Visit website
Snowden ရုရှားမှာ ယာယီခိုလှုံခွင့်ရရှိ
Voice of America / -780 mins ago
အေမရိကန်ထောက်လှမ်းရေးဌာနမှာ ၀န်ထမ်းခဲ့တဲ့ ၀ရမ်းပြေး Edward Snowden ကို ရုရှားနိုငင်ံက ခိုလှုံခွင့် ပေးလိုက်ပြီဖြစ်တဲ့အတွက် သူရောက်နေတဲ့ မော်စကိုမြို့လေဆိပ် ဖြတ်သန်းရာ နားနေဇုံကေန ရုရှားနိုငင်ံထဲကို တရားဝင် ၀င်ရောက်သွားပြီ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ထောက်လှမ်းရေးဝန်ထမ်းဟောင်း စနိုဒန်ကို ရုရှားအာဏာပိုင်တွေက ၁ နှစ် ခိုလှုံခွင့်ပြုလိုက်တဲ့အေကြာင်း စနိုဒ်ရနဲ့ရှေ့နေ Anatoly Kuchenrena က ကြာသပေတးနေ့မှာ ပြောပါတယ်။ သူ့ကို ထွက်ခွာခွင့်ပြုတဲ့ စာရွက် သူ့လက်ထဲ ထဲ့ပေးပြီး နာရီအနည်းငယ်အကြာမှာပဲ လေဆိပ်ေကန သူထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ စနိုဒန်ဟာ လျှို့ဝှက် လုံခြုံတဲ့နေရာကို ဦးတည်သွားနေတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။ သူ့ရဲ့ နိုငင်ံကူးလက်မှတ်ကို အေမရိကန်အစိုးရက ဖျက်သိမ်းလိုက်တဲ့အတွက် စနိုဒန်ဟာ ဘယ်ကိုမှ ထွက်ခွာခွင့်မရှိပဲ မော်စကိုမြို့ Sheremetyevo လေဆိပ်က ဖြတ်သန်းရာ နားနေဇုံမှာ တလေကျာ်ကြာ ပိတ်မိနေခဲ့တာပါ။ သူ့ကို သူလျှိုမှုနဲ့ စွဲချက်တင်နိုင်ရေးအတွက် သူ့ကို ပြန်ပို့ပေးဖို့ အေမရိကန်အစိုးရက လိုလားနေတာ ဖြစ်ပါတယ်။ စနိုဒန်ကို ရုရှားနိုငင်ံက အခုလို ခိုလှုံခွင့်ပြုလိုက်တဲ့အတွက် အေမရိကန်နဲ့ ရုရှားနိုငင်ံအကြား ဆက်ဆံရေးတွေ ပိုတင်းမာလာနိုပင်ါတယ်။ စနိုဒန်ကို အေမရိကန် ပြန်ပို့ပေးဖို့ ရုရှားသမ္မတ Vladimir Putin ကို အေမရိကန်သမ္မတ Barack Obama က တောင်းဆိုခဲ့ပေမယ့် မစ္စတာ ပူတကင် ငြင်းဆိုခဲ့ပါတယ်။ ရုရှားရဲ့ အဲဒီ ဆုံးဖြတ်ချက်အေပါ် စိတ်ပျက်မိကြောင်း အေမရိကန်အစိုးရက ပြောပါတယ်။ရဲလင်းအောင် သတင်းအမရ
Posted via BlogPost
No comments:
Post a Comment