မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ရည်...
The Voice Weekly's Facebook Wall / The Voice Weekly / 2 mins ago
မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ရည်ရွယ် အသုံးပြုပါက အလုပ်မဖြစ်နိုင်ဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီ အားကောင်းစေရန် နိုင်ငံတကာက ကူညီထောက်ပံ့မှုများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အကြီးစား စီးပွားရေးလုပ်ငန်းအတွက် ရည်ရွယ်အသုံးပြုပါက အလုပ်မဖြစ်နိုင်ကြောင်း Oxfam (Myanmar) ၏ ဌာနေကိုယ်စားလှယ် မစ္စတာရစ်ချက်မော်ဝါက သတိပေး ပြောကြားလိုက်သည်။
“အဲဒီအကျိုးရလဒ်က အဓိကကျတဲ့ အောက်ခြေက လူတွေဆီရောက်မှာ မဟုတ်ဘူး။ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးမှုဖြစ်အောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ဖို့ အလှူရှင်နိုင်ငံတွေကလည်း ကူညီ ထောက်ပံ့မှုတွေကို တန်းတူပေးဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ကူညီထောက်ပံ့မှုများသည် စီးပွားရေး အလားအလာနှင့် ဆက်စပ်သကဲ့သို့ ထောက်ပံ့ ရင်းနှီးမြှုပ်နှံမှုများကို ဆုံးဖြတ်ချက်ချရာတွင် ပြည်သူများ ပါဝင်စေခြင်းအပြင် အားလုံးပါဝင်သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးတည် ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အားကောင်းလာမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့က Oxfam ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကူညီ ထောက်ပံ့မှုများကို မြန်မာနိုင်ငံတွင် အဓိက အခက်အခဲ ပြဿနာ ဖြစ်နေသော လယ်ယာမြေ ရယူပိုင်ဆိုင်ခွင့် ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ နွမ်းပါးသောသူများကို ရင်းနှီးမြှုပ်နှံ နိုင်ရေးအတွက် အထောက်အပံ့ ပေးခြင်းနှင့် ကျန်းမာရေး၊ ပညာရေးစသော ပြည်သူ့ ဝန်ဆောင်မှုများတွင် အသုံးပြုသင့်ကြောင်း မစ္စတာရစ်ချက်မော်ဝါက အကြံပြုထားသည်။
Oxfam သည် ဆင်းရဲနွမ်းပါးမှုနှင့် မတရားမှုတို့ အတွက် ရေရှည် ဖြေရှင်းနည်းများ ရှာဖွေဖော်ထုတ်နိုင်ရန် နိုင်ငံပေါင်း ၉၀ ကျော်တွင် လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်း ၁၇ ဖွဲ့ ပါဝင်သည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှစတင်၍ ဝင်ရောက် လုပ်ကိုင်ခြင်း ဖြစ်သည်။
Visit website

posted from Bloggeroid
No comments:
Post a Comment