Saturday, March 1, 2014

ဗိုက်အဌားဆောင်လိုပြောခံရ

မန္တလေးဘူတာကြီးအားအမရပူရမြို့နယ်
မြစ်ငယ်သို့ ရွှေ့ရန်အကြံပြုခဲသောဆရာဦး
တင်ထွဠ်အားပြောကြားချက်များအား
သာဗိုက်ဂျာနယ်DayNayတွင်ဖေါ်ပြမှု့ ကို
မန္တလေးခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
မန္တလေးခရိုင်ဥက္ကဠဦကံမှဗိုက်အဌား
ဆောင်သလိုဖြစ်ကြောင်အား
အမရပူရမြို့ နယ်နဲ့ ခရိုင်တွေ့ ဆုံပွဲတွင်
မန္တလေးတိုင်းမှပြောခိုင်ပါသည်ဟုအများ
ရှေ့ တွင်ဦးတင်ထွဠ်၏ပြောကြားချက်ကို
အဌားကိုယ်ဝန့် ဆောင်ပါတယ်လိုပြောကြား




posted from Bloggeroid

ဗိုလ်ချုပ်စားပွဲထိုး

စားပွဲ ထိုး ဗိုလ်ချုပ် (သို့မဟုတ်) လွတ်လပ် သော ဘဝ ကို ပိုနှစ် သက်နေ ပြီဖြစ် သော ဗိုလ်ချုပ် ဟောင်း ဦး လွန်းမောင်
by kokomyanmarpyithar
အသည်းရောဂါ ကာကွယ် တား ဆီးရေး အစွမ်း ထက် ...Today, 10:31
ရန်ကုန်မှ မြိတ်၊ ထားဝယ်အထိသွားမည့် ခရီးသည်တင် ဘတ်စ်ကားခရီးသည်များနှင့် ဒရိုင်ဘာကိုလှမ်းအော်နှုတ်ဆက်ပြီး ဆိုင်ထဲကို ပြန်ဝင်လာသော ဒေါ်မြမြစိန်သည် သူ၏ ခွေးကလေးများကိုလည်း နှုတ်ဆက်သည်။ ထို့နောက် မိမိတို့၏ စားပွဲဝိုင်းဆီ လာပြီး စကားပြောရင်း “ ဒီခွေးကလေးတွေက တကောင်နဲ့တကောင် ညှာတာပြီး နောက်အကောင် စားဖို့အတွက် ချန်ပြီးစားတယ်။ လူတွေလို အကုန်မစားတတ်ဘူး။ သစ္စာလည်း အရမ်းရှိတယ်” ဟု ဆိုကာ ခွေးကလေးများနှင့် ဆော့ကစားနေသည်။

လူရှင်းသွား၍ ငွေသိမ်းကောင်တာမှ ဦးလွန်းမောင် (ယခင်က စာရင်းစစ်ချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် လွန်းမောင်) က စားပွဲဝိုင်းနားကိုကပ်လာပြီး အန်တီ ဒေါ်မြမြစိန်နဲ့အတူ ခွေးကလေးများကို ဆော့ကစား နေသည်။

လွန်ခဲ့သော ၁၀ မိနစ်ခန့်အထိ ခရီးသည် တင်ဘတ်စကား ၂ စီး ရပ်နားပြီး စားသောက်ကြသဖြင့် “အောင် ပြည့်စုံ” စားသောက်ဆိုင်တွင် စားပွဲထိုးမိန်းကလေးများအလုပ် များနေခဲ့သည်။ ဦးလွန်းမောင် ရော ဇနီးဒေါ်မြမြစိန်ပါ ဟင်းခွက် များလိုက်ချပေးကာ စားပွဲထိုးရသည်။

“သန့်ရှင်းရေးက အရေးကြီးတယ်။ ခရီးသည် တွေသွားဖို့ အိမ်သာကအစ သေသေချာချာသန့်ရှင်းအောင် လုပ်ထားပေးတယ်” ဟု ဦးလွန်းမောင်ကပြောသည်။ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် စားပွဲခုံတိုင်းတွင် အမှိုက် ပုံးထားပေးရန် လုပ်ဆောင်နေသည်ဟု သိရသည်။

နေ့စဉ်လာရောက် စားသောက်သည့် ခရီးသည် များကို ထမင်း၊ ဟင်းနှင့် ဘယ်လိုဝန်ဆောင်မူ ပေးရမလဲဟု ဦးလွန်းမောင်နှင့် သူ့ဇနီးတို့က နေ့စဉ် စဉ်းစားနေရသည်။ သူတို့၏ သားတော်မောင်က အောင်ပြည်စုံ ထမင်းဆိုင်နှင့် ပတ်သက်၍ “အစ်ကိုတို့ (ဆောင်းပါး) ရေးလိုက်တော့ လူပိုသိသွားတာပေါ့ ဗျာ” ဟုဆိုသည်။ ဧရာဝတီ သတင်းဌာန အင်္ဂလိပ် ပိုင်းတွင်ရော မြန်မာပိုင်းတွင်ပါ အငြိမ်း စားပေးခံရသော ဗိုလ်ချုပ်လွန်းမောင် မွန်ပြည်နယ် ဘီးလင်းမြို့တွင် စားသောက်ဆိုင် ဖွင့်နေကြောင်း ဖော်ပြခဲ့သည်။

“သူတို့ (သမ္မတ ဦးသိန်းစိန်အစိုးရ) ကတော့ ၃ ခါ တောင် လာခေါ်တယ်” ဟု ဦးလွန်းမောင်က ပြောသည်။ စစ်စွပ်ကျယ်ကို ဝတ်ထားပြီး စားပွဲဝိုင်းများအကြား လူငယ်တဦးကဲ့သို့ ပြေးလွှားနေသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်က စကားကို လုပြောသည်။ “(သမ္မတရုံးဝန်ကြီး) ဦး အောင်မင်းကိုယ်တိုင်လာတယ်၊ ပြီးတော့ ကိုသန့်ရှင်း (သမ္မတရုံးဒုဝန်ကြီး) လည်း လိုက်လာသေးတယ်။ ပြန်မလာတော့ဘူးလို့ပြောလိုက်တယ်” ဟုဆိုသည်။

တပ်မတော်ဘက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့၏ဇနီးများ လာရောက်လည်ပတ်သွားသည် ဟု ပြောပြသည်။ ခွေးကလေးများနှင့် ဆော့ကစားနေသော ဒေါ်မြမြစိန်က “ဒီဘဝက ပိုလွတ်လပ်တယ်။ မပေးနိုင်တဲ့သူတွေ လာရင်လည်း ကျွေးလွှတ်လိုက်တာပဲ” ဟုဆိုသည်။ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ရော သူ၏ဇနီးပါ နောက်ကြောင်းကို သိပ်ပြောချင်ပုံမရ။ စာရင်းစစ်ချုပ်လုပ်ခဲ့သူ ဦးလွန်းမောင်ကမူ သူသိထားသည်များကို တော်တော်နှင့်ပြောမည့်ပုံမပေါ်။ သို့သော် ဝန်ကြီးများ အကြီးအကျယ် လာဘ်စားခဲ့မှု များကို သူအသိဆုံးဖြစ်သည်။

ဦးလွန်းမောင်သည် နိုင်ငံတော် စာရင်းစစ်ချုပ်အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်လွန်းမောင် ဘဝကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ဦးလွန်းမောင်အဖြစ် စာရင်းစစ်ချုပ်တာဝန်ကို ဆက်ယူခဲ့သည်။ လက်ရှိအစိုးရ လက်ထက်တွင် ၁ နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့၏ စာရင်းစစ်ချုပ် သက်တမ်း စုစုပေါင်း ၉ နှစ်ပြည့်ချိန် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က သူ့ကို အငြိမ်းစားပေးလိုက်သည်။

၂၀၁၅ – ၂၀၁၆ အရေးကြီးသည် ဆိုသည်ကို ဦးလွန်းမောင်က မေ့မထားပေ။ “မှတ်ကျောက်အတင် ခံမယ်၊ အစစ်ခံရဲတယ်ဆိုတဲ့သူတွေ အဲဒီမှာအစစ်ခံ ကြပေတော့” ဟု သူက ပန်းကန်ပြားတချပ်ကို သိမ်း လိုက်ရင်းဆိုသည်။ ဦးလွန်းမောင်သည် စကားကို အကြာကြီးရပ်မပြော၊ လှစ်ခနဲ မိမိတို့စားပွဲဆီ ကပ် လာလိုက်၊ စကားပြောလိုက်၊ တခြားစားပွဲဝိုင်းများဆီ ပြေးလိုက်နှင့် အလုပ်များနေသည်။

“ကိုယ်နဲ့ ကိုရွှေမန်း (ပြည်ထောင်စု လွှတ်တော် နာယက) သူငယ်ချင်းတွေကွ” ဟုလည်း ဆိုသည်။ “သူက Political Ambition ကြီးတယ်”ဟု မှတ်ချက်ပေးသည်။ သမ္မတ ဦးသိန်းစိန်နှင့် ပတ်သက်၍မူ “သမ္မတကတော့ ရိုးတယ်၊ သူ့မိသားစုကလည်း စီးပွားရေးထဲ မပါဘူး။ သူ့ကိုယုံလို့ ရပါတယ်” ဟု ဆိုသည်။

တပ်မတော် ထိပ်ပိုင်းအရာရှိကြီးများ အနားယူပြီးလျှင် စီးပွားရေးလုပ်ငန်းကြီးများ ဆက်လက်လုပ်ကိုင်ပြီး အစုရှယ်ယာများ ပါဝင်ထားကာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြသည်။ စစ်စွပ်ကျယ်ဝတ်ထားပြီး ကောင်တာထိုင်လေ့ရှိသော၊ တခါတရံ စားပွဲထိုးသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်မှာ အမြင်ဆန်းနေသည်။

ဦးလွန်းမောင်သည် စာရင်းစစ်ချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သဖြင့် တပ်မတော်ထဲမှ အတွင်းရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဝန်ကြီးဌာနများ၏ ခြစားမှုများကို များစွာသိထားသူ ဟု ထင်မြင်ချက် ပေးကြသည်။ ယခုမူ စာရင်းစာအုပ်များနှင့် ဝန်ကြီးဌာနများကို စာရင်းစစ်သူ မဟုတ်တော့။ “အောင်ပြည့်စုံ” စားသောက်ဆိုင်တွင် လာရောက်စားသောက်သူ ခရီးသွားဧည့်သည်များအတွက် ဆိုင် သန့်ရှင်းရေး၊ စားပွဲခုံနေရာ သန့်ရှင်းရေး၊ ဟင်းလျာစီမံရေးများသာ နေ့စဉ်အလုပ်ဖြစ်နေသည်။

ခရီးသည်တင်ကားတစီး ထပ်မံဆိုက်ရောက်လာရာ ခရီးသည်များ ဆင်းလာကြသည်။ ဦးလွန်းမောင်နှင့် ဒေါ်မြမြစိန်ရော ဆိုင်ဝန်ထမ်းမိန်းကလေးများပါ အလုပ်များကြတော့မည်။

သစ္စာရှိသော၊ စားစရာကို အကုန်မစားဘဲ အဖော်အတွက် ချန်တတ်သည်ဆိုသော ခွေးကလေး များက ဆိုင်တွင်လာရောက်စားသောက်သူများကို မနှောင့်ယှက်ပါ။ သခင်များ အလုပ်များနေသည်ကို ကောင်တာနားတွင် ငြိမ်သက်၍ အလိုက်တသိစောင့် ကြည့်နေကြသည်။

(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဧရာဝတီသတင်းအား ထပ်မံဝေမျှပါသည်။

Related posts:

�ol>
တပ်မေ တာ် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ် မှူးကြီး သရေ စည်သူ မင်းအောင် လှိုင် (၆၈) နှစ်မြောက် တပ်မေ တ်ာနေ့ အထိမ်း အမှတ် ဧည့်ခံ ပွဲနှင့် ဂုဏ်ပြု ညစာ စားပွဲတ က်ရောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်း...
ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ   မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ လူသိများ တဲ့ လူမှု...
တစ်နွယ်ငင် တစ်စင် ပါနိုင်သောကြောင့် နိုင်ငံသား အဖြစ် မှ ရုပ်သိမ်းပြီး ၊ ပြည်နှင်ဒဏ်ပေး ရန် ဆန္ဒ ဗိုလ်ချုပ်မှုး ကြီး ဟောင်း မှာ ရှိ နေ လတ်တလော မြန်မာ နိုင်ငံ တွင်း သို့  ပြန်လာ သည့် ပြည်တော် ပြန်...
Related posts brought to you by Yet Another Related Posts Plugin.

Show commentsOpen link

posted from Bloggeroid

၂၀၀၈ဖွဲ့ စည်ပုံပြင်ရေး

ဖွဲ့စည်း ပုံပြင် ရေး ဥပ ဒေဘောင် တွင်းက ကြိုးစား ရန် သမ္မ တတိုက် တွန်း
by kokomyanmarpyithar
အသည်းရောဂါ ကာကွယ် တား ဆီးရေး အစွမ်း ထက် ...Today, 10:31
စစ်အစိုးရလက်ထက်က ပြင်ဖို့ခက်အောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဥပဒေဘောင်အတွင်းက ပြင်ဖို့ကြိုးစားကြပါရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေပေမဲ့ အောက်ခြေမှာ တောက်လျှောက်တိုက်ပွဲတွေ ပြန်ဖြစ်နေဆဲအခြေအနေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ရှည်သည်းခံကြဖို့ကိုလည်း လစဉ် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတဦးသိန်းစိန်က ဒီကနေ့ ထည့်သွင်းပြောသွားခဲ့ပါတယ်။
အပြည်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အအခြေခံ ဥပဒေကို နိုင်ငံကြီးသားပီသစွာနဲ့ ပြဌာန်းထားတဲ့ ဥပဒေမူဘောင်ထဲက ပြင်ဆင်ဖို့လိုတယ်ဆိုပြီးတော့ သမ္မတ ဦးသိန်းစိန်က သူရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းနေတဲ့သူတွေ ကို တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

“လက်ရှိပြဌာန်းထားတဲ့ ဥပဒေဘောင်ထဲကနေ စနစ်တကျ ကြိုးပမ်းအားထုတ်ကြရမှာဖြစ်သလို လက်ရှိပြဌာန်းထားတဲ့ ဥပဒေမူဘောင်များကို ကျနော်အပါအဝင် နိုင်ငံသားအားလုံးက အလေးထား၊ လေးစားလိုက်နာကြရမှာလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိတို့ ပြင်ဆင်ကြိုးပမ်းတဲ့ ဥပဒေများ တည်မြဲနေစဉ်မှာတော့ မကြိုက်မနှစ်သက်သော်လည်း နိုင်ငံကြီးသားပီသစွာ တရားဥပဒေကို လေးစားလိုက်နာရေးဓလေ့ အမြစ်တွယ်ခိုင်မာရေးအတွက် လက်ရှိပြဌာန်းထားတဲ့ ဥပဒေများကို လေးစားလိုက်နာကြရမှာဖြစ်ပါတယ်။ ဒီလို တရားဥပဒေရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ခြင်းဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသက်ဝင် ရှင်သန်ရေးအတွက် အလွန်အရေးကြီးလှပါတယ်။”

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ ပုဒ်မ (၄၃၆) အရ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ခက်ခဲအောင်လုပ်ထားတာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပြင်ရေးကို ဥပဒေအရ သမ္မတက ဥပဒေပါအတိုင်း ပြင်ပါလို့ ပြောဆိုလိုက်တဲ့အပေါ်မှာ အနည်းငယ် အံအားသင့်မိတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဝင်လည်း ဖြစ်၊ ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ဥပဒေကိုပြင်ရင် တည်ဆဲဥပဒေမှာပါတဲ့ နည်းလမ်းတွေအတိုင်း ပြင်ဖို့ဆိုပြီး သူက ပြောတော့ ရိုးရိုးဥပဒေတွေကိုပြင်ရင်က အဓိပ္ပာယ်တမျိုးဗျ။ ရိုးရိုးဥပဒေကိုပြင်တဲ့အခါကျတော့ တည်ဆဲဥပဒေမှာပါတဲ့နည်းလမ်းကို ပြောမယ်ဆိုရင် လွှတ်တော်မှာ မဲအများစုဆန္ဒနဲ့ ဆုံးဖြတ်လိုက်ရုံပါပဲ၊ ဒါက ဘာမှ ခက်ခက်ခဲခဲမဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့ အဓိပ္ပာယ်က တမျိုးခင်ဗျ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆ ရဲ့ နည်းလမ်းအတိုင်းပဲ ပြင်ရတော့မယ်-ကျနော်တို့က။ အဲဒီတော့ အဲဒီဥပဒေကို လေးစားလိုက်နာပြီး အဲဒီဥပဒေအတိုင်းပြင်ရေးကို ပြောတဲ့အခါကျတော့ ကျနော်တို့မှာ အခက်အခဲဖြစ်တယ်။ ဘာကြောင့်တုန်းဆိုတော့ ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်လို့မရအောင်ကို တမင်ရည်ရွယ် ပိတ်ဆို့ထားတဲ့ပြဌာန်းချက် ဖြစ်နေတယ်။”

လက်ရှိဖော်ဆောင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတဦးသိန်းစိန်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောဆိုသွားခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် လက်မှတ် ရေးထိုးနိုင်ဖို့ဆွေးနွေးမယ့် ဘားအံဆွေးနွေးပွဲအတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေနဲ့ အသေးစိတ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ လည်း သမ္မတက ပြောပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် နှစ်ဖက် စိတ်ရှည်ရှည်ထားပြီး ဆောင်ရွက်ဖို့ လိုတယ်ဆိုပြီးတော့လည်း သမ္မတက ပြောပါတယ်။

“ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ အောင်မြင်စေဖို့အတွက် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနဲ့ သဘောထားကြီးကြီး၊ အမြင်ရှိရှိ၊ စိတ်ရှည်သည်းခံခြင်းများနဲ့ တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်တွေကို နားလည်လက်ခံနိုင်ရန် ကြိုးပမ်းခြင်းတို့ဖြင့် အတူလက်တွဲဆောင်ရွက်ကြဖို့လည်း ထပ်လောင်း တိုက်တွန်းလိုပါတယ်။”

ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့အတွက် လက်နက်ကိုင်တွေ ဘက်က အဆင့်ဆင့် လိုက်လျောပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ လက်မှတ်ထိုး ခါနီးကျမှ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပလောင်ဒေသတွေမှ တိုက်ပွဲတွေ ပြန်ဖြစ်နေတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ မြန်မာစစ်ရေးလေ့လာအကဲဖြတ်တွေကဆိုပါတယ်။

လက်တွေမှာတော့ ငြိမ်းချမ်း ဖြစ်စဉ်တွေ မှာ တပ်မတော်ဘက်က ပူးပေါင်း ပါဝင်မှု အားနည်လို့ တိုက်ပွဲတွေ ပြန်ဖြစ်နေရတာဖြစ်ပြီး လတ်တလော တိုက်ပွဲတွေ မှာ ၂ ဖက် အကျဆုံးကလည်း များတာကြောင့် သမ္မတ ရဲ့ စိတ်ရှည်သည်းခံပါလို့ ပြောဆိုချက်ဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ တရုတ်- မြန်မာနယ်စပ်မှာ နေထိုင်တဲ့ မြန်မာ့ စစ်ရေး လေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“စစ်က မရပ်ဘူး၊ တလျှောက်လုံး ဟိုမှာနည်းနည်း ဒီမှာနည်းနည်းဖြစ်နေတာ။ အဲဒီတော့ နှစ်ဘက် အောက်ခြေစစ်သားများအဖို့က တော်တော့်ကို ဒုက္ခရောက်ပါတယ်။ အကျအဆုံးတွေလည်း အင်မတန် များပါတယ်။ ပလောင်ဒေသမှာ ခင်ဗျားတို့လည်း ကြားမှာပေါ့ဗျာ။ တပ်ရင်းမှူး သုံးလေးယောက် ဒီအတောအတွင်းမှာကို သေသွားကြပြီ။ စစ်သားလည်း အနည်းဆုံးမရှိရင် သုံးလေးဆယ်တော့ ပလောင် ဒေသမှာ သုံးလေးဆယ် သေပြီ။ တပ်ရင်းမှူး ကျနော်မှတ်မိသလောက် (၅၀၅) တပ်ရင်းမှူး၊ (၅၀၆) တပ်ရင်းမှူးတွေ သေကြပြီ။ တိုင်းရင်းသားတွေဘက်ကတော့ တော်တော် ကန်းကုန်လာပြီ။ တော်တော်များကြီးလျှော့ခဲ့တယ်။ လက်မှတ်စုထိုးမယ်ဆိုတဲ့ အခြေအနေလည်းဖြစ်လာတယ်။ တကယ်တန်း လက်မှတ်ကို သေသေချာချာ ကျကျနန နိုင်ငံရေးမူဘောင်နဲ့ သတ်မှတ်ပြီး ထိုးနိုင်မယ်ဆိုရင် ဒါ အင်မတန်ကောင်းတဲ့ အလားအလာပေါ့ဗျာ။”

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအနေနဲ့လည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ အဆိုးမြင်ခြင်းနဲ့ အပြစ်တင်ခြင်း ဆိုတဲ့ ရှုမြင်ခြင်းမထားဖို့နဲ့ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ မျှတစွာယှဉ်ပြိုင်ခွင့်ရှိတဲ့ စီးပွားရေးပတ်ဝန်းကျင် တစ်ရပ် တည်ဆောက်နေခြင်းကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအနေနဲ့လည်း ထိရောက်စွာ ပူးပေါင်းပါဝင်ကြဖို့လည်း သမ္မတက ဒီကနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်ခင်ဗျား။

VOA

Related posts:

�ol>
၂၀၀၈ ဖွဲ့စည်း ပုံပြင် ရေး ၈၈ အကြမ်း မဖက် ဆောင် ရွက်မည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြမ်းမဖက် လူထု လှုပ်ရှားမှုနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ကပြောလိုက်ပါတယ်။...
လိင်တူ ချင်း ထိမ်းမြား ခွင့်နဲ့ သား သမီး မွေးစား ပိုင်ခွင့် ပြင်သစ် သမ္မတ လက်မှတ် ထိုး ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့်ကို သမ္မတကလက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်။...
ကချင်ပြည် နယ်ဒေသ တစ်ကျော့ပြန် စစ် ၂ နှစ်ပြည့် တွင် ကချင်ပြည် နယ် အတွင်း ငြိမ်း ချမ်းမှု အမြန် ဆုံး ရရှိရန် အရပ် ဘက် လူ့ အဖွဲ့ စည်း ၁၈ ခုမှ အထိမ်း အမှတ်ပွဲ ကျင်းပ ကချင်ပြည်နယ်ဒေသ တစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု အမြန်ဆုံး ရရှိရန် အရပ်ဘက် လူ့အဖွဲ့စည်း...
Related posts brought to you by Yet Another Related Posts Plugin.

Show commentsOpen link



posted from Bloggeroid

စီးပွားရေးပူးပေါင်းဆောင်ရွက်

ဘင်္ဂ လား ပင်လယ် အော် ဒေသ တွင်း ကဏ္ဍ စုံ နည်းပ ညာနဲ့ စီးပွား ရေးပူး ပေါင်းဆောင် ရွက်မှု
by kokomyanmarpyithar
အသည်းရောဂါ ကာကွယ် တား ဆီးရေး အစွမ်း ထက် ...Today, 10:31
ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Bay of Bengal Initiative for Multi-Sectoral Technicaland Economic Cooperation (BIMSTEC) အစည်းအဝေးကို မတ်လ(၁)ရက်နေ့ စပြီး (၄)ရက်နေ့အထိ နေပြည်တော်မှာ စတင် ကျင်းပနေပါတယ်။

စစချင်းနေ့နဲ့ နောက်တစ်နေ့မှာတော့ အကြို ညှိနှိုင်းအစည်းအဝေး ကျင်းပနေပြီး တတိယအကြိမ် ဘင်းစ်တက် ၀န်ကြီးအဆင့် ထိပ်သီးအစည်းအဝေး ကိုတော့ မတ်လ (၃)ရက်နေ့နဲ့ (၄)ရက်နေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။

အခုကျင်းပနေတဲ့ ဘင်းမ်စတက် အကြိုညှိနှိုင်း အစည်းအဝေးပွဲ ကနေ ရရှိတဲ့ အချက်အလက်တွေကို မူတည်ပြီး နိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီး ဆွေးနွေးပွဲမှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်တယ်လို့ အစည်းအဝေးပွဲ ကျင်းပရေးအဖွဲ့က သတင်းနဲ့ဆက်သွယ်ရေး တာဝန်ခံ ဦးတင်မောင်သန်းက ပြောပါတယ်။

မတ်လ(၃)ရက်နေ့နဲ့ (၄)ရက်နေ့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံ(၇)နိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနဲ့ ဘူတန် နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံဟာ ဘင်းမ်စတက် ဥက္ကဌ အဖြစ် (၂၀၀၉)ခုနှစ်မှာ တာဝန်ယူခဲ့ပေမယ့် ဒီ တတိယအကြိမ် ထိပ်သီး အစည်းအဝေးပွဲကို အခုကျမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပ နိုင်ခဲ့တာ ဖြစ်ပါတယ်။

(၂၀၀၄)ခုနှစ်ဇူလိုင်လ(၃၁)ရက်နေ့ မှာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ ပထမအကြိမ် ဘင်းစတက် ထိပ်သီး အစည်းအဝေး (၂၀၀၈)ခုနှစ် နိုဝင်ဘာ(၁၃)ရက်နေ့မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွေ မှာ ဒုတိယအကြိမ် အစည်းအဝေးတွေ ကျင်းပခဲ့ပါတယ်။

BIMSTEC ဟာ အာရှဖွံဖြိုးရေးဘဏ် ADBနဲ့လည်း ဖွံဖြိုးရေးမိတ်ဖက်အဖြစ် ပူးပေါင်းထားပြီး BIMSTEC ဒေသတွင်းနိုင်ငံတွေနဲ့ လမ်းပန်းဆက်သွယ်မှု ဖောက်လုပ်ရေးကို ADBဘဏ်က ဆောင်ရွက်ဖို့ စီမံကိန်း တစ်ရပ်လည်း ရှိပါတယ်။

BBC

Related posts:

�ol>
နီပေါ နိုင်ငံ ဝန်ကြီး ချုပ် မြန်မာ နိုင်ငံ လာမည် နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံရသည့် ဝန်ကြီးချုပ် Sushil Koirala...
ဗဟို အာဖရိက ခေါင်းဆောင် နှုတ်ထွက်ဖို့ တိုက်တွန်း ဗဟို အာဖရိကနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေ ပိုဆိုးလာတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ အာဖရိက ခေါင်းဆောင်တွေ အာဖရိက...
တိုက်ပွဲ များကြောင့် စာမေး ပွဲဖြေမည့် ကျောင်းသား နည်းပါး ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကောင်လွင်ကျေးရွာမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးကြတဲ့အတွက်...
Related posts brought to you by Yet Another Related Posts Plugin.

Show commentsOpen link

posted from Bloggeroid

လက်ပံတောင်းတောင်သပိတ်ဖြိုခွဲ

လက်ပံတောင်းတောင် သပိတ်ဖြိုခွဲမှု ၁၄ လပြည့် ဆန္ဒပြ
သတင်းမဵားToday, 11:36

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ဖျက်သိမ်းရေး အတွက် သပိတ်စခန်းဖွင့်ဆောင်ရွက်တဲ့ ဒေသခံတွေရဲ့ သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းခဲ့တာ ၁၄ လပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲကို မနေ့က လက်ပံတောင်းတောင်ဒေသမှာ ပြုလုပ်ခဲ့ရာ ဒေသခံ ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ဒေသခံတွေက တုံရွာကနေ ညောင်ပင်ကြီး - ယင်းမပင် ကားလမ်းအကျော် ၀မ်ပေါင်ကုမ္ပဏီအထိ ၃ မိုင်ခန့် လမ်းလျောက်ဆန္ဒပြခဲ့ပါတယ်။  ဒေသခံတွေ က တောင်းဆိုချက် ၁၀ ချက် တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူ ၀က်မှေးရွာက မစန္ဒာက ပြော ပါတယ်။

"ကြေးနီစီမံကိန်း ဖျက်သိမ်ပေးရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ လယ်တီသိမ်ကို မူလအတိုင်းထားရှိရေး နောက်ပြီး တခြား မှားခေါ်ပြီးတော့ အရေးယူထားတဲ့သူတွေကို လွှတ်ပေးရေးပေါ့"

ဒါ့အပြင် ဒေသခံတွေကို ကူညီသူတွေကို ဖမ်းဆီးထားရာမှာလည်း မကျူးလွန်တဲ့ပြစ်မှုတွေနဲ့ မတရားဖမ်းစီးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျမတို့ဒီဒေသမှာ တရားဥပဒေ စိုးမိုးမှုမရှိသလို ကျမတို့ဒေသကို ကူညီနေတဲ့သူတွေကိုလည်း သူတို့တပ်ချင်တဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ဖမ်းဆီးမယ်၊ အရေးယူမယ်၊ ထောင်ချမယ်"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လုံထိန်းတပ်ဖွဲ့ဝင်တွေက မီးသတ်ပိုက်နဲ့ ရေတွေဖြန်းပြီး မျက်ရည်ယိုဗုံးများနဲ့ ပစ်ခဲ့ရာ မီးလောင်မူတွေဖြစ်ပြီး ဒေသခံတွေအသီးသီး ဒါဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ခုလိုသပိတ်စခန်းကို ဖြိုခွင်းခဲ့ရာမှာ ရဟန်းရှင်လူ ၇၀ ခန့် ထိခိုက်ဒါဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

Show commentsOpen link



posted from Bloggeroid

ဆင်းကဒ်အကြောင်းသမ္မထံတိုင်စာအဆက်

အရပ်သဘောအရောင်းအဝယ်ရေးပြီး
လက်မှတ်ထိုးပေးပါဟုတောင်ဆိုခဲ့ပါဖြင့်
ဦးတာတာနိုင်ကိုယ်တိုင်လက်မှတ်နှစ်ကြိမ်
ထိုးမည်ဟုဆိုကာစာအုပ်တည်းတွင်စာမှု
နှစ်နေရာရေးပြီးလက်မှတ်နှစ်ကြိမ်ထိုးခိုင်း
ခဲ့ပါသည်
ယခုအခုအချိန်ခါတွင်ဦးတာတာနိုင်မှကျွန်နော်အားဂုဏ်သိက္ခာညှိးနွမ်းစေရန်ရည်ရွယ်ပြီး
လူဘုံအလယ်တွင်အရှက်ရစေရန်အတွက်
အုပ်ချုပ်ရေးမှုးဦးထွန်းကျော်နှင့်ရပ်မိရပ်ဖ
တစ်ဦးအထောက်အကူဥက္ကဋ္ဌဦးခင်မောင်ဆွေ
ရာအိမ်မှူး(၇)ဦးနှင့်မြို့နယ်မှတာဝန်ကျစာ
ရေးမတို့ထံတွင်
ဦးတာတာနိုင်မှငှင်းရမည့်ဆင်းကဒ်အား
ကျွန်တော်စိုးလွင်မှအလွဲသုံးစားပြုလုပ်ပါ
သည်ဟုမတရားစွပ်စွဲ၍
အသေရေဖျက်တိုင်ကြားခဲ့ပါသည်
ငှင်းတိုင်ကြားစာနှင့်ပက်သက်၍ကျွန်တော်
အားရှုဒေါင့်အမျိုးမျိုးမှပြစ်တင်ဝေဖန်ခြင်းများလည်း
ခံခဲ့ရပါသည်ဖုန်းကဒ်များကို ကိုယ်တိုင်
ကိုယ်ကျစိစစ်၍စနှစ်တကျထုတ်ပေးပါသည်
ဟုပြောလာသလိုမိမိရှေ့တွင်အခြားတစ်
ယောက်အားအကူအညီတောင်ခံမှုအားလည်း
ရာအိမ်မှူးတာဝန်ခံအလုပ်မလုပ်ဘူးဟု
ပြစ်တင်ဝေဖန်ခြင်းကိုလည်းခံခဲ့ရပါသည်
ဦးတာတာနိုင်တိုင်ကြားသည့်အမှုနှင့်ပက်
သက်၍၂၇-၂-၂၀၁၄ရက်နေတွင်အုပ်ချုပ်
ရေးမှူးဦးထွန်းကျော်နှင့်ထောက်အကူပြုဥက္ကဋ္ဌဦးခင်မောင်ဆွေ
ရပ်မိရပ်ဖ(၁)ဦးရာအိမ်မှူး(၇)ဦးမှာလည်း
မတရားဆုံးဖြက်ချက်များချမှတ်ကာ
ယခင်ဝယါရင်ဈေးဖြင့်ပြန်လည်ပေးအပ်စေလိုကြောင်း
ပြောကြားရာတွင်ကျွန်တော်မှမပေးအပ်နိုင်
ကြောင်းပြောကြားခဲ့ပါသည်
ထိုသို့ ပြောကြားရာတွင်ကျွန်တော်အားအတင်း
အားဓမ္မ ဖိအားပေးကာလက်မှတ်ဇွတ်တရွက်
အထိုးခိုင်းပါသည်
ငှင်းတို့ တာဝန်ရှိပုဂ္ဂိုလ်များသည်
နိုင်ငံတော်မှချမှတ်ထားသောအားဓမ္မခိုင်း
စေမှုပပျောက်ရေးစီမံချက်အားလုံးလံ့် 
ကျင်နေသလိုလူ့ အခွင့်ရေးကြေငြာစာတွင်
ပါဝင်သောအပိုဒ်(10)လူအများကြားနာပြီး
တရားစီရင်မှုရှိခွင်နှင့်အပိုဒ်(17)ပစ္စည်း
ဥစ္စာပိုင်ဆိုင်ခွင့်ကိုလည်းချိုးဖောက်ရာရော
က်ရှိနေပါသည်
နိုင်ငံတော်မှပြဌာန်းထားသော(၂၀၀၈)ဖွဲ့ 
စည်းပုံအခြေခံဥပဒေတွင်နိုင်ငံသားများ၏
မူလအခွင့်အရေးနှငါ့တာဝန်များဟုဖော်ပြ
ပါရှိသောအခန်း(၈)ပုဒ်မ(၃၅၆)တွင်နိုင်ငံ
တော်သညါနိုင်ငံသားများ၏တရားဝင်ရရှိ
ပိုင်ဆိုငါထားသောရွှေ့ပြောင်းနိုင်သောပစ္စ
ည်းမရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့်
စပ်လျဉ်း၍ဥပဒေအရကာကွယ်ပေးရမည်
ဟုဖော်ပြထားသလိုပုဒ်မ(၃၅၉)တွင်လည်း
နိုင်ငံတော်သည်ဥပဒေကျူးလွန်၍ပြစ်ဒဏ်
ပေးခြင်းကိုခံရသဖြင့်အလုပ်ဒဏ်ထမ်း
ဆောင်ခိုင်းခြင်းနှင့်အများပြည်သူအကျိုး
အတွက်ဆောင်ရွက်ရန်နိုင်ငံတော်က
ဥပဒေနှင့်အညီတာဝန်ထားသော်လည်း
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါတစ်စုမှနိုင်ငံတော်မှဥပဒေများပြဌာန်းထား
သောတည်ဆဲဥပဒေကိုလေးစားလနုက်နာ
မှုမရှိပဲဥပဒေကိုကျောခနုင်းပြီးပြောင်ပြောင်
ထင်ထင်ချိုးဖောက်နေကြပါသည်
ထု့ကြောင့်သမ္မတကြီးနှင့်တကွနိုင်ငံတော်
အကြီးအကဲများမှဥပဒေမဲ့လုပ်ဆောင်နေ
သောအုပ်ချုပ်ရေးမှူးနှင့်တကွအပေါင်းအပါများအား
ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးရန်
တင်ပြပေးတင်ပြတိုင်ကြားအပ်ပါသည်
ခင်ဗျာ
ကူညီပေစေလိုပါသည်
ဦးစိုလွင်
လိပ်ဆံခွန်ကျေးရွာ
အမရပူရမြို့ နယိ



posted from Bloggeroid

ဆင်းကဒ်အကြောင်းသမ္မထံတိုင်စာအဆက်

အရပ်သဘောအရောင်းအဝယ်ရေးပြီး
လက်မှတ်ထိုးပေးပါဟုတောင်ဆိုခဲ့ပါဖြင့်
ဦးတာတာနိုင်ကိုယ်တိုင်လက်မှတ်နှစ်ကြိမ်
ထိုးမည်ဟုဆိုကာစာအုပ်တည်းတွင်စာမှု
နှစ်နေရာရေးပြီးလက်မှတ်နှစ်ကြိမ်ထိုးခိုင်း
ခဲ့ပါသည်
ယခုအခုအချိန်ခါတွင်ဦးတာတာနိုင်မှကျွန်နော်အားဂုဏ်သိက္ခာညှိးနွမ်းစေရန်ရည်ရွယ်ပြီး
လူဘုံအလယ်တွင်အရှက်ရစေရန်အတွက်
အုပ်ချုပ်ရေးမှုးဦးထွန်းကျော်နှင့်ရပ်မိရပ်ဖ
တစ်ဦးအထောက်အကူဥက္ကဋ္ဌဦးခင်မောင်ဆွေ
ရာအိမ်မှူး(၇)ဦးနှင့်မြို့နယ်မှတာဝန်ကျစာ
ရေးမတို့ထံတွင်
ဦးတာတာနိုင်မှငှင်းရမည့်ဆင်းကဒ်အား
ကျွန်တော်စိုးလွင်မှအလွဲသုံးစားပြုလုပ်ပါ
သည်ဟုမတရားစွပ်စွဲ၍
အသေရေဖျက်တိုင်ကြားခဲ့ပါသည်
ငှင်းတိုင်ကြားစာနှင့်ပက်သက်၍ကျွန်တော်
အားရှုဒေါင့်အမျိုးမျိုးမှပြစ်တင်ဝေဖန်ခြင်းများလည်း
ခံခဲ့ရပါသည်ဖုန်းကဒ်များကို ကိုယ်တိုင်
ကိုယ်ကျစိစစ်၍စနှစ်တကျထုတ်ပေးပါသည်
ဟုပြောလာသလိုမိမိရှေ့တွင်အခြားတစ်
ယောက်အားအကူအညီတောင်ခံမှုအားလည်း
ရာအိမ်မှူးတာဝန်ခံအလုပ်မလုပ်ဘူးဟု
ပြစ်တင်ဝေဖန်ခြင်းကိုလည်းခံခဲ့ရပါသည်
ဦးတာတာနိုင်တိုင်ကြားသည့်အမှုနှင့်ပက်
သက်၍၂၇-၂-၂၀၁၄ရက်နေတွင်အုပ်ချုပ်
ရေးမှူးဦးထွန်းကျော်နှင့်ထောက်အကူပြုဥက္ကဋ္ဌဦးခင်မောင်ဆွေ
ရပ်မိရပ်ဖ(၁)ဦးရာအိမ်မှူး(၇)ဦးမှာလည်း
မတရားဆုံးဖြက်ချက်များချမှတ်ကာ
ယခင်ဝယါရင်ဈေးဖြင့်ပြန်လည်ပေးအပ်စေလိုကြောင်း
ပြောကြားရာတွင်ကျွန်တော်မှမပေးအပ်နိုင်
ကြောင်းပြောကြားခဲ့ပါသည်
ထိုသို့ ပြောကြားရာတွင်ကျွန်တော်အားအတင်း
အားဓမ္မ ဖိအားပေးကာလက်မှတ်ဇွတ်တရွက်
အထိုးခိုင်းပါသည်
ငှင်းတို့ တာဝန်ရှိပုဂ္ဂိုလ်များသည်
နိုင်ငံတော်မှချမှတ်ထားသောအားဓမ္မခိုင်း
စေမှုပပျောက်ရေးစီမံချက်အားလုံးလံ့် 
ကျင်နေသလိုလူ့ အခွင့်ရေးကြေငြာစာတွင်
ပါဝင်သောအပိုဒ်(10)လူအများကြားနာပြီး
တရားစီရင်မှုရှိခွင်နှင့်အပိုဒ်(17)ပစ္စည်း
ဥစ္စာပိုင်ဆိုင်ခွင့်ကိုလည်းချိုးဖောက်ရာရော
က်ရှိနေပါသည်
နိုင်ငံတော်မှပြဌာန်းထားသော(၂၀၀၈)ဖွဲ့ 
စည်းပုံအခြေခံဥပဒေတွင်နိုင်ငံသားများ၏
မူလအခွင့်အရေးနှငါ့တာဝန်များဟုဖော်ပြ
ပါရှိသောအခန်း(၈)ပုဒ်မ(၃၅၆)တွင်နိုင်ငံ
တော်သညါနိုင်ငံသားများ၏တရားဝင်ရရှိ
ပိုင်ဆိုငါထားသောရွှေ့ပြောင်းနိုင်သောပစ္စ
ည်းမရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့်
စပ်လျဉ်း၍ဥပဒေအရကာကွယ်ပေးရမည်
ဟုဖော်ပြထားသလိုပုဒ်မ(၃၅၉)တွင်လည်း
နိုင်ငံတော်သည်ဥပဒေကျူးလွန်၍ပြစ်ဒဏ်
ပေးခြင်းကိုခံရသဖြင့်အလုပ်ဒဏ်ထမ်း
ဆောင်ခိုင်းခြင်းနှင့်အများပြည်သူအကျိုး
အတွက်ဆောင်ရွက်ရန်နိုင်ငံတော်က
ဥပဒေနှင့်အညီတာဝန်ထားသော်လည်း
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါတစ်စုမှနိုင်ငံတော်မှဥပဒေများပြဌာန်းထား
သောတည်ဆဲဥပဒေကိုလေးစားလနုက်နာ
မှုမရှိပဲဥပဒေကိုကျောခနုင်းပြီးပြောင်ပြောင်
ထင်ထင်ချိုးဖောက်နေကြပါသည်
ထု့ကြောင့်သမ္မတကြီးနှင့်တကွနိုင်ငံတော်
အကြီးအကဲများမှဥပဒေမဲ့လုပ်ဆောင်နေ
သောအုပ်ချုပ်ရေးမှူးနှင့်တကွအပေါင်းအပါများအား
ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးရန်
တင်ပြပေးတင်ပြတိုင်ကြားအပ်ပါသည်
ခင်ဗျာ
ကူညီပေစေလိုပါသည်
ဦးစိုလွင်
လိပ်ဆံခွန်ကျေးရွာ
အမရပူရမြို့ နယိ



posted from Bloggeroid