Mizzima: ဦးကိုနီနှင့် ဦးမြအေး ပါဝင်ဟောပြောမည့် စာပေဟောပြောပွဲ ကန့်ကွက်ခံရ၍ ဖျက်သိမ်း
by M-Media
News @ M-Media —Today, 14:12
ဖေဖော်ဝါရီ ၁၃ ရက်၊၂၀၁၄
မဇ္ဈိမ
ဟိန်းကိုစိုး၊ ရွှေရည်ဝင်းထက်
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် ၌ပြုလုပ်မည့် စာပေဟောပြောပွဲတွင် ဦးကိုနီနှင့် ဦးမြအေးတို့ ဟောပြောမည့်အစီအစဉ်ကို မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂက ကန့်ကွက် ခဲ့သောကြောင့် ဟောပြောပွဲ ဖျက်သိမ်းခဲ့သည်ဟု ပွဲစီစဉ်သူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမျိုးထွဋ်က ပြောသည်။
ဦးကိုနီနှင့် ဦးမြအေးတို့ကို ပြည်ထောင်စုနေ့ကဲ့သို့သော အခမ်းအနားမျိုးတွင် လက်မခံနိုင်ဟူသော အကြောင်းပြချက်ဖြင့် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သူလည်းဖြစ်သည့် ဦမျိုးထွဋ်က ဆိုသည်။
ဟောပြောမည့်သူနှစ်ဦးကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ အရှင်သုစိတ္တက ကန့်ကွက်သည့်စာကို မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖေဖော်ဝါရီ ၁၀ ရက်တွင်ပေးပို့ခဲ့ပြီး ပွဲဖြစ်မြောက်ရေးစီစဉ် သည့် မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ကန့်ကွက် စာရောက်ရှိသည်ကို သိရှိသည်ဟု ဆိုသည်။
အဆိုပါကန့်ကွက်စာနှင့်ပတ်သက်ပြီး မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင်များမှ ရဟန်းအဖွဲ့ကို သွားရောက် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့ပေ။
မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ အရှင်သုစိတ္တ၏ ကန့်ကွက်စာတွင် “မဖြစ်သင့်တာတွေ ဖြစ်လာနိုင် ပါတယ်ဆိုတဲ့ အကြောင်းသက်ဆိုင်ရာမှ အချိန်မီတားဆီးပေးနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်”ဟု ပါ ရှိပြီး အဆိုပါရဟန်းအဖွဲ့ကိုမူ မီဒီယာများမှ သီးသန့်မေးမြန်းခွင့်မရခဲ့ပါ။
ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဦးထွန်းမြတ်က “ကျွန်တော်တို့က အရှင်ဘုရားတို့ကိုလည်း မေတ္တာရပ်ခံပြီးပြီ။ အရှင်ဘုရားက ဦးမြအေးနဲ့ ဦးကိုနီ နှစ်ဦးကို ဖြုတ်ပေးပါဆိုပြီး ပြော တယ်။ တစ်ဖက်ကလည်း စာရေးဆရာလေးဦးရဲ့ဆန္ဒကို မေးတယ်။ စာရေးဆရာ လေးဦး ကလည်း နှစ်ဦး ကိုဖြုတ်ပြီးတော့ ကျန်တဲ့ နှစ်ဦးတည်းနဲ့တော့ မဟောနိုင်ဘူးဆိုပြီး အပြတ်ပဲ။ တစ်ဖက်နဲ့တစ်ဖက်လည်း ပြဿနာ မဖြစ်ရအောင် ဦးမြအေးတို့ ဘက်ကလည်း နောက်ဆုတ်ပေး သွားတယ်”ဟု ပြောသည်။
စာပေဟောပြောပွဲ တက်ရောက်ဟောပြောရန် တရား လွှတ်တော်ရှေ့နေ ဦးကိုနီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ဆင်ဖြူကျွန်း အောင်သိန်းနှင့် ဆရာသန်းစိုးနိုင်တို့ကို ဖိတ် ကြားထားခြင်းဖြစ်သည်။ အဆိုပါ ဟောပြောပွဲပြုလုပ်ရန် အန်အယ်လ်ဒီ ဘက်မှ ဇန်န၀ါရီ ၄ ရက်ကတည်း က စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကလည်း ပွဲကျင်းပရန် တရားဝင်ခွင့်ပြုထားပြီးဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။
ဟောပြောရန်ကန့်ကွက်ခံရသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက “တိုင်းပြည်က နှစ်ပေါင်း ၅၀ လောက် အာဏာရှင်စနစ်အောက်မှာနေခဲ့ရပြီး အခု ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ အခြေအနေမှ ဘာသာခြားဖြစ်လို့ ဖျက်ဖို့ တောင်းဆိုတာ ဒီမိုကရေစီကို အနှောင့်အယှက်ပေးသလို ဖြစ် နေတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ခက်ခဲနေဦးမယ်”ဟု သုံးသပ် ပြောဆိုသည်။
ဦးကိုနီသည်“ပဉ္စမပြည်ထောင်စု မြန်မာနိုင်ငံ”ဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ရှေ့ဆက်မည့် ဒီမိုက ရေစီလမ်းကြောင်း အခြေအနေများကို ဟောပြောရန် စီစဉ်ထား သည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ဦးမြအေးကို ဆက်သွယ်မေးမြန်းရာ ပွဲစီစဉ်သူကို သာ တိုက်ရိုက် မေးမြန်းရန် ပြောကြားခဲ့သည်။
Link =>https://www.facebook.com/permalink.php?story_fbid=718504198184488&id=216265185075061&stream_ref=10
Photo Credit=> DrTin Win Aung FB
Related Posts
တောင်ကြီးမြို့ ၉၆၉ တရားပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို တိုက်ခိုက် လှုံ့ဆော်စာများ တရားဝင်ဝေငှ (Dec 7, 2013)
OIC ဆန္ဒပြပွဲတွင် အခြားဘာသာကို စော်ကားသော ပိုစတာ ပါဝင်ခဲ့၍ ဗဟန်းရဲစခန်း အမှုဖွင့် (Dec 3, 2013)
ဘာသာရေးစော်ကားသည့် ကိစ္စ အစိုးရမှ အရေးယူမည့် သတင်း OIC ဆန္ဒပြပွဲ ဦးဆောင် ဆရာတော် ဦးပါမောက္ခရဲ့ တုံပြန်မှု (Dec 2, 2013)
ခွင့်ပြုမိန့်ဖြင့် ပြုပြင်သော အစ္စလာမ်ဘာသာရေးကျောင်းဆောင် သံဃာများဆန္ဒပြမှုကြောင့် ရပ်ဆိုင်းခံရ (Nov 22, 2013)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲအခမ်းနား နေပြည်တော်တွင်ကျင်းပ (Nov 18, 2013)
OIC ကို ကန့်ကွက်ကြောင်း ရန်ကုန်မှာ ဆန္ဒထုတ်ဖော် (Nov 15, 2013)
အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ဦးသိန်းစိန် အစိုးရမှ ခွင့်ပြုချက်ပေးပြီး လာရောက် လေ့လာခိုင်းခြင်းဖြစ် (Nov 11, 2013)
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ တိုင်းလုံးကျွတ် သဘောထား ရယူရေး ဟောပြော (Nov 11, 2013)
ဒေါ်အောင်ဆန်းစုကြည် သြဇီခရီးစဉ်မှ အခမ်းအနားအားလုံး ကချင်အဖွဲများ မတက် (Nov 11, 2013)
စောင့်ကြည့်ဂျာနယ် သတင်းအမှားဖော်ပြမှု့ တာဝန်ယူဖြေရှင်းပေးရန် တာမွေ NLD ယနေ့ သတင်းစာရှင်းလင်းပွဲလုပ်မည်။ (Nov 6, 2013)
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment