Thursday, December 25, 2014

ကမ္ဘာကျော်တဲ့ မန္တလေးကဆန္ဒဖော်ထုတ်ပွဲ

"မန္တလေးမြို့ကျောက်ဝိုင်းမပြောင်းရွှေ့ ရေး
အင်အားအများဆုံးဆန္ဒဖော်ထုတ်လျှက်ရှိ"

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းမပြောင်းရွှေ့ ရေးနှင့်အဆင့်မြှင့်တင်ရေးအတွက်တရားဝင်ခွင့်ပြုမိန့် 
တင်ပြီးလူအင်အား ၄၀၀၀၀ ကျော်ခန့် မှ
၂၃ ၁၂ ၂၀၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီ
တွင်မဟာအောင်မြေကျောက်ဝိုင်းအနောက်
ဘက်အပေါက်မှစတင်ကာ၄၁လမ်းအတိုင်း
၈၄ လမ်းမကြီးပေါ်မှ ၃၈ လမ်း ကျောက်ဝိုင်
းမြောက်ဘက်ပေါက် ဦးပေစိ ဘုရားမျက်နာ
ချင်းဆိုင်ကွင်းအထိဆန္ဒဖော်ထုတ်ခဲ့သည်။
အဆိုပါဆန္ဒဖော်ထုတ်ရာတွင်လူအင်အား၄၀၀၀၀ ခန့် မှ ဗီနိုင်းဆိုင်ဘုတ်များကိုင်ဆောင်၍
မဟာအောင်မြေ ကျောက်ဝိုင်းတည်မြဲရေး
....ဒို့ အရေး ....ဒို့ အရေး
ကျောက်ဝိုင်းအဆင့်မြှင့်တင်ခွင့်ရရှိ ရေး
....ဒို့ အရေး ....ဒို့ အရေး
ကျောက်ဝိုင်းပြောင်းရွှေ့ အောင်လုပ်ဆောင်
နေသူများ ....အလိုမရှိ ....အလိုမရှိ
ကျောက်သမားများ ဒုက္ခရောက်အောင်လုပ်
ဆောင်သူများ ....အလိုမရှိ ....အလိုမရှိ
ဟစ်ကြေးသံ များဖြစ်ဆန္ဒဖော်ထုတ်ခဲ့ကြပါ
သည်။
"ကျွန်တော်တို့ ကျောက်သမားတွေဆန္ဒဖော်
ထုတ်မယ်ဆိုပြီးမန္တလေးတိုင်းဒေသကြီးအစို
းရကို ခွင့်ပြုမိန်ပေးဖို့ အင်အား ၅၀၀၀၀ တင်ခဲ့တယ်။ ဒါပေမယ့်
အင်အား ၄၀၀၀၀ ကိုဘဲ ခွင့်ပြုမိန့် ပေးခဲ့တယ်။
ဘေးကနေဝိုင်းပြီးလိုက်ပါတဲ့သူက အင်းအား ၁ သိန်းလောက်
ရှိပါတယ် မြို့ပြင်ကိုသာဒီ ကျောက်ဝိုင်းရောက်
သွားရင် ဒီကျောက်ဝိုင်းကိုအမှီပြုတဲ့အခြေခံဆင်းရဲသားလက်လုပ်လက်
စားကျောက်သမားတွေ အများကြီး ဒုက္ခ
ရောက်သွားမှာသေချာတယ် အဝေးကြီးဆိုတော့မလွယ်ဘူး။
အဆက်အသွယ်ကလည်း မြို့ထဲ့မှဘဲရှိတာ
ဒီနေရာဟာ ကျွန်တော်တို့ ကျောက်သမား
တွေအတွက်အကောင်းဆုံးနေရာဖြစ်တယ်
ဟုကျောက်သမားတစ်ဦးက
ပြောသည်။
"၁၉၈၈နောက်ပိုင်မှတော့ ဒီလိုဆန္ဒဖော်ထုတ်တာဖြစ်တယ် လူအင်အားအများ
ဆုံးအဖြစ်မန္တလေးဆန္ဒဖော်ထုတ်တာဟာ
ဒါပထမဆုံးမြင်တွေ့ရတာပါ အခုလမ်းတွေ
အားလုံးပိတ်သွားလို့ဘာတွေဖြစ်နေတာလည်းလို ကားပေါ်ကဆင်းကြည့်တဲ့သူတွေအများကြီးပါ
မန္တလေးကျောက်သမားတွေ ဒီလောက်များ
တာတခါမှမတွေ့ ဘူးသေးဘူး လမ်းပေါ်မှာဒီလို
ထွက်လာတာတွေရ့ တော့မန္တလေးကျောက်
သမားတွေစည်းလုံးတာကိုမြင်ရတဲ့အတွက်အလွန်ဝမ်း
သာပါတယ် "ဟု ကားသမားတစ်ဦးကပြောသည်။
မဟာအောင်မြေကျောက်ဝိုင်းမပြောင်းရွေရေးကော်မတီဒုဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက "ကျွန်တော်တို့ကဒီလိုလုပ်တယ်ဆိုတာ အခြေခံဆင်းရဲသားတွေနဲ့ ကျောက်ဝိုင်းကိုအမှီပြုပြီ လုပ်ကိုင်နေတဲ့သူတွေအတွက်လုပ်တာပါ အကယ်၍များ ဒီကိစ္စကိုဆက်လုပ်နေမယ်ဆိုရင် နိင်ငံတော်သမ္မတကြီးအထိ အားလုံးသိရှိအောင်လုပ်သွားမှာပါ ဟုပြောသည်။
ဆန္ဒဖော်ထုတ်သောလူအင်အားကြီးကြောင့်
၄၁ လမ်းမကြီး ၈၄ လမ်းမကြီး ၃၈ လမ်းမ
ကြီးများ တစ်နာခွဲခန့် လမ်းပိတ်ဆို့လျက်ရှိ
ပြီးကျောက်သမားများဆန္ဒဖော်ထုတ်
ရာတွင် မန္တလေးမြို့ချမ်းမြသုခ နာမူကူညီ
ရေးအသင်းမှ ဆန္ဒဖော်ထုတ်သူများ၏
ကျန်မာရေးစောင့်ရှောက်မှုအတွက်
ကူညီပေးနေတာများကိုတွေ့ရသည်။




posted from Bloggeroid

"မြန်မာပြည်နှစ်ကူသောအချိန်ဘာတွေဖြစ်
နေလည်း ဘာသူတွေလုပ်နေလည်း"

ကျွန်တော်တို့ မြန်မာနိုင်ငံနေရာအနှံတွင်
အကြမ်းဖက်မှုများဒီဇင်ဘာလအတွင်းမှာ
တော့ငြိမ်းချမ်းသွားပြီးလိုယူဆရနေသော
လက်ပံထောင်းတောင်ကိစ္စ မီးချောင်ကန်
ကိစ္စ ပြင်ဦးလွင် ညောင်နီကျေးရွာ ပလိပ်
ချီမျှင်စက်ရုံးအလုပ်သမားကိစ္စ ကျောင်းသားများအမျိုးသားပညာရေးဥပဒေ
ကိစ္စမြန်မာနိုင်ငံအတွင်းက နေရာအနှံက
တောင်သူတွေရဲဘဝ တရားရေးမဏ္ဍိုင်က
မတရားမှု့များ ဆန္ဒဖော်ထုတ်သူများနှင့်
နိုင်ငံအပြောင်းအလည်းကိုအချိန်ကိုက်ပြီး
လုပ်သလားကျွန်တော်တို့ မြန်မာလူမျိုးကို
ဘာသာတရားနဲ့ ဆူပူအောင်လုပ်နေသလို
အကြမ်းဖက်မှုများဖြစ်ပွားလာအောင်
အချိန်နဲတပြေညီလုပ်သလိုနှစ်ကူကာလ
အတွင်းမှပို၍လှုပ်ရှားနေဒါတွေဟာ"
ဒီမိုကရေစီမြန်မာနိုင်ငံသစ်ကိုအသွင်မကူး
ပြောင်းဖန်တီနေသလိုခံစားရပါတယ်"
ဒီလိုအဖြစ်ပြက်တွေက ဘယ်သူတွေလုပ်
နေလည်း လက်ရှိမြန်မာပြည် ဘာတွေဖြစ်
နေလည်း နောက်ကွယ်မှဘယ်သူတွေရှိနေ
လည်း ပြည်သူတွေအခြေခံဥပဒေမပြင်နိုင်
အောင်လှည့်ကွက်တစ်ခုလား မြန်မာနိုင်ငံ
ပြည်တွင်းမငြိမ်းချမ်းအောင်လုပ်ထားသလား .?
ယခုခေတ် လူငယ်တွေကို Facebook
အွန်လှိုင်ပေါ်မှအဖြစ်ပြက်များကိုတွေ့ ရ
တာကတော့ဘာသာရေး ခွဲခြားမှုဖြစ်ပေါ်
လာစေရန်ဖန်တီးမှုများဖြစ်သွေဆောင်နေ
တာတွေ ပဋိပက္ခအသွင်းပြုလုပ်နေသော
လက်ပံထောင်းကိစ္စတွေအပြင်ဆူပူမှုများ
ဖြစ်ပွားစေသောအကြောင်းအရာများဖြင့်
ပြုလုပ်နေသောအချက်များကိုတွေ့ ရသည်။

ဘယ်သူတွေဘာဖြစ်ဖြစ်ကိုယ်စီးပွားရေးဟာ
ပထမဆိုသော တရုတ်လူမျိုးများဟာ ယခု
ဆိုရင်မြန်မာပြည်သားအဖြစ်နဲ့ သခင်မျိုးလို
ခံယူထားသောကျွန်တော်တို့ မြန်မာအလုပ်
သမားဘဝ အိမ်ဌားနေသူအခြေခံလူတန်စားဘဝ
ကျူးနေအိမ်များမှနေထိုင်နေသောမြန်မာ
ပြည်သားဆင်းရဲသားများဘဝတွေအတွက်
အစိုးရကဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပြီး
မြန်မာလူမျိုးများကျွန်ဘဝရောက်အောင်ကူ
ညီပေးနေတာလားတော့မသိဘူး
တရုတ်ကို ကာကွယ်ပေးပြီး နိုင်ငံရေးအင်
အားစုတွေကလည်း ဆန္ဒဘဲဖော်ထုတ်နိုင်
တာ ဘာမှမတပ်နိုင်ဘူး မန္တေလေးတရုတ်
ပြည်မြို့အဖြစ်တည်ရှိနေတာကို ဘယ်အာ
ဏာပိုင်ကမှမတားဘူး မန္တလေးရှိ ဘီယာ
ဆိုင်များအရက်ဆိုင်များ ဟိုယ်တယ် ကုမဏီ အနိပ်ခန်း ပြည်တန်ဆာလုပ်ငန်း
များမှငွေရရင်ပြီးရော်ဆိုပြီးနောက်ကွယ်က
တရုတ်လူမျိုးအထောက်ပံဖြစ်မြန်မာလူမျိုး
တွေ အလုပ်သမားမန်နေဂျာအဖြစ်လုပ်နေ
သောအမည်ခံ ဆိုင်ပိုငိရှင်မြန်မာတွေဘဝ
အများကြီးကိုဘယ်လိုနည်လမ်းတွေနဲ့ ဖြေ
ရှင်းပေးမယ်ဆိုတာ ဘယ်အာဏာပိုင်မှ
ပြောကြားတာမရှိဘူး ဘယ်နေ့ ဘယ်နေရာ
ဘယ်သူတွေ ဆန္ဒဖော်ထုတ်မယ်ဆိုတာဘဲ
လိုက်လံပြီး ဆူပူမှုဖြစ်ပွားလာအောင်လုပ်
နေတာတွေတွေ့ ရပါတယ်။
မြန်မာနိုင်ငံဆူပူမှုများပြုလုပ်နေရာမှဒေသခံ
တွေ မတရားခံရသောပြည်သူလူထုဖက်က
လိုက်ပါဆောင်ရွက်ကူညီပေးနေသောရှေ့ နေတစ်ဦးကို တရားလူကြီးကဘက်လိုက်
ပြီးတရားလိုဘက်လိုက်ပြီးစေတနာရှင်
ရှေ့နေတစ်ဦးကိုအပြစ်ရှာနေတာတွေအများ
ကြီးတွေ့ ရပါတယ် တပ်မတော်က ကာချုပ်
ကြီးဦးမင်းအောင်လှိုင်ကပြောတော့တပ်သိမ်းမြေမရှိတော့ဘူးလိုပြောသော်လည်း
ဒီဇင်ဘာလအတွင်းမှဘဲ ပြင်ဦးလွင်ညောင်
နီကျေးရွာလူနေအိမ်များကိုတပ်မတော်က
လန ၃၉ ပြပြီးခြံဝင်များလာခတ်သဖြင့်
ဒေသခံတွေက ကျွန်တော်ပိုင်ဆိုင်မှုအပြည်
ဖြစ် နှစ်ပေါင် ၆၀ ကျော်နေလာသောနေရာ
ကိုတပ်မတော်ကသိမ်းတာ မဟုတ်ဘူးဆို
ရင်ဒေသခံတောင်သူကျေးရွာသူ ကျေးရွာ
သားများကိုပုဒ်မ ၆၁ ပုဒ်မ ၄၄၇တို့ ဖြစ်
ဒီဇင်ဘာလ ၂၄ ရက်နေ့ ကပြင်ဦးလွင်မြို့
တရားရုံးမှအမှုရင်ဆိုင်နေတာကိုတွေ့ ရပါတယ် ဒီလိုကိစ္စတွေနဲ့ လက်ရှိလက်ပံထောင်းတောင်ပဋိပက္ခတွေ
ကိုဘယ်လိုလူတွေကတာဝန်ယူပြီးဖြေရှင်
ပေးမယ်လည်း လွယ်ပါတယ် သူခိုးဂျာပိုး
ဖမ်းတာလွယ်ပါတယ် ကျုံးထောင်စရာမလို
ပါဘူး ဘယ်သူတွေမှအပစ်ရှိတယ် တာဝန်
ရှိလည်းဆိုတာ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်နေပါတယ်ဆိုသော သူများမလုပ်နိုင်ဘူးလားဗျာ
ဒီလိုဖြစ်ရက်တွေဟာမြန်မာလူမျိုးများကို
နှစ်သစ်လက်ဆောင်ပေးနေတာလား
ခရစ်စမတ်လက်ဆောင်လား ဒါမှမဟုတ်
ထိထိမိမိမလုပ်သေတာ မြန်မာပြည်ကြီးကို
ဒီမိုကရေစီမရအောင်လုပ်နေတာလား
နိုင်ငံတော်အစိုးရအနေနဲ့ လက်တွေကျကျ
လုပ်မယ်ဆိုရင်ရနိုင်ပါလျှက်နဲ့ ဘာကြောင့်
မလုပ်တာလည်း ဘယ်အချိန်လုပ်မှာလည်း
ဒီကိစ္စတွေ လုပ်နေတာဟာ ၂၀၁၅ မှပြုလုပ်
မယ် ရွေးကောက်ပွဲအထိ ဒါမှလား ရွေးကောက်ပွဲ မလုပ်ဖြစ်အောင်လုပ်နေသလား
အခြေခံဥပဒေပြည်သူဆန္ဒကိုလည်းမပြင်ပေးဘူးလား ပြင်ပေးမှာလား စစ်အာဏာ
ပြန်သိမ်းမှလား တပ်မတော်သာအမိ တပ်မ
တော်သာအဖ ဆိုရင်တော့ ဗိုလ်ချုပ်အောင်
ဆန်းလိုပြည်သူချစ်သောတပ်မတော်ဖြစ်လာအောင် လုပ်ရမယ်အချိန်ပါ
ကျွန်တော်မြန်မာပြည်သူတွေက ဗိုလ်ချုပ်
ကိုဘယ်လောက်ချစ်လည်းဆိုတာအားလုံး
အသိပါ ဗိုလ်ချုပ် နှစ်၁၀၀ ပြည့်အတွက်
မြန်မာနိုင်ငံအနှံတွင် အကြိုပွဲတွေ ပြုလုပ်
နေတာဟာ တပ်မတော်ကြီးကိုတည်ထောင်
ခဲ့သော သူအဖြစ်နဲ့ ဆိုတာသိထားပါတယ်
ကျွန်တော်သိထားသောတပ်မတော်ဟာ
အများပြည်သူကိုကာကွယ်ပေးသောတပ်မ
တော်ပါ အခု ဖြစ်နေတာကတော့
အများပြည်သူနေသောအိမ်များကိုမဖယ်
ပေးလိုဆိုပြီး တပ်သိမ်းမြေများနေရာဆိုပြီး
ဒေသခံပြည်သူလူထု မိသားစု ၁၈ စုနေထိုင်သောနေရာကို ဖြက်ဆီးပြီး
တရားစွဲပြီးထောင်ချတယ်ကိစ္စဟာ အလွန်
စိတ်မကောင်းစွာမြင်တွေ့ ရပါတယ်
လက်ရှိနှစ်ကူကာလမှတော့ကျွန်တော်တို့
မြန်မာနိုင်ငံကြီး ဘာတွေဖြစ်နေလည်း
ဘယ်သူတွေလုပ်နေလည်းဆိုတာ လက်ရှိ
အစိုးရကသာတာဝန်မယူဘူးဆိုရင် ၂၀၁၅
မှရွေးကောက်ပွဲနိုင်လိုအစိုးရသစ်လက်ထက်မှ ပြသာနာကြီးတခုအဖြစ်ထားခဲ့ဖိုလား
ဒါမှမဟုတ် ဘယ်သူတွေ လုပ်နေတယ်
ဘယ်သူတွေ ပါဝင်နေတယ်ဆိုတာ မဖော်
ထုတ်နိုင်တော့ဘူးလာ ဒီပြသာနာက
ဘယ်ကြောင့်ဖြစ်နေတယ်ဆိုတာ အများ
ပြည်သူကသိနေသလို လက်ရှိအာဏာပိုင်
တာဝန်ရှိသူတွေလည်း သိထားပြီးသားဗျား
မြန်မာနိုင်ငံတော်ကြီးကို နိုင်ငံတော်သီချင်း
အရ တရားမျှတလွတ်လပ်သောနိုင်ငံတော်
ကြီးဖြစ်ပေါ်လာစေရန် လက်ရှိဖြစ်ပြက်နေ
သောကိစ္စများကို နှစ်မကူခင်ရှင်နိုင်မှသာ
၂၀၁၅ မှငြမ်းချမ်းရေးကိုဦးတည်လွတ်လပ်
သောမြန်မာဒီမိုကရေစီနိုင်ငံဖြစ်မည်ဟုတွေ့ 
မြင်ရပါသည်။

ရဲလင်းအောင်

posted from Bloggeroid

မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းကြီးတစ်ခု
ဧရာဝတီမြစ်တစ်နေရာတွင် တည်ဆောက်ရန် စီစဉ်လျက်ရှိ

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ယာဉ်တင်သွင်းမှု ပိုမိုများပြားလာရာ တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် စက်ယန္တရာများ၊ ယာဉ်များ များပြားလာ၍ အဆိုပါ ယာဉ်များ လည်ပတ်အသုံးပြုနိုင်ရန်အတွက် စက်သုံးဆီသုံးစွဲမှု ပမာဏမြင့်တက်လာရာ လိုအပ်ချက်ကို ဖြည့်တင်းရန် ဆီဘောင်ဆာကားများဖြင့်သာမက ရေယာဉ်များဖြင့် သယ်ယူမှုများရှိနေခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် မန္တလေးတိုင်းဒေသကြီးရှိ ဧရာဝတီမြစ်တစ်နေရာတွင် နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းကြီးကို ဧရာဝတီမြစ် နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာ မန္တလေးဘက်ကမ်းတွင် တည်ဆောက်ရန် လျာထားပြီး အဆိုပါ စီမံကိန်းအတွက် မြေဧက(၅၀)ကျော် လိုအပ်မည်ဖြစ်သည်။
(၂၀၁၄)ခုနှစ်အတွင်း ကုန်းလမ်းမှ စက်သုံးဆီ သယ်ယူများရှိနေသော်လည်း ရေလမ်းမှ သယ်ယူမှု ပိုမိုများပြားလာသဖြင့် သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် နှင့် မလိုလားအပ်သော အန္တရာယ်များမဖြစ်ပေါ်စေရေးအတွက် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိပြီး ယခုအခါ ဧရာဝတီမြစ်တစ်လျှောက် ရေကျချိန်ဖြစ်၍ ဆီသယ်ယာဉ်များသည် ကြုံရာ လွယ်ကူစွာ ကျနိုင်သည့် နေရာများတွင် ကမ်းကပ်၍ ဆီချနေခြင်းများရှိနေခြင်းကြောင့် ဘေးအန္တရာယ်များမဖြစ်ပေါ်စေရေး စိစစ်မှုများ ဆောင်ရွက်ရန် နှင့် အဆိုပါ စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီသုံးစွဲမှု ပမာဏသည် နှစ်စဉ် မြင့်တက်လျက်ရှိပြီး ပြည်တွင်းထွက် စက်သုံးဆီများမှ အရည်အသွေးပြည့်မှီခြင်းမရှိသဖြင့် နိုင်ငံခြားမှ တင်သွင်း၍ အသုံးပြုနေရမှုများပြားလာခြင်းဖြစ်ပြီး မန္တလေးအခြေစိုက် ပြည်ပနိုင်ငံများမှ စက်သုံးဆီတင်သွင်းသည့် ကုမ္မဏီ(၃၅)ခုခန့်ရှိပြီး အဆိုပါ ကုမ္မဏီအများစုမှ ဆီသယ်ဆောင်မှုကို ရေလမ်းကို အသုံးပြု၍ စက်သုံးဆီ တင်သွင်းမှုများ ပြုလုပ်လျက်ရှိသည်။
‘‘ တိုင်းဒေသကြီးအတွင်း စက်သုံးဆီလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ပုဂ္ဂလိကကုမ္မဏီတွေကို ရောင်းချခွင့်ပေးလိုက်တာ လိုအပ်ချက်အရ မန္တလေးတိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်တွေလဲ ပိုများလာတယ်၊ စက်သုံးဆီ သယ်မှုများကို ရေလမ်းမှ ဧရာဝတီမြစ်တစ်လျှောက် သယ်တာများတယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီတင်ဆီချ ဆိပ်ကမ်း သီးသန့်မရှိတော့ ကြုံသလို သယ်ယူသိုလှောင်နေတာများတယ်၊ အဲလို လုပ်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့် နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းတစ်ခု အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ် ’’ ဟု မန္တလေးတိုင်းဒေသကြီး စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလ၀ါဆီတင်ဆီကျဆိပ်ကမ်း တစ်ခုသာ အဓိက အားထား၍ ပြည်တွင်း လိုအပ်လျက်ရှိသည် စက်သုံးဆီများကို ပြည်ပမှ လိုအပ်သလို မှာယူနိုင်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စီစဉ်ထားရာ အဆိုပါ ဆိပ်ကမ်းကို အများပိုင်ကုမ္မဏီအဖြစ် တည်ဆောက်ရန် လျာထားသည်။
‘‘ ဆီတင်သွင်းမှု စရိတ် နှင့် ပြည်တွင်း သယ်ယူမှု စရိတ်များကြောင့် လက်ရှိ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းခြင်းမရှိတာပါ ’’ ဟု မန္တလေးမြို့ရှိ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ် နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာ မန္တလေးဘက်ကမ်းနေရာတစ်ခုတွင် အဆိုပါ ဆီတင်ဆီချဆိပ်ကမ်းပြီးစီးပါက အထက်မြန်မာပြည်အတွက် စက်သုံးဆီ အတင်အချပြုလုပ်ရာတွင် မကြာခဏဖြစ်ပေါ်လေ့ရှိသည် မလိုလားအပ်သည့် အန္တရာယ်များမှ ကင်းဝေမည်ဖြစ်ပြီး စက်သုံးဆီများ သုံးစွဲမှု အဆင်ပြေလွယ်ကူစေမည်ဖြစ်ကြောင်း သိရသည်)

posted from Bloggeroid

မပြီးဆုံးသေတဲ့မြရည်နန္ဒာတန်ဖိုးနည်ပိမ်ယာ

"မန္တလေးမြို့ရှိ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများကို
ဒီဇင်ဘာ(၂၂)ရက်မှစတင်၍ မဲစနစ်ဖြင့် ရောင်းခဲ့သော်လည်း ဆင်းရဲသားများမဝယ်နိုင်ဟုဆို"

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒရပ်ကွက် နှင့် အောင်သာယာရပ်ကွက် အကွက်အမှတ် (မမ-၁၅) နှင့် (မမ-၂၆) တို့တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အခန်းပေါင်း(၁၃၄၄)ခန်း ပါဝင်သည့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးခဲ့ရာ နိုဝင်ဘာ(၁၃)ရက် နောက်ပိုင်း အခန်းလျှောက်ထားသူ(၃၇၇)ဦးရှိခဲ့၍ ယင်းလျှောက်ထားမှုအတွက် အချိုးကျမဲစနစ်ဖြင့် ဒီဇင်ဘာ(၂၂)ရက် နံနက်(၉)နာရီတွင် စတင်ရောင်းချရန် စီစဉ်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
မြရည်နန္ဒတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို အရစ်ကျငှား၊ ၀ယ်စနစ် နှင့် လက်ငင်း ၀ယ်စနစ် စသည့်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ယင်းစနစ်သည် ကြိုပွိုင့်စနစ်မဟုတ်ပဲ ငှား၊ ၀ယ် Hire Purchase စနစ်ကို ငါးနှစ် နှင့် ရှစ်နှစ်အတွင်း ဘဏ်အတိုးဖြင့် ၀ယ်ယူနိုင်မည်ဖြစ်သည်။ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများသည့် ကျပ်သိန်း(၆၀) မှ ကျပ်သိန်း(၁၃၀)ထိ ထပ်မြင့်နေရာပေါ် မူတည်၍ ဈေးရှိပြီး ဘဏ်ဖြင့် ချိတ်ဆက်ဝယ်ယူပါက တိုက်ခန်းတန်ဖိုး၏ (၃၀)ရာခိုင်နှုန်းကို ကနဦးပေးသွင်း၍ ငါးနှစ်အတွင်း ကျန်ရှိသော တိုက်ခန်းတန်ဖိုး ငွေပဏ၊ ဘဏ်အတိုးရှစ်ရာခိုင်နှုန်း၊ ကော်မရှင်ခ တစ်ရာခိုင်နှုန်းတို့ကို ဆက်လက်ပေးသွားရမည်ဖြစ်သည်။
‘‘ ဘဏ်တွေနဲ့ ချိတ်ဆက် ၀ယ်ယူမည်ဆိုရင် ဘဏ်များ၏ သတ်မှတ်ထားသည့် စည်းကမ်းများကို သေချာသိရှိနားလည်မှ စာချုပ်ချုပ်ဖို့ နဲ့ ငွေမကြေသည့်ကာလအတွင်း ဘဏ်များမှ မီးအာမခံထားရှိဖို့ လိုအပ်ပါတယ်၊ ဘဏ်များနှင့်ချိတ်ဆက်ပြီး ၀ယ်ယူပါက သုံးလဆက်တိုက်ပျက်ကွက်ပါက တိုက်ခန်းကို ပြန်လည်သိမ်းမှာပါ၊ ဘဏ်များနှင့်ချိတ်ဆက်ပြီး အငှားငွေချေစနစ်ဖြင့် ၀ယ်ယူရာတွင် ကနဦးပေးသွင်းရမည့် (၃၀)ရာခိုင်နှုန်းမှာ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့်အတွက် လျှော့ပေး၍ မရပါဘူး ’’ ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ ကျန်တဲ့ တိုက်ခန်းအရေအတွက်ကို ဘယ်လိုစီမံမည်ဆိုတာ မသိသေးပါဘူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြပြီး ညွန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ၊ လာမည်နှစ်အတွင်း အခန်း(၅၀၀၀)ပြည့်တဲ့အထိ တည်ဆောက်ပြီး ရောင်းချသွားဖို့ စီစဉ်လျက်ရှိပါတယ်၊ အဲဒီ တိုက်ခန်း(၅၀၀၀)ပြည့်အောင် တည်ဆောက်မည့် နေရာတွေကတော့ မြရည်နန္ဒတိုက်ခန်းအနီးမှာ မြေလွတ်နှစ်ခုရှိသေးတဲ့အပေါ်မှာ စည်ပင်ပိုင် မြေနေရာတွေမှာ တည်ဆောက်သွားဖို့ စီစဉ်နေပါတယ် ’’ ဟု ၎င်းက ထပ်မံပြောသည်။
မြရည်နန္ဒတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် တိုက်ခန်းလျှောက်ထားသူ(၃၇၇)ဦးရှိပြီး လက်ငင်း ငွေပေးချေ ၀ယ်ယူသူ (၆၅)ဦး နှင့် ဘဏ်ဖြင့် ချိတ်ဆက်၍ ၀ယ်ယူသူ(၃၁၂)ဦး ရှိရာ လက်ငင်းဝယ်ယူသူများကို အဓိက ဦးစားပေး ရောင်းချနိုင်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်း(၁၃၄၄)ခန်းတွင် မြေညီထပ်(၁၃၀)ကျော် ပါရှိပြီး လက်ရှိတွင် မြေညီထပ်လျှောက်ထားသူ(၂၂၉)ဦးရှိရာ အချိုးကျ ညီညီမျှမျှ ရောင်းချပေးနိုင်ရန် မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သော်လည်း ဒီဇင်ဘာ(၂၂)ရက်နေ့တွင် ရောင်းချမည်အစီအစဉ်တွင် မြေညီထပ် အခန်း(၃၀)ကျော်သာ ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါတိုက်ခန်းများကိုအခုလိုရောင်ချရာ
တွင် မြရည်နန္ဒာမြို့သစ် ကံကြီးကုန် ဇီကုန်
တို့ မှရောင်းမှားဝယ်မှားမြေများပေါ်တွင်နေ
ထိုင်သူတချို့သာဝယ်ယူကြပြီး အများစုမှ
ရောင်းချမှုစနှစ်ကိုသဘောမကျ၍ မဝယ်နိုင်
တာကိုတွေ့ ရပါတယ် ဒီမြေတွေပေါ်မှ
နေတယ်ဆိုတာ မန္တလေးမြို့ထဲ့မှာအိမ်ဝယ်
ပြီးမနေနိုင်လိုအများစုက ကိုယ်စုထားတာ
လေးတွေနဲ့ အိမ်တစ်လုံးစာအဖြင့်ဝယ်နေ
ကြတာပါ အလုံးကတစ်နေ့ တစ်နေ့စား
မရှိဆင်းရဲသားတွေများပါတယ် သူတို့ ရောင်းတာက ကျွန်တော်ဆင်းရဲသားတွေ
အားလုံးလက်ရှိကနေလက်မဲ့ဖြစ်အောင်လုပ်နေသလိုပါဘဲ လက်ရှိနေရာကိုစွန်ပြီး
တိုက်ခန်းပေါ်တော့ရောက်သွားပါပြီး ကိုယ်
ပိုင်တာမဟုတ်သေဘူး အရစ်ကျစနှစ်ဆိုပြီး
ဘဏ်တိုးနဲ့ ယူပြီး သိန်း ၃၀ ပေးရမယ်
ကျန်အရစ်ကိုလည်သွင်းရမယ် ဘဏ်တိုး
မသွင်းနိုင်ရင် တိုက်ပေါ်ကဆင်းပေး ရမယ်
ဆိုတော့ လက်ရှိနေသောနေရာမရှိတိုက်ခန်း
အသိမ်းခံရဘဝရောက်သွားဖိုများပါတယ်
ပိုက်ဆံရှိတဲ့သူများသာဝယ်ယူနိုင်ပြီး
တစ်နေ့ လုပ် တစ်စားဆင်းရဲသားများက
တော့ "လုံးဝ "မဝယ်နိုင်ပါဘူး နေစရာမရှိ
သဖြင့် လက်ရှိနေရာကလည်း မဖယ်ပေး
နိုင်ဘူးလို ရောင်းမှားဝယ်မှားမြေများပေါ်
တွင် လက်ရှိနေသူတစ်ဦးကပြောသည်။



posted from Bloggeroid

ဆရာဝန် လက်မှတ် ကုသခွင့်မရှိလျှင်

တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွင်း၌ ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများအား အရှိန်မြှင့်တင်၍ စစ်ဆေးဖော်ထုတ် အရေးယူရန်လို

မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆေးဖော်ထုတ်အရေးယူလျက်ရှိရာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ယနေ့အချိန်ထိ လိုင်စင်မရှိဘဲ ကုသနေသူများ ရှိနေဆဲဖြစ်သဖြင့် ပြည်သူ့ကျန်းမာရေး နှင့် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိနေခြင်းများကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လူတိုင်း နေ့စဉ် ကုန်ဈေးနှုန်း မြင့်တက်မှုများ၊ စီးပွားရေးအခက်အခက်များ ကြုံတွေ့နေရမှုကြောင့် ကျန်းမာရေးချို့တဲ့သူ၊ နာမကျန်းသူများသည် ယနေ့ခေတ် ဆေးဝါးကုသစရိတ်ကြီးမြင့်ခြင်းကြောင့် ငွေကြေးကုန်ကျမှု လျော့နည်းသည့် ပြင်ပဆေးခန်းများတွင် ပြသ၍ ဆေးကုသသူ များပြားလာခဲ့သည်။
အဆိုပါ ပြင်ပဆေးခန်းများထဲမှ အချို့သည် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများ ဖွင့်လှစ်ထားခြင်းဖြစ်၍ ဆေးကုသစရိတ်သက်သာခြင်းကြောင့် ဆေးကုသသူများပြားလာရာ ပြည်သူ့များ အသက်အန္တရာယ်ထိခိုက်မှု မဖြစ်စေနိုင်သည့်အတွက် လူတိုင်း သိရှိ၍ ရှောင်ကြဉ်ရန် လိုအပ်သည်။
‘‘ တိုင်းဒေသကြီးအတွင်း ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများကို စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိပါတယ်၊ အဲဒီလို ဆေးခန်းတွေမှ ပြည်သူတွေ ကုသမိရင် အသက်အန္တရာယ်စိုးရိမ်ဖွယ် အခြေအနေထိ ဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့် ဥပဒေအရ တားမြစ်ထားတာပါ၊ အဲဒီလို လိုင်စင်မရှိဘဲ ကုသနေတဲ့သူတွေကို ဆေးကောင်စီ ဥပဒေပုဒ်မ(၄၁)အရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမှာပါ ’’ ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် ပြင်ပဆေးခန်းများကို မြို့ပေါ်မှ ဆေးကုသစရိတ် မတတ်နိုင်သူများသာမက ကျေးလက်နေ ပြည်သူ အများစု သွားရောက်၍ ကုသမှု ခံယူနေကြပြီး အနာ နှင့် ဆေး ကုထုံးလွဲမှားမှုများကြောင့် နှစ်စဉ် အသက်သေဆုံးရသည့် ဖြစ်စဉ်များ အများအပြားဖြစ်ပွားလျက်ရှိရာ အဆိုပါ ကိစ္စများ ဖြစ်ပွားမှု လျော့ကျနိုင်ရန် မြို့ပေါ်နေ ပြည်သူများ နှင့် ကျေးလက်နေ ပြည်သူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ကျေးလလက်ဒေသနေရာတချို့မှ ဆရာဝန်
မရှိသဖြင့် သားဖွားဆရာမများ ဆေးမှုးများ
မှလက်မှတ်မရှိဆရာဝန်မရှိ ကုသပေးနေ
သောနေရာများတွင်ဘဆရာဝန်များထား
ပေးရန်လည်း လိုအပ်ပါတယ် ကျွန်တော်
တို့ ဒေသတွေမှ ဆေးရုံရှိပါတယ် ဒါပေမဲ့
ဆရာဝန်မရှိဘူး ဆေးရုံဖွင်စကတော့ ဆရာ
ဝန်ရောက်လာပါတယ် အခုဆရာဝန်ပြန်
ပြေး တဲ့ နေရာမျိုးမှဆိုရင် ဆရာဝန်မရှိပေ
မဲ့  ဆရာမ ကုပေးတာကိုအရေးယူရင်
လက်ရှိခံစားနေရသော လူနာက သေရကိစ္စ
တွေနဲ့ ကြုံနေရပါတယ် အခုလည်းဆရာဝန်
မရှိပါဘူး ကျွန်တော်ဒေသကတော့ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်အတွင်း
ကတွင်းငယ်ကျေးလက်ဆေးရုံပါဟုဒေသခံ
တစ်ဦးမှပြောသည်။

posted from Bloggeroid

Wednesday, December 24, 2014

ပြင်ဦးလွင်သတင်း

ညောင်နီကျေးရွာလူနေအိမ်များအတွင်း
ခြံဝင်ခတ်ပြီးတပ်မတော်မှရွာသားတွေကို
တရားစွဲခံရဟုဆို"

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်
ပြင်ဦးလွင်မြို့ ညောင်နီကျေးရွာ ရပ်ကွက်
ကြီး ၁၃ အတွင်းဒေသခံရွာသားများနေထိုင်
လျက်ရှိသောအိမ်များကိုမြန်မာတပ်မတော်
GEတပ်မှ ရွှေပုဇွန်အိမ်ယာစီမံကိန်အတွက်
ဟုဆိုခါလာရောက်ခြံစည်းရိုးခတ်ပြီးလက်ရှိ
နေထိုင်နေသောလူများမဖယ်ပေးသဖြင့်
ပုဒ်မ ၆၁ ပုဒ်မ၄၄၇တို့ ဖြစ်ပြင်ဦးလွင်တရား
ရုံးတွင်တရားစွဲဆိုထားသည့်ကို
ဒီဇင်ဘာလ ၂၄ ရက်နေ့ ကတွေ့ ရ
သည်။
ကျွန်တော်တို့ လူနေအိမ်များရှိသောအကွက်အမှတ်(C-17-C-18 C-19)မြေများကိုအမှတ်၉၅၈GE
တပ်မှတပ်မှူးနဲ့အရာခံဗိုလ်တို့ကကျွန်တော်
တို့ လူနေအိမ်များကို မတရားသိမ်းပြီးဒေသ
ခံ ၂၈ ဦးကိုတရားစွဲထားလိုအခုဒီတရားရုံး
ကိုယနေ့ လာခဲ့ရတာပါ ကျွန်တော်တို့ ကျေး
ရွာသားတွေလက်ရှိနေထိုင်သောမြေများဟာ ပြင်ဦးလွင်မြို့နယ်မြေစာရင်းဌာနမှတရားဝင်
ပုံစံ ၁၀၅ ချထားသောနေရာများဖြစ်ပါတယ်
အခုတမ်က လန ၃၉ ဖြစ်သိမ်းထားသော
နေရာဆိုပြီး ခြံဝင်းများလာရောက်ခတ်သဖြင့် ခြံစည်းရိုး
ကိုင်၍ပြောသူ ၄ ဦးကိုပုဒ် ၆၁ဖြစ်တရားစွဲ
ထားခါကျွန်တော်တို့ ၂၄ ယောက်ကိုလည်း
နေအိမ်များမဖြက်ပေးသဖြင့်ပုဒ်မ ၄၄၇ဖြင့်
တရားစွဲတင်ထားသဖြင့်ယနေ့ရုံးတင်စစ်ဆေးမယ်ပြောသလိုလာခဲ့ရတာပါ ကျွန်တော်မှမိန်မနဲ့ကလေးနှစ်ယောက်ရှိပါတယ် နေစရာပြောင်းစရာနေရာမရှိပါဘူး
မိဘများလက်ထက်ကတည်းကဒီနေရာမှ
မွေးဒီနေရာကြီးလာတာကျွန်တော်အသက်
၃၀ ရှိပြီးအရင်တခါက C-17နေရာမှခတ်
တာအိမ်နဲ့လွတ်ပါတယ် အခု C-19 နေအိမ်
တွေပါလာခတ်တာဟုကိုဇော်ထွန်းဦးကပြောသည်။
အောက်တိုဘာလအတွင်းကအဆိုပါမြေများအကွက်မှတ်(C-17)နေရာကိုတပ်မတော်
ကခြံဝင်းများလာခတ်ခဲ့ရာပြင်ဦးလွင်မြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှပြည်သူ
လွတ်တော်ကိုယ်စားလှယ်ဦးကျော်သိဟ
မှပါဝင်ကူခဲ့ရာ ဆက်မခတ်ဘဲရပ်သွားပြီး
ဒီဇင်ဘာလ ၂၃ နေ့က ခြံစည်းရိုးလာကာ
တာပါကျွန်တော်တို့ နေအိမ်တွေကိုပါလာ
ခတ်ခဲ့ပြီးမဖယ်ပေးသဖြင့်အခုလိုတရားစွဲခံ
ရတာ ကျွန်တော်တို့လည်းသတင်းတွေဖက်
ရပါတယ် လက်ပံထောင်းတောင် မိချောင်း
ကန် ကျောင်းသားတွေ ကျောက်သမားတွေ
အလုပ်သမားတွေ နောက်ပြီးကျွန်တော်တို့
ဒီပြင်ဦးလွင်ကျွန်တော်ရွာအားလုံးဆူပူမှု့ ဖြစ်အောင်သေချာများလိုက်လုပ်နေတာ
လားမသိဘူး ကျွန်တော်တို့ ဒေသခံတွေ
ဖက်ကအခမဲ့ လိုက်ပေးသောရှေ့နေအမကို
လည်းတရားလူကြီးကဟိန်ဟောက်နေတာ
ဗိုလ်ကြီးကိုကျွန်တော်တို့ ရှေ့နေကစစ်မေး
တာကို ဗိုလ်ကြီးကမဖြေနိုင်ဘူး တရားလူ
ကြီးက တရားခုံပေါ်မှဒူနှစ်ဖက်ထောင်ပြီး
ဗိုလ်မှူးခင်များရဲရဲဖြေမကြောက်နဲ့ ဖြေချင်း
သာဖြေဟုပြောတာကြားပါတယ်
ကျွန်တော်တို့ ဘယ်သူကိုအားကိုးလိုကိုးရ
မှန်တောင်မသိတော့ဘူ ဟုဦးဝင်းထိန်က
ပြောသည်။
အဆိုပါကိစ္စများနှင့်ပက်သက်၍ပြင်ဦးလွင်
မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပြည်သူ
လွတ်တော်ကိုယ်စားလှယ်ဦးကျော်သိဟမှ
ကျွန်တော်အနေနဲ့ လွတ်တော်ကိုဘဲတင်ပေးမှပါ စစ်တပ်က
သိမ်းထားတယ်ဆိုသောမြေယာကိစ္စတွေက
အများကြီးပါပထမအကြိမ်းဖြစ်တုံးကကျွန်တော်ကိုယ်တိုင်းသွာကြည်ခဲ့ပါတယ်
မနေ့က ကြားပါတယ် တပ်က အိမ်တွေကို
ပါခြံဝင်းလာခတ်တယ်ဆိုတာ ကျွန်တော်တို့
က ကူညီပေးရုံဘဲလုပ်လိုရတာ သွားပြီး
ဝင်ရောက်တားတွေလုပ်လိုမရပါဘူး
ဒေသခံပြည်သူတွေကိုကျွန်တော်တက်နိုင်
သလောက်ကူညီပေးမှာပါဟုပြောသည်။

posted from Bloggeroid

Monday, December 22, 2014

တတီယအကြိမ်ပလိပ်အလုပ်သမားမျာဆန္ဒပြ

ပုလိပ်မြို့ရှိ ပန်ဒါစက်ရုံမှ လုပ်သား(၇၀၀)ကျော်အလုပ်ပြန်လည်ဆင်းခွင့်ရရှိရေး နှင့်စစ်မှန်သော အလုပ်သမား နှင့် အလုပ်ရှင် နှစ်ဖက် သဘောတူစာချုပ်ဖြစ်ပေါ်ရေးထိုင်သပိတ်ပြုလုပ်ခဲ့        မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့ရှိ ပန်ဒါစက်ရုံမှ လုပ်သား(၇၀၀)ကျော်သည်အလုပ်ခွင် ပြန်လည် အလုပ်ဆင်းခွင့်ရရှိရေး၊ အလုပ်ရှင် နှင့် အလုပ်သမားနှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီး စစ်မှန်သော EC စာချုပ် ဖြစ်ပေါ်လာရေးအတွက်ဒီဇင်ဘာ(၂၂)ရက် နံနက်(၇)နာရီမှစတင်၍ အဆိုပါ ပန်ဒါစက်ရုံ ၀င်ပေါက်ရှေ့တွင်စုဝေး၍ ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။        ပန်ဒါစက်ရုံဖက်မှ ဒီဇင်ဘာ(၁၂)ရက်က ရုံးတွင်းမီးစက်ပြန်ပြင်ရန်အတွက်စက်ရုံရှိ လုပ်သားအားလုံးကို (၁၀)ရက် နားရက်ပေးခဲ့ကြောင်း၊ နားရက်ပြည့်၍ပြန်လည် အလုပ်ဆင်းချိန် EC စာချုပ်ချုပ်ဆိုရမည်၊ မချုပ်က၀န်ထမ်းကဒ်ရရှိမည်မဟုတ်ဟု သိရှိခဲ့ရကြောင်း၊ ကြိုတင်အသိပေးထားခြင်းမရှိဘဲဒီဇင်ဘာ(၂၂)ရက်နေ့တွင် စက်ရုံအ၀င်းဝရှေ့၌ စာချုပ်မချုပ်သူ (သို့)၀န်ထမ်းကဒ်မပါသူများအား စက်ရုံထဲ မ၀င်ရ ဟုဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းကြောင့် ငြိမ်းချမ်းစွာ ဆွေးနွေးသည့် သဘောထိုင်သပိတ်ပြုလုပ်ခြင်းဖြစ်ကြောင်း ပန်ဒါစက်ရုံမှ လုပ်သားဆန္ဒပြခေါင်းဆောင်တစ်ဦးက ပြောသည်။        ‘‘ EC စာချုပ် ချုပ်ဆိုရင် လုပ်သား၊ အလုပ်ရှင် နှစ်ဖက် ညှိနှိုင်းပြီးချုပ်ဆိုရတာပါ၊ လက်ရှိ ကျွန်မတို့ လုပ်ကိုင်နေတဲ့ စက်ရုံက ယခင်က အစိုးရချည်မျှင်စက်ရုံတစ်ခုဖြစ်ပါတယ်၊ အစိုးရက ပန်ဒါကုမ္မဏီသို့ လက်လွှဲပေးခဲ့၍အစိုးရ၀န်ထမ်းများမှ ပုဂ္ဂလိက ၀န်ထမ်း ဘ၀ရောက်ခဲ့တယ်၊ လက်လွှဲစဉ်ကလက်ရှိလုပ်ကိုင်နေတဲ့ လုပ်သားတွေကို အလုပ်ဆက်ပေးမယ်ဆိုတဲ့သဘောတူညီချက်နဲ့ ဆက်လက်လုပ်ကိုင်လာခြင်းဖြစ်ပါတယ်၊ ဒီက ၀န်ထမ်းတွေကိုအစမ်းကာလ၀န်ထမ်းအနေနဲ့ ပြန်လျှောက်ခိုင်းတဲ့သဘောဖြစ်နေတယ်၊ ဒီနေ့ထိုင်သပိတ်လုပ်တာ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်ခြင်းပါတယ်၊ လကုန်အထိ ဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းဆက်လုပ်သွားမည်၊ လကုန်မှ ညှိနှိုင်းဖြေရှင်းမပေးရင် အရှိန်မြှင့်ပြီးဆက်လက်လုပ်ဆောင်မှာပါ ’’ ဟု ပန်ဒါစက်ရုံမှ လုပ်သားဆန္ဒပြ ခေါင်းဆောင်မဇာခြည်က ပြောသည်။        အမှတ်(၂) ချည်မျှင် နှင့် အထည်စက်ရုံ (သို့) ပန်ဒါစက်ရုံသည်ယခင်အစိုးရလက်ထက်က တရားဝင် ၀န်ထမ်းများအား ပုဂ္ဂလိက လက်ထက် ပြောင်းစဉ်ပြန်လည်ခန့်အပ်ပါမည်ဟုသော သဘောတူညီချက်ဖြင့်လုပ်ငန်းဆက်လက်လည်ပတ်လျက်ရှိကြောင်း လွှဲပြောင်းပြီးချိန်မှစ၍ ယနေ့အထိပုံစံမျိုးစံဖြင့်  အခက်အခဲများစွာ ရင်ဆိုင်လျက်အလုပ်လုပ်ကိုင်ခဲ့ရကြောင်း၊ EC စာချုပ်ပါ စည်းကမ်း(၇၀)ကျော်သည်တစ်ဖက်သတ်ရေးဆွဲထားသည့် စည်းမျဉ်းများဖြစ်သဖြင့် လက်ရှိလုပ်ကိုင်နေသည့်လုပ်သားများ သဘောတူ လိုက်နာနိုင်ခြင်းမရှိသဖြင့် သက်ဆိုင်ရာမှတာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောသည်။        ပန်ဒါ စက်ရုံတွင် လုပ်သား(၉၀၀)ကျော်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိရာအဆိုပါ လုပ်သားများထဲမှ (၂၀၀)ကျော်သည် လက်လွှဲပြောင်းစဉ်ကခန့်ထားခြင်းဖြစ်၍ ယင်း ဆန္ဒပြတောင်းဆိုခြင်း၌ ပါဝင်ခြင်းမရှိခဲ့ပေ။ပန်ဒါစက်ရုံတွင် ဆန္ဒပြခြင်းသည် ဒုတိယအကြိမ် ဆန္ဒပြခြင်းဖြစ်ပြီးခွင့်ပြုမိန့်တင်ထားသဖြင့် သက်ဆိုင်ရာမှ လာရောက် ကြည့်ရှုမှုတွေရှိခဲ့ပြီး ကုမ္မဏီသို့ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန် လုပ်သားများဖက်မှ စာတင်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်းပြန်လည်ဖြေကြားခြင်းမရှိသည်အတွက် နှစ်ဖက်ဆွေးနွေး ဖြေရှင်းနိုင်ရန်သက်ဆိုင်ရာမှ ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။
သိဟာကိုကို

posted from Bloggeroid