Thursday, August 7, 2014

ဆန္ဒဖော်ထုတ်မည်တောင်သူများ

မြို့နယ်ကြီး(၄)မြို့နယ်ပေါင်ပြီး တောင်သူ
တွေအားလုံး သြဂုတ်လ ၁၃ ရက်နေ့ တွင်
ကန့်ဘလူမြို့နယ်တွင် ခွင်ပြုချက်ယူပြီး ဆန္ဒဖော်ထုတ်ဖော်တော့မည်။

စစ်ကိုင်းဒေသကြီး တပ်သိမ်းမြေများပြန်မရ
ဘဲတောင်သူများကိုမတရားပုဒ်မတပ်ပြီး
ထောင်ဒဏ်များချမှုများကို ရှုံ့ချ၍ကန့်ဘလူ
မြို့နယ် ခင်ဦးမြို့နယ် ရေဦးမြို့နယ် ရွှေဘိုမြို့
နယ်တို မြို့နယ် (၅)မြိုနယ်ပေါင်ပြီး ကန့်ဘ
လူမြို့နယ်တွင် သြဂုတ်လ ၁၃ ရက်နေ့ 
မနက် ၇နာရီမှ ၁၀ နာရီအထိမနက်ပိုင်
စုဝေးဆန္ဒပြခြင်းပြုလုပ်ပြီး မနက် ၁၁ နာရီ
မှ နေ့  ၂ နာရီအထိ စီတန်းလှည့်လည်ပြီး
ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းကို
မန္တလေးတိုင်း F N I ရုံခန်းမဆောင်တွင်
F.N.I သဘေားထားထုတ်ပြန်ချက်နဲ့အတူ
သြဂုတ်လ ၇ ရက်နေ့တွင်သတင်းစာရှင်း
လင်းပွဲပြုလုပ်ခဲ့ပါသည်။

မြို့နယ် (၅) မြို့နယ်ပေါင်ပြီးတောင်သူလယ်
သမားအရေးဆန္ဒဖော်ထုတ်ပွဲကြီးကို
တောင်သူ အင်အား ၁၀၀၀၀ တစ်သောင်
ကျော်ဖြင့်ခွင့်ပြုမိန်တင်ထားပြီးဖြစ်ပါကြောင်
းဒ ဒီအတွက်ကြောင့် ကျွန်တော်တို့ အဖွဲ့၏
သဘေားထားထုတ်ပြန်ချက်နဲ့ အတူ
သတင်းစာရှင်းလင်းပွဲပြုလုပ်၍အောင်မြင့်
အောင်ပြုလုပ်သွားမည်ဟု စစ်ကိုင်းတိုင်း
F.N.Iတာဝန့်ခံတစ်ဦးဖြစ်သူ ဦးတင်နိုင်ထွန်း
မှပြောသည်။

တပ်သိမ်းလယ်ယာမြေများအားလုံး မူလပိုင်
ရှင်များပြန်လည်ရရှိရေး အကျဉ်းကျခံ
တောင်သူများ ပြန်လည်လွတ်မြောက်ရေး
တရားစွဲဆိုခံတောင်သူများအမှုပြန်လည်
ရုတ်သိမိးပေးရေး စစ်တပ်မှဥပဒေမဲ့ သီးနှံ
ဖျက်ဆီးနေမှုများအားရပ်တန့် ပေးရေး
တရားဥပဒေစိုးမိုးရေး ဆိုင်းဘုတ်ပါစာသား
များကို ကိုင်ဆောင်၍ ဟစ်ကြွေးသံ ၅ရက်
နဲအတူဆန္ဒဖော်ထုတ်မည့်ဟု F.N.Iအဖွဲ့ဝင်
ဦးတင်အုံးကျော်မှပြောသည်။

ကျွန်ပ်တို့ မြန်မာနိုင်ငံတောင်သူလယ်သမား
များနှင့်အလုပ်သမားများအရေးကူညီဆော
င်ရွက်နေသူများအဖွဲ့ အနေဖြင့် ယခုကာလ
အတွင်းဖြစ်ပေါ်နေသော တောင်သူလယ်
သမားများ၏ ဖြစ်ရပ်ဆိုးများနှင့်ပက်သက်
၍ ဒုက္ခခံစားနေရသော တောင်သူလယ်သ
မားများနှင့်ထက်တူ လိုက်လျောခံစားခြင်း
ကြောင့်ဤကြော်ငြာချက်ကိုထုတ်ပြန်ရတာ
ဖြစ်တယ်
ကျွန်တော်တို့ သဘေားထား ကြော်ငြာချက်
ကတော့ မြန်မာနိုင်ငံရှိ ကချင် ကရင် ချင်း
ကယား မွန် မြန်မာ ရှမ်း ရခိုင် တိုင်းရင်းသာ
းမောင်နှမများ၏ လူဦးရေ (၇၅)ရာခိုင်နှုန်း
အများစုသည် လယ်ယာမြေကို အမှီသဟဲ
ပြုပြီး နိစ္စဓူဝ စားမှု ဝတ်မှု နေထိုင်မှုနှင့်
မိသားစုဘဝ အနာဂတ် ပညာသင်ကြားရေး
အစရှိသည့် လူမှုကိစ္စအဝဝကို မိမိတို့ရိုးရာ
လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုး
လုပ်ကိုင်ပြီး ရုန်းကန်ဖြေရှင်းနေကြရသည်
တောင်သူများအလုပ်သမားများ၏နေစဉ်
ဖြစ်ပြက်ခဲ့သောအရာအားလုံးနဲ့အတူ
သဘေားထား( ၉)ချက်ထုတ်ပြန်ထားပါ
ကြောင်း အထက်မြန်မာပြည် F.N.Iတာဝန့်
ခံမန္တလေးမှ ဦးကိုကိုကြီးကရှင်းလင်းပြေား
ပြခဲ့ပါသည်။

ထို့ နောက်မှတက်ရောက်လာသောဒေသခံ
တောင်သူလယ်သမားများကို ၁၃ ရက်နေ့ 
ဆန္ဒဖော်ထုတ်မည်သဘေားထားများကို
ကောက်ခံ၍ ဟစ်ကြွေးမည်စာတန်းပါစာရွက်များကို
ပေးဝေခဲ့ပါသည် ဟစ်ကြွေးမည် စာရွက်ပါ
စာများမှ
တပ်သိမ်းယာမြေများအားလုံးမှုလပိုင်ရှင်မျာ
းပြန်လည်ရရှိရေး ဒို့ အရေး
အကျဉ်းကျခံ တောင်သူများပြန်လည်လွတ်
မြောက်ရေး ဒို့ အရေး
တရားစွဲဆိုခံတောင်သူများ အမှုပြန်လည်
ရုတ်သိမ်းပေးရေး ဒို့ အရေး
စစ်တပ်မှ ဥပဒေမဲ့ သီနှံဖျက်ဆီးနေမှုအား
ရပ်တန့် ပေးရေး ဒို့ အရေး
သီးစားများ မှုလပိုင်ရှင်၏ လယ်ယာမြေထဲမှ
အမြန်ဆုံးထွက်ခွာပေးရေး ဒို့ အရေး
စသည့်အချက်များပေးဝေပြီး တောင်သူများ
မြို့နယ် ကြီး (၅) မြို့နယ် မှတောင်သူများ
စိတ်တူကိုတူများစုစည်းပြီး သြဂုတ်လ (၁၃)တွင် ကန့်ဘလူမြို့နယ်တွင်ဆန္ဒဖော်
ထုတ်မည်ဟုပြေားပြချက်အရသိရသည်။

posted from Bloggeroid

တောင်သူဘဝ

ရွှေ့ပြောင်းလုပ်သားတောင်သူပါ
" ကျူး " မဟုတ်ပါ

ကျွန်မတို့က ကျူးတွေ မဟုတ်ပါဘူး
ကျွန်မတို့  ဒေသတွေမှ စိုက်ပျိုးစရာယာမြေ
မရှိတော့လို ဒီနယ်မြေတွေမှလာရောက်ပြီး
သီးစားတောင်သူများအဖြစ်နဲ့လာရောက်ပြီး
လုပ်ကိုင်စားသောက်နေသူများသာဖြစ်ပြီး
တစ်နှစ်တစ်ခါ ဧရာဝတီမြစ်ရေတိုးလာတိုင်း
ကျွန်မတို့ တစ်တွေတောင်သူယာလုပ်သား
များအားလုံးစုပြီး ဒီနေရာကို ကျွန်မတို့
နေသောယာတဲ့နေရာရေပြန်မကျမခြင်း
ဒီလမ်းဘေး ကုန်ပေါ်ကို ယာစောင့်တဲ့များ
ရွှေ့ပြီနှစ်စဉ် နေတာဖြစ်ကြောင်းသိရှိရပါသ
ည်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်
အတွင်းရှိ တောင်ပြုံးကျေးရွာ နတ်ပွဲမှ
အပြန် သြဂုတ်လ ၆ ရက်နေ့  ညနေတွင်
ကန်ရိုးလမ်းတစ်လျှောက်တွင် တည့်ထိုးပြီး
တဲ့ငယ်လေးများစွာကို တွေ့ရှိ၍သွားရောက်
မေးမြန်းခဲရာမှ
ကျွန်မတို့ က ဒီဒေသတွေကမဟုတ်ပါဘူး
ငန်းဇွန်နယ်ဘက်ကပါ ကျွန်မတို့နယ်ဘက်
တွေက ဒီနယ်မြေတွေလို မြေနုကျွန်းမရှိလို
ဒီအရပ်ဒေသတွေမှ သီးစားတောင်သူများ
အဖြစ်နဲ့ ဧရာဝတီမြစ်ကျွန်းများပေါ်မှလာ
ရောက်လုပ်ကိုင်စားသောက်နေတာ ၁၀ နှစ်
လောက်ရှိပါပြီး ကျွန်မတို့ ရွာကိုတော့ ၁
နှစ်တစ်ကြိမ်းဘုရားပွဲ အလှူပွဲတွေပြန်ဖြစ်
ပါတယ် ဝါဆို ဝါခေါင် ရေတက်သော အခါ
ဆိုရင် ဒီနားလမ်းဘောင်ပေါ်မှ သူအုပ်စုနဲ့
သူ ယာစောင့်တဲ့များရွှေ့ပြီနေဖြစ်ပါတယ်
ကိုယ်ရွာကိုပြန်လိုမဖြစ်တာက ကျွန်မတို့မှ
နွားတွေပါသေတယ် ကလေးတွေနဲ့ရွှေ့ရ
ပြောင်းရတာမလွယ်လိုပါ ကျွန်မတို့ မနေနဲ့
တောင်သူတွေပါ ကျူးတွေမဟုတ်ပါဘူး
တောင်သူဘဲလုပ်စားတပ်သူပါတယ် ဒီနား
ကိုအမြဲနေပါဆိုတောင်မနေပါဘူလို့ 
ဒေါ်ကြီးတစ်ဦးမှဖြေကြားခဲ့ပါသည်။

ကျွန်တော်တို့က စစ်ကိုင်းတိုင်းကပါမြိုင်ကြီး
ကျေးရွာကပါ ဒီမတ္တရာနယ်ဘက် မြေနု
ကျွန်းတွေမှနေ့စား တောင်သူလုပ်သားနဲ့
သီးစားတောင်သူများ အဖြစ်နဲ့လာရောက်
လုပ်ကိုင်းစားသောက်နေသောသူများဖြစ်ပါ
တယ်။ သီးစားထွန်ယက်လုပ်ကိုင်သူတွေ
လည်းပါတယ် နေ့စားအဖြစ်လုပ်ကိုင်သူ
တွေလည်းပါတယ် သီစားဆိုတာကတော့
မြေရှင်းစီကနေ မြေဌားပြီးကိုယ်တိုင်ထွန်ယ
က်စိုက်ပျိုးတာကိုပြောတာပါ
နေ့စားတွေကတော့ တစ်နေ့ ကုန်လုပ်အား
ခ ၃၀၀၀ ဖြင့် ယာအလုပ် လုပ်ကိုင်ပေးသူ
ကိုပြေားတာပါ ဧရာဝတီမြစ်ရေတိုးလာတာ
နဲ့ ကျွန်တော်တို့ နေသော ဧရာဝတီမြေနု
ကျွန်းများကနေ နှစ်စဉ် ဒီနေရာကိုတဲ့ထိုးပြီး
လာနေတာဖြစ်ကြောင်းတောင်သူကြီးတစ်ဦ
းမှဖြေကြားခဲ့ပါသည်။
ပွင့်ပွင့်လင်းလင်းပြေားရင်တော့ ကျွန်တော်
တို့ ကကိုယ်ဒေသတွေမှ တောင်သူလုပ်စား
စရာတွေ မရှိတော့လို့ အရင်ကကျွန်တော်
တို့က မြေနုကျွန်းတောင်သူတွေပါဘဲကိုဒေ
သကိုလုပ်စားခဲသူတွေပါ ကျွန်တော်တို့
ဘက်က လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က
မြစ်ကကော်သွားလို မြေနုကျွန်းမရှိတော့လို
ဒီ မတ္တရာမြို့နယ် ဧရာဝတီမြစ်ရေ အဝင်များ
သော ဒေသရွား တွေဖြစ်တဲ့ သဖန်းဒေါင့်
ကျေးရွား သူဌေးမကုန်ကျေးရွား
လွန်ကောင်းကျေး ရွာ အစရှိသောဒီနားက
ရွားများမှ မြေနုကျွန်း ပိုင်ရှင်းများ ထံမှသီး
စားတောင်သူများအဖြစ်နဲ့  လာရောက်လုပ်
ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုသူများ
ဖြစ်ကြောင်း တကယ်တန်းဆိုရင်
ကျွန်တော်တို့က တောင်သူတွေပါ
ကျွန်တော်တို့ ဒေသတွေမှစိုက်ပျိုးထွန်ယက်
စရာမြေနုကျွန်း မရှိတော့တရယ် ကုန်မြေ
တွေရှားပါးလာတတွေ ကြောင့် ဒီအရပ်ဒေ
သတွေမှ ရွှေ့ပြောင်းတောင်သူလုပ်သားများ
အဖြစ်နဲ့လာရောက်လုပ်ကိုင်သူများသာ
ဖြစ်သည်ဟု တောင်သူခေါင်ဆောင်တစ်ဦး
ပြေားသည်။?

posted from Bloggeroid

Tuesday, August 5, 2014

မန္တလေးနည်ပညာတက္ကသိုလ်ဒုတိယအကြိမ်BC

BarCamp TU-MDY

မန္တလေးနည်ပညာတက္ကသိုလ်BarCamp
TU-MDY ကိုသြဂုတ်လ ၁ ရက်နေ့ တွင်
ဒုတိယအကြီမ်းပြုလုပ်ကျင်ပခြင်းအား
ဆရာ ဆရာမ များနဲ့ကျောင်းသားကျောင်းသူများနဲ့ဖိတ်
ကြားထားသူများတက်ရောက်လာသူ၁၀၀၀
ကျော်ဖြင့်ကျင်ပခဲ့ပါသည်။

BarCampTU-မန္တလေးနည်ပညာကျောင်း
တွင်ကျင်ပရသော ရည်ရယ်ချက်များမှ
အစပိုင်ကုမ္ပဏီတွေကနေ လိုင်စင်နဲ့ချုပ်
ကိုင်ထားတဲ့ဆောဖ်ဝဲများကိုမသုံးဘဲopen
Source လို့ခေါ်တဲ့ လူတိုင်းလွတ်လွတ်လပ်
လပ်အလကားသုံးနိုင်တဲ့ ဆောဖ်ဝဲဗတွ
ဒေတာတွေနဲ တွေရှိချက်တွေကိုဖလှယ်ကြ
ဖို့ တိုင်ပင်ကြဖို့ စတင်ခဲ့ပေမယ့် နောက်ပိုင်း
မှာ အကြောင်းအရာပေါင်စုံကိုဝေမျှကြ
လေ့လာကြ တိုင်ပင်ကြ စုဖွဲ့ကြဖို့အားလုံး
ပါဝင်တဲ့ကြီးမားလာခဲ့သောနည်ပညာများ
အတက်ပညာများ အသိပညာကွာဟချက်
တွေကို ကျဉ်းမြောင်းလာစေဖို့ တစ်ဦးတစ်
ယောက်တည်းက လက်ဝါးကြီးအုပ်ထားမှု့
တွေကို တွန်းလှန်နိင်ဖို့ အသိပညာသစ်
အတက်ပညာသစ်တွေလေ့လာဖို့စိတ်ဝင်စာ
းလာအောင် မျိုးစေ့ချပေးနိုင်ဖို့စတဲ့ အမျိုး
မျိုးသောရည်ရွယ်ချက်တွေစုပေါင်းအကော
င်ထည်ဖော်လာနိုင်ရန်နှင့် နယ်ပေါင်းစုပြီမှ
BarCamper TU-MDYနဲတခြားကျောင်းမှ
BarCamperများအချင်းချင်းတွေ့ဆုံပြီချစ်
ကြည်ရင်နှီစွာအသိပညာ အတက်ပညာ
စိတ်ကူးစိတ်သန်းများအားဖလှယ်နိုင်ရန်ရှည်ရွယ်ပါသည်ဟုကျောင်းသားခေါင်ဆောင်
တစ်ဦးမှပြောပြခဲ့ပါသည်။

BarCamp ဆိုတာကျွန်တော်တို့ရဲ့အသိပညာတွေ
အတက်ပညာတွေ လေ့လာတွေ့ရှိချက်တွေ
ကို လွတ်လပ်စွာနှီးနှောဖလယ် တိုင်ပင်မျှ
ဝေတဲ့ ပွဲတစ်ခုဖြစ်ပါတယ် အလွန်လျှာင်မြ
န်တဲ့ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေ
တဲ့ နည်ပညာခေတ်ကြီးမှာ နေ့ စဉ်ပေါ်ပေါ
က်တွေ့ရှိနေတဲအကြောင်းအရာအသစ်တွေ
ကို လူတိုင်းလက်လှမ်းမှီ သိရှိနိုင်ဖို့ဆိုတာ
ကမလွယ်ကူပါဘူး ဒါကြေင့် ဒီလိုတွေ့ရှိချက်
တွေကို မိမိသာမကအခြားသူတွေလည်း
သိရှိနိုင်အောင် ကိုသိတာတွေမျှဝေပေးဖို့နဲ့
မိမိလိုပဲ လေ့လာတွေ့ရှိထားသူတွေကဖြည့်
စွက်ပေးတာ သူတို့တွေ့ရှိချက်တွေကို
ကိုလည်းသိရှိနိုင်ဖို့ အချင်းချင်းပြန်လည်မျှဝေပေးတဲ့နေရာတစ်
ခုဖြစ်ပါတယ်။
ယခုကာလမှာဆိုလျှင် မြန်မာနိုင်ငံအနှံအပြားမှာရှိတဲ့ TUကျောင်း
တွေမှာ BarCampပွဲတွေကို ပြုလုပ်လာနေ
ကြပြီဖြစ်ပါတယ် နည်ပညာတက္ကသိုလ်
(မန္တလေး)မှပထမအကြိမ်အဖြစ်၁၈.၇.၂၀၁
၃ နေ့ကဒီကျောင်းတွင်ကျင်ပပြုလုပ်ခဲ့သော
BarCamp (TU-MDY)2013သည်မြန်မာ
တစ်နိင်ငံလုံးအနေဖြင့် တက္ကသိုလ်ကျောင်း
ပရဝုတ်အတွင်း ကျင်ပပြုလုပ်သောပထမဦး
ဆုံး BarCamp ပွဲအဖြစ် သမိုင်းဝင်ခဲ့ပါတယ် အဲလိုပဲဒီနေ့ပြုလုပ်တဲ့
ပွဲလည်းဒုတိယအကြိမ်မြောက်အောင်မြင်ခဲ့
ပါတယ်။
BarCamp(TU-MDY)2014ကိုကျင်းပပြု
တာကတော့ နည်ပညာအရတော့သင်ကြား
ပြသခဲ့တာတွေကတော အင်ဂျင်နီယာဘာ
သာရပ်ဆိုင်ရာများ စာပေအလုပ်အကိုင်အ
ခွင့်အလမ်း (yount Development,IT)
နည်ပညာနှင့်ကျန်းမာရေးအစရှိသောကဏ္ဍ
အစုံအလင်းမှအသိပညာရှင်များ အတတ်
ပညာရှင်များ စာရေးးဆရာများနှင့်သက်ဆို
င်ရာနယ်ပယ်များမှ ကျွမ်းကျင်သူများက
လာရောက်ဆွေးနွေးဖလှယ်ပေးနေတာဖြစ်
ကြောင်းကို BarCamp TU-ဦးစီကျင်ပသူ
ဆရာတစ်ဦးမှဖြေကြားခဲ့သည်။
အဆိုပါမန္တလေး BarCamp TU-MDY ပွဲကို
တက်ရောက်သောတက်ရောက်လာသူများ
အား ကမ္ဘောဇဘဏ်လီမိတက်မှ ATM
ကဒ်များအခမဲ့ပြုလုပ်ပေးပြီးပွဲ၏ကုန်ကျစရိတ်များကိုလည်း စပွန်ဆာပေးပါကြောင်း
နည်ပညာမန္တလေးတက္ကသိုလ်ကျောင်ဝင်မှ
တက်ရောက်လာသူများနဲ့ကျောင်းသား
ကျောင်းသူပေါင် ၁၀၀၀ ကျော်ခန့်ဖြင့်
မနက် ၉နာရီမှ ညနေ ၄ နာရီအချိန်အထိ
စည်ကားသိုက်မြိုစွာကျင်ပပြုလုပ်ခဲ့ပါသည်

posted from Bloggeroid

ဈေးပွဲတော်

မန္တလေးမြို့တော်ခန်းမတွင် ၂၀၁၄ ကုန်စည်
ပြပွဲနှင့် အလှဖန်တီရှင်ရွေပွဲကြီးးကျင်ပ

မန္တလေးမြို့ ချမ်စအေးသာဇံမြိုယ် ၂၆ လမ်း
၇၁ လမ်းရှိ မန္တလေးမြိုတော်ခန်းမဆောင်
(၁)တွင် သြဂုတ်လ ၁ ရက်မနက်ကစတင်
ပြီးမန္တလေးအခြေစိုက်စက်မှု့လုပ်ရှင်းများ
နဲအလှဖန်တီရှင်များရွေးချယ်ပွဲနဲဈေးရောင်း
ပွဲတော်အား သြဂုတ်လ ၄ ရက်နေ့အထိ
ကျင်ပပြုလုပ်မည်ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။


အဆိုပါဈေးရောင်ပွဲတော်တွင်မော်တော်ကားများ မော်တော်ဆိုင်ကယ် အလှကုန်
ပစွည်းများ မီဖိုချောင်သုံးပစ္ဓည်းများ
ကလေးကစားစရာအရုပ်များအဝတ်အထည့်နှင်တခြားသူသုံးကုန်ပစ္စည်ပါဝင်သော
ဈေးရောက်ပွဲတော်ကြီးကိုအခမ်းအနား
အစည်စဉ်များဖြင့် သြဂုတ်လ ၁ ရက်နေ့
မနက် ၉ နာရီအချိန်တွင် မန္တလေးတိုင်းဒေ
သကြီး လွှတ်တော်ဥက္ကဌဦးဝင်းမောင်
မန္တလေးမြို စည်ပင်သာယာရေးဝန်ကြီး
မြို့တော်ဝန်ဦးအောင်မောင်း ဒုတိယလွတ်
တော်ဥက္ကဌဦးအောင်ဌေးကျော် မန္တလေးမြို့
ဗဟိုတရားသူကြီးချုပ်ဦးစိုးသိန်းတို့မှဈေးပွဲ
တော်အား ဖဲကြိုးဖြက်ဖွင့်လစ်ပေးခဲပြီး
ဈေးပွဲတော်အတွင်လှည့်လည်ကြည့်ရှုံခြင်း
များပြုလုပ်ခဲ့ပါသည်။
အဆိုပါဈေးရောင်ပွဲတော်အတွင်မှဖယ်ရှင်
ရှိုးပွဲများအလှမယ်ပြိုင်ပွဲနှင်အလှဖန်းတီရှင်း
များရွေချယ်ပွဲများကိုမည်သူမဆိုလာရောက်
ကြည့်ရှုံနိုင်ပါကြောင်း
လာရောက်ကြည့်ရှု့ သူများအားကံစမ်းမဲ
ဖောက်ပေးပြီ ဂိဏ်ကစားပွဲများပါနဲ့သြဂုတ်
လ ၄ ရက်နေ့ အထိ ကျင်ပပြုလုပ်သွားမည်
ဟုသိရှိခဲရပါသည်။

posted from Bloggeroid

ရတနာဂူပွဲတော် စတော့မည်

ရတနာဂူဘုရားပွဲတော်ကြီး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်
နှစ်စဉ်ကျင်းပလျှက်ရှိသော ပွဲတော်ကြီးကို
ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ ၁၅ ရက်
နေ့အထိစည်းကားသိုက်မြိုက်စွာကျင်ပနိုင်
ရန်အတွက် သြဂုတ်လ ၄ ရက်နေ့ တွင်
ပွဲတော်အတွက်ပြင်စဉ်နေကြပါသည်ကိုတွေ
ရှိခဲ့ရသည်။

ရတနာဂူဘုရားဖြစ်တည်လာပုံမှ ပုဂံခေတ်
အနော်ရထာမင်းတရားကြီးလက်ထက်
တောင်ပြုံးမင်းနှစ်ပါးအားအသက်ခံရသော
သတင်းကြောင့် အမရပူရတွင် သားတော်
နှစ်ပါးနောက်လိုက်လာသော ပုပ္ပားမယ်တော် မယ်ဝဏ္ဍာမှရင်ကွဲနာကျ၍
သေဆုံးခဲ့သောနေရာ ရတနာဖြင့်ဂူပေးပြီး
ဘုရားတစ်ဆူတည်ပေးခဲ့ရာမှယခုနှစ်စဉ်
ကျင်းပလျှက်ရှိသော ရတနာဂူဘုရားပွဲနဲ့
မယ်တော်ရွှေပုပ္ပားနတ်ပွဲတော်ကြီးဖြစ်လာခဲ့
ပါတယ် ဒီနှစ်စဉ်ကျင်းပလျှက်ရှိသောပွဲအား
ညမထွက်ရအမိန် ၁၄၄ မရုတ်သိမ်းပေးလဲ
ပြုလုပ်သွားမယ်လို အထက်နန်မှ နန်းထိမ်း
အဒေါ်ကြီးကပြေားကြားခဲ့ပါသည်။

ဝါခေါင်လဆန်း ၈ မနက်တွင် နတ်များအား
ချိုးရေတော်သုံးပြီး အနယ်နယ်အရပ်ရပ်မှ
နတ်နဲ့သက်ဆိုင်သော နတ်ဝင်သည်များမှ
နတ်ချော့ပြီး လကွယ်နေ့တွင် မယ်တော်ကို
ပုပ္ပားကိုပြန်ပို့ပွဲအဖြစ်နှစ်စဉ်ပြုလုပ်ပါတယ်
မယ်တော်ကြိုးပွဲကိုတော့ နယုန်လမှလုပ်
ပါတယ် ရတနာဂူပွဲတော်ရက်မှ ညမထွက်
ရအမိန့် ရုပ်သိမ်းမယ့်လို ထင်ပါတယ်
မယ်ကတော်ကလည်းသူပွဲတော်ရက်ကို
နှစ်စဉ်ကျင်ပတဲ့အတိုင်ပြုလုပ်မယ်လိုထင်တယ်လို နတ်နန်းတွင် ရောက်ရှိနေသော
နတ်ဝင်သည်ကြီးကပြေားပြခဲ့ပါတယ်။

ညမထွတ်ရအမိန့်ကြောင့် ပွဲတော်အားညမှ
လာရောက်၍ ဇာတ်ကြည့်ကြသောသူများ
ပွဲလမ်းလျှောက်သူများအတွက်အခတ်အခဲ
ရှိနိုင်တာကြောင့် ပွဲတော်ရက်မှ ၁၄၄ မရှိရင်
ပိုကောင်းပါတယ်လိုဒေသခံတစ်ဦးပြေကြား

တောင်ပြုံးမင်းနှစ်ပါးပွဲတော်အပြီး ၇ ရက်
ချာမှတော်ရတနာဂူဘုရားပွဲတော် မယ်တော်ပွဲတော်အားကျင်ပနိုင်ရန်အတွက်
တာဝန်ရှိသူများဈေးဆိုင်ခန်းများ နတ်စဥ့်
များပြုလုပ်နေတာတွေရှိခဲ့ရပေမယ့်
ညမထွက်ရအမိနိကြောင့် ပွဲတော်အား
ညများလုပ်ဖြစ်မဖြစ်မသေချာသေကြောင်း
တောင်ပြုံးမင်းနှစ်ပါးနဲ့မယ်တော်တို့ပျော်တဲ့
ပွဲတော်အား ၁၄၄ ရှိရှိမရှိရှိကျင်ပသွားမည်
ဖြစ်ကြောင်းဒေသခံတစ်ဦး၏ပြေားပြချက်အရသိရပါသည်။

posted from Bloggeroid

ယာဉ်တိုက်မှုအမရပူရ

ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွား

သြဂုတ်လ ၂ ရက်နေ့ ည ၈ နာရီးခွဲအချိန်
တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်
မြေမြို့နယ် ၈၄ လမ်း ၄၁ လမ်းတွင်
စည်းကမ်းမဲ့ မောင်းနှင်လာသော
တိုယိုတာတောင်းအေ့(ဒ်)ကားမှဆိုင်ကယ်
တစ်စီးအား ဝင်တိုက်ခဲ့ပြီး အမရပူရမြိုဘက်
သို့  မောင်းပြေးလာရာ အမရပူရ မှန်တန်း
ရပ်ကွက် ဧဇရပ်နေရာတွင် အမျိုးသမီးတစ်
ဦးမောင်းနှင်လာသောဆိုင်ကယ်အား
ဝင်တိုက်ခဲ့ပါသည်။ အဆိုပါကားဟာ ဆက်မောင်းပြေးရာ
အမရပူရမြို ဗာကရာကျောင်းတော်ကြီးနား
အရောက်တွင် လမ်းဘေးတွင်ရပ်ထားသည့်
တိုယိုတာ ဂိုရိုလာကားကိုလည်းဆက်တိုက်
ဝင်တိုက်ခဲ့ရာ ကားနှစ်စီးလုံးလမ်း
ပေါ်တွင်တိမ်းမှောက်ခဲ့ပါသည်။

မိမိဆိုင်ကယ်အား ၈၄လမ်း ၄၁ လမ်းတွင်
တိုက်ပြေးသွားသဖြင့် နောက်မှလိုက်လာသူ
မောင်-- က '' အမရပူရမြို့ အရောက်တွင်
အမျိုးသမီးတစ်ယောက်အား နောက်မှ
ဝင်တာကိုတွေ့ရှိရပါကြောင်း ယခုဒီကား
ကိုထက်တိုက်တာ အခုလိုဖြစ်ပွားခဲခြင်း
ဖြစ်ကြောင်း '' ပြောပါသည်။

အဆိုပါထပ်ဆင့်ဟာဉ်တိုက်မှုတွင် ဒုတိယ
အတိုက်ခံရသော အမျိုးသမီး
မ--
သည် မန္တလေးဆေးရုံးကြီးတွင်
သေဆုံးခဲ့ပါသည်။ ငှင်း ဖြစ်ပွားပြီး ၁၀ မိနှစ်
အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားသောနေရာ
တွင် အမရပူရမြို့နယ် မြို့မရဲစခန်းမှနယ်မြေ
ခံရဲအရာရှိနှင့် ယာဉ်ထိမ်းရဲများရောက်ရှိလာ
ပြီး ဝင်တိုက်ခဲ့သော ကားအားလမ်းပိတ်ဆို့
မှုဖြစ်နေပါသဖြင့် လမ်းဘေးတွင် လာကြည့်
ရူံသူများအကူညီဖြင့် လမ်းဘေးတွင်ဖယ်
ရှားပေးခဲ့ပါသည်။ ဝင်တိုက်ခဲ့သော ကားသ
မားအား မန္တလေးဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့
ပါတယ်။
ပျက်စီးခဲ့သော ကားနှစ်ကို ကရိမ်းကားဖြင့်
ဆွဲခါ အမရပူရမြို့နယ် မြိုမရဲစခန်းသို့သယ်
ဆောင်သွားခဲ့သည်။
ယခုယာဉ်တိုက်မှုဟာ ဒုတိယမြောက်ဖြစ်ပြီး
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၇၈ လမ်း
၃၂လမ်း ၃၃ကြားတွင် ယာဉ်သုံးစီးတွဲဆင့်
ခါတိုက်ခိုက်မှုတခုပထမအကြိမ်ဖြစ်ပွားခဲ့ရာ
လူထိခိုက်မှုမရှိခဲ့ပါ အဆိုပါယာဉ်တိုက်မှုမှ
မနက် ၉ နာရီအချိန်ကဖြစ်ပွားခဲခြင်းဖြစ်ပါ
သည်။


posted from Bloggeroid

ယာဉ်တိုက်မှုအမရပူရ

ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွား

သြဂုတ်လ ၂ ရက်နေ့ ည ၈ နာရီးခွဲအချိန်
တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်
မြေမြို့နယ် ၈၄ လမ်း ၄၁ လမ်းတွင်
စည်းကမ်းမဲ့ မောင်းနှင်လာသော
တိုယိုတာတောင်းအေ့(ဒ်)ကားမှဆိုင်ကယ်
တစ်စီးအား ဝင်တိုက်ခဲ့ပြီး အမရပူရမြိုဘက်
သို့  မောင်းပြေးလာရာ အမရပူရ မှန်တန်း
ရပ်ကွက် ဧဇရပ်နေရာတွင် အမျိုးသမီးတစ်
ဦးမောင်းနှင်လာသောဆိုင်ကယ်အား
ဝင်တိုက်ခဲ့ပါသည်။ အဆိုပါကားဟာ ဆက်မောင်းပြေးရာ
အမရပူရမြို ဗာကရာကျောင်းတော်ကြီးနား
အရောက်တွင် လမ်းဘေးတွင်ရပ်ထားသည့်
တိုယိုတာ ဂိုရိုလာကားကိုလည်းဆက်တိုက်
ဝင်တိုက်ခဲ့ရာ ကားနှစ်စီးလုံးလမ်း
ပေါ်တွင်တိမ်းမှောက်ခဲ့ပါသည်။

မိမိဆိုင်ကယ်အား ၈၄လမ်း ၄၁ လမ်းတွင်
တိုက်ပြေးသွားသဖြင့် နောက်မှလိုက်လာသူ
မောင်-- က '' အမရပူရမြို့ အရောက်တွင်
အမျိုးသမီးတစ်ယောက်အား နောက်မှ
ဝင်တာကိုတွေ့ရှိရပါကြောင်း ယခုဒီကား
ကိုထက်တိုက်တာ အခုလိုဖြစ်ပွားခဲခြင်း
ဖြစ်ကြောင်း '' ပြောပါသည်။

အဆိုပါထပ်ဆင့်ဟာဉ်တိုက်မှုတွင် ဒုတိယ
အတိုက်ခံရသော အမျိုးသမီး
မ--
သည် မန္တလေးဆေးရုံးကြီးတွင်
သေဆုံးခဲ့ပါသည်။ ငှင်း ဖြစ်ပွားပြီး ၁၀ မိနှစ်
အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားသောနေရာ
တွင် အမရပူရမြို့နယ် မြို့မရဲစခန်းမှနယ်မြေ
ခံရဲအရာရှိနှင့် ယာဉ်ထိမ်းရဲများရောက်ရှိလာ
ပြီး ဝင်တိုက်ခဲ့သော ကားအားလမ်းပိတ်ဆို့
မှုဖြစ်နေပါသဖြင့် လမ်းဘေးတွင် လာကြည့်
ရူံသူများအကူညီဖြင့် လမ်းဘေးတွင်ဖယ်
ရှားပေးခဲ့ပါသည်။ ဝင်တိုက်ခဲ့သော ကားသ
မားအား မန္တလေးဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့
ပါတယ်။
ပျက်စီးခဲ့သော ကားနှစ်ကို ကရိမ်းကားဖြင့်
ဆွဲခါ အမရပူရမြို့နယ် မြိုမရဲစခန်းသို့သယ်
ဆောင်သွားခဲ့သည်။
ယခုယာဉ်တိုက်မှုဟာ ဒုတိယမြောက်ဖြစ်ပြီး
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၇၈ လမ်း
၃၂လမ်း ၃၃ကြားတွင် ယာဉ်သုံးစီးတွဲဆင့်
ခါတိုက်ခိုက်မှုတခုပထမအကြိမ်ဖြစ်ပွားခဲ့ရာ
လူထိခိုက်မှုမရှိခဲ့ပါ အဆိုပါယာဉ်တိုက်မှုမှ
မနက် ၉ နာရီအချိန်ကဖြစ်ပွားခဲခြင်းဖြစ်ပါ
သည်။


posted from Bloggeroid