ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဇန်န၀ါရီ ၂၇၊ ၂၀၁၄
ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...
မြန်မာ
NLD ရပ်တည်ချက်နဲ့ ဖွဲ့စည်းပုံပြင်ရေး ဒေါ်စုရှင်းလင်း
ရှမ်းပြည်နယ်ကို လူထုစည်းရုံးရေးခရီးစဉ်ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကြီးမြို့က ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုသဘောဆန္ဒကို ကောက်ယူခဲ့သလို တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေကိုလည်း ဖြေကြားခဲ့ပါတယ်။ အပြည့်အစုံ
မြန်မာ့လျှပ်စစ်နဲ့ကျန်းမာရေးကဏ္ဍ ဒေါ်လာသန်း ၂၀၀၀ ကမ္ဘာ့ဘဏ်သုံးစွဲမည်
မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်သူတွေရဲ့ဘဝတွေ တိုးတက်စေဖို့ ကျန်းမာရေးစောင့်ရှောက်မှု သိသိာသာသာ ပိုရနိုင်ကြစေဖို့နဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားနိုင်ရေး ကမ္ဘာ့ဘဏ်အဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၂ ထောင် ထောက်ပံ့ပေးဖို့ ကြေညာလိုက်ပါတယ်။ အပြည့်အစုံ
ရှမ်းပြည်ခရီးမှာ ဖွဲ့စည်းပုံပြင်ရေး ဒေါ်စု ဟောပြော
ရှမ်းပြည်နယ်ကို ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအကြောင်း ရှင်းလင်းဆွေးနွေးပြီး တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ် အရေးကြီးတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပြီးတဲ့နောက် လူထုဆန္ဒကိုလည်း ခံယူခဲ့ပါတယ်။ အပြည့်အစုံ
ဒုချီးရားတန်း ကိစ္စ နိုင်ငံတကာမှာ ဂယက် ရိုက်ဆဲ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု၊ EU ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂက စိုးရိမ်ပူပင်ကြောင်းနဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ချက်ခြင်းလုပ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ကြပါတယ်။ အပြည့်အစုံ
နိုင်ငံတကာ
ကပ္ပလီပင်လယ်ပြင်မှာ သင်္ဘောမှောက် ခရီးသည် ၂၀ ကျော်သေ
ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်ထဲက အိန္ဒိယရေပိုင်နက်ထဲမှာ ကူးတို့ သင်္ဘောတစင်းနစ်မြုပ်ခဲ့တဲ့အတွက် လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ ရတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေကပြောပါတယ်။ အပြည့်အစုံ
Homs မြို့က အမျိုးသမီးနဲ့ကလေးတွေ ဆီးရီးယားအစိုးရ ထွက်ခွာခွင့်ပြု
ဆီးရီးယားနိုင်ငံ Homs မြို့က တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို ချက်ချင်းထွက်ခွာခွင့်ပေးဖို့ Switzerland နိုင်ငံ၊ ဂျနီဗာမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အစိုးရအဖွဲ့ကိုယ်စားလှယ်တွေက သဘောတူခဲ့တယ်လို့ ကုလ ညှိနှိုင်းရေး သံတမန် Lakhdar Brahimi က ပြောပါတယ်။ အပြည့်အစုံ
ဆီးရီးယားဆွေးနွေးပွဲ အကျဉ်းသားလွှတ်ရေး အဓိကအလေးပေး
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကုလသမဂ္ဂကြားဝင်ဆွေးနွေးပေးနေတဲ့ ဆီးရီးယားရဲ့ အစိုးရနဲ့အတိုက်အခံကြားက ဒုတိယနေ့ အစည်းအဝေးမှာ ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ရေးကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း ကုလ ညှိနှိုင်းရေးမှူးက ပြောပါတယ်။ အပြည့်အစုံ
သြစတြေးလျတင်းနစ်အမျိုးသားပွဲ ဆွစ်နိုင်ငံသား Wawarinka ဗိုလ်စွဲ
သြစတြေးလျ အမျိုးသား Open တင်းနစ်စ် ပြိုင်ပွဲမှာ အသက် ၂၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံက Stanislas Wawrinka of Switzerland ဗိုလ်စွဲသွားပါပြီး ဒါဟာ သူ့ရဲ့ ပထမဆုံးရတဲ့ Grand Slam ဆုလည်း ဖြစ်ပါတယ်။ အပြည့်အစုံ
ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြ ခေါင်းဆောင်တဦးသေဆုံး
ထိုင်းနိုင်ငံမှာ ကြိုတင်မဲတွေပေးနေချိန် အစိုးရဆန့်ကျင်ဆန္ဒပြခေါင်းဆောင်တယောက် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့သလို နောက်ထပ် ၅ ယောက်လည်း ဒဏ်ရာရခဲ့ပြီး မဲရုံပေါင်း ၄၀ ကျော် ပိတ်ပစ်ခဲ့ရပါတယ်။ အပြည့်အစုံ
အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်လုပ်ဖို့ ယူကရိန်းသမ္မတ ကမ်းလှမ်း
ယူကရိန်းနိုင်ငံမှာ သမ္မတနဲ့ဝန်ကြီးချုပ်နှစ်ဦးကို နုတ်ထွက်ပေးဖို့ ၂ လကြအောင် ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ အတိုက်အခံခေါင်းဆောင် Arseniy Yatsenyuk ကို သမ္မတ ယန်နူကိုဗစ်ခ်ျက ဝန်ကြီးချုပ်ရာထူးပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ အပြည့်အစုံ
၂၀၃၅ မှာ ဆင်းရဲနိုင်ငံ မရှိတော့သလောက်ဖြစ်ဖို့ Bill Gates ခန့်မှန်း
အခုအချိန်မှာ ဝင်ငွေအနည်းဆုံးတိုင်းပြည်ဆိုလို့ ဆယ်နိုင်ငံတောင် မပြည့်တော့တဲ့အတွက် လာမယ့် ၂၀၃၅ ခုနှစ်ကျရင် ကမ္ဘာမှာ ဆင်းရဲတဲ့နိုင်ငံ မရှိသလောက်ဖြစ်သွားမယ်လို့ ကမ္ဘာကျော်သူဌေးကြီး Bill Gates က သူ့ရဲ့ နှစ်ပတ်လည်ပေးစာမှာ ကောက်ချက်ချထားပါတယ်။ အပြည့်အစုံ
ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ ပထမဆုံး တွေ့ဆုံဆွေးနွေး
၃ နှစ်နီးပါးကြာ ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေး ဆီးရီးယားအစိုးရနဲ့ အတိုက်အခံအဖွဲ့ကိုယ်စားလှယ်တွေကြား ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြပြီး အစိုးရဘက်က စနေနေ့မကုန်ခင် လေးနက်တဲ့ဆွေးနွေးမှုမလုပ်နိုင်ရင် ဆွေးနွေးပွဲက ထွက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အပြည့်အစုံ
သြစတြေးလျတင်းနစ် အမျိုးသမီးပွဲစဉ် တရုတ်နိုင်ငံသူ Li Na ဗိုလ်စွဲ
Australia နိုင်ငံ Melbourne မြို့မှာကျင်းပနေတဲ့ Australian Open tennis အမျိုးသမီးတဦးချင်းပြိုင်ပွဲမှာ ဗိုလ်စွဲသွားတဲ့ တရုတ်နိုင်ငံ က Lin Na ဟာ အရင်လည်း ဗိုလ်လုပွဲ ၂ ကြိမ်တက်ခဲ့ပြီး ဒုတိယဆုတွေရခဲ့ဖူးပါတယ်။ အပြည့်အစုံ
Apple Macintosh ကွန်ပျူတာနှစ် ၃၀ ပြည့်
သောကြာနေ့ဟာ Apple Macintosh ကွန်ပျူတာရဲ့ နှစ် ၃၀ ပြည့်မြောက်တဲ့ ပျော်ရွှင်စရာ မွေးနေ့ အခါသမယ ဖြစ်ပါတယ်။ အပြည့်အစုံ
ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ တခန်းတည်း အတူထိုင်ဆွေးနွေးမည်
ဆီးရီးယားနိုင်ငံအတွင်း သုံးနှစ်နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဖြေရှာနိုင်ဖို့ အတွက် ဆီးရီးယား အစိုးရဖက်က ကိုယ်စားလှယ်တွေ၊ အနောက်နိုင်ငံတွေက ထောက်ခံမှုပေးထားတဲ့ အတိုက်ခံတွေဟာ ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးနေကြပါတယ်။ အပြည့်အစုံ
တီဗွီ
နေ့စဉ်တီဗွီသတင်းလွှာ (၀၁-၂၅-၂၀၁၄)
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် နိုင်ငံတကာရဲ့စိုးရိမ်မှုတွေ နဲ့ မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခံခွင့်အပေါ် သူရဦးရွှေမန်းရဲ့ သဘောထား၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုဝန်းကျင် ဖွံ့ဖြိုးရေး အကြံပေးချက်တွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
အပတ်စဉ် တီဗွီမဂ္ဂဇင်း
အပတ်စဉ် တီဗွီမဂ္ဂဇင်း (၀၁၊ ၂၆ ၊ ၂၀၁၄)
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနား၊ ကုလလူလူချင်းစာနာမှုဆိုင်ရာ အကြီးအကဲ မောင်တောပြဿနာ စိုးရိမ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးရန်တောင်းဆို၊ Freedom House ရဲ့ မြန်မာ့လွတ်လပ်ခွင့်အဆင့် စတဲ့သတင်းတွေ၊ Fight ဆိုတဲ့ Idioms အသုံး သင်ခန်းစာ၊ သက်တံရောင်သတင်းလွှာနဲ့ ပုပ္ပါးတောင်ချစ်သူများအသင်းတာဝန်ခံနဲ့... အပြည့်အစုံ
ဗွီဒီယိုသတင်း
ကယ်လီဖိုးနီးယား တရုတ်နှစ်သစ်ကူး
တရုတ်နှစ်သစ်ကူးကာလ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရောက်နေတဲ့ တရုတ် လူမျိုးတွေရဲ့ ကုန်စည်ပြပွဲနဲ့ ရိုးရာနှစ်သစ်ကူးပွဲကို ပူးတွဲ ကျင်းပကြပါတယ်။ VOA သတင်းထောက် Elizabeth Lee သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြပါလိမ့်မယ်။ အပြည့်အစုံ
အီဂျစ်လှုပ်ရှားမှု (၃) နှစ်ပြည့်
အီဂျစ်နိုင်ငံမှာ သမ္မတ ဟော့စနီမူဘာရက်ကို ဖြုတ်ချနိုင်တဲ့ လူထုလှုပ်ရှားမှု (၃)နှစ် ပြည့်မြောက်သွားပါပြီ။ အီဂျစ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးပေါ် ဝေဖန် ပြောဆိုချက်တွေနဲ့ပတ်သက်လို့ သတင်းထောက် Elizabeth Arrott ကိုင်ရိုမြို့က ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ အပြည့်အစုံ
စနေနေ့မြန်မာတီဗွီသတင်းများ
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေနဲ့ မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခံခွင့်အပေါ် သူရဦးရွှေမန်းရဲ့ သဘော ထားနဲ့ မြန်မာနိုင်ငံအတွက် ICRC ရဲ့ အကူအညီအကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင် ရပ်ဆိုင်း
အကယ်၍ အီးမေးလ် သတင်းလွှာ ပြန်လည်ရရှိလိုပါက သတင်းလွှာ ပြန်လည်ရယူ
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

posted from Bloggeroid
No comments:
Post a Comment