Monday, July 14, 2014

တိုင်းဒေသကြီဝန်ကြီးချုပ်ကိုဆန္ဒပြမဲ့ရေလုပ်သားများ

စစ်ကိုင်းတိုင်ဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့
ချင်းတွင်းမြစ်ရိုရှိငါးဖမ်းကွက်များအား
လေလံတင်ဒါစာရင်းမှပယ်ဖျက်လို၍
ဇူလိုင်လ ၁၄ ရက်နေ့ နေ့ ၂နာရီ ၃၀မိနှစ်
အချိန်ကမန္တလေးမြို့ ချမ်းအေးသာဇံမြိုနယ်
၇၈ လမ်း ၃၁-၃၂လမ်းကြားရှိမင်သိဟ
အအေးဆိုင်အပေါ်ထက်တွင်ဒေသခံငါးဖမ်း
အလုပ်သမားများသတင်းစာရှင်းလင်းပွဲပြု
လုပ်ခဲ့ပါသည်။

ကျွန်တော်တိုသည် ခန္တီမြို့နယ်အတွင်း၌
ငါးဖမ်းခြင်းလုပ်ငန်းဖြင့်သာ အသက်မွေး
ဝမ်းကြောင်းပြုနေထိုင်သူများဖြစ်ပါသည်
အခြားလုပ်ငန်းလုပ်ကိုင်စားသောက်ကြသူ
များမဟုတ်ကြပါ
ငါးဖမ်းခြင်းလုပ်ငန်းသည်သာ အဓိကစီးပွား
ရေးလုပ်ငန်းဖြစ်ပါသည်။
ရှေးယခင်အခါကာလများ၌ ချင်းတွင်းမြစ်ရိုး
တစ်လျှောက်ငါးဖမ်းစဉ်အခါများတွင်
မည်သည့်အခကြေးငွေမျှ အခွန်ပေးဆောင်
ရခြင်းမရှိသဖြင့်အဆင်ပြေခဲ့ရပါသည်။
ယခုအခါတွင် (၂၀၀၂)ခုနှစ်မှစတင်ကာ
လေလံဆွဲဝယ်လုပ်ကိုင်သူများ၏တစ်ဆင့်
ပြန်ရောင်းချမှုကြောင့်မိမိတို့ ရေချိုငါးလုပ်
သားများဘဝဆင်းရဲကျပ်တည်းနေရပါတယ်
စတင်လေလံဆွဲအခွန်ကောက်စဉ်ကာလက
ငါးဖမ်းလှေတစ်စီးကိုငွေကျပ် ၅၀၀၀ ကျပ်
ငါးတောင်ကျပ်ဘဲကောက်ခံခဲ့ရာမှတစ်နှစ်
ကို(၁၀၀၀၀)တစ်သောင်နှုံးတိုးမြှင်ကောက်
ခံခဲ့ရာမှ၂၀၁၂ ခုနှစ်တွင် တစ်နှစ်စာ၂၀၀၀၀၀ကျပ်အထိတိုးမြှင့်လာ
ပါသဖြင့်သက်ဆိုင်ရာအားတင်ပြတောင်ခံ
တင်ပြခဲ့ရာမှလှေတစ်စီကို ၈၀၀၀၀ နှုံးဖြင့်
ချင်းတွင်းမြစ်ငါးဖမ်းလုပ်သားများဆက်၍
လုပ်ကိုင်ခဲ့ပါတယ် ဒီနှစ်ကျတော့ ၁၄၀၀၀
အထိလေလံဆွဲသူတွေကတိုးကောက်လာ
ပါသဖြင့်သက်ဆိုင်ရာအထက်ဌာနပေါင်စုံ
အားတင်ပြခဲ့ပေမဲ့လုပ်ဆောင်ပေးခြင်းမရှိ
ပါသဖြင့် ငတ်တောမယ်ရေချိုငါးလုပ်သား
များစုပြီသတင်းစာရှင်လင်းပွဲပြုလုပ်ရပါ
ကြောင်းဒေသခံရေချိုငါးဖမ်းလုပ်သား
တစ်ဦးမှပြောကြားသွားပါသည်။

ချင်းတွင်းမြစ်ရေချိုငါးဖမ်းသမားတွေဟာ
လေလံဆွဲတဲ့သူကဒီလောက်မကောက်ခံ
ရန်ကျွန်တော်တို့ငါးဖမ်းသမားများ ၆၀ကျော်
ငတ်နေတာတွေကို စစ်ကိုင်းတိုင်းဒေသကြီး
ဝန်ကြီးချုပ်ကိုအမျိုးမျိုးတင်ပြခဲ့သော်လည်း
ကွင်ဆင်းလေ့လာခြင်းဆောင်ရွက်ပေးခြင်း
မရှိပါလျှင်ဝန်ကြီးချုပ်ကိုဖြုတ်ချပေးရန်
ကျွန်တော်တို့ရေချိုငါးဖမ်းအလုပ်သမား
အားလုံးစုပြီးဆန္ဒပြမည်ဖြစ်ကြောင်း
ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ဆန်းမြင့်မှ
အခုလိုပြောကြားခဲ့ပါသည်။

ကျွန်တော်တို့ ငါးဖမ်းရတာက တစ်နှစ်သာ
ဆိုတာပါ တကယ်တန်း ငါးဖမ်းချိန်က
၅ လလောက်ဘဲဖမ်းခွင့်ရှိပါတယ်။
ဒေသခံငါးဖမ်းအလုပ်သမားများအနေ နဲ့
ဒီလိုငါးဖမ်းက ၄၀၀၀၀ လောက်ပေးဆောင်
ရင်အဆင်ပြေပါတယ် ငါးကအရင်တုံးကလို
မရှိတော့ပါဘူး ၁ သိန်လောက်သူတို့ အနေ
ပို့တာပေါ့်ဒါမှဘဲ အဆင်းပြေမယ်ထင်တယ်
အဓိက ကတောတိုင်းဒေသကြီးဝန်ချုပ်မှ
လဲတာဝန်ရှိပါတယ် ငါးဖမ်း လုပ်သားတွေ
ကိုပြန်မကြည့်ဘဲ လေလံဆွဲသူများဘက်
လိုက်နေတာကြောင့် တိုင်းဒေသကြီးဝန်ကြီး
ချုပ်ကို ဆန္ဒပြမည်ဟု ကင်းကော်ကျေးရွာ
မှ ကိုမြင့်သိန်းက ပြောကြာခဲ့ပါသည်။

ကင်းကော်ကျေးရွာ ကွက်သစ်ကျေးရွာ
ကြားမှော်ကျေးရွာ စစ်ကိုင်းတိုင်းဒေသကြီး
ခန္တီးခရိုင် ခန္တီးမြို့နယ် ရေလုပ်သားသည်
သက်ဆိုင်ရာဝန်ကြီးဌာနများ လွတ်တော်
ကိုယ်စားလှယ်များမွေးမြူရေးဌာနတိုင်း
ဒေသကြီးအသိသိများအားတိုင်တန်ထား
ပါကြောင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်
တိုက်တီးမြို့နယ်အစပြုပြီး မင်းဆင်ကျေး
ရွာအထိ ပဒူမုန်းငါးဖမ်းကွက်ဟိန်စွန်းငါး
ဖမ်းကွက် မိုင်းနောင် ငါးဖမ်းကွက် လင်းဖား
ငါးဖမ်းကွက် ကောင်းဟိန်ငါးဖမ်းကွက်ဟူ၍
တင်ဒါငါးဖမ်းကွက် (၅)ခုရှိပါကြောင်း
တင်ပြလိုက်ရပါသည်။

သက်ဆိုင်ရာများ ဒေသခံရေချိုငါးဖမ်းသမားများအားကူညီ
မှုပေးစေလိုပါသည်။

စိုင်းထူးခန့် (အမရ)
၀၉၄၃၁၀၀၈၅၀

posted from Bloggeroid

No comments:

Post a Comment