Monday, July 14, 2014

ထိမ်းသိမ်းမှု့ရှိသော်လည်း ကမ်းပါးပြို့ကျလျှာက်ရှိ

မန္တလေးတိုင်းဒေသကြီးဧရာဝတီမြစ်ရိုး
တလျှောက်ကမ်းပါးပြို့ကျမှု့များအားလေ့
လာတွေ့ရှိခဲ့ရပါသည်။

ဧရာဝတီမြစ်ရေတက်ချိန်တွင်ကမ်းပြို့ကာ
ကွယ်ရေးလုပ်ငန်းများဆောက်ရွက်ပေးရန်
လိုအပ်သဖြင့်ပြည်ထောင်စုသီသန့်ရံပုံငွေ
ဖြင့် မြင်းခြံမြို့နယ်ဂင်ဂဲကျေးရွာဆိတ်ညံကျေးရွာဒန်လဗိုလ် မတ္တရာမြို့နယ်
သူဌေးမကုန်ကျေးရွာ သုံးဆယ်ပေးကျေးရွာ
နန်းတော်ကျွန်းကျေးရွာ တောင်သာမြို့နယ်
ဆင်မင်းကျေးရွာ စုစုပေါင်(၇)ရွာတို့အား
ကမ်းပါးပြို့ကာကွယ်ရေးလုပ်ငန်းများကို
ဒီနှစ်၂၀၁၄ အတွင်းကဆောင်ရွက်ခဲ့ရာ
သုံးလအတွင်းပြီးစီးဆောင်ရွက်ခဲ့ပြီး ငွေ
(၁၈၆၆.၉)သန်းသုံးစွဲကုန်ကျခံဆောင်ရွက်
ခဲ့ကြောင်းသိရှိခဲ့ပါသည်။

ငှင်းအပြင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရံပုံငွေ
အဖြင့်လည်း စဉ်ကူးမြို့နယ် ဆည်တည်
ကျေးရွာ ထီကုန်ကျေးရွာ နဲ့သာယာဝတီ
ကျေးရွာ ဟသာင်္မကျေးရွာ မတ္တရာမြို့နယ်
သဖန်းဒေါင့်ကျေးရွာ ပုသိမ်ကြီးမြို့နယ် ရှိ
ညောင်ပင်သာကျေးရွာ မြင်းခြံမြို့နယ်
ဆီမီးခုံကျေးရွာ စာကြူး(အလယ်ရွာအလိုတော်ပေါက်ဘုရား)
လင့်ကြီးမြောက်ကျေးရွာ ငါန်းဇွန်မြို့နယ်
ရက္ခဒီပကျေးရွာစုစုပေါင်ရွာ(၉)ရွာတို့အား
ကမ်းပါးပြို့ကျ မှု့ကာကွယ်ရေးလုပ်ငန်းကို
ယခုနှစ်ဇန်နဝါရီလမှဆောင်ရွက်ခဲ့ရာ ဧပြီ
လကုန်တွင်ပြီစီးပြီးငွေကျပ်သန်းပေါင်း
(၁၄.၀၆)သန်းသုံးစွဲကုန်ခဲ့ကြောင်းသိရှိခဲ့ရပါ
သည်။
အဆိုပါဆောင်ရွက်မှု့များပြုလုပ်ထားပါသော်လည်း


ဒီဧရာဝတီမြစ်လမ်းဖံ့ဖြိုးရေးအတွက်မန္တလေး
ဂေါ်ဝိန်ဆိတ်ကမ်းမှကသာမြို့နယ်ပတ္တကျွန်း
ရေလမ်း ညောင်ဦးမြို့နယ် သစ်ထောင့်ကျွန်း
ရေလမ်းစသည့် ဒေသ(၇)ခုတို့တွင်လည်း
ပြည်ထောင်စုရံပုံငွေဖြင့်ရေလမ်းထိန်းသိမ်း
ဆောက်အဦးတည်ဆောက်ခြင်း
ဘောင်တူးခြင်းတို့ကို ယခုနှစ် ဖေဖော်ဝါရီ
လမှစတင်ဆောင်ရွက်ခဲ့ရာ ဧပြီလအတွင်
ပြီစီးပြီးငွေကျပ်သန်းပေါင်(၄၅၈)သန်းသုံး
စွဲကုန်ကျခဲ့ကြောင်းသိရှိခဲ့ပါသည်။

ထိုကဲ့သို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ
ကို တိုင်းဒေသကြီးအစိုရအဖွဲ့ ၏ ဦးဆောင်
မှု့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနလက်
အောက်ရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်း
များဖွံဖြိုးတိုးတက်ရေဦးစီးဌာနတို့၏
အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးမှု့များ
ကြောင့်
ဖော်ပြပါ ဒေသများ၌ ယခုနှစ်မြစ်ရေတက်
ချိန်၌ကမ်းပါးပြိုမှုကြောင့် လူနေအိမ်များ
ရွှေ့ ပြောင်းရခြင်းကျေးရွာလုပ်စားမြေလျှော့
နည်းသွားခြင်းမရှိတောတာကိုသိသိသာသာရှိခဲ့ပါကြောင်း
ဧရာဝတီမြစ်ရေလမ်းဖွံဖြိုးရေးအတွက်
ဘောင်တူးဆောင်ရွက်ပေးမှု့ကြောင့်လည်း
ရေလမ်းကြောင်းသွားလာရေးပိုမိုအဆင်ပြေ
ချောမွေ့ မှု့ရှိခဲ့ပါကြောင်းတင်ပြလိုက်ရပါသည်။

ထိုသို့  ဆောင်ရွက်မှု့များပြုလုပ်ခဲ့ပါသော်
လည်း ဇူလိုင်လ ၁၂ ရက်နေ့ က ပခုက္ကူ
မြို့နယ်အတွင်း ကမ်းပါးပြို့ကျခဲ့ပါကြောင်း
ဒေသခံခရီသွားတစ်ဦးကပြောပြ၍သိရှိခဲ့ပါ
ကြောင်း ။

စိုင်းထူးခန့်  (အမရ)
၀၉၄၃၁၀၀၈၅၀

posted from Bloggeroid

No comments:

Post a Comment