Thursday, February 13, 2014

TOPရေနံကုမဏီသံလျင်တွင်လုပ်ကနုင်ခွင့်ရရန်မျှော်လင့်

ထိုင်း TOP ရေနံကုမ္ပဏီ သံလျင်တွင် လုပ်ကိုင်ခွင့် ရရန်မျှော်လင့်
by Heavyrain
ဧရာဝတီToday, 13:55
ထိုင်းနိုင်ငံမှ TOP ရေနံကုမ္ပဏီသည် မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် ရေနံနှင့် ရေနံဓာတု လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရန် မျှော်လင့်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်ထ် သတင်းတရပ်တွင် ဖော်ပြထားသည်။ ယင်းကုမ္ပဏီ၏ အကြီးအကဲ Veerasak Kositpaisal က မြန်မာနိုင်ငံတွင် လုပ်ငန်း ၂ ခု လုပ်ကိုင်ခွင့်ရရန် တင်ပြထားကြောင်း၊ တခုမှာ သံလျင်မြို့တွင် တရက် ရေနံစည် ၄ သောင်းအထိ ထုတ်လုပ်မည့် လုပ်ငန်းတခု ဖြစ်ပြီး အခြားတခုမှာ ရေနံဓာတု ဆက်စပ် စက်ရုံတည်ဆောက်မည့် လုပ်ငန်း ဖြစ်ကြောင်း ပြောဆိုသည်။ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ အထိ သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

The post ထိုင်း TOP ရေနံကုမ္ပဏီ သံလျင်တွင် လုပ်ကိုင်ခွင့် ရရန်မျှော်လင့် appeared first on ဧရာဝတီ.

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment