Sunday, May 18, 2014

အောင်ပင်လယ်ကိုလူပင်လယ်လို့မြင်တဲ့

(18/5/2014)ရက်နေ့နံနက်8:00အချိန်က
မန္တလေးမြို့ချမ်းမြသာစည်မြိုနယ်
အောင်ပင်လယ်အားကားစားကွင်တွင်
အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဒေါ်အောငငဆန်းစုကြည်နှင်ငြိမ်းချမ်းရေးနဲ့ ပွင်လင်းလူအဖွဲ့ စည်း၈၈၈၈ကိုမင်းကိုနိုင်တို့
ပူပေါင်၍၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပုဒ်မ၄၃၆ပြင်ဆင်ရေးလူထုထောက်ခံ
ပွဲပြုလုပ်ရာပြည်သူလူထုပေါင်တစ်သိန်းကျော်တင်ရောက်ခဲ့ ပါသည်အဆိုပါပွဲတွင်
၈၈၈၈မှကိုမင်းကိုနိုင်ကအောင်ပင်လယ်ကွင်ကြီးလူပင်လယ်ကြီးဖြစ်သွားပါပြီးဟုပြေားကြားခဲ့ပါသည်

posted from Bloggeroid

၄၃၆နဲ့မန္တလေးအောင်ပင်လယ်ကွင်

ပြည်သူကို ကတိ မတည်တဲ့သူ ခေါင်းဆောင်နေရာ မထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

by ရွှေအောင်DVBToday, 16:10ပြည်သူကိုပေးတဲ့ကတိ မတည်တဲ့သူတွေကို ခေါင်းဆောင်နေရာမှာ မထားဖို့ ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။မေလ ၁၈ ရက်က မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။“ပြည်သူကို တကယ်လေးစားတယ်ဆိုလို့ ရှိရင် နံပတ် ၁ က လူတယောက်ကို လေးစားတယ် အဲဒီလူကို မှန်မှန်ကန်ကန်ပြောရတယ်။ မှန်မှန် မပြောတာဆိုတာ မလေးစာရာ ရောက်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ ဘာပြောပြော လက်ခံရမယ်ဆိုလည်း ဒါမလေးစားတာပဲ။ ငါတို့ မမှန်တာပြောရင် လည်းပြောမှာပဲ သူတို့က အရေးကြီးလို့လား ငါတို့ ပြောချင်တာ ပြောမယ်ဆိုရင် ဒါလည်း မလေးစားရာ ရောက်တာပဲ။ ဒါကြောင်မို့ ပြည်သူကို ပေးတဲ့ ကတိတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူကိုပေးတဲ့ကတိတွေ မတည်နိုင်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ခေါင်းဆောင်နေရာ မထားပါနဲ့လို့ ကျမ ပြတ်ပြတ်သားသား ပြောချင်ပါတယ်။”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ လက်တွဲ ပြုလုပ်တဲ့ အထက်ဗမာပြည် မန္တလေး လူထုဟောပြောပွဲကို မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့က ပြည်သူတွေ အပြင် ကယားပြည်နယ်၊ ချင်းပြည်နယ် စတဲ့ ပြည်နယ်တိုင်းတို့က ပြည်သူတွေ သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုဟောပြောပွဲပြီးတဲ့နောက် မန္တလေးမြို့၊ မန္တလေး-ပြင်ဦးလွင်လမ်း၊ လမ်း ၃၀၊ ၃၁လမ်းရှိ ရွှေပြည်သာဟိုတယ်မှာ မြို့မိမြို့ဖတွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီပါတီက မေလ ၂၇ ရက်မှာ စတင်ပြုလုပ်မယ့် ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ရေး လက်မှတ်ထိုးလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ ဆွေးနွေးခဲ့တယ်လို့ မန္တလေးတိုင်း အန်အယ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးလှကောင်းက ပြောပါတယ်။“လက်မှတ်တိုးပြီးတော့ signature camping လုပ်တဲ့နေရာမှာ ရပ်ကျေးရုံးတွေမှာ ဖြစ်စေ၊ ရပ်ကွက်က ပါတီဝင်တဦးဦးချင်းမှာ ဖြစ်စေ စာအုပ်ကို ထားပြီးမှ လာထိုးစေချင်ပါတယ်။ အဲဒီလို စီစဉ်ထားတာကို တချို့ကလည်း အိမ်တိုင်ရာရောက် လိုက်ထိုးဖို့ ပြောတဲ့အခါမှာ ဒေါ်စုက အဲဒါကို လက်မခံပါဘူး။ လာထိုးရဲတဲ့ သတ္တိရှိရမယ်။ တအိမ်တက်ဆင်း လိုက်ထိုးရင် အနှောင့်အယှက် ဖြစ်မယ်။ အစွပ်စွဲ ခံရနိုင်တယ် ဆိုတဲ့အတွက် အဲဒါကို အချေအတင် ပြောကြပါတယ်။ တချို့က ကြောက်တဲ့ ၀န်ထမ်းတွေ ရှိပါတယ်။ သူတို့ဆီသွားထိုးရင် သူတို့ ထိုးပေးပါမှာပေါ့။ အဲဒီကြောက်တဲ့ စိတ်ကို ဖယ်ရမယ်ဆိုပြီး ဒေါ်စုက အားပေးပြောပါတယ်။”အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲတွေကို ရန်ကုန်မှာ မေလ ၁၇ ရက်၊ မန္တလေးမြို့မှာ မေလ ၁၈ရက်တို့မှာ ဆက်တိုက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူလူထု သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။Show commentsOpen link

posted from Bloggeroid

Saturday, May 17, 2014

ကမ္ဘာလိမ်တူချစ်သူများမုန်းတီမှုတိုက်ဖြက်ရေးနေ့အား

မန္တလေးမြို့ နယ်လမ်း၈၀/14/15ကြားရှိ
နိုင်လွန်ခန်မတွင်လိမ်တူချစ်သူများမုန်းတီး
သူအားတိုက်ဖြက်သောအခမ်းနားပွဲကို
အောင်မြေသာဇံမြို့နယ်တွင်မန္တလေးရှိအရပ်
ဘက်လူအဖွဲ့ စည်းများတက်ရောက်၍လိမ်
ချစ်သူဆုံတွဲ့များစွာတက်ရောက်လာခါ
ဖျော်ဖြေရေးများနဲအတူကျင်ပခဲ့ ပါကြောင်း
တင်ပြလိုက်ရပါသည်

posted from Bloggeroid

ဒေါ်အောင်ဆန်းစုကြည်ကိုမင်းကိုနိုင်မန္တလေးပထမဆုံးပွဲ

18/5/2014(8:30)မန္တလေးအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လူထုထောက်ခံပွဲအား
အမြို့ မြို့ အနယ်နယ်မှပြည်သူလူထုပေါင်
များစွာတက်ရောက်လာတာကို(17/5/2014)
ညနေကတွေရှိရပါသည်

posted from Bloggeroid

2008ခြေ/ဥအမြန်ပြင်

အမျိုးသားရင်ကြားစေ့ရေး ပိုမိုခိုင်မာစေသည့် နည်းလမ်းဖြင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

by mgtoeEleven Daily NewsToday, 01:46Written by: ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း၊ အောင်ဇော်ထွန်းမေ ၁၇ ရက်က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ NLD နှင့် ၈၈ မျိုးဆက်တို့၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)အမျိုးသားရင်ကြားစေ့ရေး ပိုမိုခိုင်မာစေသည့် နည်းလမ်းဖြင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။မေ ၁၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်သည့် ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“ကျွန်မ ပြည်သူလူထုကို နားလည်စေချင်တာက အခုဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လုပ်တဲ့နေရာမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ကျွန်မတို့မူကို ဘယ်တော့မှ ကျွန်မတို့ မျက်ခြည်မပြတ်ဘူးဆိုတာ ဒါပထမကိစ္စ။  အမျိုးသားရင်ကြားစေ့ရေး ပိုပြီးတော့ ခိုင်မာအောင်လို့ လုပ်တဲ့နည်းနဲ့သာလျှင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တယ်။ ဒုတိယအချက်က ကျွန်မတို့ နိုင်ငံဟာ သိက္ခာရှိပြီးတော့ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံပီသတဲ့ လုပ်နည်းလုပ်ထုံးတွေနဲ့ ကျွန်မတို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ယခုကဲ့သို့ လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား လွှတ်တော်ပြင်ပမှ ပြင်ဆင်ရန် ကြိုးပမ်းနေခြင်းမဟုတ်ဘဲ ဥပဒေဘောင်အတွင်း လွှတ်တော်နည်းဖြင့်သာ ဆောင်ရွက်သွားလိုကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရန် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ထောက်ခံကြရန် ၎င်းကပြောကြားသည်။ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်သည့် NLD နှင့် ၈၈ မျိုးဆက်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်သူများက ထောက်ခံကြောင်း လက်ထောင်ဆန္ဒပြုနေကြစဉ် (ဓာတ်ပုံ- ကြည်နိုင်)“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတည်ထောင်စဉ် ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ရှေ့တန်းတင်ပြီး ပြောခဲ့ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဟာ ဆက်ပြီးလုပ်သွားရမှာလည်း ကိစ္စပါ။ ကျွန်မတို့နိုင်ငံတွင်းမှာ ညီညွတ်မှုမရှိဘူးဆိုရင် ဘယ်လိုမှ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ ကျွန်မထွေထွေထူးထူး ရှင်းပြနေစရာ မလိုပါဘူး။ အားလုံး နားလည်ပြီးသား ဖြစ်ပါတယ်။ ညီညွတ်ရေးအတွက် အခြေခံဟာ တန်းတူညီမျှမှု ဖြစ်ပါတယ်။ ဒါကျွန်မတို့ တိုင်းရင်းသားတွေ အားလုံးရဲ့ကိစ္စပါ။ ဒီနိုင်ငံမှာ တန်းတူညီမျှမှုရှိမှ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ပါလိမ့်မယ်။ တန်းတူညီမျှမှုဆိုတာ ဘယ်ကစရမလဲဆိုရင် ဒီနိုင်ငံအခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက စရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်နှင့် ပြည်သူတို့အကြား ခွဲခြားထားပြီး တန်းတူညီမျှမှုမရှိသည့် ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံအားလည်းကောင်း၊ တပ်မတော်အား လည်းကောင်း မည်သူ့ကိုမျှ အကျိုးမပြုကြောင်း၊ ထို့အတွက်ကြောင့် အတည်မပြုမီကတည်းကပင် အဖွဲ့ ချုပ်အနေဖြင့် တရားဝင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒီမိုကရေစီလမ်းကြောင်းပေါ်၌ မားမားမတ်မတ် လျှောက်လှမ်းနေပြီး နောက်ကြောင်းပြန်မလှည့်ဟု ပြောဆိုနေသူများအနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေအား မပြင်ဆင်လိုခြင်းကို အဘယ်ကြောင့် ဖက်တွယ်ထားသနည်း ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ် ပြောကြားသည်။ထို့အပြင် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည့် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းကို လေ့လာကြရန်နှင့် အဆိုပါမိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လိုသည့် သဘောထားများ ပါဝင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် အဓိကကျသည့် ပုဒ်မများကို မပြင်ဆင်ဘဲ အရေးမကြီးသည့် ပုဒ်မများသာ ပြင်ဆင်ပေးမည်ဟုဆိုခြင်းသည် တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “၄၃၆ကို ပြင်ဆင်ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်တိုးတက်နိုင်လဲဆိုတာ အဓိကတပ်မတော်သားတွေကို စဉ်းစားစေချင်တယ်။ ၄၃၆ဟာ တပ်မတော်သားတွေရဲ့ အထူးအခွင့်အရေး ပေးထားတဲ့ပုဒ်မ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄၃၆ အရဆိုလို့ရှိရင် တပ်မတော်သားတွေရဲ့ သဘောတူညီချက်မရှိဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိကပုဒ်မတွေကို ကျွန်မတို့ပြင်လို့ မရဘူး။ တပ်မတော်သားတွေကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ စဉ်းစားစေချင်ပါတယ်။ တခြား ပြည်သူပြည်သားတွေထက်ပိုပြီးတော့ အခွင့်အရေးရနေတာဟာ တကယ်ပဲဝမ်းသာစရာကိစ္စ ဟုတ်ရဲ့လားဆိုတာ စဉ်းစားစေချင်ပါတယ်။ တပ်များရဲ့ စစ်တပ်များရဲ့ အဓိက အင်အားက လက်နက်ပါ။ လက်နက်အာဏာကြောင့်မို့လို့ အထူးအခွင့်အရေးရတယ်ဆိုတာဟာ သိက္ခာရှိရဲ့လား။ ကိုယ့်အတွက်ကောင်းရဲ့လားဆို တာ အများကြီး စဉ်းစားစေချင်ပါတယ်”ဟု ပြောကြားသည်။တပ်မတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် တပ်မတော်သားများ ပါဝင်လက်မှတ်ရေးထိုးရန် တိုက်တွန်းပြောကြားခဲ့ပြီး တပ်မတော်မှ ဖိတ်ခေါ်ပါက လက်မှတ်ရေးထိုးရမည့် စာအုပ်ပေးပို့ပေးသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “သူတို့ စစ်စကားနဲ့ပြောရမယ် ဆိုလို့ရှိရင် ရုပ်သိမ်းခြင်းပေါ့။ သိက္ခာရှိရှိနဲ့ ရုပ်သိမ်းခြင်း၊ ဣနြေ္ဒရရနဲ့ ရုပ်သိမ်းခြင်း၊ သိက္ခာရှိရှိနဲ့ ဣနြေ္ဒရရနဲ့ ပြည်သူလူထုရဲ့ဩဘာကိုခံပြီးတော့ ရုပ်သိမ်းပုံ ရုပ်သိမ်းနည်းကို မလိုချင်ကြဘူးလားလို့ ကျွန်မက မေးချင်ပါတယ်။ အဲဒီနည်းကတော့ လွှတ်တော်အတွင်းမှာ ကိုယ်က လိုလိုချင်ချင် နဲ့နိုင်ငံရဲ့အနာဂတ် စဉ်းစားပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားပြီးတော့ ဆုတ်သင့်တဲ့ အချိန်မှာသိက္ခာရှိရှိနဲ့ ဆုတ်ပါ။ ဘာမှ စိုးရိမ်စရာမရှိပါဘူး”ဟု ပြောကြားသည်။တပ်မတော်သားများအနေဖြင့် နိုင်ငံရေးလုပ်လိုပါက တပ်မတော်မှ နုတ်ထွက်သင့်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ စကားကို ကိုးကားကာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က“၂ဝ၁၅ ရွေးကောက်ပွဲမှာ နိုင်ချင်ရင် ပြည်သူ့ရဲ့အသည်းနှလုံးပဲ ရအောင်လုပ်ရမှာပဲ။ တခြားနည်းတွေနဲ့ လုပ်လို့မရဘူးလို့ ကျွန်မက ထင်ပါတယ်။ အခြားနည်းတွေနဲ့ ဥပမာအားဖြင့်လို့ရှိရင် မမျှတတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲပဲဖြစ် ဖြစ်၊ မမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ ဖြစ်ဖြစ်၊ မမျှတတဲ့ နည်းတွေနဲ့ပဲဖြစ်ဖြစ် ၂ဝ၁၅ ရွေးကောက်ပွဲကို နိုင်မယ့်အစား မနိုင်တာကမှပိုပြီးတော့ သိက္ခာရှိပါတယ်လို့ ကျွန်မက ပြောချင်ပါတယ်”ဟု ပြောကြားသည်။ယခုပြုလုပ်သည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုဟောပြောပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်သည့် ပထမဆုံး ဟောပြောပွဲဖြစ်ပြီး ဟောပြောပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် တက်ရောက်ဟောပြောခဲ့သည်။အဆိုပါ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ ထောက်ခံသူများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ရဟန်းသံဃာတော်များ၊ ပြည်သူများ ဗိုလ်စိန်မှန်ကွင်းအပြည့် တက်ရောက်ခဲ့ကြပြီး ကွင်းအပြင်၌လည်း ရပ်ကြည့်နားထောင်သူ အများအပြားရှိခဲ့ရာ စုစုပေါင်း ၃ဝဝဝဝ ထက်မနည်း တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။ PoliticShow commentsOpen link



posted from Bloggeroid

သမီးကလေးရွာ

ကျောက်ခတ်ကျေးရွာရောက် သမီးကလေးကျေးရွာသားများ၏ ကျောင်းနေအရွယ် ကလေးငယ်များ ပညာသင်ကြားနိုင်ရန် DKBA နှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်

by mgtoeEleven Daily NewsToday, 01:46Written by: ကိုရွှေသိန်း(မြဝတီ)ကျောက်ခတ်ကျေးရွာသို့ ရောက်ရှိနေကြသည့် သမီးကလေးကျေးရွာသားများ နေထိုင်သည့် နေအိမ်များကို တွေ့ရစဉ်ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ဘက်မိုင် ၃ဝ ခန့်အကွာ သောင်ရင်းကမ်းစပ်ရှိ ကျောက်ခတ်ကျေးရွာတွင် အခြေချနေထိုင်မည့် သမီးကလေးကျေးရွာသားများ၏ နေရာထိုင်းခင်းအတွက် နေအိမ်များ ပြီးစီးလုပြီဖြစ်ကာ ကျောင်းနေအရွယ် ကလေးငယ်များ ပညာဆက်လက် သင်ယူနိုင်ရန် ကျောင်းထွက်လက်မှတ် ထုတ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ပညာရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။တပ်ပိုင်မြေဟုဆိုကာ သမီးကလေး၊ အုတ်ဖို၊ အင်းမတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလီစသည့်  ရွာများမှ ကျုးကျော်အဖြစ် ဖျက်ဆီးခံခဲ့ရပြီး မြေမဲ့၊ ယာမဲ့၊ အိမ်မဲ့ ဘဝရောက်ခဲ့ရသူ ၁၉၂ ဦး မိသားစု ၇၈ တို့တွင် ကျောင်းနေအရွယ် ၃၈ ဦးနှင့် ငါးနှစ်အောက်ကလေး ၂၆ ဦး ပါဝင်ကြောင်း သိရသည်။“ကလေးတွေ ပညာသင်ကြားဖို့အတွက် ကလေးတွေရဲ့ကျောင်းထွက်လက်မှတ်ရယ်၊ ဆရာ၊ ဆရာမကိစ္စတွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးနဲ့ ဆွေးနွေးပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” DKBA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ကျောက်ခတ်ကျေးရွာသားများ၏ ကလေးငယ်များနည်းတူ သမီးကလေးကျေးရွာအဖွဲ့သားများမှ မူလတန်းကလေးငယ်များအား ရွာမူလတန်းကျောင်းတွင် ပညာသင်ကြားပေးရန် စီစဉ်ပေးမည်ဖြစ်သလို အလယ်တန်း အဆင့်ပညာရေးကို လိုလားသည့် ကလေးငယ်များအား ဖလူးလေး(သို့မဟုတ်) မြဝတီမြို့သို့ တက်ရောက်ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။ဘန်ကောက်မြို့ အောင်သပြေကျောင်းတိုက်ဆရာတော်က ဆွမ်းဆန်စိမ်းးလောင်းလှူ ပွဲတော်မှ ရရှိသော လှူဖွယ်ပစ္စည်းများကို ကျောက်ခတ်ကျေးရွာရောက်သမီးလေးကျေးရွာသားများအား မေ ၂ ရက်က သွားရောက်လှူဒါန်းခဲ့ကြသလို ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကွန်ရက်နှင့် မြဝတီ NLD  မှလည်း ကျန်းမာရေးအတွက် အရေးပါသည့် အိမ်သာကြွေခွက်၊ ကော်ခွက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။ယခုအခါ  သမီးကလေးကျေးရွာသားများမှာ ရော်ဘာစိုက်ခင်းများတွင် တစ်ကျင်း ၁ဝ ဘတ်နှုန်းဖြင့် လုပ်ကိုင်နေကြပြီး ပြောင်းစိုက်ခင်း၊ ပဲ၊ ငရုတ်၊ သခွားစိုက်ခင်းများတွင်လည်း ဝင်ရောက်လုပ်ကိုင်သွားကြမည် ဖြစ်ကြောင်း သိရသည်။  Local

posted from Bloggeroid

မြန်မာအိမ်ခြံမြေ

မန်မာ့အိမ်ခြံမြေကဏ္ဍမှ တစ်နှစ်လျှင် အခွန်ငွေစုစုပေါင်း ကျပ် ဘီလျံ ၁၀၀ သာ ရရှိသည်ဟု ဆို

by mgtoeEleven Daily NewsToday, 01:46Written by: အောင်ရဲကိုရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍမှ အခွန်ငွေစုစုပေါင်း တစ်နှစ်လျှင် ကျပ်ဘီလျံ ၁ဝဝ သာ ရရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးထွဋ်က “အိမ်ခြံမြေကရတာက တံဆိပ်ခေါင်းခွန်ရယ်၊ ဝင်ငွေခွန်ရယ်ပေါ့။ အဲဒါနှစ်ခု ပေါင်းလိုက်ရင်တော့ တစ်နှစ်ကို ဘီလျံ ၁ဝဝ လောက်တော့ ရှိတယ်”ဟု မေ ၁၇ ရက်က မြန်မာ့အာမခံလုပ်ငန်းရုံးတွင် ပြောကြားခဲ့သည်။အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုနှုန်းထားမှာ နည်းနေသေးသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိတွင် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုကို ပိုမိုစိစစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။“အခုဘာလုပ်နေရသလဲဆိုရင် ဈေးနှုန်းအတိအကျလည်း မသိဘူး။ မြေအရောင်းအဝယ်ပဲဖြစ်ဖြစ်၊ ခြံအရောင်းအဝယ်နဲ့ပဲဖြစ်ဖြစ်ပေါ့။  ရပ်ကွက်စာချုပ်အလိုက် လုပ်နေကြတာများတယ်။ ဒါပေမဲ့ အခုလည်း ဘာလုပ်နေလဲဆိုရင် ရဲတပ်ဖွဲ့အပါအဝင် ရပ်ကျေး၊ ထွေအုပ်၊ မြို့နယ်အခွန်ရုံးတွေရယ်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေပေါင်းပြီး စိစစ်ဖို့လုပ်နေပါပြီ” ဟု ဦးမျိုးထွဋ်က ဆက်လက်ပြောကြားခဲ့သည်။ယင်းအပြင် အခွန်နှုန်းဥပဒေများကို တစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် အိမ်ခြံမြေ အခွန်ကောက်ခံမှုများကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစိစစ် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ပြည်တွင်းအခွန်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ရန်ကုန်မြို့အတွင်း လုံးချင်း၊ ကွန်ဒို၊ မြေကွက်၊ တိုက်ခန်း၊ စက်မှုဇုန်မြေကွက် ငှားရမ်း၊ ရောင်းချမှုများတွင် လူနည်းစုကသာ ချုပ်ကိုင်ထားကြပြီး နှစ်စဉ် ငှားရမ်းခ၊ ရောင်းချနှုန်းများကို အဆမတန် တိုးမြင့်တောင်းခံနေပြီး ကျပ်ဘီလျံပေါင်းများစွာ ရရှိနေကာ ငှားရမ်း၊ ဝယ်ယူနေထိုင်ကြသူများမှာ နှစ်စဉ်ပိုမို စိုက်ထုတ်နေကြရသည်။သို့သော်လည်း ငှားရမ်း ရောင်းချမှုများမှ ရရှိသည့် ဝင်ငွေအပေါ် အခွန် လာရောက်ပေးဆောင်သူမှာ လွန်စွာနည်းပါးလျက် ရှိနေပြီး မဖြစ်မနေ ဥပဒေအရ မြှုပ်နှံသူများမှ တံဆိပ်ခေါင်းဖြင့် စာချုပ်ချုပ်ဆိုရသည့်အပေါ်တွင်သာ အနည်းအကျဉ်းရရှိခြင်းဖြစ်ရာ နိုင်ငံတော်အနေဖြင့် အခွန်များစွာ နစ်နာလျက်ရှိသည်။ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးထွဋ်က “ရပ်ကွက်ထဲမှာပဲ အိမ်ငှားငှား၊ ရောင်းပဲ ရောင်းရောင်း နောက်ဆိုရင် ရပ်ကျေးကလူတွေ သိဖို့လုပ်နေတယ်။ အဲဒီအတွက်လည်း  တိုင်းနဲ့ပြည်နယ် အစိုးရကိုလည်း ရရှိတဲ့ ဝင်ငွေခွန်ကို အချိုးကျပေးဖို့အတွက်လည်း စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။     

posted from Bloggeroid