Thursday, January 2, 2014

V O Aသတင်းများ

 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဇန်နဝါရီလ ၀၂၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ကရင်လူမျိုးစု လက်နက်ကိုင် ၄ ဖွဲ့ ကရင်နှစ်သစ်ကူးပွဲတော် မြ၀တီမှာကျင်းပ
"ကျနော်တို့ ကွဲနေတဲ့ အစိပ်စိပ်အမြွာမြွာဖြစ်နေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ဒီနေ့ ပြန်လည်ဖွဲ့စည်းတာ၊ ပြန်ပြီးတော့ စုရုံးတာ။ ဒါကြောင့်လည်း ပြည်ပမှာရောက်ရှိနေတဲ့ ကျနော်တို့ ကရင်အမျိုးသားတွေအားလုံးကလည်း ဒီ ကျနော်တို့ ကရင်အမျိုးသားရေး စည်းလုံးညီညွတ်မှုကို အားလုံး ပါဝင်လုပ်ဆောင်ဖို့ အထူးသဖြင့်...." အပြည့်အစုံ
 
သမ္မတရဲ့လွတ်ငြိမ်းခွင့် နိုင်ကျဉ်းတချို့သာလွတ်မြောက် AHRC ဝေဖန်
"ထိခိုက်တဲ့ အမှုတွေ တော်တော်များများကတော့ လွတ်လာတာကို ကျနော်တို့ တွေ့ရတယ်။ ကျန်တဲ့သူတွေက ဘယ်လိုလူတွေ ကျန်နေသလဲဆိုတော့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီးတော့ တောင်သူ လယ်သမားတွေရဲ့ အခွင့်အရေး တောင်းဆိုတဲ့သူတွေ တော်တော်များ များက နိုင်ငံရေးပုဒ်မ မဟုတ်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးယူခံထားရတဲ့အတွက်..." အပြည့်အစုံ
 
အမှုရင်ဆိုင်ဆဲ တက်ကြွလှုပ်ရှားသူတချို့ပြန်လွတ်
"၅၀၅ (ခ) နဲ့ ဥစ္စာက သူက အယောက် ၁၃၀ နီးပါး လွတ်တယ်။ အဲ့ဒါကိုကျတော့ ကျနော်တို့က စာရင်းနှစ်ခုခွဲထားတယ်။ အချုပ်နဲ့ အမှုရင်ဆိုင်ဆဲဆိုတဲ့ စာရင်းက အယောက် ၂၀၀ နီးပါးရှိတယ်။ အဲ့ဒီကနေ သူက ၁၃၀ လောက် လွတ်တယ်။ ၇၀ လောက် ကျန်နေခဲ့တယ်။ ဘာကြောင့်ကျန်သလဲဆိုတော့ အခု ပယ်ဖျက်တယ်ဆိုတဲ့ ၅၀၅ နဲ့ ပုဒ်မ ၁၈ မှာ မပါဘဲနဲ့..." အပြည့်အစုံ
 
မြန်မာသံရုံးစီးနင်းဖို့ သံသယရှိသူ စစ်သွေးကြွ ၆ ဦး အင်ဒိုရဲချေမှုန်း
"နှစ်သစ်ကူးအကြိုည ပျော်ပွဲရွှင်ပွဲတွေ လုပ်နေချိန်မှာပဲ အင်ဒိုနီးရှားနိုင်ငံက အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့က ဂျာကာတာမြို့ပြင်က Ciputat ရပ်ကွက်မှာ ပုန်းအောင်းနေတဲ့ စစ်သွေးကြွလို့ သံသယရှိသူ ၆ ဦးကို အသေရမိပြီး ၁ ဦးကိုတော့ လက်ရဖမ်းမိခဲ့ပါယ်။" အပြည့်အစုံ
 
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု နိုင်ငံတကာ သတိနှင့်တုံ့ပြန်
"ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်သလို၊ မြန် မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိတယ်ဆိုတာကို ပြသတဲ့ခြေလှမ်းအဖြစ် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ လွတ်ငြိမ်းခွင့်ထဲမှာ..." အပြည့်အစုံ
 
နိုင်ငံတကာ

နှစ် ၂၀ အတွင်း ဒီမိုကရက်ပါတီဝင် နယူးယောက် မြို့တော်ဝန်ဖြစ်
"အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးမြို့ နယူးယောက်မှာရှိတဲ့ လူဦးရေ ၈ သန်းကျော်အတွက် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ မညီမျှမှုတွေကို ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိနဲ့ De Blasio ဟာ မြို့တော်ဝန် ရာထူး ရွေးချယ်ခံခဲ့ရတာပါ။" အပြည့်အစုံ
 
တောင်ဆူဒန်အစိုးရနဲ့ သူပုန်အုပ်စု ငြိမ်းချမ်းရေးဆွေးနွေးဖို့ပြင်ဆင်
"သမ္မတ Salva Kiir ရဲ့ ကိုယ်စားလှယ်တွေရော၊ သူပုန်ခေါင်းဆောင် Riek Machar ရဲ့ ကို်ယ်စားလှယ်တွေပါ အီသီယိုးပီယားမြို့တော် Addis Ababa ကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက် လာကြပါတယ်။ ကိုယ်စားလှယ်တွေနဲ့ စကားပြောမေးမြန်းခဲ့တဲ့ ဗွီအိုအေ သတင်းထောက်ကတော့ အခု ကြာသပတေးနေ့ အစောပိုင်းမှာပဲ ဆွေးနွေးမှုတွေ စတင်လိမ့်မယ်" အပြည့်အစုံ
 
၂၀၁၄ နှစ်သစ် ကမ္ဘာတ၀ှမ်း ဥပဒေသစ်တွေ စတင်အာဏာသက်ရောက်
"၂၀၁၄ နှစ်သစ်ကူးနေ့မှာ ကမ္ဘာတ၀ှမ်း ဥပဒေသစ်တွေ စတင် အာဏာသက်ရောက်မှာဖြစ်ပြီး၊ တချို့တို့က အတည်ပြုခဲ့တဲ့ နိုင်ငံတွေရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အကျုံးဝင်မှာဖြစ်သလို တချို့ဥပဒေတွေကတော့ အတည်ပြုတဲ့ ရပ်ကွက် လူ့အဖွဲ့အစည်းနဲ့သာ သက်ဆိုင်မှာဖြစ်ပါတယ်။" အပြည့်အစုံ
 
၂၀၁၄ နှစ်သစ် ကမ္ဘာတ၀ှမ်းကြိုဆို
"၂၀၁၄ ခုနှစ်ကို အာရှနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ မီးရှုး မီးပန်းတွေ ပစ်ဖောက်ကြိုဆိုခဲ့ကြပါတယ်။ နှစ်သစ်ကို အရင်ရောက်တဲ့ နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံး Auckland မြို့မှာ Sky Tower မိုးမျှော် မျှော်စင်ကြီးကနေ မီးပန်းတွေ ပစ်ဖောက်ချိန် လမ်းမတွေပေါ်မှာ လူတွေက ကခုန်ပြီး..." အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီ သတင်းလွှာ ၀၁-၀၂-၂၀၁၄
ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားသတင်း၊ ကမ္ဘာတ၀ှမ်း နှစ်သစ်ကူး ပွဲတော်တွေ ကျင်းပကြတဲ့အကြောင်း သတင်းတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ... အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ကြာသပတေးနေ့မြန်မာတီဗွီသတင်းများ
ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပတဲ့ ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားသတင်း၊ အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့သူတွေနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွအဖွဲ့ ကို အင်ဒိုနီးရှား အထူးတပ်ဖွဲ့က ၀င်ရောက် ဖမ်းဆီးတဲ့သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ VOA
အမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းပုံရေးရာနဲ့ ဖက်ဒရယ်ရေးရာကိစ္စတွေကို လာရောက်လေ့လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး VOA က တွေ့ဆုံမေးမြန်းထားတာပါ။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင် ရပ်ဆိုင်း
အကယ်၍ အီးမေးလ် သတင်းလွှာ ပြန်လည်ရရှိလိုပါက သတင်းလွှာ ပြန်လည်ရယူ
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

posted from Bloggeroid

No comments:

Post a Comment