Wednesday, June 4, 2014

ကမ္ဘာဖလားဘောလုံးပွဲ

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု(ဇ) သုံးသပ်ချက်

by ရွှေအောင်DVBToday, 17:37၂၀၁၄ ခုနှစ် ဇွန် ၁၂ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်တော့မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ နေ့တိုင်း ထုတ်လွှင့်ပေးနေရာမှာ ဒီနေ့တော့ နောက်ဆုံး အုပ်စုဖြစ်တဲ့ အုပ်စု (ဇ) သုံးသပ်ချက် ဖြစ်ပါတယ်။ဒီအုပ်စုမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ရေပန်းမစားတဲ့အသင်းတွေချည်း စုဖွဲ့ထားသလို ဖြစ်နေပြီး ဘယ်လ်ဂျီယံ၊ ရုရှား၊ အယ်ဂျီးရီးယားနဲ့ အာရှက တောင်ကိုရီးယားအသင်းတို့ ပါဝင်ပါတယ်။အိုလံပစ်အားကစားဂျာနယ်အယ်ဒီတာ ဦးဟိန်းသန့်က ဒီအုပ်စုမှာ ဘယ်လ်ဂျီယံနဲ့ ရုရှားတို့ အုပ်စုတက်ဖို့ များတယ်လို့ သုံးသပ်ပြောပါတယ်။“ဥရောပ ၂ သင်းဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ ရုရှားက အယ်ဂျီးရီးယားနဲ့ ကိုရီးယားထက် တဆင့် သာနေတာပေါ့။ အုပ်စုတက်ဖို့လည်း ဒီ ၂ သင်းပဲ ဖြစ်ဖို့ များပါတယ်။ အယ်ဂျီးရီးယားနဲ့ ကိုရီးယား က ဘယ်လ်ဂျီယံနဲ့ ရုရှား ကို ယှဉ်နိုင်ဖို့ သိပ်ပြီးတော့ အင်အား မတောင့်ဘူး။ အဲဒီကြောင့် အုပ်စုတက်မယ့်အသင့်က ဘယ်လ်ဂျီယံနဲ့ ရုရှား ဒီ ၂ သင်းပဲ အုပ်စု ပထမ၊ ဒုတိယ လုမယ် တူတယ်။”လာမယ့် ဇွန် ၁၇ ရက်မှာ ဒီအုပ်စုက ဘယ်လ်ဂျီယံနဲ့ အယ်ဂျီးရီးယား၊၊ ရုရှားနဲ့ တောင်ကိုရီးယားတို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment