"မိုးကုတ်မြို့ရှိမှန်ကြီးမကွဲစေရေးကျောက်မျက်စီမံကိန်အဆောင်အဦးများမဆောက်လုပ်ရန်ဒေသခံများနှစ်ဖွဲ့ခွဲ၍ဒုတိယအကြိမ်
ဆန္ဒဖော်ထုတ်တောင်ဆိုပွဲကြီးပြုလုပ်"
= = = = = =
မန္တလေး ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်
မိုးကုတ်မြို့ မြို့မရပ် မြို့လယ်အင်းအတွင်းရှိ
(မုံကွင်း)နှင့်ပါက်သက်၍ တည်ဆောက်မည် ကျောက်မျက်ရတနာ
လုပ်ငန်းရှင်များအသင်းရုံး(မိုးကုတ်)အပါဝင် အခြားသောစီမံကိန်းများ အဆောက်အဦ
းများမဆောက်လုပ်ရန်အတွက်မိုးကုတ်မြို့
ဒေသခံများနှင့်မိုးကုတ်မြို့နယ်အသင်း(ရန်ကုန်)မိုးကုတ်မြို့ရှမ်းတိုင်းရင်းသားများဒီမိုက
ရေစီအဖွဲ့ချုပ်(SNLD) ပိတ်စွယ်ဘုံဆွမ်းလောင်းအသင်းရှောလီဝိုင်းရပ်(မိုးကုတ်)တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(မိုးကုတ်)ဂေါ်တခါးတိုင်းရင်းသားများအဖွဲ့ မန္တလေးစိမ်းရောင်စို့မန္တလေး
ရင်သွေးသစ်မိဘမေတ္တာတေသီအဖွဲ့မိုးကုတ် ကျက်ပြင်မိုးကုတ်လူငယ်ကွန်ယက်
လီဆူဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့
၈၈ပွင့်လင်းလူအဖွဲ့အစည်းမိုးကုတ်အဖွဲ့
မြန်မာနိုင်ငံကုန်ဈေးနှုံန်းကျဆင်းရေးအဖွဲ့
(MDCF)မန္တလေး အထက်မြန်မာပြည်တောင်သူလယ်သမားအလုပ်သမားကူညီချတ်ဆက်ပေးနေသော
မန္တလေး(FNI)
ငါးရံ့အင်းအခြေခံအလုပ်သမားများအဖွဲ့
(မိုးကုတ်)အဝေးရောက်မိုးကုတ်သူမိုးကုတ်
သားများနှင့်မန္တလေးတိုင်းအတွင်းကနိုင်ငံရေးတက်ကြွလုပ်ရှားသူများအဖွဲ့များပူပေါင်း
ပြီး ယဉ်ကျေးမှုအမွေနှစ်ထိမ်းသိမ်းရေးအဖွဲ့
ကဦးဆောင်ပြီးအင်အား( ၇၀၀၀ ) ကျော်ဖြင့်(မုံကွင်း)အတွင်းကစီးမံကိန်ဖျက်
သိမ်းပေးရန်ဒုတိယအကြိမ်မိုးကုတ်မြို့အတွင်းနှစ်ဖွဲ့ခွဲ၍ဖေဖော်ဝါရီလ ၂၁ရက်နေ့ နေ့၁၂
နာအချိန်မှညနေ ၃ နာရီအချိန်ထိဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဦးလေးက မိုးကုတ်မြို့နယ်အသင်း(ရန်ကုန်)
ကအသင်း၏အတွင်းရေးမှူးဦးသန်ဝင်းပါ
အခု(မုံကွင်း)အတွင်းတည်ဆောက်မည်စီမံ
ကိန်ကိုဆန္ဒပြတောင်ဆိုဖိုအတွက်ရန်ကုန်
ကနေလာခဲ့တာပါ အသင်း၏ကိုယ်စားလာ
တာပါ ကျောက်မျက်အသင်းရုံးဆောက်တာကိုကန့်
ကွက်ဖို့လာတာမဟုတ်ပါဘူး ဒီမုံကွင်းအတွင်းမဆောက်ဖို့ဘဲဖြစ်ပါတယ်
ဘာပြုလိုဆိုရင် ဦးလေးတို့မိုးကုတ်မြို့ဟာ
အဖိုးတန် ပတ္တမြား နီလာ အစရှိသော
ကျောက်မျက်ရတနာများထွက်ရှိရာဒေသ
(RupyLand)အဖြစ်တစ်ကမ္ဘာလုံးက အသိ
အမှတ်ပြုရသော မြို့တစ်မြို့ဖြစ်တယ် ၁၉၂၅
ခုနှစ်ကတည်းကပေါ်ထွန်းခဲ့သောမိုးကုတ်မြို့
မြို့လယ်အင်းကြီးကို မိုးကုတ်မြို့၏အထင်က
ရ အမှတ်သင်္ကေတအဖြစ် ကမ္ဘာကပါအသိ
အမှတ်ပြုရနေရာ ထိုမြို့လယ်အင်းကြီး
စတင်ပေါ်ထွန်းခဲ့စဉ်မှစ၍ ယနေ့တိုင် မိုးကုတ်မြို့သူ မြို့သားတို့၏အသည်းနှစ်လုံး
အဖြစ်တည်ရှိနေခဲ့တာပါ
တဖန်ပြောရရင်တော့" ဘီးတောင်"ကို"ဘီး"
(ပတ္တမြားတောင်)အခုစီမံကိန်တည်ဆောက်မဲ့နေရာ မြို့လယ်အင်းကြီးကို "မှန်"အဖြစ်
တင်စားခေါ်ခဲ့ကြတာ" ဘီးနှင့်မှန်" တင့်တင့်
တယ်တယ်နှစ်ပေါင်းများစွာ မြို့ကျက်သရေ
ကိုဆောင်လာခဲ့တာ ၁၉၇၅ ခုနှစ်ကရေနီချောင်းကျိုးပေါက်ခဲ့ပြီး သဲမှုန်များဖုန်းလွှမ်းသွားရာမှ အင်းကြီး၏
တစ်စိတ်တစ်ဒေသမြေပြင်ဖြစ်ခဲ့ရပါတယ်
၁၉၇၆ ခုနှစ်တွင် ဒုတိယအကြိမ်ထပ်မံကျိုး
ပေါက်ခဲ့ပြီး ယနေ့မြင်တွေရသော မြေပြင်
အဖြစ်ရောက်ရှိသွားစဉ်အချိန်အခါက "မှန်ကွဲသွားပြီး" ဟုယူဆကြတယ် တစ်မြို့
နယ်လုံး ဝမ်းနည်းပူဆွေးသောကဖြစ်ခဲ့ကြ
ရပါတယ် မိုးကုတ်မြို့သူ မြို့သားများအနေနှင့် မိုးကုတ်မြို့၏ အလယ်
တွင် တင့်တယ်လှပကျက်သရေရှိစွာ တည်
ရှိနေသော အင်းကြီး၏တစ်စိတ်တစ်ပိုင်တွင်
ဖြစ်ပေါ်နေသော မြေများကိုပင် ယခင်ကတည်ရှိခဲ့သည့်အတိုင်း ရေအင်းကြီးအဖြစ်ပြန်လည်တူးဖေါ် ပြုပြင်
ထိန်းသိမ်းသွားရန်စီစဉ်ဆောင်ရွက်သင့်ပါ
တယ် ဒါဟာ အားလုံးရဲဆန္ဒဖြစ်ပါတယ်ဟု
မိုးကုတ်မြို့နယ်အသင်း(ရန်ကုန်)ကအတွင်း
ရေးမှူးဖြစ်သူဦးသန်ဝင်းက မိမိအသင်း၏
ကိုယ်းစား မိုးကုတ်သူမိုးကုတ်သားတို့၏
ကိုယ်စားOrientalNewsသတင်းဂျာနယ်ကို
ပြောသည်။
ကျွန်တော်တို့မိုးကုတ်သူ မိုးကုတ်သားတွေ
ဘဝက ကျောက်မျက်ရတနာထွက်သော
မြေဆိုပေမဲ့ တခြားဒေသကိုသွားပြီးအလုပ်
လုပ်နေရတာ မိုးကုတ်ကျောက်ကိုမိုးကုတ်
သားများခံစားခွင်မရှိဘူး ဒါတွေကိုလူတိုင်
သိတယ် ကိုယ်ဟာကိုရှာပြီးလုပ်စားလိုရ
တယ် အခုဟာက မြို့ရဲသင်္ကေတဖြစ်တဲ့
ဒီအင်းကြီးဟာ အခုဆိုရင် ရေတွေကမကောင်းသလို သဘာဝပက်ဝန်
ကျင်တခုလုံးဆုံးရှုံးရမဲ့ အနေအထားဖြစ်နေ
ပါတယ် ဒါကြောင့်ပထမအကြိမ်ဇန်နဝါရီလ
၁၁ ရက်နေ့က မိုးကုတ်စိမ်းလန်းအဖွဲ့က
နေဦးစီးပြီး လူအင်အား ၁၀၀၀ ကျော်ဖြင့်
ဆန္ဒဖော်ထုတ်ခဲ့ပါတယ် အဲဒီတုံးက ပနက်
ရိုက်တာနေရာရှင်းလင်းတာတွေရပ်သွားပါ
တယ် အခုသူတို့ကစီမံကိန်ကိုဆက်လက်
အကောင်းအထည်ဖေါ်နေသဖြင့် အခုဒုတိ
ယအကြိမ်ဆန္ဒဖော်ထုတ်တာဟုမိုးကုတ်စိမ်း
လန်းအဖွဲ့မှကိုရဲအောင်ကOrientalNews
ကိုပြောသည်။
အဆိုကိစ္စများနှင့်ပါက်သက်၍မိုးကုတ်မြို့
ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံးသို
သွားရောက်မေးမြန်ခဲရာ နိုင်ငံတော်ရဲခွင့်ပြု
ချက်နဲ့ဒီအဆောက်ဦးကိုဆောက်တာဖြစ်ပါ
တယ် ကိုယ်သဘောနဲ့ကိုဆောက်တာမဟုတ်ပါဘူး ဘယ်သူတွေဆန္ဒဖော်ထုတ်ထုတ်အမြန်ဆုံး
ပြီးအောင်တည်ဆောက်မှဖြစ်ပါတယ်
ဒီအဆောက်ဦးတည်ဆောက်တာဟာ
မိုးကုတ်ဒေသခံတွေအတွက် နိုင်ငံတော်က
ကျောက်မျက်အသင်းရုံးတည်ဆောက်ရန်
သိန် ၆၀၀၀ ထောက်ပံပေးထားတာဖြစ်တဲ့
အတွက်ဘယ်လိုအတားဆီးတွေရှိရှိဆောင်
ရွက်သွားမည်ဟု ကျောက်မျင်လုပ်ငန်းရှင်
များအသင်း၏နာယက တည်ဆောက်ရေး
ဥက္ကဋ္ဌဦးလှအောင်ကOrientalNewsကိုပြောသည်။
မိုးကုတ်ဒေသခံအင်အား၁၀၀၀၀ ကျော်နှစ်
ဖွဲ့ခွဲပြီးဆန္ဒဖော်မှုကြီးမှ အမှတ်(၁)အဖွဲ့
ဖေါင်တော်ဦးဘုရားတွင်စုရပ်ပြုလုပ်ပြီး
အမှတ်အဖွဲ့က ထာပွဲကျောက်ဈေးမှစုရပ်
ပြုလုပ်ပြီး အဖွဲ့နှစ်ဖွဲ့ဟာနေ့ ၁၂ နာရီအချိန်
စတင်ထွက်လာပြီး မိုးကုတ်မြို့လယ် ကျောက်တိုင်တွင်နှစ်ဖွဲဆုံစည်းပြီး နှစ်ဖွဲ့ပေါင်ကာ မုံကွင်းအတွင်းကိုဝင်ကာ
လူထုသဘောထားခံယူပွဲ ဟောပြောပွဲများ
ကျင်ပပြုလုပ်အပြီး ယာယီထိုင်သပိတ်အဖြစ်ဆက်၍မြေနေရာ
ထူးခြားမှုမရှိမချင်းထိုင်မည်ဟုဆန္ဒဖော်ထုတ်မျာကOrientalNewsကိုပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲကိုခွင်ပြုမိန်တ်ာသော်လည်းမပေးသဖြင့် ဒေသခံတွေက
အကြောင်းကြားစားပိုပြီးပြတာဖြစ်ပါတယ်
အရေးယူဖိုမယူဖိုဆိုတာကျွန်တော်အနေနဲ့
အထက်ကိုတင်ပြအုံးမှဖြစ်ပါတယ်
အခုတိုင်ဆို ကျွန်တော်တို့အနေနဲအရေးယူ
ဖိုမရှိပါဘူးလိုမိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဥက္ကာနှင့်ရဲမှူး ဦးကျော်ဝင်းတို့ကOrientalNewsကိုဖြေကြားခဲသည်။
ကျွန်တော်တို့အခုလိုဆန္ဒပြတောင်ဆိုတယ်
ဆိုတာ ကျွန်တော်တို့အတွက်မဟုတ်ပါဘူး
နောက်လာနောက်သားတွေ ကျွန်ဆတာ်
တို့လိုကျောက်မျက်လုပ်ငန်းဖန်ပြပြီး
ဒေသခံတွေလုပ်စားခွင်မရှိအောင် ကလေးကစားကွင်နေရာမရှိအောင် လုပ်စားစရာနေရမရှိအောင်အမျိုးမျိုးဒုက္ခပေးတတွေမခံရအောင် ဒီမြေပြန်မမချင်းဆင်၍တိုက်ပွဲဝင်သွားမှဖြစ်
ပါတယ် သူတို့ဘက်က အကြောင်းပြန်ချက်
တခုတခုမပေးသေ၍ထိုင်သပိတ်ကိုယနေ့
ကစတင်၍လုပ်သွားမှဟုမိုးကုတ်ဒေခံ
၈၈ပွင့်လင်းလူအဖွဲ့အစည်းမှကိုစိုးဋ္ဌေးက
Oriental Newsကိုပြောသည်။
မိုးကုတ်မြို့၏ သဘာဝပက်ဝန်းကျင်ကိုမြို့သူ
မြို့သားအားလုံးမှထိန်းသိမ်းကြ။
သမိုင်းဝင်နေရာ မုံကွင်းအတွင်းမှ စီမံကိန်း
အဆောက်အဦးများချက်ချင်းရွှေ့။
ဟုသောဗီနိုင်ဆိုင်ဘုတ်များကိုင်ဆောင်ကား အဆိုပါအချက်နှစ်ချက်ကိုတောင်ဆိုမှုဟစ်ကြွေးသံများဖြစ်ဆန္ဒဖော်ထုတ်ခဲကြသည်။
No comments:
Post a Comment