မြန်မာပြည်၏ထိတ်လန့်ကြောက်ရွံ့ဖွယ် လူမျိုးရေး ခွဲခြား မှု”
by danyawadiMYANMAR TIME – News and Articles | Danya WadiToday, 03:21မီနူဝါရာဘေဂါမ်သည် ၂၄နာရီပတ်လုံး မွေးဖွားလုနီးပါးဖြစ်နေသည့် ၀မ်းထဲရှိ ကလေးငယ်၏ လှုပ်ရှားမှုကြောင့် ဝေဒနာ ခံစားနေရသည်။ဆိုးရွားချက်မှာ ကလေးငယ်၏ ခြေ၀ါးတစ်ဖက်မှာ ကမ္ဘာကြီးအပြင်ဘက်သို့ရောက်ရှိလာပြီး ကူညီကယ်ဆယ်ရန်ခက်ခဲသည့်အခြေအနေသို့ သက်ရောက်နေပြီး ထိုအချက်က မိခင်နှင့် ကလေးပါ အသက် ခြိမ်းခြောက်ခံနေရသည်။အသက်၂၃နှစ်အရွယ်သာရှိပြီး သားဦးမွေးဖွားနေသည့် မီနူဝါရာသည် ဆိုးရွားလှသည့် ဤအခြေအနေတွင် ဆရာဝန်လိုအပ်နေသည်။သို့သော် သူမသည် လူပေါင်း ၁၅၀, ၀၀၀ကျော်ရှိနေ သည့် စစ်တွေမြို့အပြင်ဘက်ရှိ ဒုက္ခသည်စခန်းတွင် အကျဉ်းချခြင်း ခံထားရသည်။ထို့အပြင် ဒုက္ခသည်စခန်းများအတွင်း ဆေးဝါးကုသစောင့်ရှောက်မှုများပေးရန် အကူအညီပေးရေး ၀န်ထမ်းများကလည်း တားဆီးခံထားရခြင်းကြောင့် မိမိကိုယ်တိုင်သာ ရုန်းကန်ခဲ့ရသည်။လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ မွတ်စလင်လူနည်းစု ရိုဟင်ဂျာများအပေါ် လူမဆန်သည့် ရာဇ၀တ်မှု ကျူးလွန်ခြင်းတို့ကို ဖုံးကွယ်ကာ ဒီမိုကရေစီခရီးလျှောက်လှမ်းမှုမှာ တုန်လှုပ်ချောက် ချားဖွယ်ရာကောင်းနေသည်။ဤသည်မှာ ကျွန်တော့်ခရီးစဉ်အောင်မြင်ခြင်း၏ နှစ်ပတ်လည်နေ့ဖြစ်သည်။ဤခရီးစဉ်တွင် ကျွန်တော်သည် ခရီးစဉ်အကြောင်းရေးသားပြီး ကမ္ဘာကြီးအားပြသရန် တက္ကသိုလ်ကျောင်းသား တစ်ဦးအား ခေါ်ဆောင်ခဲ့သည်။လူမျိုးတုန်းသတ်ဖြတ်မှုဟုခေါ်ဆိုနေသော တရားမျှတမှုကင်းမဲ့ခြင်းကို မီးမောင်းထိုးပြခဲ့ခြင်းကြောင့် ကျွန်တော် Nicole Sganga of Notre Dame University ၏ယခုနှစ် အတွက် အောင်နိုင် သူဖြစ်ခဲ့သည်။ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာ တစ်သန်းကျော်ရှိသည်။သူတို့သည် အသား မည်းကာ အစ္စလာမ်ဘာသာကိုယုံကြည်သက်ဝင်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များထက် တစ်မူထူးခြားနေ သည်။ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်အာဏာရှင်များမှ ဖိနှိပ်ချုပ်ချယ်ခြင်း၊နေရင်းဒေသမှ အကြိမ်ကြိမ်အခါခါ အစုအဝေးဖြင့် နှင်ထုတ်ခံရခြင်းနှင့် ဒေသခံ အထောက်အထားတစ်စုံတစ်ရာ မရရှိအောင်ပြုလုပ်ခြင်းတို့ဖြင့် ရိုဟင်ဂျာများတည်ရှိနေခြင်းကို ပယ်ဖျက်ရန် စနစ်တကျ ကြိုးစားခဲ့သည်။“မြန်မာပြည်မှာ ရိုဟင်ဂျာလို့ခေါ်တဲ့လူတွေမရှိပါဘူး၊အများစုက ဘင်္ဂလားဒေ့ရှ်က တရားမ၀င်ပြောင်းရွေ့လာတဲ့ သူတွေပါဘဲ”ဟု ရခိုင်ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဆိုသည်။ဤကဲ့သို့သော ပုံပြင်ဆန်မှုမှာ ယုတ္တိမရှိရုံသာမက လူမျိုးရေးခွဲခြားမှုကိုပါ ဖော်ပြနေသည်။၁၇၉၉ ခုနှစ်မှတ်တမ်းအချက်အလက်များက ရိုဟင်ဂျာ ရှိသည်ဆိုသည်ကို ရည်ညွန်းပြနေပြီး ၁၈၆၂ခုနှစ် အစီရင်ခံစာအရ ယင်းဒေသရှိ ၃၀ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်သည်ဟုလည်းဆိုသည်။၂၀၁၂ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုများမှစ၍ ကလေးများအပါအ၀င် လူပေါင်း ၂၀၀ကျော်အသတ်ခံခဲ့ရသည်ဟု အခိုင်အမာဆိုခဲ့သည်။အာဏာပိုင်များသည် ရိုဟင်ဂျာများအား ၄င်းတို့၏ ကျေးရွာသို့မဟုတ် ဒုက္ခသည်စခန်းများတွင် အကျယ်ချုပ်ချုပ်ထားခြင်းဖြင့် အကျဉ်းချထားခဲ့ကြသည်။ရိုဟင်ဂျာများမှာ ဈေး၊ကျောင်း၊တက္ကသိုလ်နှင့် ဆေးရုံများရှိရာသို့ လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိသည့်အပြင် နိုင်ငံသားဖြစ်ခွင့်ကိုလည်း ငြင်းဆိုကန့်သတ်ခံထားကြရသည်။ဆိုးရွားလှသော အခြေအနေများက ထောင်ပေါင်းများစွာသောရိုဟင်ဂျာများအား လှေများဖြင့် နေရပ်စွန့်ခွာရန် တွန်းအားပေးခဲ့ပြီး အများစုမှ ပင်လယ်ပြင်တွင် နစ်မြုပ်သေဆုံးခဲ့ကြရသည်။ယခုနှစ်တွင် မြန်မာအာဏာပိုင်များမှ အခြေအနေများအား ပိုမိုဆိုးရွားခက်ခဲအောင်ပြုလုပ်နေသည်။ ပထမတွင် ရိုဟင်ဂျာများအတွက် အဓိက ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် နယ်စည်း မထားဆရာဝန်များအဖွဲ့အား အစိုးရမှ နှင်ထုတ်ခဲ့သည်။ထို့နောက်တွင် အကြမ်းဖက်အုပ်စုများမှ လူသားချင်းစာနာမှု အကူအညီပေးနေသည့် အဖွဲ့အစည်းများ၏ ရုံးများကို တိုက်ခိုက်ခဲ့ပြီး ၄င်းတို့အား အတင်းအဓမ္မနှင်ထုတ်ခဲ့ပြန်သည်။အချို့သော အကူအညီပေးရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုမပါဝင်ပေ။ထိုအချက်မှာ အကျိုးမဖြစ်ထွန်းသည့် နည်းပင်ဖြစ်နေသည်။ အဖျားရောဂါ ခံစားနေရသည့် ၁နှစ်အရွယ် ကလေးငယ် နူရ်၏ မိခင်ဖြစ်သူအသက် ၂၂နှစ်အရွယ်ရှိ ရှမ်ရှီဒါ ဘေဂါမ်၏ စိုးရိမ်ကြောက်လန့်နေသည့် မျက်ဝန်းအစုံကို စာဖတ်သူများ ခန့်မှန်းနိုင်မည်ဟု ယုံကြည်ပါသည်။“အိမ်မှာရှိတဲ့သာမိုမီတာနဲ့တိုင်းကြည့်တဲ့အချိန်မှာ ၁၀၇ဒီဂရီ ပြနေပါတယ်။ကျွန်မ ကသမီးလေးအဖျားကျအောင် ရေပတ်တိုက်ပြီး ပြန်ကြည့်တော့ ၁၀၅ဒီဂရီပါ။လမ်းလျှောက်တတ်ခါစ ကလေးတောင် ကျန်းမာရေးစောင့်ရှောက်မှုမရတာ၊ဒါဘယ်လို အစိုးရပါလဲ”ဟု ကလေးငယ်၏ မိခင်ဖြစ်သူ ရှမ်ရှီဒါကဆိုသည်။ကလေးငယ်နူရ်မှာ အသက်ရှင်နိုင်သည်ဟုဆိုသော်လည်း အချို့ကမူ အသက်မရှင်နိုင်ဟုဆိုကြသည်။ထို့အပြင် ကျွန်တော်တို့သည် TB ရောဂါခံစားရပြီး ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရသော အသက်၃၅နှစ်အရွယ်ရှိ ကိုဘစိန်၏ မိသားစုထံသို့ရောက်ရှိခဲ့ကြသည်။“သူက ဆေးဝါးကုသလို့မရတာကြောင့် သေသွားခဲ့တာပါ”ဟု ကိုဘစိန်၏ဇနီး ဟာဘီဘာကဆိုသည်။အိမ်အပြင်ဘက်တွင် ကိုဘစိန်၏ သူငယ်ချင်းများက အလောင်းပြင်နေကြသည်။ယခု အခါသူမနှင့်တူကျန်ရစ်ခဲ့သည့် ကလေးငယ်၎ဦးအတွက် စိုးရိမ်နေသည်ဟု ဟာဘီဘာကဆိုသည်။ကလေးငယ်များအား ကာကွယ်ဆေးထိုးခွင့် မရသဖြင့် ဒုက္ခသည်စခန်းများအတွင်း ဖြစ်ပွား လာနေသည့် ရောဂါများ ကူးစက်လာမည့်အရေးကိုအလွန်စိုးရိမ်နေရှာသည်။မီနူရာသည် သွေးများဆင်းပြီး၂၈နာရီအကြာတွင် သူမ၏ကလေးငယ်အားဆုံးရှုံးခဲ့ရသည်။သူမ၏ မွေးကင်းစ ကလေးငယ်အား ဒုက္ခသည်စခန်းများအပြင်ဘက်ရှိ သင်္ချိုင်းတစ်ခု တွင်မြုပ်နှံ ခဲ့သည်။“ကျွန်တော် ရိုဟင်ဂျာတစ်ယောက်ဖြစ်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုမရပါဘူး၊ဖခင်တစ်ယောက်မဖြစ်နိုင်ပါဘူး”ဟု ပန်းရံဆရာတစ်ဦးဖြစ်သည့် မီနူဝါရာ၏ ခင်ပွန်း ဇာကိရ်အာမတ်က ကလေးငယ်အားမြုပ်နှံပြီးနောက် ခါးသီးစွာပြောဆိုခဲ့သည်။အမေရိကန်မှ ဤအဖြစ်အပျက်နှင့် ပတ်သက်၍ ပြောဆိုမှုများရှိနေသော်လည်း အလွန်ပျော့လွန်းနေသည်။ဥရောပနှင့် အာရှနိုင်ငံများကလည်း အခြားနည်းများဖြင့် အကူအညီပေးရန် ကြိုးစား ခဲ့ကြသည်။”ကျွန်တော်တို့ အထူးသဖြင့် ဂျပန်၊မလေးရှား၊ကုသသမဂ္ဂနဲ့ အတူဆေးဝါးကုသမှု ၊လူသားချင်းစာနာမှုအကူအညီများ ပြန်လည်ရရှိရန် လုပ်ဆောင်သင့်ပါတယ်” ဟု စာရေး သူကဆိုသည်။မြန်မာပြည်သို့အလည်အပတ်ရောက်ရှိခဲ့သော သမ္မတအိုဘားမားသည် မြန်မာတွင် ဖြစ်ပျက်နေခြင်းများမှာ ယနေ့တိုင်ကြောင်းကျိုးခိုင်လုံမှု မရှိသေးကြောင်းပြောဆိုသင့်သည်။သို့သော်နောက် ဆုံးတွင် အိုဘားမားက နိုင်ငံခြားရေး မူဝါဒရွေးချယ်ကန့်သတ်ထားကြောင်းနှင့် စစ်တပ်မှ ကြားဝင်စွက်ဖက်လျှင် မျှော်မှန်းထားသည်နှင့် ဆန့်ကျင်သည့် ရလာဒ်ဖြစ်လာမည်ဟုတော့ မှတ် ချက်ပြုခဲ့ သည်။အမှန်စင်စစ်တွင် မြန်မာပြည်၌ နိုင်ငံရေးရင်းနှီးမြုပ်နှံမှုကို အပြည့်အ၀အသုံးမချနိုင်သေးဟုလည်းဆိုသည်။တက္ကသိုလ်ကျောင်းသားတစ်ဦးအနေဖြင့် အိုဘားမားသည် တောင်အာဖရိက၏ လူမျိုးရေးခွဲခြားမှုကို လူသိရှင်ကြား ထုတ်ဖော်ကြေငြာခဲ့သည်။သမ္မတတစ်ဦးအနေဖြင့် မြန်မာပြည်၌ ကျန်းမာရေးစောင့်ရှောက်မှု ပင်မရရှိသည့် လူနည်းစုများအပေါ် ကြောက်မက်ဖွယ်ကောင်းနေသော လူမျိုးရေးခွဲခြားမှုအတွက် ထိုလူနည်းစု ဒုက္ခသည်များဘက်က ရပ်တည်သင့်သည်။မြန်မာပြည်သည် အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုနှင့် သဘောတူညီမှုများကို ရှာဖွေနေသည်။ရိုဟင်ဂျာများအား လူသားများကဲ့သို့ မဆက်ဆံလျှင် ယင်းအချက်နှစ်ချက်လုံးကို မရရှိနိုင်ကြောင်း ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမြန်မာအစိုးရသိအောင်ပြုလုပ်ရမည်ဖြစ်သည်။Ref; The New York TimesMyanmar ChronicleShow commentsOpen link

posted from Bloggeroid
No comments:
Post a Comment