Wednesday, March 25, 2015

သတင်းများသိမ်းထား

Skip to main contentSkip to main NavigationSkip to Search အသံဖိုင် TV အစီအစဉ်မြန်မာ

V Gastro Bar ပိုင်ရှင်နဲ့ မန်နေဂျာကို ရုံးထုတ်

02.01.2015 20:23အင်ကြင်းနိုင်V Gastro Bar ပိုင်ရှင်နဲ့ မန်နေဂျာကို ရုံးထုတ်။ (ဇန်နဝါရီ ၂၊ ၂၀၁၅)ဗုဒ္ဓရုပ်ပုံတော်ကို အရက်ဆိုင်ကြော်ငြာအဖြစ် အသုံးပြုခဲ့တာကို မိမိတို့ မသိလိုက်တဲ့ အကြောင်း V Gastro ဘားပိုင်ရှင်နဲ့ ဆိုင်မန်နေဂျာတို့က ဒီကနေ့ ဗဟန်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ Buddha Bar လို့ အမည်ပေးထားတဲ့ ပါတီပွဲကြေငြာလက်ကမ်းစာစောင်။ပိုင်ရှင် ကိုထွန်းသူရိန်၊ မန်နေဂျာတွေဖြစ်တဲ့ Phillip Blackwood နဲ့ ကိုထွဋ်ကိုကိုလွင်တို့ သုံးဦးကို ဗုဒ္ဓရုပ်ပုံတော်ကို အရက်ဆိုင်ကြော်ငြာအဖြစ် အသုံးပြုခဲ့တာကြောင့် ပုဒ်မ ၂၉၅ သာသနာကို စော်ကားရန်အကြံဖြင့် ကိုးကွယ် ဝတ်ပြုတဲ့ ဗုဒ္ဓဆင်းတုကို စော်ကား ဖျက်ဆီးတယ် ဆိုတဲ့ စွဲချက်အပါအဝင် ပုဒ်မ သုံးခုနဲ့ မြန်မာ အာဏာပိုင်တွေဘက်က စွပ်စွဲထားတာပါ။ ဇန်န၀ါရီလ (၂)ရက်နေ့ ရုံးချိန်းမှာ စစ်ဆေးခဲ့တာနဲ့ ပတ်သက်လို့ တရားခံရှေ့နေဖြစ်သူ ဦးမြသွေးက အခုလိုပြောပြပါတယ်။"သူတို့ တင်တာမဟုတ်ဘူး သူတို့နဲ့ မဆိုင်ဘူး ဆိုတဲ့ အကြောင်းလေးတွေပေါ့။ မဝတ က ၁၈၈ မှာ မဝတက တရားလိုပေါ့ကွယ်။ ၁၈၈ ဆိုတာကွာ အချိန်မတော် ဆိုင်ဖွင့်တယ်။ ဆူညံတယ်။ ဘာညာ လျှောက်လုပ် ထားတာပေါ့။ နောက်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကို စစ်တယ်။ စစ်ပြီးတော့ ၁၂ ရက်၊ ၁ လ၊ ၂၀၁၅ ရက်နေ့ကို ချိန်းလိုက်တယ်။ နောက်ထပ် ခံပြသက်သေ ၁၀ ယောက်လောက်နဲ့ ၁၈၈ က တရားလိုပြသက်သေ ၂ ယောက်စစ်ဦးမှာ။"V Gastro Bar ပိုင်ရှင်နဲ့ မန်နေဂျာကို ရုံးထုတ်စစ်ဆေး။ (ဇန်နဝါရီ ၂၊ ၂၀၁၅)ဒီဇင်ဘာလ (၂၆)ရက်နေ့က နယူးဇီလန်နိုင်ငံသား ဆိုင်မန်နေဂျာ Phillip Blackwood ကို တရားရုံးထုတ် စစ်ဆေးတုန်းကလည်း သူ့အနေနဲ့ ဗုဒ္ဓပုံကို ရည်ရွယ်ချက် ရှိရှိနဲ့ သုံးစွဲခဲ့တာ မဟုတ်ဘဲ ဆိုင်အရောင်းမြှင့်တင်ဖို့ အင်တာနက် စာမျက်နှာ Google ကနေ ဓာတ်ပုံယူ အသုံးပြုခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ Philip ရဲ့အမေဖြစ်သူကလည်း သူ့သားဟာ လူကောင်းတယောက်ဖြစ်ပြီး လူအများကို ကူညီတတ်သူဖြစ်ကြောင်း ၀ိုင်းဝန်းထောက်ခံစာရေးသားသူတွေ ကို ကျေးဇူးတင်ကြောင်းပြောကြားချက်ကို နယူးဇီးလန် သတင်းဌာန တခုက ဖေါ်ပြခဲ့ပါတယ်။"အဲဒါတွေကတော့ တကဏ္ဍလေ သမီးရဲ့။ ဘာကြောင့်လဲဆိုတော့ တို့က မြန်မာနိုင်ငံ ကိုးကွ။ နော် အာရှမှာဆိုရင် Buddhist က ဒီ တို့မြန်မာပြည်က တစ်အားကြီး ကျယ်ပြန့်တော့ အဲဒီ့ သူတို့အထွဋ်အမြတ်ထား ကိုးကွယ်နေတဲ့ဥစ္စာကို အထိအခိုက်မခံ တာလေး ပါတာပေါ့ကွာ။ ဒါပေမယ့် Phillip က သူ့ဘာသာသူပေါ့ ပရိုမိုးရှင်းလေး အတွက်ကို ရိုးရိုးသားသားလေးတင်လိုက်တာ။ No intention of outraging religious feeling ကိုလေ။"အခုလို V Gastro Bar အမှုကို လိုက်ပါဆောင်ရွက်ပေးနေတာကြောင့် မဘသအဖွဲ့ ကနေ လူမှုကွန်ယက် အင်တာနက်စာမျက်နှာတွေက တဆင့် ခြိမ်းခြောက်ခဲ့ တယ်လို့ ရှေ့နေဦးမြသွေးကပြောပါတယ်။ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဘားဆိုင်ကို စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓရုပ်ပုံတော် ကို ကြော်ငြာအဖြစ် အသုံးပြု ပြီး လူမှုကွန်ယက် Facebook မှာ တင်ခဲ့တာကြောင့် ညတွင်းချင်း ဆိုင်ကို ချိပ်ပိတ် လိုက်ပြီး သူတို့သုံးဦးလုံးကို ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင် မှာ ထိန်းသိမ်း ထားပါတယ်။ ပြစ်မှု ထင်ရှားတယ် ဆိုရင် ထောင်နှစ်နှစ် ကျခံရဖွယ် ရှိတယ်လို့ ရှေ့နေ ဦးမြသွေးကပြောပါတယ်။နောက်ထပ် သတင်းဆောင်းပါးများ မြန်မာRELATED MULTIMEDIAV Gastro Bar ပိုင်ရှင်နဲ့ မန်နေဂျာကို ရုံးထုတ်အပေါ်သို့ ပြန်သွားရန်ဗွီအိုအေ၏ လူမှုကွန်ယက်များဗွီအိုအေ Facebookဗွီအိုအေ Google+ဗွီအိုအေ Twitterဗွီအိုအေ YouTubeFollow us on SoundCloudမြန်မာသတင်းဌာနအကြောင်းကိုယ်ရေး လျှို့ ဝှက်ချက်ဆိုင်ရာမိုဘိုင်းလ် App များကို အခမဲ့ ဒေါင်းလုတ် ရယူရန်မူရင်းစာမျက်နှာအပြည့်အစုံ»


ပြင်ဦးလွင်သတင်း

ပြင်ဦးလွင်မြို့နယ်ရှိ အမှတ်(၉၅၈)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲကညောင်နီကျေးရွာမှ တောင်သူများ၏လက်ရှိစိုက်ပျိုးလုပ်ကိုင်နေထိုင်လျက်ရှိသောကျေးရွာပိုင်မြေနေရာအားတပ်ပိုင်မြေဟုဆိုကာ ကွန်ကရစ်တိုင်ခြံစည်းရိုးများဝင်ရောက်ခတ်နေမန္တလေး    သြဂုတ်မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အမှတ်(၂)နယ်မြေ ရပ်ကွက်ကြီး(၁၄)ညောင်နီကျေးရွာ ကွင်း အမှတ်(ပြင်) ဧရိယာ (၁၈.၉၈)ဧကရွှေပုဇွန်ကုန်းကန်တော်ကြီးအိမ်ရာစီမံကိန်းရှိ စီ-၁၇၊စီ-၁၈၊စီ-၁၉ မြေနေရာများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသော ဒေသခံတောင်သူများ၏ကျေးရွာပိုင်မြေနေရာအား  ပြင်ဦးလွင်မြို့ရှိ အမှတ်(၉၅၈)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက တပ်ပိုင်မြေဟုဆိုကာ သြဂုတ်(၃၀)ရက်နေ့တွင် ကွန်ကရစ်တိုင်ခြံစည်းရိုးကာရံခြင်းများဝင်ရောက်ပြုလုပ်နေကြောင်းသိရသည်။အဆိုပါကျေးရွာပိုင်မြေကိစ္စနှင့်ပတ်သတ်၍ ဒေသခံတောင်သူဦးကြည်မောင်က“ကျွန်တော်တို့ စိုက်ပျိုး လုပ်ကိုင်ခဲ့တဲ့မြေနေရာတွေကို ၁၉၉၇ခုနှစ်ခန့်ကပြင်ဦးလွင်ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က မတရားသိမ်းယူခဲ့ပြီးရွာသားခုနစ်ဦးကိုလည်း ကျူးကျော်မှုနဲ့ ချုပ်နှောင်ခဲ့တယ်။  အဲဒီနောက်နိုင်ငံတော်အဆင့် ကို ဖြစ်စဉ်အခြေအနေမှန်တင်ပြပြီးမြေပြန်လည်ရရှိရေးတောင်းခံခဲ့လို့ ပြန်လည်ပြီးစိုက်ပျိုးလုပ်ကိုင်ခွင့်ကဒီနေ့ အချိန်ထိရရှိခဲ့တယ်။၂၀၀၅-၂၀၀၆ခုနှစ်မှာသစ်တောမြေဧရိယာဧက(၅၀၀)ကိုရွှေပုဇွန်ကုန်းအိမ်ရာစီမံကိန်းဆိုပြီးအမှတ်(၉၅၈)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက သိမ်းယူခဲ့တယ်။၂၀၀၇ခုနှစ်မှာလည်း ကျွန်တော်တို့ပိုင်တဲ့ မြေနေရာတွေကိုရွှေပုဇွန်ကုန်းအိမ်ရာအတွက် သီးခြားစီမံခန့်ခွဲရန်ရှိတယ်ဆိုပြီးထပ်မံသိမ်းယူခဲ့တယ်။နောက်ပြီး သူတို့က တပ်မြေမကျုးကျော်ရဆိုတဲ့ကျောက်တိုင်တွေလာစိုက်တယ်။ ကျွန်တော်မှာ သီးစားမြေခွန်စာရွက် တွေနဲ့ပုံစံ-၁၀၅မြေပုံတွေလည်းရှိတယ်။ဒါကို သူတို့ကလန.၃၉ကျပြီးတဲ့ပိုင်ဆိုင်မှုမြေနေရာဆိုပြီး အလံနီတွေ၊ကွန်ကရစ်ကျောက်တိုင်တွေလာစိုက်နေတယ်။ ပြီးတော့ သူတို့ရဲ့လန.၃၉ပေါ်မှာပါရှိနေတယ်ဆိုတဲ့ တောင်သူ(၂၈)ဦးကို ဒီနှစ်စက်တင်ဘာ(၁၅)ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးဖို့ဆိုပြီး စာတွေပို့တဲ့အပြင်ပြင်ဦးလွင်မြို့မရဲစခန်းမှာ ပုဒ်မ(၄၄၇)နဲ့အမှုကိုလည်းဖွင့်ထားတယ်။အခုလည်း ကျွန်တော်တို့ ကျေးရွာပိုင် မြေ နေရာတွေကိုအတင်းဝင်ရောက်ပြီးတော့ ခြံစည်းရိုးခတ်နေကြတယ်။ ကျွန်တော်တို့မြေနေရာတွေကဘိုးဘွား စဉ်ဆက်နေထိုင်လာတဲ့အတွက် လက်ရှိမြေနေရာပေါ်ကနေ ဖယ်မပေးနိုင်ဘူး။ဖြစ်လာတဲ့ပြဿနာပေါ် မူတည် ပြီး ရင်ဆိုင်ဖြေရှင်းသွားမှာပါ။”ဟုပြောသည်။ဆက်လက်၍ ဒေသခံတောင်သူကိုဇော်ထွန်းဦးကလည်း“ ဒီရွာက နှစ်ပေါင်း(၁၀၀)ကျော်ရှိခဲ့ပြီ။ ကျွန်တော် လည်း ဒီရွာမှာကြီးပြင်းလာခဲ့ရတယ်။ အခုဟာကကျွန်တော်တို့မြေနေရာပေါ်ကိုလည်းလာပြီးကျုးကျော်တယ်။ ကျွန်တော်တို့ကိုလည်းကွင်းပြင်ထဲလွှင့်ပြစ်တဲ့ခွေးတွေလို မောင်းထုတ်ခံနေရတယ်။ကိုယ်ခြင်းစာမှုလုံးဝမရှိဘူး။ သက်ဆိုင်ရာအကြီးအကဲတွေကိုတင်ပြတော့လည်းဘာမှမထူးခြားဘူး။ ဒီနေ့ပြင်ဦးလွင်မြို့မရဲစခန်းက ရဲအရာရှိတွေလာပြီး ကျွန်တော်တို့တောင်သူ(၂၈)ဦးကို ပိုင်ဆိုင်မှုစာရွက်စာတမ်းနဲ့အထောက်အထားတွေကို လာ ရောက်စစ်ဆေးပြီး လူတွေ့ခေါ်ယူမေးမြန်းခဲ့တယ်။ဘယ်လိုဖြစ်လာမယ်ဆိုတာမသိဘူး။ ကျွန်တော်တို့ကလည်း ဒီနေရာကနေဖယ်မပေးနိုင်ဘူး။”ဟု ပြောသည်။“တရားဥပဒေနဲ့အညီ တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းပေးဖို့၊ တပ်မတော်နဲ့ရွာသားတွေပြဿနာမတက်အောင် မေတ္တာရပ်ခံပေးဖို့အတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လာခဲ့တာပါ။ တပ်မတော်ကတာဝန်ရှိသူတွေကိုလည်း ကျွန်တော့်ကတွေခွင့်တောင်းပေမယ့် ဒေသခံတွေရှေ့မှာတွေ့ဆုံခွင့်မရခဲ့ပါဘူး။ နိုင်ငံတော် လုံခြုံရေးအတွက် တပ်မတော်အနေနဲ့တကယ်လိုအပ်တယ်ဆိုရင် ရွားသားတွေအနေနဲ့ ဖယ်ပေးဖို့မေတ္တာရပ်ခံပြီးပြောပေးမှာပါ။ အဲဒီအတွက်ကျွန်တော်လာခဲ့တာပါ။သူတို့လုပ်နေတာကို တားဆီးဖို့လာခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်သိချင်တာကဘယ်သူ့အတွက် ဘာလုပ်ဖို့၊ ဘယ်လိုစီမံကိန်းမျိုးကို ဘယ်သူတွေကခိုင်းတာလဲဆိုတာ သိချင်တာပါ။ ဒီကိစ္စနှင့် ပတ်သတ်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးလည်း သိရှိပါသလား။ ကျွန်တော့်အနေနဲ့ကဥပဒေပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီး ဘယ်လိုဆက်လုပ်သင့်တယ်ဆိုတာကိုညှိနှိုင်းပြီး ရွာမြေအပေါ်မှာ တပ်ကကျုးကျော်တဲ့အတွက်တရားဥပဒေစိုးမိုးရေးကော်မတီက ဒေါ်အောင်းဆန်းစုကြည်ထံကိုလည်းတင်ပြသွားမှာပါ။ တောင်သူတွေ ပိုင်ဆိုင်မှုစာရွက်စာတမ်းရှိတာကိုတပ်ကကျုးကျော်နေတဲ့အတွက် သူတို့ကို အရေးယူဖို့မလွယ်ဘူး။ဒါကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီးလွှတ်တော်မှာမေးမြန်းဖို့ဆောင်ရွက်သွားမှာပါ။”ဟုပြင်ဦးလွင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟက ပြောသည်။လယ်ယာမြေဥပဒေအရ နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက်လယ်ယာမြေကို သိမ်းဆည်း ရာတွင် အနည်းဆုံးလိုအပ်သောပမာဏကိုသာသိမ်းယူရမည်ဟုလည်းကောင်း၊ စီမံကိန်းအား သတ်မှတ်ကာလ အတွင်းအမြန်ဆုံးပြီးစီးစေရန်ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ခြင်းမပြုနိုင်ပါကမူလလယ်ယာမြေရရှိထား သော ပိုင်ရှင်အား ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း၊၎င်းအပြင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှ မူလ ချမှတ်ပေးထားသည့်လန.၃၉အားပယ်ဖျက်ပြီး ၎င်း လန.၃၉ရရှိထားသူများအနေဖြင့် လန.၃၉အစား လယ်ယာမြေအခြားနည်းအသုံးပြုခွင့်ပုံစံ ၃၀(ခ)အားပြန်လည်လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်းကို နိုင်ငံပိုင် သတင်းစာနှင့်သတင်းဌာနများတွင် ကြေညာထားသည်။“နံနက်၉နာရီအချိန်လောက်ကစပြီး စစ်တပ်က အရာရှိတွေနဲ့ အလုပ်သမား၄၀ကျော်လောက် ရောက်လာတယ်။ ကားကြီးတွေပေါ်မှာလည်း အသင့်ယူဆောင်လာတဲ့ဆိုင်ဘုတ်ကြီးနှစ်ခုကို  ကျွန်တော်တို့ ရွာလယ်လမ်းမကြီးပေါ်မှာတပ်ပိုင်မြေမကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်ကို စိုက်ထူခဲ့တယ်။နောက်ထပ်ကားနှစ်စီးရောက်လာပြီး အလုပ်သမားတွေနဲ့ စစ်တပ်ကအရာရှိတွေကိုယ်တိုင် ကွင်းအမှတ်(၁၇)ကို ပါလာတဲ့အင်အားနဲ့ကွန်ကရစ်ကျောက်တိုင်တွေစိုက်ပြီး ခြံစည်းရိုးခတ်တယ်။ နောက်ပြီးတော့အိမ်တွေမှာ တပ်ထားတဲ့ မီတာတွေဖြုတ်ဖို့ဆိုပြီး လျှပ်စစ်ရုံးက ၀န်ထမ်းတွေကလာရောက်ပြီး မီတာတပ်ထားတဲ့အိမ်ခြေစာရင်းနဲ့ မီတာအလုံးရေစာရင်းကိုကောက်တယ်။ ဒီမီတာတွေကို တပ်ဆင်ပေးခဲ့တာလည်း သူတို့ဘဲ၊အခုဖြုတ်မယ်ဆိုတော့လည်းသူတို့ဘဲ။မီတာလျှောက်တယ်ဆိုတာက လည်းမြေပိုင်ဆိုင်မှု အထောက်အထားမရှိရင်လျှောက်လို့မရဘူး။ စက်တင်ဘာ ၁၅ရက်နေ့နောက်ဆုံးဆိုပြီး ဒီနေရာက ဖယ်ပေးဖို့ နို့တစ်စာပေးပို့ထားပါတယ်။အဲဒီနေ့အပြီးမဖယ်ပေးဘူးဆိုလျှင် စက်ယန္တယားကြီးတွေနဲ့လာရောက်ဖျက်မယ်လို့သိရတယ်။ ကျွန်တော်တို့က ဒီအိမ်တွေမှမနေရရင်ဘယ်သွားနေရမှာလည်း အသက်သာအသေခံသွားမယ်ထွက်မပေးနိုင်ဘူး။”ဟုဒေသခံရွာသားတွေက ပြောသည်။ယင်းညောင်နီကျေးရွာသည် အင်္ဂလိပ်အစိုးရလက်ထပ်ကတည်းကမြင်းထိန်းရွာအဖြစ်တည်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်း(၅၀)ကျော်ကတည်းကကျေးရွာပိုင်မြေအဖြစ် အသိအမှတ်ပြုခံထားရပြီး ဘိုးဘွားအစဉ်အဆက်မှယနေ့အချိန်ထိ တောင်သူလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ ညောင်နီကျေးရွာတွင်အိမ်ခြေပေါင်း (၂၅၀)ကျော်ရှိ ပြီးလူဦးရေ(၁၀၀၀)၀န်းကျင်ခန့်နေထိုင်လျက်ရှိပြီး ရွာ၏ဧရိယာအကျယ်အ၀န်းမှာတောင်၊မြောက်တစ်မိုင်ခွဲ ခန့်ရှိကာ အရှေ့၊အနောက်မိုင်ဝက်ခန့်ရှိကြောင်းသိရသည်။                                                  မိုးစက်ပွင့်


Friday, March 13, 2015

မန္တလေးနန်းတော်ကြီး

"မန္တလေး၏ညပြရုပ်ကိုနိုင်ငံတကာ
အဆင့်မှီစေလိုဟုဆို"
===================
မန္တလေး မတ် ၁၃

မန္တလေးမြို့နန်းတော်ကြီးရဲအလှနဲ့အတူ နိုင်ငံတကာအဆင့်မှီလုပ်ခဲ့မယ်ဆိုရင် အားလုံးကောင်းသွားမှပါ အခုတော့မလိုအပ်တာတွေများပြီး
လိုအပ်တာတွေများနေတယ်
ပြုပြင်လိုက်ခါမှ ပိုဆိုးလာတယ်
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်
၁၂လမ်း လမ်း ၈၀ လမ်းဒေါင့်တွင်
ကျုံးဘေးအပန်ဖြေလမ်းလျှောက်နေ
သူများက မတ်လ ၁၃ရက်နေ့ ည၈နာရီအချိန်က မန္တလေးမြို့နန်းတော်ကြီးရဲအလှနဲ့အတူ နိုင်ငံတကာအဆင့်မှီလုပ်ခဲ့မယ်ဆိုရင် အားလုံးကောင်းသွားမှပါ အခုတော့မလိုအပ်တာတွေများပြီး
လိုအပ်တာတွေများနေတယ်
ပြုပြင်လိုက်ခါမှ ပိုဆိုးလာတယ်ဟု
OrientalNewsကိုပြေားသည်။
အရင်ကဆိုရင် ဒီကျုံးကြီးအတွင်းက
ရေကို မန္တလေး တမြို့လုံးကအသုံးပြု
ခဲရတာပါ အဘအနေနဲ့ သူများနိုင်ငံ
တွေရောက်ဘူးပါတယ် သူတို့နိုင်ငံရဲ့
ပြရုပ်ဖြစ်တဲ့ အရာတွေကို တန်းဖိုး
ထားကြတယ် အဘအနေနဲ့ကလဲ
မန္တလေးမြို့ရဲ့ပြရုပ်ဖြစ်တဲ့ နန်းတော်
ကြီး၏ပြရုပ်ကို အခုလိုညအခါ အပန်
ဖြေလမ်းလျှောက်တာဘဲဖြစ်ဖြစ်
ရှင်းရှင်းလင်းလင်းမြင်စေလိုပါတယ်
တရုပ်နိုင်ငံလိုအိမ်နည်းခြင်းနိုင်ငံမှဆို
ရင် သူတို့နိုင်ငံရဲပြည်သူလူထု အား
ကစားလုပ်ရင်တောင် နိုင်ငံတော်က
ထောက်ပံကြေးပေတယ် လိုအဘ
အလည်သွားတုံးက သုတို့ပြေားပြလို
အဘသိခဲ့ရပါတယ် အခုလို သစ်ရွက်ကျပြီးအမှိုက်ကျစေတဲ့
အပင်မျိုးမထားရှိပါဘူး ယဉ်ကျေးမှု
တစ်ခုရဲ ပြကွက်နေရာတခုမှာဆိုရင်
လစာကောင်းကောင်းပေးပြီး အမြဲမပြက် အလုပ်သမားတွေ နေည
ထားရှိတာကိုတွေ့ရတယ် အခုအဘ
တို့ရဲ မန္တလေးကတော့ လမ်း၈၀ ပေါ်
ကြည့်ကြည့် ၁၂လမ်းပေါ်ကြည့်ကြည့် အိမ်တွေက
သူတို့ ကားတွေ အဝင်အထွက်လုပ်
ဖို့ ပလပ်ဖေါင်ကိုဖျက်ပြီး ကျောက်သွေးလောင်းထားတာက
လမ်းဘေးလမ်းလျှောက်သူနဲ့စက်ဘီးစီးသူတွေကိုအန္တရယ်ဖြစ်စေပါတယ် ဒစ်တွေဖြစ်နေတော့အဘတို့လို
အသက်ကြီးသူတွေနဲ့စက်ဘီးဆိုင်ကယ်စီးသူတွေ မကြခဏာဆိုသလိုတိုက်မိခြင်း
အဲဒီဒစ်ကိုကွင်တာနဲ့ လမ်းပေါ်က
ကားကိုတိုက်မိတာတွေဖြစ်နေကြပါ
တယ် ဒါတွေက နိုင်ငံတော်နဲ့ မန်စည်ပင်ကတာဝန်ရှိသူတွေက
ပလပ်ဖေါင်ပြင်ပြီးဆိုတာနဲ့ ကားအဝင်အထွက်အတွက်တခါတည်းလုပ်ပေးသင့်ပါတယ် အခုခေတ်
က တိုးတက်လာပါတယ် အိမ်တိုင်း
ကားရှိသူများလာပြီး အရင်က ကား
အဝင်အထွက်မရှိသူတွေက ပလပ်ဖေါင်မဖျက်ရလိုဆိုပြီး လမ်းဘေးကားတွေထားတယ် ညအိမ်ထားပြီး လမ်းကကျယ်ပေးမဲ့
ဒီလိုတွေမထားသင့်ပါဘူး အခုကြည်
လိုက်ပါ သူများနိုင်ငံမပြေားပါနဲ့
ရန်ကုန်လိုမြို့မှာဆိုရင် ကားထားရင်
ညအိမ်ခွန်ဆောင်ရပါတယ် စည်ပင်
ကလည်းဒါမျိုးတွေ ရပ်ကွက်လူကြီး
တွေနဲ့ပေါင်ပြီး အရေးယူသင့်ပါတယ်
စည်းကမ်းရှိစေလိုပါတယ် နိုင်ငံရဲတိုး
တက်မှုဟာလဲ စည်းကမ်းနဲ့ဆိုင်ပါတယ် အဘဖြစ်စေခြင်းတာကတော့ နန်းတော်ရဲအလှကိုဒီအတိုင်ထားပြီး
ကျုံးဘေးက သစ်ပင်တွေကို မလိုအပ်ဘဲ နောက်စိုက်ထားတာတွေမရှိစေလိုဘူးအရင်ကလိုဘဲ ထနှောင်ပင်တွေ
နဲ့ကျုံးအလှကိုနိုင်ငံတကာအဆင့်မှီ
ပြန်မြင်စေလိုပါတယ်ဟု အောင်မြေ
သာစံမြို့နယ်ကအဘဦးကျော်မြင့်က
OrientalNewsကိုပြေားသည်။
ကျွန်တော်ကတော့ နေ့စဉ်လိုလိုပါဘဲ
နန်းတော်ကြီးနဲ့ကျုံးဘေးကို ထမင်း
စားပြီးတိုင်လမ်းလျှောက်ထွက်ဖြစ်
တယ် ကျုံးဘေးတလျှောက်မှဆိုရင်
အတွဲများရှိသလို ကျုံးရဲဘေးပက်ပက်လည်းမှသစ်ပင်
အရိတ်တွေနဲ့ဆိုတော့တချို့နေရာ
တွေမှလူပြက်တယ် မီးတိုင်အားနည်း
တာတွေရှိတယ် နန်းတော်ကြီးကိုမီး
ပေးထားတာတောင် ဒီမြောက်ဘဲနဲ့
တောင်ဘက်လောက်ဘဲရှိတယ်
ကျန်နေရာတွေမှ မှောင်နေတာများ
တယ် ညအလှသိပ်မပေါ်ဘူး
လူငယ်တွေ မကောင်းတာလုပ်လို
လွယ်ကူသောနေရာဖြစ်နေတာမျိုး
တွေ့ရပါတယ် အခုမှာ မရှိတော့တာ
အရင်ကဆိုရင်လူငယ်တွေတဖွဲ့နဲ့တဖွဲ့ချိန်ပြီး ရန်တောင်ဖြစ်ကြတာမျိုးတွေ
နောက်ပြီး(IGPT)တွေနဲ့လူငယ်တွေ
ပြည်တံဆာတွေ လာရောက်လုပ်စား
သောနေရာတခုလိုဖြစ်နေတာတွေ
ရှိပါတယ် အခုနိုင်ငံရေးအခြေအနေ
ကြောင့်မတွေ့ရတာ ဖြစ်နိုင်ရင်တော့
ကျုံးကြီးရဲဘေးပက်ပက်လည်းမှလျှပ်
စစ်မီးများထွန်းပေးစေလိုတယ်
ပုန်လိုကွယ်လိုရမယ်ထင်တဲ့သစ်ပင်
တွေရှင်းပေးလိုက်ရင်တော့ နိုင်ငံတကာအဆင့်မှီ နန်းတော်ကြီးနဲ့
ကျုံးကြီးအလှကိုပို၍ခံစားလိုယုံကြည်တယ်ဟု ကိုဇော်ထက်ကOrientalNewsကိုပြေားသည်။
ဟိုအရင်ကဆိုရင် မန္တလေးနန်းတွင်း
ထဲကို မည်သူမဆို ဝင်ထွက်လိုရပါတယ်၁၉၉၀ခုနောက်
ပိုင်လောက်ကစပြီး လွတ်လပ်မှုမရှိ
တော့ဘူး ကျွန်တော်တို့ငယ်ငယ်က
ဆိုရင်ကားမောင်းသင်တာ နန်းတော်
ကျုံးအတွင်းလမ်းမှသွားရောက်ပြီး
သင်ခဲတာပါ မန္တလေးဘီယာဆိုင်တွေလည်းအဲထဲ
မှဖွင့်ထားပြီး အခုလိုညတွေမှာဆိုရင်
သာသာယာယာပါဘဲ ပန်ခြံတွေလဲ
ရှိပါတယ် ကျုံးကြီးကို၁၉၉၆ လောက်မှတော့ပြန်ဆယ် အားလုံး
ပျောက်ကွယ်သွားတာအခုထိဘဲ
ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့
ကိုယ်ထီကိုယ်နန်း ကိုယ်ယဉ်ကျေးမှု
ကိုယ်နိုင်ငံရဲပြရုပ်ကြီးကိုလွတ်လွတ်
လပ်လပ်ခံခွင့်ပြန်ပေးစေလိုပါတယ်
လို ဦးသက်နိုင်ဝင်းကOrientalNewsကို
ပြေားသည်။

posted from Bloggeroid

Thursday, March 5, 2015

ဆိုင်ကယ်တိုက်မှု

မန္တလေးဆိုင်ကယ့်သီသန့်မောင်း
သောလမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီး
ချိတ်၍ယဉ်တိုက်မှုဖြစ်ပွား
==============
မန္တလေး မတ် ၅
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်
အရင်လေယဉ်ကွင်ဟောင်နှင့်ရန်ကုန်မန္တလေး ၇၈ လမ်းမကြီးကြားတွင်
မော်တော်ဆိုင်ကယ်များအတွက်သီ
သန့်မောင်းနှင်နိုင်ရန်လမ်းပြုလုပ်ပေး
ထားသောလမ်းပေါ်တွင် မတ်လ ၅
ရက်နေ့  ညနေ ၅း၃၀ အချိန်တွင်
တစီးနဲတစီးကပ်ကျော်ရာမှအရှိန်ပါ
လာသောဆိုင်ကယ်နှင့် အရှိန်မပါေ
သာအမျိုးသမီးစီနှင်လာသေ ဆိုင်ကယ်နှစ်ချိတ်၍ တစ်စီးနဲတစ်စီး
ကျောက်လမ်းဖြစ်ပွတ်ကား ဒလိပ်
ခေါက်ခွေ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်
သက်သေဒေါ်အေမာက Oriental
Newsကိုပြောသည်။
အဆိုပါ ဆိုင်ကယ်နှစ်စီးတိုက်မှုတွင်
အမျိုးသားနှစ်ဦးစီးလာသောဆိုင်ကယ်မှ အန်မို 125 ၁၇ယ/၈၁၉၉၆
တရုတ်နိုင်ငံထုတ်
နဲ့အမျိုးသမီးစီးလာသောဆိုင်ကယ်
မှလော့ကျား 110 ၁၉ယ/၃၉၅၆၂
အစိမ်းရောင် တရုတ်နိုင်ငံထုတ်ဆိုင်
ကယ်နှစ်စီးဖြစ်ပါသည်
အမျိုးနှစ်ဦးစီးလာဆိုင်ကယ်မှရှေ့က
မောင်းလာသူတဦးမှ အထက်နုတ်ခမ်းပေါက်ပြဲဒဏ်ရာ
အသားမရှိနှင့် ဦးခေါင်ပေါက်ပြဲဒဏ်
ရာရရှိခဲပြီး အမျိုးသမီးမှ ဒုဆပ်လှည်
ဦးခေါင်နောက်စီပေါက်ပြဲဒဏ်များရရှိ
ပြီး အမျိုးသားနောက်လိုက်ပါလာသူ
မှဒဏ်ရာမရရှိကြောင်းသိရသည်။

ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာနေရာသို
မိနှစ် ၂၀ ခန့်အကြာတွင် ချမ်းမြသုခ
လူမှုကူညီရေးအသင်း ကားရောက်
ရှိလာပြီး ဒဏ်ရာရှိသူ အမျိုးသမီးနှင့်
အမျိုးသားတို့အား မန္တလေးဆေးရုံ
ကြီးအရေးပေါ်ဋ္ဌာနသိုတင်ဆောင်သွားခဲပါသည် အဆိုပါဆိုင်ကယ်တိုက်မှုဖြစ်ပွားနှစ်
ဦးမှဘယ်နေရာဘယ်ကဆိုတာတိတိကျကျမဖြေဆိုနိုင်ခဲပါဘူး အဖော်
ပါလာသူဒဏ်ရာမရရှိသူအမျိုးသား
ကလည်း ဘယ်ကလဲမေးရာမန္တလေး
က ဘုရားကြီးနားကလိုဘဲသိရပါတယ်
သူကဧည်သည်ဖြစ်ကြောင်းသာသိ
ရသည်။


ကျောင်းသားသတင်းမန္တလေးတရားစွဲခံရ

"ကျောင်းသားပညာရေးတောင်းဆို
တာမပေးဘဲ နိုင်ငံရေးဆူပူအောင်
လုပ်နေသလားဟုဆို"
===================
မန္တလေး မတ် ၅
မန္တလေးမြို့အတွင်း ဒေသခံပြည်သူ
တချို့မှ မြို့တွင်းဆန္ဒဖော်မှုများကြောင့်နိုင်ငံရေး
အကြပ်အတည်းဖြစ်ပေါ်လာမှာကိုစိုးရိ
မ်ပူပန်လျှက်ရှိကြောင်းကျောင်းသား
တွေတောင်းဆိုတာကိုပေးလိုက်လို
ရပလျှက်မပေးဘဲနိုင်ငံရေးဆူပူမှု့ဖြစ်
ပွားလုပ်နေတာလားလိုမန္တလေး
ဒေသခံတချို့ကOrientalNewsကိုပြောသည်။
အခုဆိုရင်မန္တလေးကထွက်သွားသော် ကျောင်းသားသပိတ်စစ်ကြောင်းကို
လက်ပံတန်းမှအကြမ်းဖက်မှုတွေ
တားဆီးမှုတွေကြောင့် ရန်ကုန်
မန္တလေးရှိဒေသခံတချို့ဆန္ဒဖော်ထုတ်ခြင်းများ အစပြုပြီး နိုင်ငံရေးအဖြစ်ပြောင်လည်းလာမှ
တော့စို့ရမ်းမိပါတယ် အများပြည်သူ
မရှိဆင်းရဲသားများအနေနဲ့ အခုခေတ်ကြီးမှ လုပ်ကိုင်စားရတာ
အလွန်ခတ်ခဲပါတယ် နံနက်မိုးလင်း
ပြီးဆိုတာနဲ့ ဝင်ငွေမရှိသေဘူး ကုန်
ဖို့ကအရင်တွေးနေရတဲ့ အခြေအနေ
မှ ကျောင်းသားတွေသပိတ်မှောက်
လမ်းလျှောက်ဆန္ဒပြတာနဲ့ပက်သက်
ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အများ
ပြည်စူကိုငဲကွက်ပြီး ပညာရေးကိစ္စကို
လိုက်ရောပေးသင်ပါတယ် ဒါမှသတင်းစားတွေလေဒီယိုနဲ့ ရပ်သံသတင်းတွေကနေ့စဉ်ကြားနေ
ရသဖြစ် ဈေးသည်းများ ဆင်းရဲသား
လက်လုပ်လက်စား တနေ့လုပ်တနေ့
စားသူတွေကိုအများကြီးထိခိုက်ပါတယ် အရေးထဲမုံရွာဘက်ကကြက်ငှက်
တုတ်ကွေးဖြစ်လို ကြက်သားမစားရဲ
ကြဘူးဖြစ်နေတယ် လောက်ကိုင်စစ်
ပွဲကြောင့်ပေါ်တာဆွဲတယ်ဆိုလို ခရီး
မထွက်ရဲကြဘူး မိဘတွေကလဲ အ
ဝေးကိုအလုပ်သွားမလုပ်စေချင်ကြဘူးဖြစ်နေပါတယ် ဒီအခတ်အခဲတွေ
ကို နိုင်ငံတော်အနေနဲ့ အမြန်ဆုံးဖြေ
ရှင်ပေးစေလိုပါတယ်ဟုဗေဒါနိုင်ငံရေး
သက်တန်းဆရာမ မသန္တာမှOrientalNewsကိုပြောသည်။

ဒါဟာနိုင်ငံတော်ကလုပ်ပေးရင်ရပါ
တယ်ပညာရေးတောင်းဆိုတာဟာ
တနိုင်ငံလုံးနဲ့သက်ဆိုင်ပါတယ်
မန္တလေးနိုင်ငံရေးအင်အားစုတွေအ
နေနဲ့ ကျောင်းသားတွေကိုအကြမ်းမ
ဖက်ဖို့ ဆန္ဒဖော်ထုတ်ကြတာပါဒါကို
ပုဒ်မတက်ပြီး တရားစွဲတာဟာမတရားလုပ်တာဖြစ်
ပါတယ် ဘာဘဲဖြစ်ဖြစ်ချာလံဖြက်ပြီး
ရင်ဒဏ်ဆောင်ရသလို ယဉ်ထိမ်းရဲ
ဖမ်းသလိုပြောတာ ချာလံမဖြက်ခင်
ကကျွန်တော်နိုင်ငံရေးအင်အားစုတွေ အနေနဲ့ညှိနိုင်ခဲပါတယ် ဒါတွေ
ကိုမန္တလေးတိုင်းအစိုးရအဖွဲ့ကဂတိဖြက်ခဲ့တာ  အမှတ် ၂ ရဲစခန်းလိုသတင်းကြားထားတာပါ
အခုတော့ချာလံကျွန်တော်ထဲ့မရောက်သေပါဘူး ရဲတပ်ဖွဲ့မှူးထံဆက်သွယ်မေးမြန်တော့ ပနံမှတ် ပ/၂၁နဲတမူ ပ/၂၂
တို့နဲ့နှစ်မူဖြစ်ပါတယ် ဒါတွေဟာ
မတရားလုပ်ခံရတာပါဟုမေတ္တာကန်ပိန်းမှကိုညီကျော်ကOrientalNews
ကိုပြောသည်။
ကျွန်တော်တို့အနေနဲ့အခုလိုဆန္ဒပြရ
တာဟာ ကျောင်းသားတွေပညာရေး
ငြိမ်းချမ်းစွာဆန္ဒပြနေတာကိုအကြမ်း
ဖက်လို နိုင်ငံတော်အနေနဲ့ ပညာရေး
တောင်းဆိုတာပေးရင် ကျွန်တော်တို့
လဲဆန္ဒဖော်ထုတ်နေစရာမလိုပါဘူး
အခုကျွန်တော်တို့ကို ပုဒ်မ နှစ်မျိုးလို
ပြောလိုရပါတယ်ပ/၂၁ ဆိုတာ
၁၄၃/၁၄၅/(၅၀၅/ခ)၁၁၄တို့နဲ့ညိပါ
တယ် ပ/၂၂ဆိုတာကတော့ ပုဒ်မ
၁၈ ငြိမ်းစုစည်နဲ့ညိပါတယ် ခွင့်ပြုမိန်
မတင်လိုလိုဆိုပြီးသိရပါတယ်
ကျွန်တော်တို့ကတော့ဘယ်ပုဒ်မမှ
အတက်မခံနိုင်ပါဘူး လက်လဲမခံပါ
ဘူး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ရှိ
လိုဖော်ထုတ်ကြတာပါဟု FNIမှ
ကိုအေးသိန်းကOrientalNewsကို
ပြောသည်။
ကျွန်မတို့ကျုံးဘေးမှဆန္ဒဖော်ထုတ်
တာကျွန်မတို့ ၃ ဦးထဲမဟုတ်ပါဘူး
အခုကျွနိမတို့ကိုတရားစွဲထားတယ်လိုသိရပါတယ် ကျွန်မတို့ကလည်း
ပြန်စွဲမှပါ ဒါကိုလက်မခံဘူးဆိုရင်
လူအခွင့်ရေးချို့ဖောက်တာဘဲ ကျွန်မ
တိုကိုဆောက်မြင်ကပ်ပုဒ်တက်ပြီး
တရားစွဲသလိုသူတို့လဲ ပြန်စွဲပါမယ်
လိုဒေါ်မာနီကပြောသည်
အဆိုကိစ္စများပါက်သက်၍အမှတ်ရဲ
စခန်းကိုဆက်သွယ်မေးမြန်ခဲရာ
အထက်ပါပုဒ်မများဖြစ် ကိုအေးသိန်း
ဒေါ်အမာနီးနှင့် မတင်မာတို့သုံးဦးကို
တရားစွဲထားပြီးဖြစ်ကြောင်းသိရသည် ကျန်လူများကိုလည်းထက်စွဲရန်
ရှိပါတယ် ဟုပြန်လှည်ဖြေကြားခဲသည်။


ကျောင်းများအတွက်မန္တလေးပြည်သူ

"ညှိနိုင်ဆွေးနွေးအဖြေရှာနေပါတယ်
ဆိုသောအစိုးရကအခုပြည်သူနဲ့
ကျောင်းသားတွေကိုဆူပူအုံကြွအောင်လုပ်နေပါတယ်
ပြည်သူကဂတိတည်ပြီးအုပ်ချုပ်သူတွေကဂတိမတည်ဘူးဟုဆို"
===================
မန္တလေး မတ်လ ၅
မန္တလေးမြို့ မတ်လ၃ရက်နေ့က
ကျုံးဘေးပလက်ဖေါင်ပေါ် မြိုတော်
ခန်းမရှေ့၌ဆန္ဒဖော်ထုတ်သူများက
မိမိတို့နိုင်ငံရေးအင်အားစုထဲ့မှ ကိုအေးသိန်းမန္တလေး(FNI)ဒေါ်အမာနီ(မေတ္တာကနိပိန်း)ဒေါ်တင်မာရီး
တက်ကြွလှုပ်ရှားတို့သုံးဦးအားမတရားပုဒ်မတပ်ပြီးတရားစွဲထားပါတယ်
ဆိုသောကြောင့်မန္တလေးမြို့မဟာအောင်မြေမြို့နယ် ၃၅ လမ်း ၃၆လမ်း
ကြား၇၅ လမ်းပေါ်ရှိ ၈၈ ကဖေးအပေါ်ထက်တွင်နေ့ ၁ နာရီ
အချိန်ကစတင်၍သတင်စာရှင်လင်း
ပွဲကျင်ပပြုလုပ်ခဲ့သည်။

ကျွန်မတို့ကျောင်းသားတွေအတွက်
ဆန္ဒဖော်ထုတ်တာဟာ ဘယ်မှခွင့်မိန်တင်စရာမလိုပါဘူး
ဘာလိုလည်းဆိုရင် အစိုးရကအမြဲ
ပြောနေသောစကားနဲ့ဘဲပြန်ပြောပါ
မယ် အချိန်နဲ့တပြေညီလုပ်နေပါတယ်လို
သူတို့အမြဲပြောပါတယ် အခုကျောင်း
သားတွေကိုအကြမ်းဘက်မူတွေလုပ်
နေပါသဖြင့် ကျွန်မတို့လဲ အချိန်နဲ
တပြေညီလုပ်ရတာပါ ကျွန်မတိုကို
ပုဒ်မတက်ပြီးတရားစွဲတာ ဘယ်ပုဒ်မမှလက်မခံနိုင်ပါဘူး ကျွန်မ
တို့ဆန္ဒဖော်ထုတ်တယ်ဆိုတာ
အခြေခံဥပဒေမှပါတဲ့အတိုင်ငြိမ်းငြိမ်း
ချမ်းချမ်းဆန္ဒဖော်ထုတ်တာပါ ဟစ်
ကြေးသံတောင်မပါဘူး လမ်းပိတ်ဆို့
မို့လဲမဖြစ်ပါဘူး အစိုးရကညှိနိုင်ဆွေး
နွေးအဖြေရှာနေပါတယ် ဘာတွေလဲ
ကျောင်းသားတွေပြည်သူတွေလမ်း
ပေါ်ထွက်အုံကြွမှုဖြစ်လာအောင်လုပ်
နေတယ်လိုကျွန်မထင်ပါတယ်
အခုကျွန်မတို့ကိုတရားစွဲသလိုကျွန်မ
တို့ကလဲပြန်တရားစွဲမှပါ သူတို့စွဲပုဒ်မ
ကျွန်မတို့ဘာတခုမှမညှိပါဘူး
ကျွန်မတို့ကိုတရားမစွဲပါဘူးလိုတာဝန်ရှိသူတွေကိုယ်တိုင်ပြောခဲတာပါ
ကျွန်မတို့ဘက်ကလည်း  ၁၅ မိနစ်
နေရင်ဖယ်ပေးမယ်ဆိုပြီးသူတို့ညှိနိုင်
ဆွေးနွေးတာကိုလက်ခံခဲတာပါ
ဒါဟာသူတို့ဖက်ကဂတိချိုဖေါက်ခဲ့
တာပါ ကျွန်မတို့ကတော့ ဘာပုဒ်မမှ
လက်မခံပါဘူး လူအခွင်ရေးနဲညှိပါတယ် ဒါကြောင့်
ကျွန်မတိုမောင်နမ ၃ ယောက်ကလဲ
ပြန်တရားစွဲမှပါ စစ်မှန်တဲတရားဥပဒေဆိုရင် လက်ခံ
ပေးရမှပါဟု မေတ္တာကန်ပိန်းမှဒေါ်အ
မာနီကရှင်းလင်ပြောကြားခဲ့ပါတယ်။
ဒီကိစ္စဟာ ကျွန်တော်တို့ ၃ ယောက်
ကိုတရားစွဲလိုလုပ်တာမဟုတ်ပါဘူး
ကျွန်တော်တို့ထောင်ကျမှလဲမကြောက်ပါဘူး ထောင်ဆိုတာလူတွေနေတဲ့
နေရာပါ ပညာရေးဟာ တနိုင်ငံလုံးနဲ့
သက်ဆိုင်သလို နိုင်ငံတော်နဲ့လဲ
သက်ဆိုင်ပါတယ် နိုင်ငံတကာမှ
မြန်မာပြည်က ဒီလိုဆိုတာမြင်မှကို
ရှက်မိပါတယ် စိတ်လည်းမကောင်း
ပါလူး ကျွန်တော်တို့ထောင်ကျမှမကြောက်ပါဘူး လူအခွင့်အရေးနဲ့ကြည့်မယ်ဆို
ရင် ၃ ရက်နေကဆန္ဒဖော်ထုတ်တာ
ဟာပင်မသပိတ်စစ်ကြောင်းပါသွား
တဲ့ကျောင်းသားမိဘတွေက ကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေကို ကူညီတောင်လာတာနဲပညာ
ရေးဟာ ကျွန်တော်တို့တမျိုးသားလုံး
နဲ့သက်ဆိုင်သောအရာမို့ လိုက်ပါဝန်
ရံပေးခဲ့တာပါ ကျွန်တော်တို့ မောင်နမ ၃ ဦးဟာ ဦးဆောင်သူတွေ
မဟုတ်ပါဘူး ဟိုတနေ့ (EU)ပို့ချတဲ့
သင်တန်းမှရဲအရာရှိတွေနဲ့ နိုင်ငံတက်ကြွလှုပ်ရှားသူတွေတက်
ပြီးဆွေးနွေးခဲ့ပါတယ် ဒါဒီမှလည်း
ညှိနိုင်းဆွေးနွေးအဖြေရှာရအောင်လို
မန္တလေးတိုင်းအစိုးရကတာဝန်ရှိသူ
တွေကပြောထားလို ဆန္ဒပြတဲ့နေက
ကျွန်တော်တိုဖက်ကဂတိတည်ပါတယ် နယ်လွန်ဝန်ကြီးကိုယ်တိုင်ကျွန်
တော်တို့ကို ညှိနိုင်းဆွေးနွေးသွား
တာပါ အရေးမယူပါဘူးလိုအရာရှိ
တွေကိုယ်တိုင်ပြောသွားတာပါ
ရှေးစကားအရပြောရရင် ဂတိသစ္စာ
တည်သောအခါနွယ်မြတ်သစ်ပင်
ဆေးဖက်ဝင်တယ်လိုကြားဘူးပါတယ် အခုဟာကမြန်မာပြည်မှဂတိမတည်သောဝန်ကြီးတွေရှိနေသ၍ ဘယ်တော့မှမြန်မာပြည်မကောင်းပါဘူးလိုကိုအေးသိန်း(FNI)ရှင်းလင်း
ပြောကြားခဲသည်။
အခုကျွန်မတို့ကိုတရားစွဲတယ်ဆိုတာဆောက်မြင်ကပ်ပုဒ်မနဲ့ပါဘဲ
ဘာကြောင့်လည်းဆိုတော့ လက်ပံထောင်းကိစ္စနဲ့ရတနာပုံကျောသ်းသားသမဂ္ဂအဖွဲ့ကဖြူနှင်းဖွေးကိစ္စ
ဖြစ်တုံးက ကျွန်မတယောက်တည်
ဖယောင်းတိုင်ထွန်းပြီးဆုတောင်းပေး
တာမဟုတ်ပါဘူး အဲဒီတုံးကလည်း
ကျွန်မတယောက်ထဲကို ထောင်ချ
အရေးယူပါတယ် ပြီးတော့တိုက်ပိတ်
ထားပါတယ် တယောက်တည်းပါ
မန္တလေးမှကျွန်မတိုတက်ကြွလှုပ်ရှား
သူတွေကို သက်သက်ချိုတာဖြစ်ပါ
တယ်ဒါဟာလူအခွင့်အရေးကိုပိတ်
ပင်တာပါ ကျွန်မတို့ကို တရားစွဲဖမ်း
မယ်ဆိုရင် ဖမ်းလိုရပါတယ် သူတို့
ရဲစခန်းတွေအားလုံးကျွန်မတိုအိမ်
တွေ ဖုန်းနံမှတ်တွေ သူတိုစီမှရှိပါ
တယ် အခုဟာက ကျွန်မတိုကိုတရားစွဲပြီး နောက်က
ပြည်သူပါဝင်လာအောင်သက်သက်
လုပ်နေတယ်လိုထင်ပါတယ်
ကျောင်းသားတွေတောင်းဆိုတာဟာ
သူတို့အတွက်သေသေလေးပါ
အချိန်မရွေးအစိုးရအနေနဲ့လက်မှတ်
ထိုးပေးလိုရတယ် လုပ်မပေးဘဲသေ
ချာကျောင်းသားပြည့်သူအုံကြွမှုကြီး
ဖြစ်လာအောင် လုပ်နေတယ်လိုဘဲ
ကျွန်မမြင်ပါတယ်လိုဒေါ်တင်မာရီက
ပြောကြားသွားခဲသည်။
အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲကိုနေ့
၁ နာရီးအချိန်မှစတင်၍ နေ့ ၂း၄၅
မိနစ်အချိန်ထိရှင်လင်းပြောကြားခဲ
ပြီးတက်ရောက်လာသောသတင်း
ဌာနအသီသီမှမရှင်လင်သည်များကို
ပြန်လည်မေးမြန်ခြင်းများပြုလုပ်ခဲ့ပါသည်။