Tuesday, November 4, 2014

ကျီးမနိုးပွဲ

"(ရိုးရာဓလေ့နှင့်တန်ဆောင်တိုင်သူခိုးည(ခေါ်)
ကျီမနိုပွဲများမန္တလေးကျင်းပလျှက်ရှိ")

မန္တလေးမြို့ရှိပြည်သူများမှတန်ဆောင်လ
ရောက်ပြီးဆိုတာနဲ့ဘဲကထိန်တော်အလှူ
တော်ပွဲများကိုမြို့နယ်တိုင်းရပ်ကွက်တိုင်း
ရုံးများအရပ်ဘက်လူအဖွဲ့စည်းများလူငယ်ဆွမ်းလောင်အသင်းများအားလုံးဟာနှစ်စဉ်
ကျင်းပနိုင်ရန်တစ်ပက်လည်ကထိန်တော်
အလှူမင်္ဂလာခင်းကျင်းခဲ့ကြပါသည်။
အဆိုပါကထိန်ပွဲတော်များကိုတန်ဆောင်မုန်းလဆန်ရောက်တာနဲ့ စတင်ပြီးမဲကြရာကျောင်းတိုက်များသို့သွား
ရောက်ခါအပျော်ထမ်းဖဲရိုက်ကစားခြင်းများ
ပြုလုပ်ခဲ့ပါသည် အပျော်တမ်းဖဲကစားခြင်း
ကိုရှေးယခင်လူကြီးများလက်ထက်မှယနေ့ 
အချိန်အထိရိုရာဓလေ့ပုံစံကလေးလူကြီးများကစားခြင်းများကိုသက်ဆိုင်ရာရဲတပ်ဖွဲ့
ဝင်များကပါ နာလည်မှုပေးကစားခွင့်ပေးရ
သောတန်ဆောင်တိုင်လဖြစ်မန္တလေးမြို့တွင်
ကစားကြရာလပြည်နေ့ ညဆိုရင်တော့
အမရပူရမြို့နှင့်စစ်ကိုင်းတောင်ရိုးချောင်များ
မှမိုအလင်းဖဲကစားခြင်းများပြုလုပ်လျှက်ရှိပါတယ် ဘာလိုမိုးအလင်းဖဲကစားလည်းဆိုရင်တော့
ကထိန်ပစ္စည်များဆောင်ရင်နဲ့ကစားခြင်း
လပြည်နေ့ည ကျီမနိုးပွဲအပျော်တမ်းသူခိုး
အဖြစ် ဟိုအိမ်ကပစ္စည်ဒီအိမ်ရွေ့ ဒီအိမ်ကပစ္စည်ဟိုအိမ်ပို့ထားခြင်းပျားပြုလုပ်
ခဲကြပါသည် ကျေးရွာများမှတော့ကျီးမနိးပွဲ
ကိုကြက်ရှိသောအိမ်မှကြက်ခိုးပြီးဘူးသီးရှိ
သောအိမ်မှဘူးသီးခိုးယူပြီး ကြက်ကာလား
သားဟင်ချက်ခါ အရက်များဖြင့်ပျော်ပွဲစား
ကြပါသည် မန္တလေးမြို့ပေါ်များမှတော့
တန်ဆောင်တိုင်ပျော်ပွဲစားကြေးအဖြစ်အိမ်
များရှေ့တွင်အတီးအက လူအုပ်စုလိုက်
ပျော်ပွဲစားကြေးတောင်းလျှက်ရှိပါတယ်
မပေးသောအိမ်များကိုမှတ်ထားပြီးလပြည့်
နေ့ည တခေါင်ရံအချိန်တွင် ပျော်ပွဲစားကြေး
မပေးသောအိမ်များမှပစ္စည်တစ်ခုခုကိုရအောင်ခိုးယူပြီး ကျီးမနိုးပွဲအဖြစ်လိုက်လံခိုး
လေ့ရှိပြီး အသက်အရွယ်ကြီးသောသူများကတော့
ပိုက်ဆံများကို ပန်တက္ကူပစ္စည်အဖြစ် ဆန်
ဆီများကို ညအခါပြစ်လေ့ရှိသောမြန်မာတို့
၏ရိုးရာဓလေ့များပြုလုပ်လျှက်ရှိသော
အညာမြေမန္တလေးကိုအနယ်နယ်အရပ်ရပ်
မှသူငယ်ချင်းများမိတ်ဆွေးများကအလွန်
သဘောကျ၍နှစ်စဉ် ကျွန်တော်တို့ရွှေမန္တလေးအလာသူများလည်ရှိပါတယ်
မြန်မာတို့ရဲ ၁၂ လ ပွဲတော်ထဲ့မှဆိုရင်
တန်ဆောင်တိုင်လပြည့်ဟာအပျော်လတစ်
လအဖြစ်ပါဝင်ခဲ့တာဟာ ဟိုအရင် ကျွန်တော်တို့ရဲ့ ဘိုးဘွားများလက်ထက်ကဆိုရင်တောမမှား
ပါဘူး အကြောင်းအမျိုးမျိုးကြောင့်နယ်ဝေ
မှရောက်ရှိနေသော သူများ မှာဆိုရင်
ကထိန်ပွဲတော်တန်ဆောင်တိုင်မှအဝေနေ
လာရောက်ခဲ့ကြတာဟာ ရိုရာဓလေ့ ကျီုး
မနိုးပွဲကစားနည်ဟာလည်း မြန်မာတွေရဲ
ပျော်ဆုံးပွဲအဖြစ် ဒီလတစ်လဘဲကစားခွင့်
ကိုရှေးယခင် ဘုရင်မင်းမြတ်များလက်ကထဲ့
ကခွင့်ပြုပေးခဲ့တာဖြစ်ကြောင်းရှေးလူကြီးများ၏ပြောပြချက်များအရသိခဲ့ရပါတယ်
မြန်မာနိုင်ငံရဲ အလောင်းကစားနှင့်ခိုးမှုတရားဝင်အပျော်အဖြစ်သက်မှတ်မယ်ဆိုရင်တော့
ရပါတယ် တန်ဆောင်မုန်းလပြည့်မှကလေး
မွေးရင်တော့နတ်ခတ်တရာစုံမှမွေးဖွားသော
ကလေးကိုသူခိုးနတ်ခတ်ပါတယ်လိုအယူ
ထာရှိခဲ့ပါတယ် အဲဒီလို သူခိုးနတ်ခတ်ပါတယ်လိုလူကြီးများကပြော
တာဟာ အင်ဝခေတ်က သူခိုးကြီးငတက်ခါး
ကိုအမှီပြုပြီးပြောလေ့ရှိပါတယ်လိုသိရပါတယ်
တန်ဆောင်လပြည့်နေ့ ပျောပွဲစားကြေးများ
ကလေးများကိုပေးခြင်းဟာ ကထိန်အလှူ
အကျိုးခံစားရသလိုကုသိုလ်ရပြီးမိမိစီးပွား
တိုးတက်ဆိုသောအယူဖြစ်ပေးခြင်းဖြစ်တယ်လိုရှေးလူကြီးများပြောစကားအရသိရသည်။
ကျွန်တော်ရဲရွှေမန္တလေးမှတော့ လတန်ဆောင်တိုင်ရောက်တာနဲ ပိုက်အကြေးများကိုရှေးယခင်ထဲ့ကယနေ့ 
အချိန်အထိ တပ်နိုင်သောအိမ်များကလဲ
ထားပြီး ပျော်ပွဲစားလာရောက်တောင်သူ
များကိုပေးတာဟာမြန်မာရိုးရာယာဉ်ကျေးမှု
တစ်ခုပါဘဲ
လူငယ်များကလည်းသတင်ကျွတ်ပြီးဆိုတာ
နဲ့မိဘ ဘိုးဘွားများကိုကန်တော့ခြင်းဟာ
တန်ဆောင်မုန်လပြည့်ကျော်အထိပြုလုပ်
လေ့ရှိပါတယ်။
အတီးအက များဖြစ်ပျော်ပွဲစားကြေးတောင်ခြင်း ကထိန်ခင်းခြင်းကျီးမနိုးပွဲများပြုလုပ်ခြင်း
မီးပုံများလွတ်တင်ခြင်းများကိုမြန်မာနိုင်ငံ
မှတော့မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်
အဖြစ်တည်ရှိနေသောရိုးရာဓလေ့ပွဲတော်
လအဖြစ်အလွန်ချစ်စရာကောင်းပါကြောင်း
တင်ပြလိုက်ရပါသည်။
ကျွန်တော်တို့ရဲရိုးရာဓလေ့ဖြစ်သော ကျီး
မနိုးပွဲများကိုပပျောက်မသွားရလေအောင်
မြန်မာနိုင်ငံအနှံတွင် ကစားပြီးရိုးရာအဖြစ်
သူခိုးည ခေါ် ကျီးမနိုးပွဲနှင့်ကထိန်ပွဲများကို
နေရာပြုလုပ်ပြီး ချစ်စရာကောင်းသော
ကစားနည်လေးမျာလူငယ်တွေ မကစာဖြစ်
မှတော့ ရိုရာဓလေ့ပပျောက်တော့မယ်ထင်
ပါတယ် အဆိုပါကစားနည်များကို မန္တလေး
တွင်သာကစားပြီး ကျန်မြို့များမှပပျောက်လျှက်ရှိနေတာကို
လေ့လာတွေ့ရှိရပါသည်။

အမှားပါရင်ခွင့်လွတ်ပေးစေလိုပါသည်။
ကျွန်တော်တို့ငယ်တုံးက ကျွန်တော်တို့
နယ်တွေမှအဖြစ်အပြက်လေးများကို
သိရှိစေလိုဆန္ဒဖြစ်ရေးသားတာဖြစ်ပါတယ်
ချစ်စရာကောင်းသောတန်ဆောင်လပြည့်ကိုတင်စားပြီးရေးသားခြင်းဖြစ်ပါသည်။
သတင်းဆောင်ပါးမဟုတ်ပါကွယ်ပျောက်
မယ်အရေးသတိပေးရေးသားခြင်းဖြင့်
စိုင်းထူးခန့် (အမရ)


posted from Bloggeroid

Sunday, November 2, 2014

မြတိသစ်ခိုင် သတင်း

"ဒိုင်ကောင်းကုန်းကျေးရွာသန့်ရှင်းသောသောက်သုံးရေရရှိရေးလျှပ်စစ်မော်တာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်"

မန္တလေး    အောက်တိုဘာ ၃၀မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာတွင်သန့်ရှင်းသောသောက်သုံးရေရရှိရေး အတွက်လျှပ်စစ်မော်တာရေတင်စနစ်ဖြင့်ဆောင်ရွက်ပေးနိုင်ရန်မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဦးမျိုးနိုင်အောင်နှင့်အဖွဲ့သည် အောက်တိုဘာ(၂၇)က ယင်းကျေးရွာသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးမျိုးနိုင်အောင်နှင့်အဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွောအုပ်ချုပ်ရေးမှူး၊ကျေးရွာရေကော်မတီအဖွဲ့ဝင်များနှင့်ကျေးရွာသူ/ ကျေးရွာသားများအားတွေ့ဆုံ၍ဒိုင်ကောင်းကျေးရွာတွင်သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးမည့်အကြောင်းအရာများအားရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးကကျေးရွာ၏ လက်ရှိရေအသုံးပြုရာ တွင် အခက်အခဲဖြစ်ပေါ်နေမှုများကိုရှင်းလင်းပြောကြားသည်။ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာရေကော်မတီတို့မှကျေးရွာအတွက် သန့်ရှင်းသော သောက်သုံးရေရရှိနိုင်မည့်အခြေအနေများကိုဆွေးနွေးတင်ပြကြပြီးတိုင်းဒေသကြီးညွှန်ကြားရေးမှူးက ကျေးရွာအတွက် စက်ရေတွင်းတူးဖော်ရန်ခွင့်ပြုရရှိထားသောရန်ပုံငွေဖြင့်လျှပ်စစ်မော်တာရေတင်စနစ်ဆောင်ရွက်ပေးမည့် အကြောင်းအရာများကိုရှင်းလင်းပြောကြားရာကျေးရွာရေကော်မတီအဖွဲ့ဝင်များနှင့်ကျေးရွာသူ/ကျေးရွာသားများက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။အဆိုပါကျေးရွာအတွက်သန့်ရှင်းသောသောက်သုံးရေရရှိရန်မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၃၀၀)ချထားပေးခဲ့သော်လည်းယင်း ကျေးရွာတွင် စက်ရေတွင်းအားမြေအောက်ပေ(၁၁၀၀)အထိတူးဖော်သော်လည်းသန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်မည်မဟုတ်သည့်အတွက်ကျေးရွာအတွက်အမှန်တကယ်အကျိုးဖြစ်ထွန်းပြီး တစ်နှစ်ပတ်လုံးသောက်သုံး ရေဖူလုံစွာရရှိစေနိုင်မည့် ကင်းတာလက်ဝဲမြောင်းမကြီးမှ ရေပိုက်သွယ်တန်းပြီးလျှပ်စစ်ရေမော်တာပန့်များဖြင့်ရေသွယ်ယူနိုင်ရန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"
နိုင်ငံခြားခရီးသွားဧည့်သည်များ မန္တလေးမြို့သို့လွယ်ကူစွာဝင်ရောက်နိုင်ရန်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  E-visaထုတ်ပေးသွားမည်"


မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့်နိုင်ငံခြားခရီးသွား ဧည့်သည်များ မန္တလေးမြို့သို့လာရောက်ရာတွင်လွယ်ကူအဆင်ပြေစွာဝင်ရောက်နိုင်စေရေးအတွက် နိုဝင်ဘာ ပထမပတ်မှစ၍မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် E-visaစတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။လက်ရှိအခြေအနေတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယင်းစနစ်ကိုစတင်ဆောင်ရွက်ပေးနေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လက်ရှိဝင်ရောက်နေသော နိုင်ငံပေါင်း(၆၇)နိုင်ငံအတွက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း E-visaထုတ်ပေးမှုကိုစတင်ခြင်းဖြစ်သည်။ယင်းသို့ ဆောင်ရွက်ပေး မည်ဖြစ်သည့် အတွက်နိုင်ငံခြားခရီးသွားဧည့်သည်များအနေဖြင့် သက်ဆိုင်ရာသံရုံးသို့ သွားရောက်၍visaကိစ္စ ဆောင်ရွက်ရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့်လိုအပ်သောအချက်အလက်များကိုဖြည့်စွက်၍ E-visa ပေးပို့ လျှောက်ထားနိုင်သည်။“ဒီလိုလုပ်ဆောင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံခြားခရီးသွားဧည့်သည်တွေမှာအချိန်ကုန်၊ငွေကုန်သက်သွားမယ်။ ၀င်ရောက်မှုလွယ်ကူသွားတဲ့အတွက်နိုင်ငံခြားခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံသို့ဝင်ရောက်မှုကပိုမိုများပြား လာမယ်။ ဒီလိုများပြားတဲ့အတွက် နိုင်ငံတော်ရဲ့ဝင်ငွေကလည်းတိုးတက်လာနိုင်တယ်။ အခုချိန်မှာ နိုင်ငံတကာမှာဆောင်ရွက်နေတဲ့စနစ်တွေကို မြန်မာနိုင်ငံမှာလည်းကမ္ဘာနဲ့ရင်ပေါင်တန်းလုပ်ဆောင်နိုင်အောင် ပြုလုပ်နေတာကကျွန်တော်တို့ပြည်ထောင်စုဝန်ကြီးရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေပဲဖြစ်ပါတယ်။”ဟုမန္တလေးတိုင်း ဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးကပြောသည်။ယခုအချိန်တွင် E-visaထုတ်ပေးနိုင်ရန် လိုအပ်သောစက်ပစ္စည်းများဖြစ်သည့်ဘားကုတ်ရေဒါနှင့် ဆာဗာများ တပ်ဆင်နေပြီး E-visaထုတ်ပေးရာတွင်လွယ်ကူလျင်မြန်အဆင်ပြေစွာဆောင်ရွက်ပေးနိုင်စေရန် ၀န်ထမ်းများကိုရက်တိုသင်တန်းများဖွင့်လှစ်၍ သင်ကြားပို့ချပေးလျက်ရှိကာE-visaလျှောက်ထားမှုအတွက် တစ်ဦးလျှင် ဒေါ်လာ (၅၀)သတ်မှတ်ထားသည်။လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခွင့်ပြုနိုင်ငံများE-visaလျှောက်ထားမှုအပေါ် အချက် အလက်များအားစစ်ဆေးပြီးငါးရက်အတွင်းမှာပင်ဝင်ရောက်ခွင့်ကိုပြန်လည်အကြောင်းကြားပေးမည်ဖြစ်ကြောင်း လည်း သိရသည်။မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့နိုင်ငံခြားခရီးသွားဧည့်သည်အများဆုံးဝင်ရောက်သောနိုင်ငံများအနေဖြင့်၂၀၁၁ခုနှစ်နှင့်၂၀၁၂ခုနှစ်တို့တွင် တရုတ်နိုင်ငံ၊ ၂၀၁၃ခုနှစ်နှင့်၂၀၁၄ခုနှစ်တို့တွင် ထိုင်းနိုင်ငံတို့ဖြစ်ပြီး လက်ရှိ အချိန်တွင်တရုတ်နိုင်ငံမှအများဆုံးဖြစ်ကြောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတိုက်ရိုက်ပျံသန်းပေး သောနိုင်ငံများမှာ ထိုင်း၊ တရုတ်၊ စင်ကာပူနှင့်ကိုရီးယားနိုင်ငံတို့ဖြစ်ကြောင်းနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့နိုင်ငံတကာမှဝင်ရောက်သောလေကြောင်းလိုင်း ခုနစ်လိုင်းရှိပြီးပြည်တွင်းလေကြောင်းလိုင်းအနေ ဖြင့် ရှစ်ခုရှိကြောင်းသိရသည်။


"တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်"  မိုးပွင့်အဆင့်(၇)စီမံချက်စတင်ဆောင်ရွက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  မိုးပွင့်အဆင့်(၇)စီမံချက်ကိုနိုဝင်ဘာ(၁)ရက်မှစတင်ဆောင်ရွက်လျက်ရှိရာ"
မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှလည်းယင်းစီမံချက်အား စတင်ဆောင်ရွက်သည့်အနေဖြင့် ချမ်းမြသာစည်မြို့နယ်ရှိအ.ထ.က(၂၆)နှင့် ပြည်ကြီး တံခွန်မြို့နယ်ရှိ အ.ထ.က(၂၇)ကျောင်းများသို့ကွင်းဆင်း၍ အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့One StopServiceအဖြစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ယင်းသို့ဆောင်ရွက်ပေးရာတွင် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် အတူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှဦးစီးမှူးများနှင့်ဝန်ထမ်းများ၊မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှကျောင်းအုပ်ကြီးများနှင့် ၀န်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည်။“ကျွန်တော်တို့ဌာနအနေနဲ့ အခုလို မိုးပွင့်အဆင့်(၇)စီမံချက်အဖြစ်အခြေခံပညာကျောင်းတွေမှာ လိုက်လံကွင်း ဆင်းပြီးကျောင်းသားကျောင်းသူလေးတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ အခမဲ့OneStop Serviceအဖြစ်ဆောင်ရွက်ပေးခြင်းဟာအလှူရှင်တွေရှိလို့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ရပ်ကွက်/ကျေးရွာတွေကဖိတ်ခေါ်ရင် လည်း ကျွန်တော်တို့ဌာနက ဘယ်လောက်ဝေးဝေးသွားရောက်ပြီးတော့ ဆောင်ရွက်ပေးသွားမှာပါ။ အလှူရှင် ရှိရင်တော့နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်တဲ့သူတွေအနေနဲ့ ကုန်ကျစရိတ်အတွက်ပေးစရာမလိုတော့ဘူး။ အလှူရှင်မရှိတဲ့သူတွေအတွက်ကတော့ ကတ်ပြားဖိုးအတွက်ကငွေ(၆)ကျပ်ပဲ ကုန်ကျမှာပါ။ အခြားလိုအပ်တဲ့ဓာတ်ပုံရိုက်တာ၊သွေးစစ်တာတွေနဲ့ မိတ္တူကူးတာတွေကတော့ ကာယကံရှင်ကသီးသန့်ကုန်ကျမှာပါ။ တချို့က ဒီကုန်ကျစရိတ်တွေနဲ့အတူခရီးစရိတ်၊စားစရိတ်တွေစုပေါင်းပြီးတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်တာကုန် ကျမှုတွေများပြားတယ်လို့ ပြောဆိုနေကြတယ်။ ဒါကြောင့် မလိုအပ်သောကုန်ကျမှုစရိတ်တွေ သက်သာစေဖို့ယခုလိုကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးကပြောသည်။မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့် မိုးပွင့်စီမံချက်အား၂၀၁၁ခုနှစ်ကစတင်ခဲ့ပြီး၂၀၁၄ခုနှစ်၊စက်တင်ဘာလအထိဆောင်ရွက်ပေးခဲ့သောမိုးပွင့်အဆင့်(၆)စီမံချက်ကာလအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား(၄)သိန်းကျော်ကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင်၂၀၁၃ခုနှစ်၊ဒီဇင် ဘာလကလည်းအိမ်တိုင်ရာရောက်(Door to Door)သွားရောက်ဆောင်ရွက်ပေးသည့်စနစ်ကိုစမ်းသပ်ခဲ့ရာ ပြည်သူများ၏ကျေနပ်အားရမှုကို ရရှိခဲ့သောကြောင့် ယခုနှစ်ဒီဇင်ဘာလတွင်လည်း  (Door to Door)စနစ်ကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိုးပွင့်အဆင့်(၇)၏ စီမံချက်ကာလအတွင်း၌နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၀၀၀၀)ကျော် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ပြည်သူတွေကိုဝန်ဆောင်မှုပေးနေသောဌာနဖြစ်သည်နှင့်အညီအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သည့်ဝန်ကြီးဌာနဖြစ်အောင်လည်းကြိုးစားဆောင်ရွက်လျက်ရှိနေကြောင်း၎င်းကဆက်လက်ပြောကြားသည်။နိုင်ငံသားစိစစ်ရေးကတ်သည် ပြည်သူများ၏ရပိုင်ခွင့်တစ်ခုဖြစ်သည့်အလျှောက်ယင်းရပိုင်ခွင့်အား ပြုလုပ်ရာ တွင်  အခက်အခဲများနှင့်မရှင်းလင်းသည်များရှိခဲ့ပါကမြို့နယ်၊ခရိုင်၊တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိသက်ဆိုင်ရာ ဌာနများသို့အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။

posted from Bloggeroid

Saturday, November 1, 2014

"၁၉၇၆-၁၉၇၈မန္တလေးဝိဇ္ဇ/သိပ္ပံတက္ကသိုလ်
၁၉၈၈နှင့်2rd Batchကျောင်းသားဟောင်းများ၏အာစရိယပူဇော်ပွဲ အတွက်အကြိုတွေဆုံပွဲကြီးကျင်ပ"

နိဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့
နယ် ကန်တော်ကြီးရှိ ကုက္ကိုကျွန်း စားတော်
ဆက်မြတ်ခင်းပြင်တွင် ညနေ ၅ နာရီအချိန်
တွင်မန်တက္ကသိုလ်ကျောင်းသားဟောင်းများ
၁၉၇၆/၁၉၈၁ /၁၉၈၈အထိပညာသင်ကြား
ခဲသောသူများမှပထမဆုံးအကြိမ်းအာစရိယ
ပူဇော်ပွဲကြီးကျင်ပနိုင်ရန် ပထမဆုံးအကြိမ်း
တွေ့ ဆုံဆွေးနွေးပွဲကိုကျောင်းသားကျောင်း
သူဟောင်း ၂၅၀ ကျော်ဖြင့်စည်ကားသိုက်မြိုက်စွာကျင်ပခဲသည်။
တစ်ရံတစ်ခါက........
၁၉၇၆ခုနှစ်ကနေ၁၉၈၁ခုထိဒေကောလိပ်ဆိုတဲ့ Stateကျောင်းသားသာ ကောလိပ်လေးတစ်ခု မန္တလေးမြို့ထဲမှရှိခဲ့ဖူး
ပါတယ်။
မန္တလေးဒေသကောလိပ်...တဲ့။
ဆယ်စုနှစ်ရဲ့ထက်ဝက်ကျော် ၆ နှစ်သက်တမ်းသာတည်ရှိခဲ့ပေမယ့်
ဒီ...ကောလိပ်ကျောင်းတော်ကြီးမှပညာသင်
ကြတဲ့ ကျောင်းသားဟောင်းတွေကတော့...
နှစ်ပေါင်း ၃၀ ကျော်သည့်တိုင်မမေ့နိုင်ကြ
တာကို အာစရိယပူဇော်ပွဲကြီးနဲ့ သက်သေ
ပြကြမယ် အဲဒီအချိန်တုန်းက အနယ်နယ်
အရပ်ရပ်ကနေရော မန္တလေးမြို့အနီးချုပ်စပ်
ကရော မြို့ထဲကရော မိဘရင်ခွင်ကနေလွတ်မြောက်လာကြတဲ့ 
အပျံသင်စ အရောင်အသွေးစုံလင်တောက်ပသစ်လွင်
တဲ့ ကျောင်းတော်သားတွေဟာ
မန္တလေးဒေသကောလိပ်ရဲ့အရိပ်အာဝါသအောက်ရောက်လာကြတော့တစ်ရောင်တစ်သွေးတည်း ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ
ပျော်ပျော်ရွှင်ရွှင်နေလာခဲကြတာတွေ
တို့တစ်တွေ ဘယ်သောအခါမှမမေ့နိုင်စရာ
တွေပေါ့် အခုတော့လေ.....
တို့တစ်တွေလည်းအသက်အရွယ်တွေရလာ
ကြပြီမဟုတ်လား။
ဆရာသမားတွေလည်း အိုမင်းရင့်ရော်ကြ
ကုန်ပေါ့် ဒီအချိန်ဒီအခါမှာ....
တို့ရဲ့ဆရာသမားတွေကိုလက်ဆယ်ဖြာမိုးလို့
ရှိခိုးကန်တော့ကြရုံသာမကထိုက်ထိုက်တန်
တန်ပူဇော်ကန်တော့နိုင်ဖို့နဲ့ ဆရာသမားတွေရဲ့ကျန်းမာရေးစောင့်ရှောက်
နိုင်ဖို့တက်အားသရွေ့ အလှူငွေထည့်ဝင်ပေးဖို့ကိုလည်းဖိတ်မန္တကပြုပါတယ်။
"ဂုဏ်ဒြပ်နဲ့ပကာသနတွေခွာချထားပြီး
ကျောင်းသားဟောင်းတွေကနေ ၂၀၁၅
ကျောင်းသားသစ်တွေအဖြစ် ငယ်ဘဝပြန်
ပြောင်းအောက်မေ့လိုက်ကြရအောင်.....
ဆိုသောနိုစော်စာအားကျောင်းသားတစ်ဦး
မှပေးသည်။

မန်မြေမှ ၄ နှစ်ကြပညာသင်ကြားခဲ့သော
ရှမ်းပြည်နယ်တောင်ကြီးမှမန်တက္ကသိုလ်
ကျောင်းသားဟောင်များပါဝင်လာခဲ့သလို
အနယ်နယ်အသီးသီးတွင်ရာထူတာဝန်ထမ်းဆောင်နေကြသူများဆရာဆရာမများဟာ
သူတို့ခေတ်သူတို့ခါက တက္ကသိုလ်တီးဝိုင်း
များဖြစ်သီဆိုဧည်ခံပွဲကြီးကိုလွန်ခဲ့သော
၃၀ ကျော်က ဆယ်ကျော်သက်ကလေးများ
ပမာဖျော်ဖြေခဲ့ကြပါသည်။
ဆက်လက်ပြီး မန္တလေးတက္ကသိုလ်ကျောင်း
သားဟောင်းတစ်ဦးဖြစ်သူ ကိုတင်အောင်ကျော်မှ
ကျွန်တော်တို့ဒီပွဲလုပ်ရသည့်ရည်ရွယ်ချက်
ကတော့ ဆရာကန်တော့ပွဲအကြိုပွဲလုပ်ဖြစ်
တာဖြစ်ပါတယ်နှစ်ပေါင်း ၃၅ တာကွဲကွာ
နေသော သူငယ်ချင်းများပြန်ဆုံစည်းပြီး
ဒီလိုလုပ်ခြင်းခဲ့တာကြပါပြီး ကျွန်တော်တို့
သူငယ်ချင်းတွေ ပြန်ဆုံခွင့်ရတဲ့အတွက်
အထူးဝမ်သာမိပါတယ်အားလုံးတက်ရောက်လာတဲ့အတွက်အလွန်အားရပျော်ရွင်ပါ
ကြောင်းဆရာကန်တော့ပွဲနှင့်ပါသက်၍
အစည်းအဝေလုပ်ဖို့ရှိပါတယ် နိဝင်ဘာလ
၁၄ ရက်နေ့မှM.M.C.CIခန်းမဆောင်မန္တလေး ဒိုင်မွန်းပလာဇာ
၎လွှာမှပြုလုပ်မှဖြစ်ပါတယ် အားလုံးတက်
ရောက်ပါလိုလဲဖိတ်ခေါ်ပါကြောင်း အခုတက်ရောက်လာသောကျောင်းသားဟောင်း ၂၅၀ ကိုလည်း စာရင်ယူပြီးဖိတ်ကြားမည်ဟုပြေားကြားခဲ့ပါသည်။
အဆိုပါကျောင်းသားဟောင်းများ၏ဆရာကန်တော့ပွဲအတွက် အလှူငွေ သိန်း ၄၈၀ကျော်လောက်ရာထားပြီးနောက်ထက်
ပါဝင်လှူတမ်းမည်အလှူရှင်းများလည်းပါဝင်လှူတမ်းလိုရအောင်ဆောင်ရွက်ထားကြောင်း အသက်အိုမင်းပြီးဖြစ်သောဆရာ
ဆရာမအတွက်ကျန်ရှိသောငွေများကို ငွေ
ပဒေသပင်စိုက်ထူးထားပြီးဘဏ်တွင်အပ်ထားမှဖြစ်ကြောင်းကျန်ရှိနေသောကျောင်း
သားဟောင်းများအကြောင်းအမျိုးမျိုးကြောင့် ဒီပွဲကိုမရောက်လာသော ကျောင်းသား
ဟောင်းများကိုပါဖိတ်ခေါ်ထားပါကြောင်း
ဖြစ်မြောက်ရေးကျောင်းသားဟောင်းများ
အဖွဲ့မှပြေား၍သိရသည်။


posted from Bloggeroid

ဒီမိုကရေစီဆိုတာဘာလည်း

"ဒီမိုကရေစီဆိုတာလွတ်လပ်သောနိုင်ငံ
ဖြစ်ပေမဲ့တရားဥပဒေမဲ့နေထိုင်ခြင်းမဟုတ်"

မြန်မာနိုင်ငံမှာတော့ဒီမိုကရေအသွင်ကူပြောင်းနေသောကာလဖြစ်ပေမဲ့ တရားဥပဒေအရကြည်မယ်ဆိုရင်တော့
လူတစ်ယောက်ခြင်းစီကလည်းမလိုက်နား
သလို ရိုရာစွဲဖြစ်အကျင့်ပြက်ဝန်ထမ်းတွေ
လည်းရှိနေသေတယ်ဆိုရင်မှားသလားဗျာ
ပြည်ထဲရေးကရဲတပ်ဖွဲ့ ဝင်တွေကိုယ်တိုင်
လိုင်ကြေးယူပြီးမိသားစု စားဝတ်နေရေးအတွက်စားသောက်နေသောမြန်မာပြည်ဟာ ဒုစရိုက်လုပ်ငန်းဖြစ်
သောမြန်မာသယံဇတကျွန်သစ်နှင်တွင်း
ထွက်ပစ္စည်အလောင်ကစားဝိုင်တွေ
ပြည့်တန်ဆာတွေ မောင်ခိုလုပ်ငန်းတွေ
လုပ်ဖို့ဒီမိုကရေစီ နိုင်ငံအဖြစ်ကူပြောင်းတယ်လို့မထင်ပါနဲ့ 
ဒီမိုကရေစီမြန်မာနိုင်ငံတော်ကြီးဖြစ်လာဖို့
ဆိုရင်တော့ ပြည်သူလူထုကလည်းပါဝင်
ပြောင်းလည်းဖို့လိုသလို့ နိုင်ငံဝန်ထမ်းကောင်းပိသအောင် ကျင့်ဝတ်
သိက္ခာအပြည်ရှိမယ် ဝန်ထမ်းတွေမွေးထုတ်
ပေးရန်အများကြီးလိုအပ်ပါတယ်။
မြန်မာနိုင်ငံပြည်သူတွေရဲ့ အရိုးစွဲနေသော
ရှေးရိုတစ်ခုကတော့ ငါသား ငါသမီးတွေ
စစ်ဗိုလ်ကြီးဖြစ်မှဒေါက်တာကြီးတွေဖြစ်မှ
တစ်နှစ်ကိုဝင်ငွေဘယ်လောက်ရမယ်ဆို
တာဘဲ တစ်ကယ်တော့ လူတိုင်မှရွေးချယ်
ပိုင်ခွင့်အပြည့်နဲ့ သားသမီးတွေဘဝ
အရာရှိကြီးဖြစ်မှနေရာကောင်းရမယ်မထင်ပါနဲ့ နေရာကောင်းတော့ရပါတယ်
အစားမတော်တစ်လုပ်နဲ့ အလုပ်ပြုတ်ထောင်ကျ ထောင်ကထွက်လာ
တော့ဘာအလုပ်မှမလုပ်တပ်သော အရာရှိ
ထောင်ထွက်တွေလည်းမြန်မာပြည်မှရှိပါသေတယ်ဗျာ.......
လောကကြီးမှအတပ်ပညာတပ်မြောက်ဖို့
လိုအပ်သလို အသိပညာဆိုသော
အမှားအမှန်ဆုံးဖြတ်တပ်ဖို့ကလည်းလိုအပ်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ အသိပညာရှင်တွေ
အတပ်ပညာရှင်တွေအများကြီးရှိနေပေမယ့်
သူနေရာနဲ့သူရှိမနေခြင်းများ.....?
"ငွေရင်ပြီးတာဘဲ "ဥပဒေးအပြင်ဘက်ကနေ" ငွေရှာပြီး
လိုင်ကြေးပေးလိုရတာဘဲဆိုပြီး မြန်မာပြည်
မှနေရာတိုင်မှလုပ်စားနေသော နှစ်လုံးထီ
ချဲ သုံးလုံးထီ နှင့်ရှေ့နေများမှလိုက်ပြီးအိမ်
ပေါင်စာချုပ် မချုမ်ပေးဘဲ အရောင်အဝယ်
စားချုပ် ချုပ်ပေးနေတာတွေကြောင့်
လမ်းဘေးရောက်သွားသူတွေ ကျူးဒုက္ခသည်တွေ မြန်မာတွေဟာ ကျွန်
လုပ်သားဘဝကနေ အင်္ဂလိပ်မင်းလက်ထက်ကလိုအတွင်းမှ
ဖြစ်နေတာတွေဟာ ပြည်သူလူထုက မလိုက်နာဘဲ လုပ်လာတာတွေဆိုရင်မှားမယ်လားဗျား....
မြန်မာနိုင်ငံလက်ရှိအစိုးရအနေနဲ့ ဘယ်လို
ဘဲပြောင်းလည်းသော်လည်းပြည်သူနဲ့
အောက်ခြေ ဝန်ထမ်းများလိုက်မပြောင်းဘူး
ဆိုရင်တော့ ၂၀၁၅ မှကြိုက်တဲ့သမ္မတက်
ဘယ်နည်းနဲ့မှ စစ်မှန်သောဒီမိုကရေစီမရနိုင်ပါဘူး.........
လူတိုင်မှကိုယ်ပိုင်အသိစိတ်ဒဏ်နဲ့ စည်းကမ်းတစ်ကျနေထိုင်သွားလာနိုင်မှသာ
ဒီမိုကရေစီမြန်မာပြည်သစ်ကမ္ဘာအလယ်မှ
တည်ရှိလာမည်ဖြစ်သည်။
ဥပမှာ လမ်းဘေး အမှိုက်မပြစ်ရ လမ်းပေါ်
ချသွားသောမြန်မာပြည်သူတွေ .....
စစ်အစိုးရလက်ထက်က သိမ်းခဲ့ပါတယ်
ဆိုပြီးမြေသိမ်းယာသိမ်းကိစ္စတွေမှဆိုရင်
တစ်ချို့တောင်သူတွေကတစ်ကယ်နစ်နားပြီး
ခံခဲရသလို့  စစ်အစိုးထံမှနစ်နားကြေးရော်
ကြေးယူထားခဲ့ပြီး အဲဒီအချိန်က ကြောက်
လိုယူခဲ့တာပါ အခုကိုယ်မြေကိုယ်ယာပြန်
လိုခြင်းပါတယ်ဆိုပြီး မြန်မာမြေ ဈေးကွက်
ကြီးထွားလာရာမှလောဘသားတောင်သူ
တွေက လည်းနေရာအနှံ့တွင်ပေါ်ထွက်လာ
တာဟာ သမ္မတကြီးဦးသိန်းစိန်လက်ထက်
မှဆိုရင်မှားသလားဗျား .......
လယ်ယာမြေဆုံးစမ်းရောတွေဖွဲ့လည်း
ဒီပြသာနာတွေက ၂၀၁၅ ရောက်တော့မယ်
မပြီးဆုံးသော ထွန်းတုံးတိုက်ပွဲ နဲ့ နေရာအနံ ဆန္ဒပြတောင်ဆိုမှုတစ်ခုမဟုတ်
တစ်ခုပေါ်ထွက်လျှက်ရှိနေခြင်းများဟာ
"လွတ်လပ်သောဒီမိုကရေစီနိုင်ငံမဟုတ်သ
လိုတရားဥပဒေမဲ့ " မိမိလုပ်ခြင်သလိုလုပ်
"စည်းကမ်းမဲ့စွာသွားလာနေထိုင်ခြင်းလည်း"မဟုတ်ခဲ့ပါ အများပြည်သူလွတ်လပ်စွာ
သွားလာနေထိုင်ခွင့်ရှိသလို ပြည်သူက
လိုက်နာရမည့် စည်ကမ်းအပြည့်နဲ့
ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာဖို့ ဆိုရင်တော့
လက်ရှိအစိုးရ အောက်ခြေကဝန်ထမ်းတွေ
အခြေခံပြည်သူလူထုအပါဝင်ကနေ လာဘ်
ပေးခြင်းလာဘ်စားခြင်းမပြုလုပ်ရ
ဝန်ထမ်းတွေ လာဘ်စားခြင်းကလည်း
ပြည်သူကပေးလိုစားနေတာဘဲ
ကျောင်းဆရာမ တစ်ယောက်ကိုတောင်
သူသားသမီးကိုယ်သားသမီးကျောင်းအတွင်းမှ မျက်နာရဖို့ ပြည်သူတွေကဘဲ လာဘ်
ပေးခဲ့ကြတာဘဲမဟုတ်လား.......
ဒီလိုဘဲ ဝန်ထမ်းတွေဘက်ကလည်း.....
မိမိ လစာမလောက်ရင် နိုင်ငံတော်ကို
မိမိ အနေဖြင့်တရားဝင်တင်ပြခွင့်တောင်းပါ
ဒီမိုကရေစီနိုင်ငံဖြစ်လာဖိုဆိုရင်တော့
အစိုးရအနေနဲ့ မိမိဝန်ထမ်းလစာအပြည့်
မပေးဘဲ လက်ရှိဝန်ထမ်းဘဝကိုထုတ်ခွင့်
မရှိမှ မိမိဝန်ထမ်းကတောင်းရဲ မှဖြစ်သလို
ဝန်ထမ်းလစာတွေ နိုင်ငံတော်မှတိုးပေးခဲ့
တာတွေရှိပါတယ် ဒါပေမဲ ကုန်ဈေးနှုံန်းက
တစ်နေ့တစ်ခြားလိုက်တက်နေတာကလည်းဒီမိုကရေစီနည်းလမ်းမကျဘူး ဆိုရင်မှားသလားဗျား....???
လူအခွင်အရေးဆိုင်ရာတွေလည်းပြဠာန်း
ထားပါတယ် အခြေခံအလုပ်သမားအခွင့်အရေး
မည်သည့်ဘာသာတရားမဆို သူဘာသာနဲ့ 
သူမှန်တာပါဘဲ အခုမြန်မာနိုင်ငံမှတော့
လူမျိုးရေးခွဲခြားခြင်းဘာသာတရားခွဲခြားခြင်
းအဆင့်အတန်းခွဲခြားခြင်းကလေးသူငယ်
အခွင့်အရေးဆုံးရှုံးခြင်များ မြန်မာလူမျိုးအ
ချင်းချင်းနေတိုးနေ့ ပြန်ချီစားနေသူများ
ငွေကို ငွေဖြစ် မိမိအိမ်ကနေ မရှိဆင်းရဲသား
တွေကို အတိုးပေးစားနေသူတွေက ဒီမိုကရေစီ မဟုတ်ဘူးမြန်မာပြည်ဟာ
ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက်လက်ထက်
ဆိုရင်တော့အိမ်တောင်ဦးစီးအဖေတစ်ယောက်လုပ်စာဖြင့်နေထိုင်လိုရခဲ့တယ်မြန်မာ
ပြည်ဟာ အခုအိမ်ရှိလူအကုန်အလုပ် လုပ်
ပြီး မြန်မာတွေ အကြေးတင်နေတာတွေဟာ
ဟို အရင်နှစ်တွေကျွန်တော်တို မိဘများ
လက်ထက်လို ဒီမိုကရေစီ နည်လမ်းမရှိသေတာတောင် လုပ်ပိုင်ခွင်နှင့်
ခံစားခွင့်အပြည့်ရှိခဲသောဟိုတစ်ချိန်က
မြန်မာဒီမိုကရေနိုင်ငံလို ပြန်တွေပြီးမြင်ရောင်ခဲ့ရသောကျွန်တော်တို့
ငယ်ဘဝဟာ ပိုက်ဆံအကြေးစိလေးတွေ
ကိုင်ခွင့်နဲ့ဝေသလို မြန်မာနိုင်ငံစစ်မှန်သော
ဒီမိုကရေစီနှင့်ဝေမှတော့ ကျွန်တော်နဲ့အတူ
မြန်မာနိုင်ငံသားအားလုံးလည်းထက်တူ
ဖြစ်ပါလိပ်မယ်......

ဒါကြောင့်ကျွန်တော်တို့ မြန်မာနိုင်ငံပြည်သူ
များအားလုံးက မည့်သည့်အစိုးရတက်တက်စစ်မှန်းသော
ဒီမိုကရေစီဖြစ်ပေါ်လာစေရန် အထက်ပါ
ကျွန်တော်တင်ပြထားသော လဘ်ပေးခြင်း
စည်းကမ်းမဲ့စွားအမှိုက်ပြစ်ခြင်း နေထိုင်ခြင်း
ပြုမှုခြင်းလူအခွင့်အရေးဆိုင်ရာ တင်ပြခွင့်
တောင်ဆိုခွင့်အပြည်နဲ့ ၂၀၁၅ အစိုးရလက်
ထက်မရောက်ခင် မိမိအနေနှင့်ဘာတွေ
ဘယ်လိုပြောင်းပြစ်ရမယ်ဆိုတာတော့
ကိုယ်ကိုဘဲသိကြပါလိပ်မယ်.....
ကျွန်တော်ကိုယ်တိုင်လည်းမိမိကိုယ်ကို
ပြုပြင်ပြောင်းလည်းရမှတွေအများကြီးရှိသ
လို မြန်မာပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့
စစ်မှန်သောဒီမိုကရေစီမြန်မာပြည်သစ်ကို
တရားမျှတစွာဖြင့်ကမ္ဘာအလယ်မှမြန်မာ
ဗမာ ဟာ နိုင်ငံတခါနဲ့အများကြီးသာတယ်
ဆိုတာပြသနိုင်ရန်ရည်ရွယ်၍ ဒီသတင်းဆောင်ပါးရေးသားခြင်းဖြစ်ပါသည် မည်သူတစ်ဦးတစ်ယောက်ကိုမှမရည်
ရွယ်ခဲ့ပါဘူး တိုက်ဆိုင်မှုများရှိခဲလျှင်ကျွန်
တော်၏လိုအပ်ချက်သာဖြစ်ပါသည်။

(စိုင်းထူးခန့် အမရ)

posted from Bloggeroid

ဒီမိုကရေစီဆိုတာဘာလည်း

"ဒီမိုကရေစီဆိုတာလွတ်လပ်သောနိုင်ငံ
ဖြစ်ပေမဲ့တရားဥပဒေမဲ့နေထိုင်ခြင်းမဟုတ်"

မြန်မာနိုင်ငံမှာတော့ဒီမိုကရေအသွင်ကူပြောင်းနေသောကာလဖြစ်ပေမဲ့ တရားဥပဒေအရကြည်မယ်ဆိုရင်တော့
လူတစ်ယောက်ခြင်းစီကလည်းမလိုက်နား
သလို ရိုရာစွဲဖြစ်အကျင့်ပြက်ဝန်ထမ်းတွေ
လည်းရှိနေသေတယ်ဆိုရင်မှားသလားဗျာ
ပြည်ထဲရေးကရဲတပ်ဖွဲ့ ဝင်တွေကိုယ်တိုင်
လိုင်ကြေးယူပြီးမိသားစု စားဝတ်နေရေးအတွက်စားသောက်နေသောမြန်မာပြည်ဟာ ဒုစရိုက်လုပ်ငန်းဖြစ်
သောမြန်မာသယံဇတကျွန်သစ်နှင်တွင်း
ထွက်ပစ္စည်အလောင်ကစားဝိုင်တွေ
ပြည့်တန်ဆာတွေ မောင်ခိုလုပ်ငန်းတွေ
လုပ်ဖို့ဒီမိုကရေစီ နိုင်ငံအဖြစ်ကူပြောင်းတယ်လို့မထင်ပါနဲ့ 
ဒီမိုကရေစီမြန်မာနိုင်ငံတော်ကြီးဖြစ်လာဖို့
ဆိုရင်တော့ ပြည်သူလူထုကလည်းပါဝင်
ပြောင်းလည်းဖို့လိုသလို့ နိုင်ငံဝန်ထမ်းကောင်းပိသအောင် ကျင့်ဝတ်
သိက္ခာအပြည်ရှိမယ် ဝန်ထမ်းတွေမွေးထုတ်
ပေးရန်အများကြီးလိုအပ်ပါတယ်။
မြန်မာနိုင်ငံပြည်သူတွေရဲ့ အရိုးစွဲနေသော
ရှေးရိုတစ်ခုကတော့ ငါသား ငါသမီးတွေ
စစ်ဗိုလ်ကြီးဖြစ်မှဒေါက်တာကြီးတွေဖြစ်မှ
တစ်နှစ်ကိုဝင်ငွေဘယ်လောက်ရမယ်ဆို
တာဘဲ တစ်ကယ်တော့ လူတိုင်မှရွေးချယ်
ပိုင်ခွင့်အပြည့်နဲ့ သားသမီးတွေဘဝ
အရာရှိကြီးဖြစ်မှနေရာကောင်းရမယ်မထင်ပါနဲ့ နေရာကောင်းတော့ရပါတယ်
အစားမတော်တစ်လုပ်နဲ့ အလုပ်ပြုတ်ထောင်ကျ ထောင်ကထွက်လာ
တော့ဘာအလုပ်မှမလုပ်တပ်သော အရာရှိ
ထောင်ထွက်တွေလည်းမြန်မာပြည်မှရှိပါသေတယ်ဗျာ.......
လောကကြီးမှအတပ်ပညာတပ်မြောက်ဖို့
လိုအပ်သလို အသိပညာဆိုသော
အမှားအမှန်ဆုံးဖြတ်တပ်ဖို့ကလည်းလိုအပ်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ အသိပညာရှင်တွေ
အတပ်ပညာရှင်တွေအများကြီးရှိနေပေမယ့်
သူနေရာနဲ့သူရှိမနေခြင်းများ.....?
"ငွေရင်ပြီးတာဘဲ "ဥပဒေးအပြင်ဘက်ကနေ" ငွေရှာပြီး
လိုင်ကြေးပေးလိုရတာဘဲဆိုပြီး မြန်မာပြည်
မှနေရာတိုင်မှလုပ်စားနေသော နှစ်လုံးထီ
ချဲ သုံးလုံးထီ နှင့်ရှေ့နေများမှလိုက်ပြီးအိမ်
ပေါင်စာချုပ် မချုမ်ပေးဘဲ အရောင်အဝယ်
စားချုပ် ချုပ်ပေးနေတာတွေကြောင့်
လမ်းဘေးရောက်သွားသူတွေ ကျူးဒုက္ခသည်တွေ မြန်မာတွေဟာ ကျွန်
လုပ်သားဘဝကနေ အင်္ဂလိပ်မင်းလက်ထက်ကလိုအတွင်းမှ
ဖြစ်နေတာတွေဟာ ပြည်သူလူထုက မလိုက်နာဘဲ လုပ်လာတာတွေဆိုရင်မှားမယ်လားဗျား....
မြန်မာနိုင်ငံလက်ရှိအစိုးရအနေနဲ့ ဘယ်လို
ဘဲပြောင်းလည်းသော်လည်းပြည်သူနဲ့
အောက်ခြေ ဝန်ထမ်းများလိုက်မပြောင်းဘူး
ဆိုရင်တော့ ၂၀၁၅ မှကြိုက်တဲ့သမ္မတက်
ဘယ်နည်းနဲ့မှ စစ်မှန်သောဒီမိုကရေစီမရနိုင်ပါဘူး.........
လူတိုင်မှကိုယ်ပိုင်အသိစိတ်ဒဏ်နဲ့ စည်းကမ်းတစ်ကျနေထိုင်သွားလာနိုင်မှသာ
ဒီမိုကရေစီမြန်မာပြည်သစ်ကမ္ဘာအလယ်မှ
တည်ရှိလာမည်ဖြစ်သည်။
ဥပမှာ လမ်းဘေး အမှိုက်မပြစ်ရ လမ်းပေါ်
ချသွားသောမြန်မာပြည်သူတွေ .....
စစ်အစိုးရလက်ထက်က သိမ်းခဲ့ပါတယ်
ဆိုပြီးမြေသိမ်းယာသိမ်းကိစ္စတွေမှဆိုရင်
တစ်ချို့တောင်သူတွေကတစ်ကယ်နစ်နားပြီး
ခံခဲရသလို့  စစ်အစိုးထံမှနစ်နားကြေးရော်
ကြေးယူထားခဲ့ပြီး အဲဒီအချိန်က ကြောက်
လိုယူခဲ့တာပါ အခုကိုယ်မြေကိုယ်ယာပြန်
လိုခြင်းပါတယ်ဆိုပြီး မြန်မာမြေ ဈေးကွက်
ကြီးထွားလာရာမှလောဘသားတောင်သူ
တွေက လည်းနေရာအနှံ့တွင်ပေါ်ထွက်လာ
တာဟာ သမ္မတကြီးဦးသိန်းစိန်လက်ထက်
မှဆိုရင်မှားသလားဗျား .......
လယ်ယာမြေဆုံးစမ်းရောတွေဖွဲ့လည်း
ဒီပြသာနာတွေက ၂၀၁၅ ရောက်တော့မယ်
မပြီးဆုံးသော ထွန်းတုံးတိုက်ပွဲ နဲ့ နေရာအနံ ဆန္ဒပြတောင်ဆိုမှုတစ်ခုမဟုတ်
တစ်ခုပေါ်ထွက်လျှက်ရှိနေခြင်းများဟာ
"လွတ်လပ်သောဒီမိုကရေစီနိုင်ငံမဟုတ်သ
လိုတရားဥပဒေမဲ့ " မိမိလုပ်ခြင်သလိုလုပ်
"စည်းကမ်းမဲ့စွာသွားလာနေထိုင်ခြင်းလည်း"မဟုတ်ခဲ့ပါ အများပြည်သူလွတ်လပ်စွာ
သွားလာနေထိုင်ခွင့်ရှိသလို ပြည်သူက
လိုက်နာရမည့် စည်ကမ်းအပြည့်နဲ့
ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာဖို့ ဆိုရင်တော့
လက်ရှိအစိုးရ အောက်ခြေကဝန်ထမ်းတွေ
အခြေခံပြည်သူလူထုအပါဝင်ကနေ လာဘ်
ပေးခြင်းလာဘ်စားခြင်းမပြုလုပ်ရ
ဝန်ထမ်းတွေ လာဘ်စားခြင်းကလည်း
ပြည်သူကပေးလိုစားနေတာဘဲ
ကျောင်းဆရာမ တစ်ယောက်ကိုတောင်
သူသားသမီးကိုယ်သားသမီးကျောင်းအတွင်းမှ မျက်နာရဖို့ ပြည်သူတွေကဘဲ လာဘ်
ပေးခဲ့ကြတာဘဲမဟုတ်လား.......
ဒီလိုဘဲ ဝန်ထမ်းတွေဘက်ကလည်း.....
မိမိ လစာမလောက်ရင် နိုင်ငံတော်ကို
မိမိ အနေဖြင့်တရားဝင်တင်ပြခွင့်တောင်းပါ
ဒီမိုကရေစီနိုင်ငံဖြစ်လာဖိုဆိုရင်တော့
အစိုးရအနေနဲ့ မိမိဝန်ထမ်းလစာအပြည့်
မပေးဘဲ လက်ရှိဝန်ထမ်းဘဝကိုထုတ်ခွင့်
မရှိမှ မိမိဝန်ထမ်းကတောင်းရဲ မှဖြစ်သလို
ဝန်ထမ်းလစာတွေ နိုင်ငံတော်မှတိုးပေးခဲ့
တာတွေရှိပါတယ် ဒါပေမဲ ကုန်ဈေးနှုံန်းက
တစ်နေ့တစ်ခြားလိုက်တက်နေတာကလည်းဒီမိုကရေစီနည်းလမ်းမကျဘူး ဆိုရင်မှားသလားဗျား....???
လူအခွင်အရေးဆိုင်ရာတွေလည်းပြဠာန်း
ထားပါတယ် အခြေခံအလုပ်သမားအခွင့်အရေး
မည်သည့်ဘာသာတရားမဆို သူဘာသာနဲ့ 
သူမှန်တာပါဘဲ အခုမြန်မာနိုင်ငံမှတော့
လူမျိုးရေးခွဲခြားခြင်းဘာသာတရားခွဲခြားခြင်
းအဆင့်အတန်းခွဲခြားခြင်းကလေးသူငယ်
အခွင့်အရေးဆုံးရှုံးခြင်များ မြန်မာလူမျိုးအ
ချင်းချင်းနေတိုးနေ့ ပြန်ချီစားနေသူများ
ငွေကို ငွေဖြစ် မိမိအိမ်ကနေ မရှိဆင်းရဲသား
တွေကို အတိုးပေးစားနေသူတွေက ဒီမိုကရေစီ မဟုတ်ဘူးမြန်မာပြည်ဟာ
ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက်လက်ထက်
ဆိုရင်တော့အိမ်တောင်ဦးစီးအဖေတစ်ယောက်လုပ်စာဖြင့်နေထိုင်လိုရခဲ့တယ်မြန်မာ
ပြည်ဟာ အခုအိမ်ရှိလူအကုန်အလုပ် လုပ်
ပြီး မြန်မာတွေ အကြေးတင်နေတာတွေဟာ
ဟို အရင်နှစ်တွေကျွန်တော်တို မိဘများ
လက်ထက်လို ဒီမိုကရေစီ နည်လမ်းမရှိသေတာတောင် လုပ်ပိုင်ခွင်နှင့်
ခံစားခွင့်အပြည့်ရှိခဲသောဟိုတစ်ချိန်က
မြန်မာဒီမိုကရေနိုင်ငံလို ပြန်တွေပြီးမြင်ရောင်ခဲ့ရသောကျွန်တော်တို့
ငယ်ဘဝဟာ ပိုက်ဆံအကြေးစိလေးတွေ
ကိုင်ခွင့်နဲ့ဝေသလို မြန်မာနိုင်ငံစစ်မှန်သော
ဒီမိုကရေစီနှင့်ဝေမှတော့ ကျွန်တော်နဲ့အတူ
မြန်မာနိုင်ငံသားအားလုံးလည်းထက်တူ
ဖြစ်ပါလိပ်မယ်......

ဒါကြောင့်ကျွန်တော်တို့ မြန်မာနိုင်ငံပြည်သူ
များအားလုံးက မည့်သည့်အစိုးရတက်တက်စစ်မှန်းသော
ဒီမိုကရေစီဖြစ်ပေါ်လာစေရန် အထက်ပါ
ကျွန်တော်တင်ပြထားသော လဘ်ပေးခြင်း
စည်းကမ်းမဲ့စွားအမှိုက်ပြစ်ခြင်း နေထိုင်ခြင်း
ပြုမှုခြင်းလူအခွင့်အရေးဆိုင်ရာ တင်ပြခွင့်
တောင်ဆိုခွင့်အပြည်နဲ့ ၂၀၁၅ အစိုးရလက်
ထက်မရောက်ခင် မိမိအနေနှင့်ဘာတွေ
ဘယ်လိုပြောင်းပြစ်ရမယ်ဆိုတာတော့
ကိုယ်ကိုဘဲသိကြပါလိပ်မယ်.....
ကျွန်တော်ကိုယ်တိုင်လည်းမိမိကိုယ်ကို
ပြုပြင်ပြောင်းလည်းရမှတွေအများကြီးရှိသ
လို မြန်မာပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့
စစ်မှန်သောဒီမိုကရေစီမြန်မာပြည်သစ်ကို
တရားမျှတစွာဖြင့်ကမ္ဘာအလယ်မှမြန်မာ
ဗမာ ဟာ နိုင်ငံတခါနဲ့အများကြီးသာတယ်
ဆိုတာပြသနိုင်ရန်ရည်ရွယ်၍ ဒီသတင်းဆောင်ပါးရေးသားခြင်းဖြစ်ပါသည် မည်သူတစ်ဦးတစ်ယောက်ကိုမှမရည်
ရွယ်ခဲ့ပါဘူး တိုက်ဆိုင်မှုများရှိခဲလျှင်ကျွန်
တော်၏လိုအပ်ချက်သာဖြစ်ပါသည်။

(စိုင်းထူးခန့် အမရ)

posted from Bloggeroid

"လွတ်တော်ကိုယ်စားလှယ်များစုံညီစွာတက်ရောက်လာသောမန္တလေးမင်္ဂလာဧည်ခံပွဲ"

နိဝင်ဘာ (၁)
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့
နယ် ၂၆လမ်း၂၇ လမ်းကြား ၆၄လမ်ရှိ
Orietal House မင်္ဂလာဧည့်ခံပွဲကိုနိဝင်ဘာ
(၁)ရက်နေ့ မနက်မင်္ဂလာဧည်ခံပွဲတစ်ခုကိုပါတီပေါင်းစုံမှပြည်သူလွတ်တော်ကိုယ်စားလှယ်များတက်ရောက်ချိမြင်ခဲ့ပါသည်။

မန္တလေးတိုင်းကျောက်ပထောင်းမြို့နယ်
ပြည်သူလွတ်တော်ကိုယ်စားလှယ်(NLD)
CECအဖွဲ့ဝင်ဒေါက်တာဇော်မြင့်မောင်၏
သမီးဒေါက်တာ ဇင်သော်စိုးနှင့်ဒေါက်တာစုဝေပုံတို့၏
မင်္ဂလာဧည်ခံပွဲကိုတက်ရောက်ချိမြင့်ခဲ့တာ
ဖြစ်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလွတ်တော်
ကိုယ်စားလှယ်ဒေါက်တာဇော်မြင့်မောင်မှ
ပြည်ခိုင်ဖြို့ပါတီမှ ပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးသိန်ထွန်းဦးအားဧည်ခံနေသောမင်္ဂလာပွဲဟာ
နိုင်ငံရေပါတီများစည်းလုံးညီညွတ်သော
ပွဲတစ်ပွဲအဖြစ်ပါတီပေါင်စုံမှလွတ်တော်ကိုယ်စားလှယ်များကိုတွေ့ မြင်ခဲ့ရပါသည်။
ခန်းမဆောင်တစ်လုံးမှရွေးကောက်ပွဲကော်မရှင်းလူကြီးများနှင့်လွတ်တော်ကိုယ်စားလှယ်များစုံညီစွာတက်ရောက်လာသောမင်္ဂလာဆောင်ပွဲအဖြစ်မန္တလေးတွင်ပထမဆုံး
တွေ့မြင်ခဲရသည်။
အဆိုပါမင်္ဂလာပွဲအားအဖွဲ့ ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အားဖိတ်ကြားထားကြောင်း ဒေါ်စုအနေဖြင့် လွတ်တော်နှင့်နိုင်ငံကိစ္စများရှိနေသဖြင့် မလာနိုင်ကြောင်းကိုပြည်သူလွတ်တော်ကိုယ်စားလှယ်ပြင်ဦးလွင်မြို့မှဦးကျော်သိဟမှဖြေကြားခဲ့ပါသည်။

မန္တလေးတိုင်းအဖွဲ့ ချုပ်အဖွဲဝင်များနိုင်ငံပါတီ အသိသိမှကိုယ်စားလှယ်များရွေးကောက်ပွဲ
ကော်မရှင်းဥက္ကဋ္ဌများမအားသည်ကြားထဲမှ
မိမိသမီး၏မင်္ဂလာပွဲကိုတက်ရောက်လာကြ
သောပါတီပေါင်စုံမှလွတ်တော်ကိုယ်များကို
အထူးကျေးဇူးတင်ရှိကြောင်းမိမိကိုယ်တိုင်
လည်းမနေ့ ညကမှသမီးမင်္ဂလာဆောင်ကို
အရောက်ပြန်လာခဲ့ရပါသည်ဟုအဖွဲ့ချုပ်
CECအဖွဲ့ဝင်ဒေါက်တာဇော်မြင်မောင်မှNews Watchကိုပြောသည်။

posted from Bloggeroid

မန္တလေးမြို့တွင် မျိုးစောင့်ဥပဒေအမြန်ဆုံး
ပြဠာန်းရေး ဆန္ဒဖော်ထုတ်ပွဲကြီးပြုလုပ်

အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မဟာမြတ်မုနိဘုရားး
ကြီး ၄၅ တာကွင်အတွင်းစုရပ်ပြုလုပ်၍
နေ့  ၁၂ နာရီအချိန်စတင်ပြီး လမ်း၈၀ အတိုင် ၂၆ လမ်း အနောက်ချိုးပြီးမဟာလောကရံအိမ်တော်ရာဘုရားတွင်အခန်းအနားပြုလုပ်ကျင်ပခဲရာ အမျိုးဘာသာသာသနာချစ်မြတ်နိသူများနှင့်
သံဃာတော်အရှင်သူမြတ်များအင်အား
( ၅၀၀ )ခန့်မှ မျိုးစောင့်ဥပအမြန်ဆုံးပြဠာန်းရန်
ဆန္ဒဖော်ထုတ်၍တောင်းဆိုပွဲကြီးပြုလုပ်ခဲပါသည်။

ကိုယ်အမျိုးကိုယ်ဘာသာ ကိုယ်လူမျိုးများ
အတွက် မျိုးစောင့်ဥပဒေဆိုတာ ထားသင့်
ပါတယ်မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ
တစ်နိုင်ငံဖြစ်ပါတယ်မြန်မာလူမျိုးတွေက
ဆင်းရဲသားအများစုဖြစ်ပြီးတိုင်းတပါးမှ
မြန်မာပြည့်ကိုအခြေချလာနေသူတွေက
မန္တလေးမြို့အလယ်မှနေရာယူထားပြီး
ကျွန်တော်တို့မြန်မာလူမျိုးတွေက မြို့ပြင်မှ
နောက်ပြီးကျူးဘဝတွေရောက်တဲသူတွေ
လည်းအများကြီးပါ ဒါကြောင့်မျိုးစောင့်ဥပဒေကိုပြဠာန်းပေးပြီး
မြန်မာနိုင်ငံမှမြန်မာလူမျိုးစီးပွားလုပ်ငန်းရှင်း
ဖြစ်ပေါ်လာရန်နှင့် တရာမျှတသောဗုဒ္ဓဘာ
သာနိုင်ငံမြန်မာပြည်ဖြစ်လာမည်ဟုကိုဝင်းမြင့်မှပြောသည်။

မျိုးစောင့်ဥပဒေပြဠာန်းပေးရန် ဗီနိုင်ဆိုင်ဘုတ်များကိုင်ဆောင်၍
မျိုးစောင့်ဥပဒေ အမြန်ဆုံးပြဠာန်းရေး
ဒို့ ရေး အမျိုးစောင့်ဥပဒေအမြန်ဆုံးပေါ်ပေါက်ရေး
ဒို အရေး အနာဂတ်မြန်မာနိုင်ငံကြီး ထာဝရငြိမ်းချမ်းရေး ဒို့ အရေး
အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး ဒို့ အရေး
အမျိုးစောင့်ဥပဒေ အောင်ရမည်စသည့်
ဟစ်ကြွေးသံများဖြင့် ဆန္ဒဖော်ထုတ်ရာ
လမ်းတစ်ရှောက်အော်ဟစ်ခါ အမြန်ဆုံး
မျိုးစောင့်ဥပဒေပြဠာန်းပေးရန်တောင်းဆို
ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အမျိုးဘာသာသာသနာ အဖွဲ့ဝင်များဆရာ
တော်အရှင်းမြတ်များမှအိမ်တော်ရာဘုရား
ဝင်အတွင်ဟောပြေားပွဲကြီးကျင်ပခဲ့ကြသည်။


posted from Bloggeroid