကလေးများ
လိုက်လံတောင်းသူများစွာကိုလဲ
တွေခဲ့ရတယ် ချင်းတွင်းမြစ်ရေပြင်
ကြီးရဲ့အလှ သာဘာဝမြင်ကွင်များ
ရွှေကူနီကျေးရွာ ကိုကြီးကျော်ပွဲတော်ကို ရောက်လာ
သူများက နွားလှည့်များဖြင့်စီကာ
ရွှေမုဒ်ဠောဘုရားအခြေအထိသွား
လာနေသူများနှင့်အပြန်ခရီမှတော့
ချောင်ဦးမကွေးလမ်းကြီးပေါ်က
ဆင်ဖြူရှင်တံတားကိုဖြက်ခါ ချောင်ဦးလမ်းမှ မန္တလေးပြန်လာခဲ
ပါတော့တယ်  ဒီလိုနဲ့ဘဲ
မကွေးတိုင်းဒေသကြီး ပက္ခူမြို့နယ်
ပခန်းကြီးပခန်းငယ်မှတဆင့်
ရွှေကူနီကျေးရွာအလည်းတခေါက်
သွားရာလမ်းက ကျန်စစ်သား၏
မွေးရာမြေဖြစ်တဲ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်
မြောင်မြို့နယ်က ပရိမ္မကျေးရွာ
သီရိဇေယျာပရိမ္မကျွန်းကိုအလည်
တခေါက် တညအိပ် နှစ်ရက်ခရီးပြီး
ဆုံးခဲ့ပါတော့တယ်ဗျား  ..,.,
ဆက်လက်ကြိုးစားပါအုံးမည်
ရဲလင်းအောင်(OrientalNews)


No comments:

Post a Comment