Monday, December 23, 2013

voa

 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၂၄၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

နိုင်ငံရေးအကျဉ်းသား အားလုံး ၂၀၁၃ နှစ်ကုန် ပြန်လွှတ်ပေးဖို့ HRW တောင်းဆို
မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေမယ်လို့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ကတိက၀တ်အတိုင်း နိုင်ငံရေးအကျဉ်းသားအားလုံး ဒီနှစ်အကုန် ပြန်လွှတ်ပေးဖို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုပါတယ်။ အပြည့်အစုံ
 
အမျိုးသမီး နယ်သတင်းထောက် ထောင်ချခံရမှု RSF နှင့် CPJ ရှုတ်ချ
Eleven Media ဂျာနယ်တိုက်က အမျိုးသမီးသတင်းထောက်ကို ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှုတွေနဲ့ လွိုင်ကော်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ပြင်သစ်အခြေစိုက် RSF နယ်ခြားမဲ့သတင်းထောက်များအဖွဲ့နဲ့ နယူးယောက်အခြေစိုက် CPJ သတင်းထောက်များကာကွယ်ရေး ကော်မတီတို့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြပါတယ်။ အပြည့်အစုံ
 
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို ကားပါမစ် အစိုးရထုတ်ပေးမှုအပေါ် ဝေဖန်
ငြိမ်းချမ်းရေးဆွေးနွေးချိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရတဲ့ ကားပါမစ်တွေထုတ်ပေးတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန် အစိုးရဘက်က ဒါဟာ လက်နက်ကိုင်အဖွဲ့တွေ တရားဝင်ရပ်တည်ရေးအတွက် ဖြေရှင်းပေးတာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံ
 
မိတ္ထီလာလူမှုရေးကွန်ယက်က ဒေါ်မြင့်မြင့်အေး ထောင်တွင်း အစာငတ်ခံဆန္ဒပြ
ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်အတွင်းက သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရရေး အကူအညီပေးနေသူ ၃ ဦးကို ချုပ်နှောင်ထားပြီး ၆ လကြာတဲ့အထိ ဆုံးဖြတ်ချက်မချသေးတဲ့အပေါ်မှာ မကျေနပ်တဲ့အတွက် သူတို့ ၃ ယောက် အစာငတ်ခံ ဆန္ဒပြနေတာ ၁၁ ရက်ကြာလာပြီး လေဖြတ်ထားတဲ့ ဒေါ်မြင့်မြင့်အေးဟာ အခု သတိလစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံ
 
ထိုင်းရောက် တရားမ၀င် မြန်မာ အလုပ်သမားတွေ မဖမ်းဖို့ အဆိုပြု
ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့အတွက် ပြည်ဝင်ခွင့် ဗီဇာသက်တမ်းကုန်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆောင်ရွက်ပေးဖို့ နှောင့်နှေးနေတာကြောင့် ရက်ပေါင်း ၁၈၀ သက်တမ်းထပ်တိုးပေးထားဖို့ အထူးအခွင့်အရေးတစ်ရပ်ရအောင် ထိုင်းအစိုးရကို တင်ပြထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ အပြည့်အစုံ
 
၂၀၁၃ မကုန်ခင် နိုင်/ကျဉ်းအားလုံးနီးပါး လွတ်နိုင်
၂၀၁၃ မကုန်ခင် လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီပြုစုနေဆဲ စာရင်းကို စောင့်နေတဲ့အကြောင်းနဲ့ စာရင်းထွက်လာတာနဲ့ သမ္မတဦးသိန်းစိန်က အမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်တဲ့အကြောင်း သမ္မတရဲ့ပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဆူဒန်အကြမ်းဖက်မှု အဆုံးသတ်ရေး အမေရိကန် သံတမန်ရေး ကြိုးပမ်း
တောင်ဆူဒန်နိုင်ငံအတွင်း အရှိန်မြင့်လာနေတဲ့ အကြမ်းဖက်မှုတွေကို ငြိမ်းသတ်စေရေး အမေရိကန်က အထူးကိုယ်စားလှယ် Donal Booth က သမ္မတ Salva Kiir နဲ့တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ
 
ရုရှား Pussy Riot အဖွဲ့ဝင်တွေ ပြန်လွှတ်
ရုရှားနိုင်ငံမှာ နိုင်ငံရေးမှုနဲ့ ထိန်းသိမ်းထားခံရသူ Pussy Riot အဖွဲ့ဝင် အမျိုးသမီး ၂ ဦးက သူတို့ကို ပြန်လွှတ်ပေးတာဟာ အိုလံပစ်ကစားပွဲမတိုင်ခင် လူမှုရေးဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးပမ်းမှုတရပ်ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး နာမည်မကျော်ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မမေ့ကြဖို့ ဆော်သြလိုက်ပါတယ်။ အပြည့်အစုံ
 
ထိုင်းဆန္ဒပြအဖွဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ဖို့ မဟန့်တားနိုင်
ဖေဖော်ဝါရီမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် ပါတီတွေ မှတ်ပုံမတင်နိုင်အောင် ဆန္ဒပြသူတွေ ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ကြားက လက်ရှိဝန်ကြီးချုပ်ယင်းလတ်ရဲ့ပါတီနဲ့ တခြားပါတီဝင်တွေဟာ ရွေးကောက်ပွဲမှတ်ပုံတင်နိုင်ခဲ့ကြပါတယ်။ အပြည့်အစုံ
 
လူတရာကျော်သေဆုံးတဲ့ ဘင်္ဂလားဒေ့ရှ်မီးလောင်မှု တရားရုံးစစ်ဆေး
မနှစ်က လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ အထည်ချုပ်စက်ရုံမီးလောင်ကျွမ်းမှုမှာ စက်ရုံပိုင်ရှင်တွေနဲ့ ဝန်ထမ်း ၁၁ ဦးတို့ကို မီးပေါ့ဆမှု၊ လူသေဆုံးမှုမှာ အပြစ်မကင်းမှုတွေနဲ့ ရဲတပ်ဖွဲ့က တရားစွဲလိုက်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တသက်ထိ ကျခံရဖွယ်ရှိပြီး စက်ရုံပိုင်ရှင်ကို တရားစွဲဆိုတာဟာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ ( ၁၂-၂၄-၂၀၁၃)
မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြုပ်နှံသူတွေနဲ့ သင့်တော်တဲ့ အိမ်ယာဈေးကွက်၊ ငှားရမ်းရနိုင်တဲ့ အခြေအနေ အလုပ်အကိုင် အခွင့်အလမ်းများ ပွဲတော်နဲ့ မြန်မာ လူငယ်တွေရဲ့ အရည်အသွေးအကြောင်း သုံးသပ်ချက် သတင်းတွေနဲ့ နေပြည်တော်က ဆီးဂိမ်း ပြီးဆုံးပွဲ အခမ်းအနားကြောင်း သတင်းပေးပို့ချက်တွေ အပါဝင်... အပြည့်အစုံ
 
အင်္ဂါနေ့ မြန်မာတီဗွီသတင်း
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ သင့်တော်တဲ့ အိမ်ယာဈေးကွက်၊ ငှားရမ်းရနိုင်တဲ့ အခြေအနေ၊ လူငယ်တွေရဲ့ အရည်အသွေးနဲ့ အလုပ်အကိုင် ရနိုင်ခွင့် သုံးသပ်ချက် သတင်းတွေကို ကြည့်ရှုနိုင်ပါတယ်။ အပြည့်အစုံ
 
ဒီသီတင်းပတ် အမေရိကန်နိုင်ငံရေး
ဒီသီတင်းပတ် အမေရိကန်နိုင်ငံရေးမှာ အဓိက လွှမ်းမိုးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ဆီးဂိမ်း ပိတ်ပွဲအခမ်းအနား
နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပွဲတော်ကတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြီးဆုံးသွားခဲ့ပါပြီ။ ဆီးဂိမ်းပိတ်ပွဲအခမ်းအနား နဲ့ ပြည်သူတွေရဲ့ သဘောထားကို ကိုစည်သူက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
တရုတ်ကျေးရွာ ခရစ္စမတ်ရာသီ
ခရစ္စမတ်ရာသီမှာ ကမ္ဘာတ၀န်း နိုင်ငံတွေကလူတွေ အားလပ်ရက် အနားယူတတ်ကြပေမဲ့ တရုတ်နိုင်ငံက ကျေးရွာလေး တခုကတော့ ဒီရာသီဆို နားရက်မရှိအောင် အလုပ်များနေပါတယ်။ ခရစ္စမတ်အလှဆင်ပစ္စည်းတွေ ထုတ်လုပ်ရင်း အလုပ်များနေတဲ့ ကျေးရွာလေးတခု အကြောင်း VOA သတင်းထောက် Bill Ide ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

မကြေးမုံရဲ့ အင်္ဂလိပ်စာ
အင်္ဂါနေ့တိုင်း တင်ဆက်နေတဲ့ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်ကို နားဆင်ကြပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 USA

VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင် ရပ်ဆိုင်း
အကယ်၍ အီးမေးလ် သတင်းလွှာ ပြန်လည်ရရှိလိုပါက သတင်းလွှာ ပြန်လည်ရယူ
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

posted from Bloggeroid

No comments:

Post a Comment