Monday, 23 December 2013
လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲသည် သမ္မတဖြစ်သင့်ဟု ဥပဒေပညာရှင်တို့ အကြံပြု
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဥပဒေပညာရှင်များက အကြံပြုစာတမ်းပေးပို့ရာတွင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏အကြီးအကဲသည် နိုင်ငံတော်သမ္မတ သာ ဖြစ်သင့်ဟူသော အကြံပြုချက်လည်း ပါဝင်ကြောင်း Myanmar Aid Network ၏ Case official တရားလွှတ်တော် ချုပ် ရှေ့နေဦးမြင့်သွင်က မဇ္ဈိမသို့ ပြော သည်။
“တစ်နိုင်ငံလုံးက ရှေ့နေအသင်းတွေ၊ ဥပဒေအထောက်အကူပြု လုပ်ငန်းတွေမှာ ဆောင်ရွက်နေတဲ့ ဥပ ဒေပညာရှင်တွေ စုစည်းပြီး ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ စုပေါင်း ဆွေးနွေးခဲ့ကြတယ်။ အဲဒီ ဆွေး နွေးပွဲရလဒ်ဖြစ်တဲ့ အကြံပြုချက်စာတမ်း ကို ပြည်ထောင်စုလွှတ်တော်ကိုရော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးဆီကိုပါ ဒီနေ့ ပေးပို့သွားမှာပါ။ ဥပဒေပညာ ရှင်တွေ စုပေါင်းဆွေးနွေးပွဲမှာ အခြေခံဥပဒေ အခန်းအားလုံးကို ပုဒ်မတစ်ခုချင်းစီကို ဘက်မလိုက်ဘဲ ဥပဒေရှုထောင့်ကနေ အပြုသဘော ဝေဖန် သုံးသပ်ခဲ့ပါ တယ်။ အဲဒီမှာ ပုဒ်မ ၁၆၊ ပုဒ်မ ၂၀(ဂ)နဲ့ ပုဒ်မ ၃၃၈ တို့ကို ရှေ့နောက် ညီညွတ်အောင်နဲ့ ဒီမိုကရေစီကျင့်စဉ်ကို မှန်ကန်စေလိုတဲ့အတွက် လက်နက်ကိုင်တပ် ဖွဲ့အားလုံးရဲ့ အကြီးအကဲက ကာကွယ်ရေးဦးစီးချုပ်မဟုတ်ဘဲ သမ္မတပဲဖြစ်သင့်တယ်ဆိုတဲ့ ပြင်ဆင် အကြံပြုချက်မျိုးတွေလည်းပါတယ်”ဟု ၎င်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၆ ပါ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီး အကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်ဟူသော စာသားတွင် နိုင်ငံတော်အကြီးအကဲ နိုင်ငံတော် အုပ်ချုပ် ရေးအကြီးအကဲနှင့် နိုင် ငံတော် စစ်သေနာပတိချုပ်သည် နိုင်ငံတော်သမ္မတဖြစ်သည်”ဟု ဖြည့်စွက်သင့် ကြောင်း ပုဒ်မ၂၀(ဂ)ပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီး အကဲဖြစ်သည် ပြဋ္ဌာန်းချက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အစား နိုင်ငံတော်သမ္မတ ဟု ပြင် ဆင် သင့်ကြောင်း စသည့် အကြံပြုချက်များ ပါဝင်သည်ဟု ဦးမြင့်သွင်က ပြောသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇)ပါ တပ်မတော်ဆိုင်ရာပုဒ်မများ၏ အစဖြစ်သည့် “နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်”ဟူ သော ပုဒ်မ-၃၃၈ ဥပဒေကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုတည်းမှ အဆုံးစွန် အာဏာထိန်းသိမ်းနိုင်စေဖို့” ဟူသော ရည်ရွယ်ချက်ဖြင့် ပုဒ်မတစ်ခုလုံး ဖြုတ်ပစ်ရန်လည်း အကြံပြု ထားကြောင်း သိရသည်။
ထိုသို့ အဆုံးစွန်အာဏာမရှိစေရန်အတွက် ပုဒ်မ-၃၄၀ ပါ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ် လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည် အစရှိသည့် စာသားတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့်”ဟု ပြင်ဆင် အကြံပြုထားကြောင်းလည်း အဆိုပါစာတမ်း ၌ ဖော်ပြပါရှိသည်။
တစ်နိုင်ငံလုံး၌ ဥပဒေပညာရှင်များအဖွဲ့တို့မှ ကိုယ်စားလှယ်များ စုဝေးပြီး ၂၀၀၈ အခြေခံဥပဒေကို လေ့ လာသုံးသပ်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်၏ နိဒါန်းမှစ၍ အခန်းအလိုက်၊ ပုဒ်မများအလိုက် သာမက နောက်ဆုံးဇယားများ အထိပါ လေ့လာ သုံးသပ် အကြံပြုထားကြောင်း ဦးမြင့်သွင်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ IBC ၌ ပြုလုပ်ခဲ့သည့်Legal Aid and Rule of Law Forum တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ရှေ့နေအသင်းများ၊ဥပဒေအထောက် အကူပြုအဖွဲ့များ၊ ဖိတ်ကြားထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အသီးသီး တက်ရောက်ခဲ့ကြပြီး အခြေခံဥပဒေပါ အကြောင်း အရာများကို ဆွေးနွေး သုံးသပ်ခဲ့ကြကြောင်း၊ အဆိုပါဆွေးနွေးသုံးသပ်ချက် များအား ပြည်ထောင်စု လွှတ် တော်သို့ တင်ပြဆွေးနွေးနိုင်ပါက နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် များစွာ အထောက်အကူပြုနိုင်ကြောင်း၊ တက်ရောက်လာသူ လွှတ်တော်ကိုယ်စားလှယ်တို့က အကြံပြုခဲ့ကြောင်း၊ ထိုအကြံပြုချက်ကို လေးစား သောအားဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရှေ့နေအသင်းများ၊ ဥပဒေအထောက် အကူပြု လုပ်ငန်းအဖွဲ့များနှင့် အခြား ဥပဒေပညာရှင်များ စုစည်းကာ ဒီဇင်ဘာ ၂ ရက်နေ့အထိ စုပေါင်း ဆွေးနွေးပြီး ယခုကဲ့သို့ သုံးသပ် အကြံပြုချက်စာတမ်း ထွက်ပေါ်လာရကြောင်းလည်း ဦးမြင့်သွင်က ပြောသည်။
Mizzima - News in Burmese
ရွှေနိုင်ငံ at 10:27
Share
No comments:
Post a Comment
‹
›
Home
View web version
Powered by Blogger

posted from Bloggeroid
No comments:
Post a Comment