"ပလိပ်ပန်ဒါချီမျှင်စက်ရုံအလုပ်သမားများ
တောင်ဆိုမှုများမရရှိသဖြင့်မန္တလေးမြို့
လမ်းလျှောက်ဆန္ဒဖော်ထုတ်"
=======================
ဖေဘာဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့တယ် ဦးပွားဘုရားဝင်း
အနောက်ဘက်တွင်စုရပ်ပြုလုပ်ကာ ပလိပ်
ပန်ဒါချီမျှင်စက်ရုံမှအလုပ်သမားအင်အား
၄၀၀ ကျော်ဖေဘာဝါရီလ ၅ ရက်နေ့နံနက်
၉း၀၀ နာရီအချိန်ကစတင်၍
မန္တလေးမြို့အတွင်းအားလာရောက်၍
မိမိအခတ်အခဲများဖြေရှင်းမပေးသဖြင့်
ဦးပွားကုန်ကျော်မှ စစ်ကိုင်းမန္တလေးလပ်မ
ကြီးအတိုင်း၈၄ လမ်းမှာ ၃၅ လမ်း ၃၅လမ်း
မှ ၈၁ လမ်းမကြီးအတိုင် မဟာအောင်မြေ
မြို့နယ် မှာ ဦးပွားဘုရားကွင်စုရပ်နေရာအထိ
စက်မူဒုဝန်ကြီး လွတ်တော်တွင်ပြောကြား
သောဂတိစကားများအကောင်အထည်ဖော်
ပေးရေးဟုသောဗီနိုင်းဆိုင်ဘုတ်များကိုင်
ဆောင်ကာလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့
ကြသည်။
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့အရစက်မှု
(၁)အစိုးရပိုင်စက်ရုံအားပန်ဒါပုဂ္ဂလိကပိုင်
စက်ရုံအဖြစ်လွဲပြောင်းလိုက်သဖြင့်အလုပ်သမားအခွင့်အရေးများဆုံးရှုံးမှုများကြောင်း
အဆိုပါစက်ရုံ၏ရှေ့တွင် ၂၀၁၄ ဇန်နဝါရီလ
ကပထမအကြိမ်စက်ရုံပေါက်ကိုပိတ်၍ဆန္ဒ
ဖော်ထုတ်ခဲရာအလုပ်သမားကိုဖိနိပ်မှု့များ
ပို၍ဖြစ်ပေါ်လာခဲ့သဖြင့် ၂၀၁၄ ဒီဇင်ဘာ
လမှာစတင်၍၂၀၁၅ ဇန်နဝါရီလအကုန်ထိ
ဒုတိယအကြီးထက်မံ၍အလုပ်သမား၏
ခံစားမူများကို
ဆန္ဒပြတောင်ဆိုခဲ့သော်လည်းသက်
ဆိုင်ရာအာဏာပိုင်များနဲ့ပန်ဒါစက်ရုံတာဝန်
ရှိသူများကယနေ့အချိန်အထိလာရောက်
ဖြေရှင်းမှု့များမရှိခဲ့သော်ကြောင့်မန္တလေးလမ်းလျှောက်ဆန္ဒဖော်
ထုတ်တာဖြစ်ကြောင်းအလုပ်သမားများက
Newswatchသတင်းဂျာနယ်ကိုပြောသည်။
အလုပ်သမားအခွင့်အရေးအပြည့်ဝရရှိရေး
ဒို့အရေး အလုပ်သမားများကိုဖိနိပ်သော
ကုမ္ပဏီများ အလိုမရှိ အလိုမရှိ
လုပ်ခလစာရရှိရေး ဒို့အရေး
မူလအခွင့်အရေးအတိုင်းလုပ်ငန်းခွင်ဝင်ရောက်ရေး ဒို့အရေး နိုင်ငံဝန်ထမ်းဟောင်းများဘဝလုံခြုံမူရရှိရေး
ဒို့အရေး
မူလစာချုပ်ဆက်လက်အကောက်အထည်ဖော်ဆောင်ပေးရေး ဒို့အရေး
တာဝန်ရှိသူများပြေလည်အောင် အမြန်ဆုံ
လာရောက်ဖြေရှင်းပေးရေး ဒို့အရေး
အလုပ်သမားများအပေါ်ဖိနိပ်သူများ အလိုမရှိစသည့်ဟစ်ကြွေးသံများဖြင့်
မန္တလေးအနှံတွင်လမ်းလျှောက်ဆန္ဒဖော်ထုတ်သူအင်းအား ၄၀၀ ကျော်ဖြစ့်တောင်းဆို
ဆန္ဒပြခဲ့ကြသည်။

No comments:
Post a Comment